AA အဖဲြ႔ကုိ လက္မခံဖုိ႔ KIO ကုိ တပ္မေတာ္ ဖိအားေပး


(Zawgyi / Unicode)

ကခ်င္လြတ္လပ္ေရးအဖြဲ႔ (KIO) လိုင္ဇာဌာနခ်ဳပ္မွာ အစိုးရကေန တရားမ၀င္နဲ႔ အၾကမ္းဖက္အဖြဲ႔လို႔ ေၾကညာထားတဲ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကို လက္မခံဖို႔ တပ္မေတာ္က သတိေပးလုိက္ပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ကခ်င္ျပည္နယ္ၿမိဳ႕ေတာ္ ျမစ္ႀကီးနားအေျခစိုက္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (မပခ) တိုင္းမွဴးကေန KIO အေနနဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကို ဌာနခ်ဳပ္မွာ လက္မခံဖို႔ ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္ေတြကေနတဆင့္ အသိေပး အေၾကာင္းၾကားလာတယ္လို႔ ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္တဦးျဖစ္သူ ဦးလမိုင္ဂြမ္ဂ်ာက ေျပာပါတယ္။

“တပ္ကလည္းပဲ က်ေနာ္တုိ႔ PCG ကို လိုင္ဇာမွာရွိတဲ့ AA အဖြဲ႔ေတြကို အၾကမ္းဖက္သေဘာအေနနဲ႔ သတ္မွတ္ေၾကညာလိုက္ၿပီး ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီ လိုင္ဇာမွာမရွိဖို႔အတြက္ ေျပာခိုင္းတာေတာ့ မွန္ပါတယ္။ သူတို႔အေနနဲ႔ေတာ့ AA ေတြ အဲဒီမွာရွိတဲ့အခါက်ေတာ့ AA ေတြကို တိုက္မယ္လို႔ ေျပာတာပဲေလ။ AA ကို လာတိုက္တဲ့အခ်ိန္မွာ KIO ဌာနခ်ဳပ္စခန္းမွာ တိုက္ပြဲျဖစ္တယ္ ဘာညာ ျဖစ္လာမွာစိုးလို႔ ႀကိဳတင္ၿပီးေတာ့မွ AA ကို လိုင္ဇာမွာမရွိဖို႔အတြက္ ထြက္ခြာဖို႔အတြက္ကို ေျပာဖို႔အတြက္ အေၾကာင္းၾကားခိုင္းတာ ျဖစ္တယ္ခင္ဗ်။”

ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႔ကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကေန ေခၚယူေတြ႔ဆုံၿပီး ေျပာဆိုခဲ့တာပါ။

တကယ္လို႔ KIO နယ္ေျမမွာ AA ရွိရင္ တိုက္ခိုက္မႈေတြ ရွိလာႏုိင္တယ္လို႔ တိုင္းမွဴးက ေျပာဆိုခဲ့ေၾကာင္း ဦးလမိုင္ဂြမ္ဂ်ာက ဆိုပါတယ္။

လိုင္ဇာဌာနခ်ဳပ္မွာ AA အဖြဲ႔ကို လက္ခံမထားဖို႔ တပ္မေတာ္ရဲ႕ ဖိအားေပးလာတဲ့အေပၚ KIO ေျပာခြင့္ရ ဗိုလ္မွဴးႀကီးေနာ္ဘူကို ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္တဦးျဖစ္သူ ဦးလမိုင္ဂြမ္ဂ်ာကေတာ့ AA အဖြဲ႔ဟာ UWSA ၀တပ္ဖြဲ႔ဦးေဆာင္တဲ့ FPNCC ျပည္ေထာင္စု နိုင္ငံေရးေဆြးေႏြးညိႇႏႈိင္းေရး ေကာ္မတီအဖြဲ႔၀င္ ျဖစ္တာေၾကာင့္ သူတို႔အဖြဲ႔အတြင္း ေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ ေျပာပါတယ္။

“သူတို႔အေနနဲ႔ကေတာ့ FPNCC အဖြဲ႔၀င္ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ေလ သူတို႔အေနနဲ႔ ျပန္ေဆြးေႏြးမွာေပါ့။ သူတို႔ ေတြ႔ဆုံေဆြးေႏြးၿပီးေတာ့မွပဲ သူတို႔ ျပန္ေျပာမယ့္အေၾကာင္း ျပန္လာတယ္ခင္ဗ်။”

