လူစုလူေဝး၊ ပြဲလမ္းသဘင္ မျပဳရန္ တားျမစ္ခ်က္ မလိုက္နာသူ သဘင္အႏုပညာ႐ွင္ေတြကို အေရးယူမယ္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ မတ္ ၂၄

ႏိုင္ငံေတာ္ အစိုးရက Covid 19 ဗိုင္းရပ္စ္ ကူးစက္ ျပန္႔ပြားမႈ မျဖစ္ပြားဖို႔အတြက္ ႀကိဳတင္ကာကြယ္ေရး ျပင္ဆင္တဲ့ အေနနဲ႔ အခ်ိန္အတိုင္းအတာ တစ္ခုအထိ လူစုလူေဝးႏွင့္ ပြဲလမ္းသဘင္ေတြကို က်င္းပျခင္း မျပဳလုပ္ဖို့ ညႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

နိုင္ငံေတာ္အစိုးရက ညႊန္ၾကားခ်က္ ထုတ္ျပန္ထားတဲ့ ကာလအတြင္းမွာ မည္သည့္အေၾကာင္းနဲ႔မွ လူစုလူေဝး၊ ပြဲလမ္းသဘင္ ေဖ်ာ္ေျဖတင္ဆက္ျခင္းေတြကို လုံးဝ မျပဳလုပ္ၾကဘဲ တိက်စြာ လိုက္နာေဆာင္ရြက္ၾကပါဖို႔နဲ႔ ဒီလိုမ်ိဳး တားျမစ္ခ်က္ေတြကို လိုက္နာေဆာင္ရြက္ျခင္းမ႐ွိတဲ့ သဘင္အႏုပညာသည္ေတြကို အေရးယူမယ္လို႔ ျမန္မာႏိုင္ငံ သဘင္အစည္းအ႐ုံး (ဗဟို) က ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ယခုလိုမ်ိဳးအေရး ကိစၥေတြဟာ တစ္ႏိုင္ငံလုံး တစ္မ်ိဳးသားလုံး အႏၱရာယ္က်ေရာက္ႏိုင္တဲ့ အေရးကိစၥျဖစ္တဲ့အတြက္ တားျမစ္ခ်က္ေတြက္ု လိုက္နာျခင္းမ႐ွိ ပူးေပါင္း ေဆာင္ရြက္ျခင္းမ႐ွိတဲ့ သဘင္အႏုပညာ ႐ွင္ေတြ၊ သဘင္ အဖြဲ႔အစည္းေတြကို သဘင့္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ေသာ္လည္းေကာင္း၊ ႏိုင္ငံေတ္ာရဲ့ အမိန္႔ေၾကညာစာေတြက္ု လိုက္နာျခင္း မ႐ွိသည္ကို တင္ျပ၍ ေသာ္လည္းေကာင္း အေရးယူေဆာင္ရြက္မယ္လို႔ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို) မွ ေၾကညာထားပါတယ္။

ေၾကညာခ်က္ထဲမွာေတာ့ ႏိုင္ငံေတာ္ အေပၚတြင္ ထား႐ွိရမယ့္ သစၥာ က်င့္ဝတ္ႏွင့္ အတူ သဘင္အႏုပညာအေပၚတြင္ ထား႐ွိရမယ့္ သစၥာ က်င့္ဝတ္တို႔ကိုလည္း ေစာင့္သိ႐ိုေသၾကပါဖို႔ တိုက္တြန္းထားတာ ေတြ႕ရပါတယ္။

ဖူးဖူး
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
လူစုလူဝေး၊ ပွဲလမ်းသဘင် မပြုရန် တားမြစ်ချက် မလိုက်နာသူ သဘင်အနုပညာရှင်တွေကို အရေးယူမယ်

ရန်ကုန်၊ မတ် ၂၄

နိုင်ငံတော် အစိုးရက Covid 19 ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု မဖြစ်ပွားဖို့အတွက် ကြိုတင်ကာကွယ်ရေး ပြင်ဆင်တဲ့ အနေနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ လူစုလူဝေးနှင့် ပွဲလမ်းသဘင်တွေကို ကျင်းပခြင်း မပြုလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ ကာလအတွင်းမှာ မည်သည့်အကြောင်းနဲ့မှ လူစုလူဝေး၊ ပွဲလမ်းသဘင် ဖျော်ဖြေတင်ဆက်ခြင်းတွေကို လုံးဝ မပြုလုပ်ကြဘဲ တိကျစွာ လိုက်နာဆောင်ရွက်ကြပါဖို့နဲ့ ဒီလိုမျိုး တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ သဘင်အနုပညာသည်တွေကို အရေးယူမယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယခုလိုမျိုးအရေး ကိစ္စတွေဟာ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အန္တရာယ်ကျရောက်နိုင်တဲ့ အရေးကိစ္စဖြစ်တဲ့အတွက် တားမြစ်ချက်တွေက်ု လိုက်နာခြင်းမရှိ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိတဲ့ သဘင်အနုပညာ ရှင်တွေ၊ သဘင် အဖွဲ့အစည်းတွေကို သဘင့်စည်းမျဉ်းစည်းကမ်းများနှင့်သော်လည်းကောင်း၊ နိုင်ငံတေ်ာရဲ့ အမိန့်ကြေညာစာတွေက်ု လိုက်နာခြင်း မရှိသည်ကို တင်ပြ၍ သော်လည်းကောင်း အရေးယူဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှ ကြေညာထားပါတယ်။

ကြေညာချက်ထဲမှာတော့ နိုင်ငံတော် အပေါ်တွင် ထားရှိရမယ့် သစ္စာ ကျင့်ဝတ်နှင့် အတူ သဘင်အနုပညာအပေါ်တွင် ထားရှိရမယ့် သစ္စာ ကျင့်ဝတ်တို့ကိုလည်း စောင့်သိရိုသေကြပါဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဖူးဖူး
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
လူစုလူေဝး၊ ပြဲလမ္းသဘင္ မျပဳရန္ တားျမစ္ခ်က္ မလိုက္နာသူ သဘင္အႏုပညာ႐ွင္ေတြကို အေရးယူမယ္ လူစုလူေဝး၊ ပြဲလမ္းသဘင္ မျပဳရန္ တားျမစ္ခ်က္ မလိုက္နာသူ သဘင္အႏုပညာ႐ွင္ေတြကို အေရးယူမယ္ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.