ဖြဲ႕စည္းပုံအေျခခံဥပေဒ-ျမန္မာလႊတ္ေတာ္ထဲက ဖြဲ႕စည္းပုံျပင္ေရး မွတ္မွတ္သားသား ေဆြးေႏြးခ်က္မ်ား

တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၅၀ ဦးလုံးက အန္အယ္လ္ဒီျပင္တဲ့အခ်က္ေတြကို ကန႔္ကြက္ထားပါတယ္။
(Zawgyi)⤵⤵⤵
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ဖို႔ ျပင္ဆင္ေနပါၿပီ။ ေဖေဖာ္ဝါရီ ၂၅ ရက္ကေန မတ္လ ၅ ရက္ထိ (ၾကားပိတ္ရက္ ၃ ရက္ဖယ္လိုက္ရင္) စုစုေပါင္း ၇ ရက္ ေဆြးေႏြးသြားတာပါ။ ဒုတိယအႀကိမ္ျပင္ဆင္တဲ့ဥပေဒမူၾကမ္း ၇ ခု ကို စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၉ ဦးေဆြးေႏြးၾကတဲ့အထဲ ျငင္းခုံတာ၊ အျပန္အလွန္ ကန႔္ကြက္တာေတြလည္း ေသာေသာညံခဲ့တာပါ။

ျပည္ေထာင္စုလႊတ္ေတာ္ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ေဆြးေႏြးခ်က္ တိုက္႐ိုက္ထုတ္လႊင့္ တင္ဆက္ခ်က္ေတြမွာ ၾကည့္ရႈႏႈန္းျမင့္တက္ခဲ့ၿပီး ဝင္ေရာက္ မွတ္ခ်က္ျပဳေရးသားၾကတဲ့ ကြန္းမန႔္ေပါင္းလည္း ေထာင္နဲ႔ ခ်ီရွိခဲ့တာပါ။ ဒါကို ၾကည့္ရင္ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို စိတ္ဝင္တစားရွိၾကတာ အထင္ အရွားပါပဲ။

အဲဒီလို ေဆြးေႏြးၾကတဲ့အထဲက မွတ္မွတ္သားသား ရွိသြားတဲ့ ေဆြးေႏြးခ်က္တခ်ိဳ႕ကို ေကာက္ႏုတ္ေဖာ္ျပ လိုက္ပါတယ္။
ဦးပူဂင့္ကမ္းလ်န္(ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္)
 ဦးပူဂင့္ကမ္းလ်န္

ကြၽန္ေတာ္ေတာင္ေပၚသားတစ္ေယာက္အေနနဲ႔ ပြင့္ပြင့္လင္းလင္းတိုက္႐ိုက္ေျပာမယ္ဆိုရင္ ၄၃၆ ျပင္ မယ္ဆိုရင္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားက အဓိက ျဖစ္ပါတယ္။ ၄၃၆ အက်ပ္အတည္းကို ေက်ာ္လႊားဖို႔ဆိုတာ တပ္မေတာ္သားမ်ားေျပာခဲ့သလို တစ္ခ်ိန္တုန္းက တိုင္းျပည္ကိုကယ္တင္ၾကသလို အခုလည္း ဆက္လက္ကယ္တင္ၾကပါလို႔ ကြၽန္ေတာ္ အႏူးအၫြတ္ေတာင္းပန္လိုပါတယ္။ အခု ကယ္တင္ရမယ့္အလုပ္ကေတာ့ သိပ္အပန္းမႀကီးဘူး။ ေသနတ္ေဖာက္စရာလည္း မလိုဘူး။ အသက္ေပးစရာမလိုဘူး။ ဦးထြန္းထြန္းဟိန္ တင္ျပတဲ့အခ်က္ကို ေဘာပင္ေလးနဲ႔ အမွန္ေလးျခစ္ေပးလိုက္ရင္ ကြၽန္ေတာ္တို႔ ခဏေလး ၿပီးသြားမယ့္ကိစၥ ျဖစ္ပါတယ္။
ဗိုလ္ႀကီးေအးသၪၨာေက်ာ္(တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္)
ဗိုလ္ႀကီးေအးသၪၨာေက်ာ္