အစိုးရတပ္နဲ႔ တိုက္ပြဲျပင္းထန္ေနတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို အၾကမ္းဖက္အုပ္စုအျဖစ္ေရာ မတရားအသင္းအျဖစ္ပါ အစိုးရက မတ္လ ၂၃ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာပါ။

တပ္မေတာ္ သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဥပေဒအေၾကာင္းအရာအရ အၾကမ္းဖက္အဖြဲ႔နဲ႔ ပတ္သက္သူေတြကို အေရးယူဖြယ္ရာရွိတယ္လို႔ ေျပာပါတယ္။

“အၾကမ္းဖက္အဖြဲ႔အစည္းကို လက္ခံထားရင္ အၾကမ္းဖက္အဖြဲ႔အစည္းနဲ႔ ပတ္သက္ၿပီး အားေပးအားေျမႇာက္ရင္ ဥပေဒထဲမွာ ေရးထားတဲ့ဟာကိုက တုိက္႐ုိက္ေသာ္လည္းေကာင္း သြယ္၀ိုက္ေသာ္လည္းေကာင္း အားေပးတဲ့ပုံစံမ်ိဳး ျဖစ္ေနရင္ အေရးယူခံရမွာ ျဖစ္တယ္။ AA အဖြဲ႔နဲ႔ ပတ္သက္ေနတဲ့ အဖြဲ႔အစည္းေတြ ဥပေဒအေၾကာင္းအရာအရ ၿငိႏုိင္တယ္လို႔ ေျပာျခင္းျဖစ္ပါတယ္။ အသိေပးတာ ျဖစ္ပါလိမ့္မယ္။”

ျမန္မာအစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္ေတြအနက္က AA ရခိုင္လက္နက္ကိုင္အဖြဲ႔၊ TNLA တအာင္းပေလာင္တပ္ဖြဲ႔၊ ကိုးကန႔္အဖြဲ႔ MNDAA တို႔နဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနဆဲလည္း ျဖစ္ပါတယ္။

ျမန္မာၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြဟာ ေဖေဖာ္၀ါရီလကတည္းက ေတြ႔ဆုံေဆြးေႏြးမႈ ရပ္တန္႔ေနၿပီး အခုလက္ရွိ AA အဖြဲ႔ကို အၾကမ္းဖက္အုပ္စုအျဖစ္ေရာ၊ မတရားအသင္းအျဖစ္ပါ ထပ္မံေၾကညာထားတဲ့အတြက္ ၿင္ိမ္းခ်မ္းေရးအတြက္ ေတြ႔ဆုံေဆြးေႏြးဖို႔ဟာ ခက္ခဲလာမယ့္ အေျခအေနမွာ ရွိေနပါတယ္။

လက္ရွိ ျမန္မာႏုိင္ငံမွာ စတင္ျဖစ္ပြားလာတဲ့ ကူးစက္ျမန္ COVID-19 ဗိုင္းရပ္စ္ေရာဂါေၾကာင့္ အစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ တႏုိင္ငံလုံး ထိုးစစ္ရပ္ဖို႔နဲ႔ ေရာဂါကာကြယ္တားဆီးေရးကို ၀ိုင္း၀န္းလုပ္ေဆာင္ဖို႔ KNU ကရင္အမ်ဳိးသားအစည္းအ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။

ႏုိင္ကြန္းအိန္
------------------------------------

(Unicode)

