ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာမွာ ပစ္ခတ္မႈေတြျဖစ္ၿပီး ေနအိမ္အမ်ားအျပားမီးေလာင္

 တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား ဒီရက္ပိုင္းတိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြား ခဲ့ၿပီး မတ္လ ၁ရက္ေန႔ မွာ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ ခဲ့တဲ့အတြက္ ေနအိမ္ေတာ္ေတာ္မ်ားမ်ား မီးေလာင္မႈျဖစ္ပြားခဲ့တယ္လို႔ ေက်ာက္တန္း႐ြာသားတစ္ဦးက ဘီဘီစီကို အတည္ျပဳ ေျပာပါတယ္။

တပ္မေတာ္ဘက္ ကို ေတာ့ဒီသတင္းနဲ႔ပတ္သက္လို႔ ေမးျမန္းအတည္ျပဳလို႔ မရေသးပါဘူး။

မတ္လ ၁ ရက္ေန႔ မနက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕အေျခစိုက္ တပ္ရင္းေတြရွိတဲ့ေနရာဘက္ကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ေက်း႐ြာအတြင္းကိုလက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္တာလို႔ေျပာၿပီး မြန္းလြဲပိုင္းမွာေတာ့ ရဟတ္ယာဥ္ႏွစ္စီးနဲ႔လာေရာက္ၿပီး ထပ္မံပစ္ခတ္ခဲ့တဲ့အတြက္ ေနအိမ္ေတြမီးေလာင္မႈထပ္မံ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ အဲ့ဒီေက်း႐ြာသားကေျပာပါတယ္။

အိမ္ေျခ ၅၀၀ ေက်ာ္ရွိတဲ့ ေက်ာက္တန္း တစ္႐ြာလုံးနီးပါး မီးေလာင္မႈေတြျဖစ္ပြားခဲ့တဲ့ အျပင္ ထီးစြဲ႐ြာ၊ ေအာင္သာစည္႐ြာ စတဲ့ေက်း႐ြာေတြ ရွိတဲ့ေနရာေတြကိုလည္း ရဟတ္ယာဥ္ေတြက ပစ္ခတ္မႈေတြျပဳလုပ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

 ေဖေဖာ္ဝါရီလအတြင္းက ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွ႐ြာေဟာင္း မီးေလာင္ေနပုံ
"မနက္ ၇ နာရီေလာက္ကစၿပီး လက္နက္ႀကီးပစ္ပါတယ္။ ေက်ာက္တန္းမွာ အိမ္တစ္လုံးမီးေလာင္သြားတယ္။ တျခား႐ြာေတြမွာလည္းက်တယ္။ လက္နက္ႀကီးပစ္လို႔ ရပ္တာနဲ႔ ဘူးသီးေတာင္ဘက္ေန ေလယာဥ္ႏွစ္စီးလာၿပီးေတာ့ ေက်ာက္တန္း႐ြာအေပၚက ႀကဲခ်တယ္။ ႐ြာက အကုန္လုံးမႈိင္းမုန္ေနတယ္။ ဘယ္ေလာက္ေလာင္သြားလဲဆိုတာကို ခန႔္မွန္းလို႔မသိရေသးဘူး။"လို႔ ႏြားလားေက်ာ္ ေက်း႐ြာကိုထြက္ေျပးေရာက္ရွိေနတဲ့ ေက်ာက္တန္း႐ြာသားတစ္ဦးက သူကိုယ္တိုင္ျမင္ေတြ႕ေနရာတာေတြကို ေျပာဆိုခဲ့တာပါ။

ေက်ာက္တန္းေက်း႐ြာသားေတြဟာ ေက်း႐ြာနဲ႔အနီးကို တပ္မေတာ္စစ္ေၾကာင္းေတြ ဝင္ေရာက္လာခဲ့တဲ့အတြက္ ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔ ညေနပိုင္းမွာ သူတို႔လုံၿခဳံမယ့္ေနရာေတြကို ထြက္ေျပးသြားခဲ့ၾကၿပီး ေက်း႐ြာအတြင္းမွာ လူတစ္ေယာက္မွ မရွိေတာ့ဘူးလို႔ အဲ့ဒီေက်း႐ြာသားက ေျပာပါတယ္။