ဘယ္ေလာက္ပဲ အသက္ေသြးေခြၽးေတြနဲ႔ ရင္းႏွီးေပးဆပ္ၿပီး ေစတနာထား လုပ္ေပးေပး ၊ Negative view(အဆိုးျမင္ေနရင္) နဲ႔ ၾကည့္ေနရင္ေတာ့ ဘယ္ေတာ့မွ အေကာင္းျမင္ႏိုင္မွာ မဟုတ္ပါဘူး။ အကူအညီေပးဖို႔ ကမ္းတဲ့လက္ကို ဒုကၡေပးဖို႔ ကမ္းတဲ့လက္လို႔ ထင္ခဲ့တဲ့သူဟာ ျမန္မာ့သမိုင္းမွာ ေစာလူးမင္းအျပင္ ေနာက္ထပ္ မရွိေစခ်င္ေတာ့ပါဘူး။ မီးစင္ကေတာ့ အားလုံး လင္းပါေစေတာ့၊ အျမင္ရွင္းပါေစေတာ့၊ အေမွာင္ခြင္းပါေစေတာ့ ဆိုၿပီး ထြန္းလင္းေပးလိုက္တာပါ။ ဒါကို မီးစင္ၾကည့္ကေနရပါတယ္၊ မလိုအပ္ေတာ့ဘူး၊ မလြတ္လပ္ဘူး၊ မမွ်တဘူး၊ မတရားဘူး လို႔ ခံယူထားရင္ေတာ့ မီးစင္ကို အထူးအခြင့္အေရးရေနတယ္လို႔ ထင္ေန၊ ေျပာေနၾကဦးမွာ ျဖစ္ပါတယ္။
ဒုတိယဗိုလ္မႉးႀကီး ညီညီလြင္(တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္)
ဒုတိယဗိုလ္မႉးႀကီး ညီညီလြင္

နာယကႀကီးခင္ဗ်ား။ ေဟာဒီအေဆာက္အအုံႀကီးေတြကို ဘယ္သူေတြ ေဆာက္ေပးခဲ့တာပါလဲ။ နာယကႀကီးခင္ဗ်ား။ ေဟာဒီအေဆာက္အအုံႀကီးေတြကို ဘယ္သူေတြ ေဆာက္ေပးခဲ့တာပါလဲ။ ခမ္းနားႀကီးက်ယ္ပါသလား။ ဒီအေဆာက္အအုံႀကီးထဲမွာ ပါတီေပါင္းစုံေဆြးေႏြးေနၾကတာဟာ ဒီမိုကေရစီအတိုင္း သြားေနၾကတာပါ။ ဘယ္ပါတီ၊ ဘယ္အဖြဲ႕အစည္းရဲ႕ တိုက္တြန္းခ်က္မွမပါဘဲ ဒီမိုကေရစီခရီး ေလွ်ာက္လွမ္းႏိုင္ေအာင္ တပ္မေတာ္က တည္ေဆာက္ေပးခဲ့ တာပါ။ ဒီမိုကေရစီကို သြားခ်င္လို႔၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေအးေအးခ်မ္းခ်မ္း၊ ခမ္းခမ္းနားနားျဖစ္ေအာင္လို႔ တည္ေဆာက္ေပးခဲ့တာ သက္ေသ ပါပဲ။
မိကြန္ခ်မ္း(အန္အယ္လ္ဒီအမတ္)
မိကြန္ခ်မ္း