AA အဖွဲ့ကို လက်မခံဖို့ KIO ကို တပ်မတော် ဖိအားပေး

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်မှာ အစိုးရကနေ တရားမဝင်နဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို လက်မခံဖို့ တပ်မတော်က သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးကနေ KIO အနေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ဌာနချုပ်မှာ လက်မခံဖို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေတဆင့် အသိပေး အကြောင်းကြားလာတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“တပ်ကလည်းပဲ ကျနော်တို့ PCG ကို လိုင်ဇာမှာရှိတဲ့ AA အဖွဲ့တွေကို အကြမ်းဖက်သဘောအနေနဲ့ သတ်မှတ်ကြေညာလိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီ လိုင်ဇာမှာမရှိဖို့အတွက် ပြောခိုင်းတာတော့ မှန်ပါတယ်။ သူတို့အနေနဲ့တော့ AA တွေ အဲဒီမှာရှိတဲ့အခါကျတော့ AA တွေကို တိုက်မယ်လို့ ပြောတာပဲလေ။ AA ကို လာတိုက်တဲ့အချိန်မှာ KIO ဌာနချုပ်စခန်းမှာ တိုက်ပွဲဖြစ်တယ် ဘာညာ ဖြစ်လာမှာစိုးလို့ ကြိုတင်ပြီးတော့မှ AA ကို လိုင်ဇာမှာမရှိဖို့အတွက် ထွက်ခွာဖို့အတွက်ကို ပြောဖို့အတွက် အကြောင်းကြားခိုင်းတာ ဖြစ်တယ်ခင်ဗျ။”

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။

တကယ်လို့ KIO နယ်မြေမှာ AA ရှိရင် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ တိုင်းမှူးက ပြောဆိုခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာက ဆိုပါတယ်။

လိုင်ဇာဌာနချုပ်မှာ AA အဖွဲ့ကို လက်ခံမထားဖို့ တပ်မတော်ရဲ့ ဖိအားပေးလာတဲ့အပေါ် KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာကတော့ AA အဖွဲ့ဟာ UWSA ဝတပ်ဖွဲ့ဦးဆောင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဖြစ်တာကြောင့် သူတို့အဖွဲ့အတွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ကတော့ FPNCC အဖွဲ့ဝင် ဖြစ်တဲ့အတွက်ကြောင့်မို့လေ သူတို့အနေနဲ့ ပြန်ဆွေးနွေးမှာပေါ့။ သူတို့ တွေ့ဆုံဆွေးနွေးပြီးတော့မှပဲ သူတို့ ပြန်ပြောမယ့်အကြောင်း ပြန်လာတယ်ခင်ဗျ။”

အစိုးရတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော မတရားအသင်းအဖြစ်ပါ အစိုးရက မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဥပဒေအကြောင်းအရာအရ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေကို အရေးယူဖွယ်ရာရှိတယ်လို့ ပြောပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းကို လက်ခံထားရင် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး အားပေးအားမြှောက်ရင် ဥပဒေထဲမှာ ရေးထားတဲ့ဟာကိုက တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း အားပေးတဲ့ပုံစံမျိုး ဖြစ်နေရင် အရေးယူခံရမှာ ဖြစ်တယ်။ AA အဖွဲ့နဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ ဥပဒေအကြောင်းအရာအရ ငြိနိုင်တယ်လို့ ပြောခြင်းဖြစ်ပါတယ်။ အသိပေးတာ ဖြစ်ပါလိမ့်မယ်။”

မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်တွေအနက်က AA ရခိုင်လက်နက်ကိုင်အဖွဲ့၊ TNLA တအာင်းပလောင်တပ်ဖွဲ့၊ ကိုးကန့်အဖွဲ့ MNDAA တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ဖေဖော်ဝါရီလကတည်းက တွေ့ဆုံဆွေးနွေးမှု ရပ်တန့်နေပြီး အခုလက်ရှိ AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော၊ မတရားအသင်းအဖြစ်ပါ ထပ်မံကြေညာထားတဲ့အတွက် ြငိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ဟာ ခက်ခဲလာမယ့် အခြေအနေမှာ ရှိနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားလာတဲ့ ကူးစက်မြန် COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ တနိုင်ငံလုံး ထိုးစစ်ရပ်ဖို့နဲ့ ရောဂါကာကွယ်တားဆီးရေးကို ဝိုင်းဝန်းလုပ်ဆောင်ဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

နိုင်ကွန်းအိန် / VOA Burmese News
https://burmese.voanews.com/a/aa-myanmar-army-…/5350635.html

AA အဖဲြ႔ကုိ လက္မခံဖုိ႔ KIO ကုိ တပ္မေတာ္ ဖိအားေပး AA အဖဲြ႔ကုိ လက္မခံဖုိ႔ KIO ကုိ တပ္မေတာ္ ဖိအားေပး Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.