မႏၲေလးက ကို႐ိုနာသံသယလူနာ ေသဆုံးေပမယ့္ ဗိုင္းရပ္စ္မေတြ႕ဟုဆို

(Zawgyi)⤵⤵⤵
မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ အနီးကပ္ေစာင့္ၾကည့္ေနတဲ့လူနာတစ္ဦး ဒီေန႔မနက္မွာ ေသဆုံးသြားပါတယ္။ ကန္ေတာ္နဒီကို မတ္ ၄ ရက္ေန႔ကတည္းက ပို႔ထားေပမယ့္၊ ဒီေန႔ မတ္လ ၆ ရက္ေန႔ ညေန ၆ နာရီအထိ ေဆးဘက္ဆိုင္ရာ တာဝန္ရွိသူေတြက ဓာတ္ခြဲစစ္ေဆးမႈအေျဖကို တိတိက်က် ေျပာဆိုျခင္းမရွိပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာနဲ႔တူတဲ့ မႏၲေလးၿမိဳ႕က သံသယလူနာရဲ႕ ဓာတ္ခြဲအေျဖမွာ ဗိုင္းရပ္စ္ မေတြ႕ရွိရဘူး လို႔ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာ ထြန္းျမင့္က RFA ကို ဒီေန႔ မတ္လ ၆ ရက္ေန႔မွာ ေျပာပါတယ္။


အဲဒီအမ်ိဳးသမီးက မႏၲေလး ကန္ေတာ္နဒီ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတုန္း ဒီေန႔မနက္ ၇ နာရီဝန္းက်င္မွာ ေသဆုံးသြားခဲ့တာပါ။ အသက္ ၆၀ အ႐ြယ္အမ်ိဳးသမီးမွာ နဂိုကတည္းက ေသြးတိုး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္ အစရွိတဲ့ ေရာဂါေတြ ခံစားေနရသူျဖစ္တယ္လို႔လည္း မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးရဲ႕ ဒုတိယ ေဆး႐ုံအုပ္ ေဒါက္တာ ခင္ေက်ာ္က ေျပာပါတယ္။

သာမန္ဖ်ားနာသူေတြကို မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးမွာ ကုသေလ့ရွိပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ တ႐ုတ္မွာ စတင္ျဖစ္ေပၚလာၿပီးေနာက္ပိုင္း သံယလူနာ၊ ေစာင့္ၾကည့္လူနာေတြကို ကန္ေတာ္နဒီေဆး႐ုံမွာ ကုသၾကပါတယ္။

ေသဆုံးသူရဲ႕ အမ်ိဳးသား ဦးသိန္းေအာင္က သူ႔ဇနီးကို အေထြေထြေရာဂါကုကေန ကန္ေတာ္နဒီကို ဘာေၾကာင့္ ပို႔တယ္ဆိုတာ မသိရဘူးလို႔ ေျပာပါတယ္။

မႏၲေလးေဆးဘက္ဆိုင္ရာ တာဝန္ရွိသူေတြကေတာ့ ဒီေန႔ ညေန ၆ နာရီ ဝန္းက်င္မွာ ကို႐ိုနာ ေစာင့္ၾကည့္လူနာ ေသဆုံးတဲ့ကိစၥကို သတင္းစာရွင္းလင္းပြဲ လုပ္မယ္ေျပာပါတယ္။

အေမရိကန္၊ ဂ်ပန္ႏိုင္ငံတို႔ရဲ႕ အကူအညီနဲ႔ ရန္ကုန္က အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္း (NHL) မွာ ကို႐ိုနာဗိုင္းရပ္စ္ကို ၆ နာရီ အေျဖစစ္ေဆးႏိုင္ၿပီျဖစ္ပါတယ္။ မႏၲေလးက လူနာဟာ ကန္ေတာ္နဒီ ေဆး႐ုံကို မတ္လ ၄ ရက္ေန႔မွာ ပို႔ေပးေပမယ့္ ဒီေန႔ မတ္လ ၆ ရက္ေန႔  ညေန ၅ နာရီ အထိ အေျဖမသိရေသးပါ။

