ေဒါက္တာမ်ိဳးၫြန႔္ ပါတီေျပာခြင့္ရ သူအျဖစ္ကေန နားၿပီ

 ေဒါက္တာမ်ိဳးၫြန္႔ အနားယူရတာနဲ႔ပတ္သက္ၿပီးေျပာခြင့္မရွိလို႔ေျပာ

(Zawgyi)⤵⤵⤵
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီရဲ႕ ေျပာေရးဆိုခြင္ရွိသူ ကို ေဒါက္တာေဇာ္ျမင့္ေမာင္ တစ္ဦးတည္းကသာ မတ္လ ၁ရက္ေန႔က စၿပီးတာဝန္ယူမယ္ လို႔ ေဒါက္တာမ်ိဳးၫြန႔္က ဒီေန႔ေနျပည္ေတာ္မွာ သတင္းေထာက္ေတြကိုေျပာပါတယ္ ။

အရင္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီရဲ႕ ေျပာခြင့္ရသူ ႏွစ္ဦး အျဖစ္ ေဒါက္တာမ်ိဳးၫြန႔္နဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ကို တာဝန္သတ္မွတ္ေပးထားခဲ့ၿပီးမတ္လ ၁ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ ပါတီ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးအၿပီးမွာအခုလို ေျပာင္းလဲ ဆုံးျဖတ္ခဲ့တာလို႔ သူကေျပာပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ က်န္းမာေရးအရ ဒီေန႔ သူ႔ကိုယ္စား သတင္းေထာက္ေတြကို ေျပာရတာလို႔လည္း ေဒါက္တာမ်ိဳးၫြန႔္ကရွင္းျပပါတယ္။

ဘာေၾကာင့္အခုလို ေျပာခြင့္ရသူတစ္ဦးတည္း ျဖစ္ရတာလဲ ဆိုတာနဲ႔ ပတ္သက္လို႔လည္း ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးဆုံးျဖတ္ခ်က္ အရ ျဖစ္တယ္၊ ဘာေၾကာင့္ဆိုတာေျပာလို႔မရဘူးလည္းေဒါက္တာမ်ိဳးၫြန္႔က သတင္းေထာက္ ေတြကို ေျပာပါတယ္။

ပါတီ ဗဟိုအလုပ္မႈေဆာင္ အစည္းအေဝး ဆုံးျဖတ္ခ်က္အရလိုေျပာ

ၿပီးခဲ့တဲ့ဇန္နဝါရီလက ရန္ကုန္ၿမိဳ႕ေတာ္ဝင္ႏွင္းဆီမွာ က်င္းပခဲတဲ့ ဦးကိုနီ ေအာက္ေမ့ျခင္းအခမ္းအနားမွာ ေျပာဆိုခဲ့မႈေတြနဲ႔ပတ္သက္ သလားလို႔ သတင္းေထာက္ေတြက ေမးရာမွာေတာ့ ေျပာလို႔ မရေၾကာင္း ေဒါက္တာမ်ိဳးၫြန႔္က ျငင္းဆို သြားပါတယ္။

NLD ပါတီ ဗဟိုအလုပ္မႈေဆာင္ အစည္းအေဝးကို ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာမွာ မတ္လ ၁ရက္ေန႔ ေန႔လည္ ၁ နာရီကေန ညေန ၅ နာေက်ာ္ထိ က်င္းပျပဳလုပ္ခဲ့ၿပီး အစည္းအေဝးမွာ သုေတသနလုပ္ငန္း၊ရံပုံေငြကိစၥ၊အလုပ္သမား ေရးရာ အစရွိသည္တို႔ကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ေဒါက္တာ မ်ိဳးၫြန႔့္က ေျပာပါတယ္။

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ မွာ သဘာပတိအဖြဲ႕နဲ႔ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕တို႔ကို၂၀၁၈ခုႏွစ္က ျပင္ဆင္ ဖြဲ႕စည္းခဲ့ပါတယ္။

၂၀၁၈ခုႏွစ္တုန္းကလည္း သဘာပတိအဖြဲ႕ဝင္ေတြကို ထပ္မံ တိုးခ်ဲ႕တာ အပါအဝင္ ပါတီ ေခါင္းေဆာင္ ဖြဲ႕စည္းပုံ အရ နဂိုက မရွိတဲ့ ဒုတိယ ဥကၠ႒ ေနရာ ႏွစ္ခုကို ထည့္သြင္း ထားခဲ့ပါတယ္။