ေက်ာက္တန္းေက်း႐ြာဟာ အိမ္ေျခ ၅၄၀ ေက်ာ္ရွိၿပီး မြန္းလြဲပိုင္းေလာက္ကေန ေနအိမ္ေတြမီးေလာင္ေနတာဟာ ညေန ၆နာရီေလာက္ထိ မီးေလာင္ေနဆဲျဖစ္ၿပီး တစ္႐ြာလုံးကိုလည္း မီးခိုးေတြလႊမ္းေနတာေၾကာင့္ အိမ္ဘယ္ေလာက္ ေလာင္ကြၽမ္းသြားၿပီလဲဆိုတာကို မသိရွိႏိုင္ေၾကာင္း ေဒသခံေတြကေျပာဆိုၾကပါတယ္။

တပ္မေတာ္ဘက္က ရခိုင္လူမ်ိဳးေတြေနထိုင္တဲ့ေက်း႐ြာေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိခဲ့သလို ရဟတ္ယာဥ္ႏွစ္စီးနဲ႔ လာေရာက္ပစ္ခတ္ခဲ့တဲ့အတြက္ ေက်ာက္တန္းေက်း႐ြာဟာ တစ္႐ြာလုံးနီးပါး မီးေလာင္မႈျဖစ္ပြားေနတယ္လို႔ ေအေအရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ဘီဘီစီကို ေျပာဆိုပါတယ္။

ေက်ာက္တန္းေက်း႐ြာသားေတြဟာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကားျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္းမွာ လက္နက္ႀကီးက်ေရာက္တာေတြ၊ အရပ္သားထိခိုက္ေသဆုံးမႈေတြ၊ ဖမ္းဆီးခံရမႈေတြနဲ႔ မၾကာခဏဆိုသလို ရင္ဆိုင္ႀကဳံေတြ႕ေနၾကရတာလည္းျဖစ္ပါတယ္။

မၾကာခင္ရက္ပိုင္းအတြင္းကလည္း ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း၊ သမီးလွ႐ြာေဟာင္းေက်း႐ြာမွာလည္း အခုလိုမ်ိဳး လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တဲ့အတြက္ ေနအိမ္ ၁၇ လုံးမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔အၾကားတိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကာလအတြင္းမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တဲ့ ေက်း႐ြာေပါင္း ၇ ႐ြာေလာက္ရွိေနၿပီျဖစ္ကာ အဲ့ဒီေက်း႐ြာေတြဟာ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြအတြင္းက ေက်း႐ြာေတြျဖစ္ၾကပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တစ္ႏွစ္ေက်ာ္အၾကာ တိုက္ပြဲေတြအတြင္း အရပ္သားထိခိုက္ေသဆုံးခဲ့ရမႈ ၁၀၀ ေက်ာ္ထိရွိလာေနၿပီျဖစ္သလို ေနရပ္စြန႔္ခြာထြက္ေျပးေနၾကတဲ့ ဒုကၡသည္အေရအတြက္ဟာလည္း ၁၂၈၄၃၅ ဦးထိရွိလာေနၿပီျဖစ္တယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC က ေဖေဖာ္ဝါရီ ၂၉ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ပစ်ခတ်မှုတွေဖြစ်ပြီး နေအိမ်အများအပြားမီးလောင်
Image caption တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ်

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဒီရက်ပိုင်းတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွား ခဲ့ပြီး မတ်လ ၁ရက်နေ့ မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် ခဲ့တဲ့အတွက် နေအိမ်တော်တော်များများ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကျောက်တန်းရွာသားတစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

တပ်မတော်ဘက် ကို တော့ဒီသတင်းနဲ့ပတ်သက်လို့ မေးမြန်းအတည်ပြုလို့ မရသေးပါဘူး။

မတ်လ ၁ ရက်နေ့ မနက်ပိုင်းက ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းတွေရှိတဲ့နေရာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းကိုလက်နက်ကြီးကျည်တစ်လုံး ကျရောက်တာလို့ပြောပြီး မွန်းလွဲပိုင်းမှာတော့ ရဟတ်ယာဉ်နှစ်စီးနဲ့လာရောက်ပြီး ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေမီးလောင်မှုထပ်မံ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အဲ့ဒီကျေးရွာသားကပြောပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကျောက်တန်း တစ်ရွာလုံးနီးပါး မီးလောင်မှုတွေဖြစ်ပွားခဲ့တဲ့ အပြင် ထီးစွဲရွာ၊ အောင်သာစည်ရွာ စတဲ့ကျေးရွာတွေ ရှိတဲ့နေရာတွေကိုလည်း ရဟတ်ယာဉ်တွေက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
Image caption ဖေဖော်ဝါရီလအတွင်းက ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်း မီးလောင်နေပုံ