ရန္ကုန္က အမ်ိဳးသားဓာတ္ခြဲမႈဆိုင္ရာဌာ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ေဌးေဌးတင္ကို RFA က ဆက္သြယ္ေမးျမန္းတဲ့အခါ လူနာတစ္ဦးခ်င္းစီရဲ႕အေျဖကို ထုတ္ေျပာပိုင္ခြင့္မရွိဘူးလို႔ ဆိုပါတယ္။

မႏၲေလးၿမိဳ႕ခံ မယဥ္ယဥ္ခန႔္က ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတာ ဟုတ္၊ မဟုတ္ အျမန္ထုတ္ျပန္သင့္တယ္လို႔ ေျပာပါတယ္။

ဒီေန႔ ညေနပိုင္း Myanmar Now အြန္လိုင္းမီဒီယာရဲ႕ ေဖာ္ျပခ်က္အရ တ႐ုတ္ကေန ျပန္လာတဲ့အမ်ိဳးသားတစ္ဦး မတ္လ ၅ ရက္ေန႔တုန္းက လားရႈိး နယ္စပ္ဂိတ္ေပါက္မွာ လဲက်ေသဆုံးမႈျဖစ္ပြားတယ္လို႔ သိရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရျခင္းေၾကာင့္ ဟုတ္၊ မဟုတ္ မသိရေသးပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီေန႔အထိ ေသဆုံးသူ ၃၃၈၃ ေယာက္ ရွိပါတယ္။ ကူးစက္ခံရသူက တစ္ကမာၻလုံးမွာ တစ္သိန္းနီးပါးထိ ကပ္လာပါၿပီ။ တ႐ုတ္နဲ႔ နယ္စပ္ခ်င္း ထိစပ္ေနတဲ့ အေရွ႕ေတာင္အာရွက အိမ္နီးခ်င္း ငါးႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ၊ ကူးစက္ခံရသူ တစ္ဦးတစ္ေယာက္မွ မရွိေသးတာေၾကာင့္ အံ့ၾသသင့္ရတယ္လို႔ ႏိုင္ငံတကာ ပညာရွင္ေတြက ေျပာဆိုထားၾကပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ဒီေန႔အထိ စစ္ေဆးတာ စုစုေပါင္း ၅၂ ေယာက္ရွိၿပီးေတာ့၊ သံသယလူနာ ႏွစ္ဦးပဲရွိတယ္လို႔ မတ္ ၆ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မန္တလေးက ကိုရိုနာသံသယလူနာ သေဆုံးပေမယ့် ဗိုင်းရပ်စ်မတွေ့ဟုဆို

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အနီးကပ်စောင့်ကြည့်နေတဲ့လူနာတစ်ဦး ဒီနေ့မနက်မှာ သေဆုံးသွားပါတယ်။ ကန်တော်နဒီကို မတ် ၄ ရက်နေ့ကတည်းက ပို့ထားပေမယ့်၊ ဒီနေ့ မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီအထိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဓာတ်ခွဲစစ်ဆေးမှုအဖြေကို တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာနဲ့တူတဲ့ မန္တလေးမြို့က သံသယလူနာရဲ့ ဓာတ်ခွဲအဖြေမှာ ဗိုင်းရပ်စ် မတွေ့ရှိရဘူး လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က RFA ကို ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။

အဲဒီအမျိုးသမီးက မန္တလေး ကန်တော်နဒီ ဆေးရုံမှာ ဆေးကုသမှုခံယူနေတုန်း ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တာပါ။ အသက် ၆၀ အရွယ်အမျိုးသမီးမှာ နဂိုကတည်းက သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစရှိတဲ့ ရောဂါတွေ ခံစားနေရသူဖြစ်တယ်လို့လည်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယ ဆေးရုံအုပ် ဒေါက်တာ ခင်ကျော်က ပြောပါတယ်။

သာမန်ဖျားနာသူတွေကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသလေ့ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တရုတ်မှာ စတင်ဖြစ်ပေါ်လာပြီးနောက်ပိုင်း သံယလူနာ၊ စောင့်ကြည့်လူနာတွေကို ကန်တော်နဒီဆေးရုံမှာ ကုသကြပါတယ်။

သေဆုံးသူရဲ့ အမျိုးသား ဦးသိန်းအောင်က သူ့ဇနီးကို အထွေထွေရောဂါကုကနေ ကန်တော်နဒီကို ဘာကြောင့် ပို့တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။

မန္တလေးဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီနေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ ကိုရိုနာ စောင့်ကြည့်လူနာ သေဆုံးတဲ့ကိစ္စကို သတင်းစာရှင်းလင်းပွဲ လုပ်မယ်ပြောပါတယ်။

အမေရိကန်၊ ဂျပန်နိုင်ငံတို့ရဲ့ အကူအညီနဲ့ ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) မှာ ကိုရိုနာဗိုင်းရပ်စ်ကို ၆ နာရီ အဖြေစစ်ဆေးနိုင်ပြီဖြစ်ပါတယ်။ မန္တလေးက လူနာဟာ ကန်တော်နဒီ ဆေးရုံကို မတ်လ ၄ ရက်နေ့မှာ ပို့ပေးပေမယ့် ဒီနေ့ မတ်လ ၆ ရက်နေ့  ညနေ ၅ နာရီ အထိ အဖြေမသိရသေးပါ။

ရန်ကုန်က အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးဌေးတင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လူနာတစ်ဦးချင်းစီရဲ့အဖြေကို ထုတ်ပြောပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

မန္တလေးမြို့ခံ မယဉ်ယဉ်ခန့်က ဗိုင်းရပ်စ်ကြောင့် သေဆုံးတာ ဟုတ်၊ မဟုတ် အမြန်ထုတ်ပြန်သင့်တယ်လို့ ပြောပါတယ်။

ဒီနေ့ ညနေပိုင်း Myanmar Now အွန်လိုင်းမီဒီယာရဲ့ ဖော်ပြချက်အရ တရုတ်ကနေ ပြန်လာတဲ့အမျိုးသားတစ်ဦး မတ်လ ၅ ရက်နေ့တုန်းက လားရှိုး နယ်စပ်ဂိတ်ပေါက်မှာ လဲကျသေဆုံးမှုဖြစ်ပွားတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ဟုတ်၊ မဟုတ် မသိရသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့အထိ သေဆုံးသူ ၃၃၈၃ ယောက် ရှိပါတယ်။ ကူးစက်ခံရသူက တစ်ကမ္ဘာလုံးမှာ တစ်သိန်းနီးပါးထိ ကပ်လာပါပြီ။ တရုတ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အရှေ့တောင်အာရှက အိမ်နီးချင်း ငါးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ၊ ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မှ မရှိသေးတာကြောင့် အံ့သြသင့်ရတယ်လို့ နိုင်ငံတကာ ပညာရှင်တွေက ပြောဆိုထားကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီနေ့အထိ စစ်ဆေးတာ စုစုပေါင်း ၅၂ ယောက်ရှိပြီးတော့၊ သံသယလူနာ နှစ်ဦးပဲရှိတယ်လို့ မတ် ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
မႏၲေလးက ကို႐ိုနာသံသယလူနာ ေသဆုံးေပမယ့္ ဗိုင္းရပ္စ္မေတြ႕ဟုဆို မႏၲေလးက ကို႐ိုနာသံသယလူနာ ေသဆုံးေပမယ့္ ဗိုင္းရပ္စ္မေတြ႕ဟုဆို Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.