တိုင္းတစ္ပါးမွ လႊမ္းမိုးခံရမွာ စိုးရိမ္လို႔ ဒီဥပေဒ(ပုဒ္မ ၅၉-စ) ကို ထည့္သြင္းတယ္ဆိုတာလည္း မျဖစ္သင့္ပါဘူး။ မိမိတို႔ညံ့လို႔ တိုင္းတစ္ပါးရဲ႕ လႊမ္းမိုး ခံရတာ ျဖစ္ပါတယ္။ မိမိတို႔သာ အရည္အခ်င္းရွိလွ်င္ တိုင္းတပါးကိုေတာင္ ခိုင္းစားလို႔ ရပါတယ္။ သမၼတစနစ္ က်င့္သုံးမယ့္ ဒီမိုကေရစီ ေခတ္မွာေတာ့ သမၼတသည္ (၅) ႏွစ္ တစ္ႀကိမ္သာ ေျပာင္းလဲသြားမွာ ျဖစ္တဲ့အတြက္ ဒီပုဒ္မကို ဆက္လက္ထားဖို႔ မလိုေတာ့ပါဘူး။
ဦးတင္ေအး (ျပည္ခိုင္ၿဖိဳးအမတ္)
ဦးတင္ေအး

အိမ္ေထာင္ဖက္ေ႐ြးခ်ယ္မႈအရ ႏိုင္ငံ့အႀကီးအကဲ မျဖစ္တာနဲ႔ ဒီပုဒ္မ(၅၉-စ ကို ဆိုလို) ေၾကာင့္ဆိုၿပီး စိတ္ခံစားမႈကို ေရွ႕တန္းတင္၊ ရမယ္ရွာ၊ လက္ညႇိဳးထိုး ေဝဖန္ေျပာဆိုေနသံေတြၾကားရေတာ့ အင္မတန္မွ စိတ္မေကာင္း ျဖစ္မိပါတယ္။
ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္
နာယက ဦးတီခြန္ျမတ္

"ဗိုလ္ခ်ဳပ္၊ ၾကမ္းတမ္း႐ုန႔္ရင္းတဲ့ အမူအရာေတြ မသုံးပါနဲ႔။ ေမတၱာရပ္ခံပါတယ္။"
ဦးေနလင္းေအာင္(အန္အယ္လ္ဒီအမတ္)
ဦးေနလင္းေအာင္(အန္အယ္လ္ဒီအမတ္)

ေမႊးသာေမႊးပါေစ ပန္ၾကပါလိမ့္မယ္ဆိုတဲ့အတိုင္း ဒီမိုကေရစီစံႏႈန္းနဲ႔ ကိုက္ညီတဲ့အေျခခံဥပေဒကိုသာ ေရးဆြဲလိုက္ပါ။ ျပည္သူကိုမ်က္ႏွာမူတဲ့ အေျခခံ ဥပေဒကိုသာ ျပင္ဆင္ေရးဆြဲလိုက္ပါ။ ျပည္သူကိုမခ်စ္ပါနဲ႔၊ မခ်စ္ပါနဲ႔ ႀကိဳက္သေလာက္ တားေနရင္လည္း ျပည္သူက သူ႔အလိုလို ပို၍ပို၍ ခ်စ္လာ ပါလိမ့္မယ္။
ဦးေမာင္ျမင့္(ျပည္ခိုင္ၿဖိဳးအမတ္)
ဦးေမာင္ျမင့္(ျပည္ခိုင္ၿဖိဳးအမတ္)

ႏိုင္ငံေတာ္ သမၼတ၊ ဒုတိယသမၼတမ်ား၏အရည္အခ်င္းေတြထဲမွာ အသက္ (၇၀) ထက္မေက်ာ္ေစရန္ဟု ျဖည့္စြက္လိုပါတယ္။ သူငယ္ျပန္တတ္တဲ့ အ႐ြယ္ေတြ တိုင္းျပည္ကို ဦးေဆာင္ၿပီး ကေမာက္ကမ မျဖစ္ေစရန္အတြက္ ျဖစ္ပါတယ္။

ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္(တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္-လႊတ္ေတာ္ထဲ Mask ေတြဘာေၾကာင့္တပ္)
 ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္