"မနက် ၇ နာရီလောက်ကစပြီး လက်နက်ကြီးပစ်ပါတယ်။ ကျောက်တန်းမှာ အိမ်တစ်လုံးမီးလောင်သွားတယ်။ တခြားရွာတွေမှာလည်းကျတယ်။ လက်နက်ကြီးပစ်လို့ ရပ်တာနဲ့ ဘူးသီးတောင်ဘက်နေ လေယာဉ်နှစ်စီးလာပြီးတော့ ကျောက်တန်းရွာအပေါ်က ကြဲချတယ်။ ရွာက အကုန်လုံးမှိုင်းမုန်နေတယ်။ ဘယ်လောက်လောင်သွားလဲဆိုတာကို ခန့်မှန်းလို့မသိရသေးဘူး။"လို့ နွားလားကျော် ကျေးရွာကိုထွက်ပြေးရောက်ရှိနေတဲ့ ကျောက်တန်းရွာသားတစ်ဦးက သူကိုယ်တိုင်မြင်တွေ့နေရာတာတွေကို ပြောဆိုခဲ့တာပါ။

ကျောက်တန်းကျေးရွာသားတွေဟာ ကျေးရွာနဲ့အနီးကို တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညနေပိုင်းမှာ သူတို့လုံခြုံမယ့်နေရာတွေကို ထွက်ပြေးသွားခဲ့ကြပြီး ကျေးရွာအတွင်းမှာ လူတစ်ယောက်မှ မရှိတော့ဘူးလို့ အဲ့ဒီကျေးရွာသားက ပြောပါတယ်။

ကျောက်တန်းကျေးရွာဟာ အိမ်ခြေ ၅၄၀ ကျော်ရှိပြီး မွန်းလွဲပိုင်းလောက်ကနေ နေအိမ်တွေမီးလောင်နေတာဟာ ညနေ ၆နာရီလောက်ထိ မီးလောင်နေဆဲဖြစ်ပြီး တစ်ရွာလုံးကိုလည်း မီးခိုးတွေလွှမ်းနေတာကြောင့် အိမ်ဘယ်လောက် လောင်ကျွမ်းသွားပြီလဲဆိုတာကို မသိရှိနိုင်ကြောင်း ဒေသခံတွေကပြောဆိုကြပါတယ်။

တပ်မတော်ဘက်က ရခိုင်လူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကျောက်တန်းကျေးရွာဟာ တစ်ရွာလုံးနီးပါး မီးလောင်မှုဖြစ်ပွားနေတယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောဆိုပါတယ်။

ကျောက်တန်းကျေးရွာသားတွေဟာ တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးကျရောက်တာတွေ၊ အရပ်သားထိခိုက်သေဆုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းကလည်း ရသေ့တောင်မြို့နယ်အတွင်း၊ သမီးလှရွာဟောင်းကျေးရွာမှာလည်း အခုလိုမျိုး လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် နေအိမ် ၁၇ လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေတို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာပေါင်း ၇ ရွာလောက်ရှိနေပြီဖြစ်ကာ အဲ့ဒီကျေးရွာတွေဟာ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက ကျေးရွာတွေဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ရက္ခိုင့်တပ်တော် အေအေတို့အကြား တစ်နှစ်ကျော်အကြာ တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးခဲ့ရမှု ၁၀၀ ကျော်ထိရှိလာနေပြီဖြစ်သလို နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း ၁၂၈၄၃၅ ဦးထိရှိလာနေပြီဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဖေဖော်ဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာမွာ ပစ္ခတ္မႈေတြျဖစ္ၿပီး ေနအိမ္အမ်ားအျပားမီးေလာင္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း႐ြာမွာ ပစ္ခတ္မႈေတြျဖစ္ၿပီး ေနအိမ္အမ်ားအျပားမီးေလာင္ Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.