ဥကၠဌ ေနရာကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ က ဆက္လက္ ယူထားၿပီး ဒုတိယ ဥကၠ႒ ၁ အျဖစ္ ဦး၀င္းျမင့္ ၊ ဒု ဥကၠ႒ ၂ အျဖစ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္တို႔ကို အသီးသီး တာ၀န္ ေပးအပ္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------
(Unicode)⤵⤵⤵
ဒေါက်တာမျိုးညွန့် ပါတီပြောခွင့်ရ သူအဖြစ်ကနေ နားပြီ

ဓာတ်ပုံ မူပိုင် SHWE IN THAR KHIN MG WIN
Image caption ဒေါက်တာမျိုးညွန့် အနားယူရတာနဲ့ပတ်သက်ပြီးပြောခွင့်မရှိလို့ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ပြောရေးဆိုခွင်ရှိသူ ကို ဒေါက်တာဇော်မြင့်မောင် တစ်ဦးတည်းကသာ မတ်လ ၁ရက်နေ့က စပြီးတာဝန်ယူမယ် လို့ ဒေါက်တာမျိုးညွန့်က ဒီနေ့နေပြည်တော်မှာ သတင်းထောက်တွေကိုပြောပါတယ် ။

အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ပြောခွင့်ရသူ နှစ်ဦး အဖြစ် ဒေါက်တာမျိုးညွန့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ကို တာဝန်သတ်မှတ်ပေးထားခဲ့ပြီးမတ်လ ၁ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာအခုလို ပြောင်းလဲ ဆုံးဖြတ်ခဲ့တာလို့ သူကပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအရ ဒီနေ့ သူ့ကိုယ်စား သတင်းထောက်တွေကို ပြောရတာလို့လည်း ဒေါက်တာမျိုးညွန့်ကရှင်းပြပါတယ်။

ဘာကြောင့်အခုလို ပြောခွင့်ရသူတစ်ဦးတည်း ဖြစ်ရတာလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက် အရ ဖြစ်တယ်၊ ဘာကြောင့်ဆိုတာပြောလို့မရဘူးလည်းဒေါက်တာမျိုးညွန့်က သတင်းထောက် တွေကို ပြောပါတယ်။

Image caption ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရလိုပြော

ပြီးခဲ့တဲ့ဇန်နဝါရီလက ရန်ကုန်မြို့တော်ဝင်နှင်းဆီမှာ ကျင်းပခဲတဲ့ ဦးကိုနီ အောက်မေ့ခြင်းအခမ်းအနားမှာ ပြောဆိုခဲ့မှုတွေနဲ့ပတ်သက် သလားလို့ သတင်းထောက်တွေက မေးရာမှာတော့ ပြောလို့ မရကြောင်း ဒေါက်တာမျိုးညွန့်က ငြင်းဆို သွားပါတယ်။

NLD ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ မတ်လ ၁ရက်နေ့ နေ့လည် ၁ နာရီကနေ ညနေ ၅ နာကျော်ထိ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ သုတေသနလုပ်ငန်း၊ရံပုံငွေကိစ္စ၊အလုပ်သမား ရေးရာ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ကို၂၀၁၈ခုနှစ်က ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၈ခုနှစ်တုန်းကလည်း သဘာပတိအဖွဲ့ဝင်တွေကို ထပ်မံ တိုးချဲ့တာ အပါအဝင် ပါတီ ခေါင်းဆောင် ဖွဲ့စည်းပုံ အရ နဂိုက မရှိတဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ နှစ်ခုကို ထည့်သွင်း ထားခဲ့ပါတယ်။

ဥက္ကဌ နေရာကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဆက်လက် ယူထားပြီး ဒုတိယ ဥက္ကဋ္ဌ ၁ အဖြစ် ဦးဝင်းမြင့် ၊ ဒု ဥက္ကဋ္ဌ ၂ အဖြစ် ဒေါက်တာ ဇော်မြင့်မောင်တို့ကို အသီးသီး တာဝန် ပေးအပ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေဒါက္တာမ်ိဳးၫြန႔္ ပါတီေျပာခြင့္ရ သူအျဖစ္ကေန နားၿပီ ေဒါက္တာမ်ိဳးၫြန႔္ ပါတီေျပာခြင့္ရ သူအျဖစ္ကေန နားၿပီ Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.