အခုလက္ရွိလည္း ေရာဂါနဲ႔ပတ္သက္ၿပီးေတာ့ ဟိုေနရာေတြ႕၊ ဒီေနရာေတြ႕ လို ျဖစ္လာတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ ႀကိဳတင္ကာကြယ္တာေပါ့။ လႊတ္ေတာ္ကေတာ့ ဒါ လူအမ်ားႀကီး ခန္းမထဲမွာရွိေနတာ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ေရာဂါကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကြၽန္ေတာ္ တို႔တပ္မေတာ္သားေတြက အကုန္လုံးက Mask (ႏွာေခါင္းစည္း) ေတြ တပ္ထားတာျဖစ္ပါတယ္။ လူစုလူေဝးနဲ႔ရွိေနတဲ့အခ်ိန္မွာ ျဖစ္လာမွာစိုးလို႔ တပ္ထားတာျဖစ္ပါတယ္။
ေဒၚယဥ္မင္းလႈိင္ (အန္အယ္လ္ဒီအမတ္)
 ေဒၚယဥ္မင္းလႈိင္

ကြၽန္မတို႔အားလုံးရဲ႕ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုယ္တိုင္ပါဝင္ေရးဆြဲခဲ့တဲ့ ၁၉၄၇ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ သမၼတရဲ႕ အရည္အခ်င္း သတ္မွတ္ခ်က္ဟာ ယခု ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒမွာျပဌာန္းထားခ်က္နဲ႔ သေဘာတရားေရာ အႏွစ္သာရပါ လုံးဝကိုမတူပါဘူး။ ၁၉၄၇ မွာက ႏိုင္ငံေတာ္သမၼတနဲ႔ သူ႔မိဘႏွစ္ပါးကိုသာ အထက္မ်ိဳးဆက္ကိုသာ အဓိကရည္႐ြယ္ျပဌာန္း ထားတာျဖစ္ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာေတာ့ မိဘေတြတင္မက သမၼတေလာင္းလ်ာရဲ႕ ဇနီး မယားခင္ပြန္း လင္ေယာက္်ားအျပင္ သားသမီးမ်ားနဲ႔ ၎သားသမီးမ်ားရဲ႕ ဇနီး မယားလင္ေယာက္်ားေတြ အထိ ေအာက္မ်ိဳးဆက္ေတြအထိ အက်ဳံးဝင္သက္ဆိုင္ေနတာေတြ႕ရပါတယ္။ ဒီလိုသတ္မွတ္ခ်က္မ်ိဳး ကမာၻ႔ ဘယ္ဒီမိုကေရစီ ႏိုင္ငံမွာ မွ မေတြ႕ရပါဘူး။
ဦးေဝစိန္ေအာင္(ရခိုင္အမတ္)
 ဦးေဝစိန္ေအာင္

ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ ၁၀၀ ရာခိုင္ႏႈန္း ေထာက္ခံရင္ေတာင္မွ လိုအပ္တဲ့ ၇၅ ရာခိုင္ႏႈန္းကို ေက်ာ္ႏိုင္ဖို႔ အေၾကာင္းတရား မရွိပါဘူး။ တပ္မေတာ္ သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း ပါဝင္ေနတာေၾကာင့္ တပ္မေတာ္နဲ႔ ညႇိဳႏႈိင္းမရခဲ့ရင္ လုံးဝ ျပင္လို႔မရႏိုင္တဲ့အေျခအေန ရွိပါတယ္။

BBC Burmese
https://www.bbc.com
--------
(Unicode)⤵⤵⤵
ဖွဲ့စည်းပုံအခြေခံဥပဒေ-မြန်မာလွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ရေး မှတ်မှတ်သားသား ဆွေးနွေးချက်များ

