နယ္စပ္ဂိတ္ပိတ္၍ နာဂေဒသ ပန္ေဆာင္တြင္ အိမ္သုံးဆား ျပတ္လပ္

(Zawgyi)⤵⤵⤵

ပန္ေဆာင္၊ မတ္ - ၁၉

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အိႏၵိယ-ျမန္မာနယ္စပ္ နန္ေပါင္ဂိတ္ပိတ္ထားျခင္းေၾကာင့္ နာဂေဒသ နန္းယြန္းၿမိဳ႕နယ္ခြဲပန္ေဆာင္ၿမိဳ႕တြင္ အိမ္သုံးဆားမ်ား ျပတ္လပ္ေနေၾကာင္း ေဒသခံ ေစ်းသည္ ေဒၚႏွင္းေခ်ာကေျပာသည္။

'' အဓိကကေတာ့ ဒီေဒသ ဆားအခက္အခဲျဖစ္ေနတယ္။ အခုေတာင္မွ နယ္က ဟာေတြက ေတာ္ေတာ္ေလးလာေမးၾကတယ္''ဟု ၎ကေျပာသည္။

အိႏၵိယဘက္မွ ၀ယ္ယူရေသာပစၥည္းမ်ားသည္ ဆား၊ ဆီ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ အစရွိသည့္ ဟင္းခ်က္စရာမ်ားျဖစ္သည္။

ျမန္မာဘက္မွ ေဒသခံအမ်ား အိႏၵိယဘက္ နန္ေပါင္သို႔ တစ္ပတ္လွ်င္တစ္ႀကိမ္ ေသာၾကာေန႔တိုင္း ေစ်း၀ယ္ခြင့္ရွိသည္။

''ပန္ေဆာင္နယ္မွာရွိတဲ့ ၁၈ ႐ြာေလာက္က နန္ေပါင္ကိုသြားလိုက္။ သူတို႔ေရာင္းစရာရွိတာေလး သြားေရာင္းလိုက္။ ၿပီးရင္ အိႏၵိယကခြင့္ျပဳသေလာက္ ဆားထုတ္ေလးေတြသယ္လာတယ္။ ဟင္းခ်က္စရာေလးေတြသယ္လာတယ္။ မိသားစုအသုံးအေဆာင္ေလးေတြ၀ယ္ၾက ျခမ္းၾကေပါ့''ဟု ေဒသခံ ဦးခ်စ္ေယာင္းကေျပာသည္။

ယခင္က ႏွစ္ႏိုင္ငံေစ်းသည္မ်ား အတူတကြ လာေရာက္အေရာင္းအ၀ယ္ျပဳၾကသည့္ ပန္ေဆာင္(နယ္စပ္ေစ်း)ေစ်းကိုလည္း ဖြင့္လွစ္ေပးထားၿပီး ၁၀ ရက္လွ်င္တစ္ႀကိမ္ အေရာင္းအ၀ယ္ျပဳလုပ္ခြင့္ေပးခဲ့သည္။

''တကယ္လို႔ ဆားျပတ္သြားရင္ အိႏၵိယဘက္က သီးျခားမွာ မွာေလ။ မွာၿပီးေတာ့မွ ျပည္သူေတြကို ျဖန္႔ေဝေပးဖို႔ ဒါေတြက စီစဥ္ၿပီးသားပါ''ဟု နန္းယြန္းလႊတ္ေတာ္အမတ္ ဦးစိမ္းေမာင္ကေျပာသည္။

နန္ေပါင္နယ္စပ္ဂိတ္အား လတ္တေလာတြင္ ရက္အကန္႔အသတ္မရွိ ပိတ္ထားသည္။

ထက္ၿဖိဳး
Monywa Gazette
https://www.facebook.com/monywagazette/
------------------
(Unicode)⤵⤵⤵
နယ်စပ်ဂိတ်ပိတ်၍ နာဂဒေသ ပန်ဆောင်တွင် အိမ်သုံးဆား ပြတ်လပ်

ပန်ဆောင်၊ မတ် - ၁၉

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် နန်ပေါင်ဂိတ်ပိတ်ထားခြင်းကြောင့် နာဂဒေသ နန်းယွန်းမြို့နယ်ခွဲပန်ဆောင်မြို့တွင် အိမ်သုံးဆားများ ပြတ်လပ်နေကြောင်း ဒေသခံ ဈေးသည် ဒေါ်နှင်းချောကပြောသည်။

'' အဓိကကတော့ ဒီဒေသ ဆားအခက်အခဲဖြစ်နေတယ်။ အခုတောင်မှ နယ်က ဟာတွေက တော်တော်လေးလာမေးကြတယ်''ဟု ၎င်းကပြောသည်။

အိန္ဒိယဘက်မှ ဝယ်ယူရသောပစ္စည်းများသည် ဆား၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစရှိသည့် ဟင်းချက်စရာများဖြစ်သည်။

မြန်မာဘက်မှ ဒေသခံအများ အိန္ဒိယဘက် နန်ပေါင်သို့ တစ်ပတ်လျှင်တစ်ကြိမ် သောကြာနေ့တိုင်း ဈေးဝယ်ခွင့်ရှိသည်။

''ပန်ဆောင်နယ်မှာရှိတဲ့ ၁၈ ရွာလောက်က နန်ပေါင်ကိုသွားလိုက်။ သူတို့ရောင်းစရာရှိတာလေး သွားရောင်းလိုက်။ ပြီးရင် အိန္ဒိယကခွင့်ပြုသလောက် ဆားထုတ်လေးတွေသယ်လာတယ်။ ဟင်းချက်စရာလေးတွေသယ်လာတယ်။ မိသားစုအသုံးအဆောင်လေးတွေဝယ်ကြ ခြမ်းကြပေါ့''ဟု ဒေသခံ ဦးချစ်ယောင်းကပြောသည်။

ယခင်က နှစ်နိုင်ငံဈေးသည်များ အတူတကွ လာရောက်အရောင်းအဝယ်ပြုကြသည့် ပန်ဆောင်(နယ်စပ်ဈေး)ဈေးကိုလည်း ဖွင့်လှစ်ပေးထားပြီး ၁၀ ရက်လျှင်တစ်ကြိမ် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးခဲ့သည်။

''တကယ်လို့ ဆားပြတ်သွားရင် အိန္ဒိယဘက်က သီးခြားမှာ မှာလေ။ မှာပြီးတော့မှ ပြည်သူတွေကို ဖြန့်ဝေပေးဖို့ ဒါတွေက စီစဉ်ပြီးသားပါ''ဟု နန်းယွန်းလွှတ်တော်အမတ် ဦးစိမ်းမောင်ကပြောသည်။

နန်ပေါင်နယ်စပ်ဂိတ်အား လတ်တလောတွင် ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။

ထက်ဖြိုး
Monywa Gazette
https://www.facebook.com/monywagazette/
နယ္စပ္ဂိတ္ပိတ္၍ နာဂေဒသ ပန္ေဆာင္တြင္ အိမ္သုံးဆား ျပတ္လပ္ နယ္စပ္ဂိတ္ပိတ္၍ နာဂေဒသ ပန္ေဆာင္တြင္ အိမ္သုံးဆား ျပတ္လပ္ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.