ဓာတ်ပုံ မူပိုင် Hluttaw
Image caption တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးလုံးက အန်အယ်လ်ဒီပြင်တဲ့အချက်တွေကို ကန့်ကွက်ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေပါပြီ။ ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၅ ရက်ထိ (ကြားပိတ်ရက် ၃ ရက်ဖယ်လိုက်ရင်) စုစုပေါင်း ၇ ရက် ဆွေးနွေးသွားတာပါ။ ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမူကြမ်း ၇ ခု ကို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးဆွေးနွေးကြတဲ့အထဲ ငြင်းခုံတာ၊ အပြန်အလှန် ကန့်ကွက်တာတွေလည်း သောသောညံခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော်ဖေ့စ်ဘွတ်စာမျက်နှာကနေ ဆွေးနွေးချက် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ချက်တွေမှာ ကြည့်ရှုနှုန်းမြင့်တက်ခဲ့ပြီး ဝင်ရောက် မှတ်ချက်ပြုရေးသားကြတဲ့ ကွန်းမန့်ပေါင်းလည်း ထောင်နဲ့ ချီရှိခဲ့တာပါ။ ဒါကို ကြည့်ရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို စိတ်ဝင်တစားရှိကြတာ အထင် အရှားပါပဲ။

အဲဒီလို ဆွေးနွေးကြတဲ့အထဲက မှတ်မှတ်သားသား ရှိသွားတဲ့ ဆွေးနွေးချက်တချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။
ဦးပူဂင့်ကမ်းလျန်(ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဦးပူဂင့်ကမ်းလျန်

ကျွန်တော်တောင်ပေါ်သားတစ်ယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်းတိုက်ရိုက်ပြောမယ်ဆိုရင် ၄၃၆ ပြင် မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်များက အဓိက ဖြစ်ပါတယ်။ ၄၃၆ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုတာ တပ်မတော်သားများပြောခဲ့သလို တစ်ချိန်တုန်းက တိုင်းပြည်ကိုကယ်တင်ကြသလို အခုလည်း ဆက်လက်ကယ်တင်ကြပါလို့ ကျွန်တော် အနူးအညွတ်တောင်းပန်လိုပါတယ်။ အခု ကယ်တင်ရမယ့်အလုပ်ကတော့ သိပ်အပန်းမကြီးဘူး။ သေနတ်ဖောက်စရာလည်း မလိုဘူး။ အသက်ပေးစရာမလိုဘူး။ ဦးထွန်းထွန်းဟိန် တင်ပြတဲ့အချက်ကို ဘောပင်လေးနဲ့ အမှန်လေးခြစ်ပေးလိုက်ရင် ကျွန်တော်တို့ ခဏလေး ပြီးသွားမယ့်ကိစ္စ ဖြစ်ပါတယ်။
ဗိုလ်ကြီးအေးသဉ္ဇာကျော်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဗိုလ်ကြီးအေးသဉ္ဇာကျော်

ဘယ်လောက်ပဲ အသက်သွေးချွေးတွေနဲ့ ရင်းနှီးပေးဆပ်ပြီး စေတနာထား လုပ်ပေးပေး ၊ Negative view(အဆိုးမြင်နေရင်) နဲ့ ကြည့်နေရင်တော့ ဘယ်တော့မှ အကောင်းမြင်နိုင်မှာ မဟုတ်ပါဘူး။ အကူအညီပေးဖို့ ကမ်းတဲ့လက်ကို ဒုက္ခပေးဖို့ ကမ်းတဲ့လက်လို့ ထင်ခဲ့တဲ့သူဟာ မြန်မာ့သမိုင်းမှာ စောလူးမင်းအပြင် နောက်ထပ် မရှိစေချင်တော့ပါဘူး။ မီးစင်ကတော့ အားလုံး လင်းပါစေတော့၊ အမြင်ရှင်းပါစေတော့၊ အမှောင်ခွင်းပါစေတော့ ဆိုပြီး ထွန်းလင်းပေးလိုက်တာပါ။ ဒါကို မီးစင်ကြည့်ကနေရပါတယ်၊ မလိုအပ်တော့ဘူး၊ မလွတ်လပ်ဘူး၊ မမျှတဘူး၊ မတရားဘူး လို့ ခံယူထားရင်တော့ မီးစင်ကို အထူးအခွင့်အရေးရနေတယ်လို့ ထင်နေ၊ ပြောနေကြဦးမှာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်မှူးကြီး ညီညီလွင်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဒုတိယဗိုလ်မှူးကြီး ညီညီလွင်

နာယကကြီးခင်ဗျား။ ဟောဒီအဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့တာပါလဲ။ နာယကကြီးခင်ဗျား။ ဟောဒီအဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့တာပါလဲ။ ခမ်းနားကြီးကျယ်ပါသလား။ ဒီအဆောက်အအုံကြီးထဲမှာ ပါတီပေါင်းစုံဆွေးနွေးနေကြတာဟာ ဒီမိုကရေစီအတိုင်း သွားနေကြတာပါ။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှမပါဘဲ ဒီမိုကရေစီခရီး လျှောက်လှမ်းနိုင်အောင် တပ်မတော်က တည်ဆောက်ပေးခဲ့ တာပါ။ ဒီမိုကရေစီကို သွားချင်လို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ အေးအေးချမ်းချမ်း၊ ခမ်းခမ်းနားနားဖြစ်အောင်လို့ တည်ဆောက်ပေးခဲ့တာ သက်သေ ပါပဲ။
မိကွန်ချမ်း(အန်အယ်လ်ဒီအမတ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption မိကွန်ချမ်း

တိုင်းတစ်ပါးမှ လွှမ်းမိုးခံရမှာ စိုးရိမ်လို့ ဒီဥပဒေ(ပုဒ်မ ၅၉-စ) ကို ထည့်သွင်းတယ်ဆိုတာလည်း မဖြစ်သင့်ပါဘူး။ မိမိတို့ညံ့လို့ တိုင်းတစ်ပါးရဲ့ လွှမ်းမိုး ခံရတာ ဖြစ်ပါတယ်။ မိမိတို့သာ အရည်အချင်းရှိလျှင် တိုင်းတပါးကိုတောင် ခိုင်းစားလို့ ရပါတယ်။ သမ္မတစနစ် ကျင့်သုံးမယ့် ဒီမိုကရေစီ ခေတ်မှာတော့ သမ္မတသည် (၅) နှစ် တစ်ကြိမ်သာ ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် ဒီပုဒ်မကို ဆက်လက်ထားဖို့ မလိုတော့ပါဘူး။
ဦးတင်အေး (ပြည်ခိုင်ဖြိုးအမတ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဦးတင်အေး

အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံ့အကြီးအကဲ မဖြစ်တာနဲ့ ဒီပုဒ်မ(၅၉-စ ကို ဆိုလို) ကြောင့်ဆိုပြီး စိတ်ခံစားမှုကို ရှေ့တန်းတင်၊ ရမယ်ရှာ၊ လက်ညှိုးထိုး ဝေဖန်ပြောဆိုနေသံတွေကြားရတော့ အင်မတန်မှ စိတ်မကောင်း ဖြစ်မိပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်
ဓာတ်ပုံ မူပိုင် Hluttaw
Image caption နာယက ဦးတီခွန်မြတ်

"ဗိုလ်ချုပ်၊ ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအရာတွေ မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်။"
ဦးနေလင်းအောင်(အန်အယ်လ်ဒီအမတ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဦးနေလင်းအောင်

မွှေးသာမွှေးပါစေ ပန်ကြပါလိမ့်မယ်ဆိုတဲ့အတိုင်း ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့အခြေခံဥပဒေကိုသာ ရေးဆွဲလိုက်ပါ။ ပြည်သူကိုမျက်နှာမူတဲ့ အခြေခံ ဥပဒေကိုသာ ပြင်ဆင်ရေးဆွဲလိုက်ပါ။ ပြည်သူကိုမချစ်ပါနဲ့၊ မချစ်ပါနဲ့ ကြိုက်သလောက် တားနေရင်လည်း ပြည်သူက သူ့အလိုလို ပို၍ပို၍ ချစ်လာ ပါလိမ့်မယ်။
ဦးမောင်မြင့်(ပြည်ခိုင်ဖြိုးအမတ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဦးမောင်မြင့်

နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၏အရည်အချင်းတွေထဲမှာ အသက် (၇၀) ထက်မကျော်စေရန်ဟု ဖြည့်စွက်လိုပါတယ်။ သူငယ်ပြန်တတ်တဲ့ အရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီး ကမောက်ကမ မဖြစ်စေရန်အတွက် ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်-လွှတ်တော်ထဲ Mask တွေဘာကြောင့်တပ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဗိုလ်မှူးချုပ်မောင်မောင်

အခုလက်ရှိလည်း ရောဂါနဲ့ပတ်သက်ပြီးတော့ ဟိုနေရာတွေ့၊ ဒီနေရာတွေ့ လို ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ ကြိုတင်ကာကွယ်တာပေါ့။ လွှတ်တော်ကတော့ ဒါ လူအများကြီး ခန်းမထဲမှာရှိနေတာ။ ဒါကြောင့် ကျွန်တော်တို့က ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျွန်တော် တို့တပ်မတော်သားတွေက အကုန်လုံးက Mask (နှာခေါင်းစည်း) တွေ တပ်ထားတာဖြစ်ပါတယ်။ လူစုလူဝေးနဲ့ရှိနေတဲ့အချိန်မှာ ဖြစ်လာမှာစိုးလို့ တပ်ထားတာဖြစ်ပါတယ်။
ဒေါ်ယဉ်မင်းလှိုင် (အန်အယ်လ်ဒီအမတ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဒေါ်ယဉ်မင်းလှိုင်

ကျွန်မတို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတရဲ့ အရည်အချင်း သတ်မှတ်ချက်ဟာ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပြဌာန်းထားချက်နဲ့ သဘောတရားရော အနှစ်သာရပါ လုံးဝကိုမတူပါဘူး။ ၁၉၄၇ မှာက နိုင်ငံတော်သမ္မတနဲ့ သူ့မိဘနှစ်ပါးကိုသာ အထက်မျိုးဆက်ကိုသာ အဓိကရည်ရွယ်ပြဌာန်း ထားတာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ မိဘတွေတင်မက သမ္မတလောင်းလျာရဲ့ ဇနီး မယားခင်ပွန်း လင်ယောက်ျားအပြင် သားသမီးများနဲ့ ၎င်းသားသမီးများရဲ့ ဇနီး မယားလင်ယောက်ျားတွေ အထိ အောက်မျိုးဆက်တွေအထိ အကျုံးဝင်သက်ဆိုင်နေတာတွေ့ရပါတယ်။ ဒီလိုသတ်မှတ်ချက်မျိုး ကမ္ဘာ့ ဘယ်ဒီမိုကရေစီ နိုင်ငံမှာ မှ မတွေ့ရပါဘူး။
ဦးဝေစိန်အောင်(ရခိုင်အမတ်)
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဦးဝေစိန်အောင်

ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း ထောက်ခံရင်တောင်မှ လိုအပ်တဲ့ ၇၅ ရာခိုင်နှုန်းကို ကျော်နိုင်ဖို့ အကြောင်းတရား မရှိပါဘူး။ တပ်မတော် သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကြောင့် တပ်မတော်နဲ့ ညှိုနှိုင်းမရခဲ့ရင် လုံးဝ ပြင်လို့မရနိုင်တဲ့အခြေအနေ ရှိပါတယ်။

BBC Burmese
https://www.bbc.com
ဖြဲ႕စည္းပုံအေျခခံဥပေဒ-ျမန္မာလႊတ္ေတာ္ထဲက ဖြဲ႕စည္းပုံျပင္ေရး မွတ္မွတ္သားသား ေဆြးေႏြးခ်က္မ်ား ဖြဲ႕စည္းပုံအေျခခံဥပေဒ-ျမန္မာလႊတ္ေတာ္ထဲက ဖြဲ႕စည္းပုံျပင္ေရး မွတ္မွတ္သားသား ေဆြးေႏြးခ်က္မ်ား Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.