ကို႐ိုနာ ဗိုင္းရပ္စ္ကာကြယ္ေရးဝတ္စုံေတြ ျမန္မာ ေဆး႐ုံေတြမွာအလုံအေလာက္ရွိ ရဲ႕လား

ရန္ကုန္ေဝဘာဂီေဆး႐ုံ
(Zawgyi)⤵⤵⤵
ကို႐ိုနာ ဗိုင္းရပ္စ္ ျဖစ္ပြားကူးစက္လာခဲ့ရင္ကုသဖို႔ အတြက္ ျမန္မာႏိုင္ငံ ကေဆး႐ုံေတြမွာ ကို႐ိုနာ ဗိုင္းရပ္စ္ PPE ေတြအလုံအေလာက္မရွိဘူးလို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္ ကဘီဘီစီကိုေျပာပါတယ္။

ဒါအျပင္ အသက္ရႈစက္ ေတြဟာ ေဆး႐ုံႀကီးေတြ မွာရွိေပမယ့္ covid 19 လူနာ ကိုကုသလိုက္ ရင္ေနာက္လူကို ကုသမရႏိုင္တဲ့ အတြက္ အခက္အခဲရွိတယ္လို႔လည္း သူကေျပာပါတယ္။

"ဒီအသက္ရႈစက္ ကိုေနာက္တစ္ေယာက္သုံးရင္ ေနာက္တစ္ေယာက္ကူးသြားမွာကို တို႔ တိုင္းျပည္မွာေတာ့ ေဆး႐ုံတစ္႐ုံ လုံးမွ တစ္လုံး ရွိတာတို႔၊ ႏွစ္လုံးရွိတာတို႔၊ ရွိတာကိုးအဲဒီ covid 19 လူနာေတြကိုေပးရၿပီဆိုရင္ က်န္တဲ့ လူနာ အတြက္က မရွိေတာ့ဘူး "လို႔ ေဒါက္တာ သန္းမင္းထြဋ္ကေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ လူနာ ေတြ တကယ္တန္းမ်ားလာခဲ့ ရင္ အျခားႏိုင္ငံ ေတြမွာေတာ့ ဟိုတယ္ေတြကို ေဆး႐ုံ အျဖစ္ ေျပာင္းထားၿပီးကုတာရွိေပမယ့္ ျမန္မာႏိုင္ငံ ေဆး႐ုံေတြမွာ လူနာမ်ားလာရင္ဆိုတဲ့ကုသေရးအတြက္ စဥ္းစားမႈေတြ ရွိတယ္လို႔လည္း သူကေျပာပါတယ္။

ကို႐ိုနာ စတင္ရာ ဝူဟန္ကျပန္လာသူေတြကိုေစာင့္ၾကည့္ခဲ့

"စာသင္ေက်ာင္းေတြအခုပိတ္ထားေတာ့ ပိုးသတ္ၿပီး သုံးသင့္ရင္ သုံးမယ္ ဟိုတယ္ေတြ သုံးသင့္ရင္သုံးမယ္ ဆိုၿပီး စဥ္းစားေနၾကတယ္"လို႔လည္း ေဒါက္တာသန္းမင္းထြဋ္ ကေျပာပါတယ္။

ေရာဂါ ကာကြယ္ေရးနဲ႔ ကုသေရး အပိုင္းေတြ အတြက္ N95 ႏွာေခါင္းစည္းေတြ နဲ လိုအပ္သလို လူနာကိုေစာင့္ၾကည့္တဲ့စက္ ၊ ေဆးထိုးတဲ့ စက္ အေၾကာေဆးသြင္းတဲ့စက္ နဲ႔ အလြယ္တကူ သယ္လို႔ရတဲ့ ဓာတ္မွန္ စက ရင္က်ပ္ရင္ရႉတဲ့ စက္၊ ေအာက္စီဂ်င္စက္ ေတြလည္းလို တယ္လို႔လည္း သူကေျပာပါတယ္ ။

covid 19 လူနာကို အျပင္ေခၚထုတ္ ကုသလို႔မရ တာ ေၾကာင့္ အခုလို စက္ေတြထပ္လိုတာျဖစ္တယ္လို႔လည္း ေဒါက္တာသန္းမင္းထြဋ္ ကေျပာပါတယ္။

"လိုအပ္တာေတြ ကေတာ့အမ်ားႀကီးပဲ မေန႔ကေတာ့ ဝန္ႀကီးက မၾကာမွီ ဘက္ဂ်က္ ခ်ေပးဖို႔ ရွိတယ္လို႔ ေျပာသြားတယ္" လို႔လည္းသူကေျပာပါတယ္။

ျမန္မာႏိုင္ငံ ဆရာဝန္မ်ားအသင္းကလည္း အားကစားနဲ႔ က်န္းမာေရးဝန္ႀကီးဌာန နဲ႔ပူးေပါင္းၿပီးေစတနာ့ ဝန္ထမ္း လုပ္ကိုင္မယ့္ ဆရာဝန္မ်ားအမည္စာရင္းစုေဆာင္းေနတယ္လို႔ထုတ္ျပန္ပါတယ္။
မတ္လ ၁၇ ရက္ေန႔ က ေစာင့္ၾကည့္လူနာေသဆုံးခဲ့တဲ့ က်ိဳင္းတုံေဆး႐ုံ

"ဒီေရာဂါျဖစ္လာခဲ့ ရင္ထိပ္ဆုံး က ကူးမွာ တို႔ပဲ အဲေတာ့ က်န္းမာေရးဝန္ထမ္းေတြ အကုန္လုံးက လည္းစိုးရိမ္ၾကပါတယ္။ အဲေတာ့ ဘယ္ကလာမယ္မွန္းမသိတဲ ရန္သူကို ေစာင့္ေန ရတယ္ အခုလည္းမႏိုင္ဝန္ထမ္းေန ရတာဆိုေတာ့ စိတ္ပူပန္မႈေတြရွိတယ္လို႔လည္း "သူကေျပာပါတယ္။

က်န္းမာေရးဝန္ထမ္းေတြဟာ စိတ္ဖိစီးမႈ ေတြမ်ားလြန္းေနတာေၾကာင့္ သူတို႔ကို စိတ္ပိုင္းဆိုင္ ရာ ေထာက္ပံ့အားေပးမႈေတြလုပ္ေပးသင့္တယ္လို႔လည္းေျပာပါတယ္ ။

မတ္လ ၁၉ ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြထဲ က ၇ ဦး ေသဆုံးခဲ့ပါတယ္ ။ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္ ႐ြက္လ်က္ ရွိတယ္လို႔ လည္း ထုတ္ျပန္ထားပါတယ္။

က်န္းမာေရးဝန္ႀကီး ဌာန တရားဝင္ထုတ္ျပန္ခ်က္ေတြအ ရ ဓာတ္ခြဲအေျဖ ေစာင့္ဆိုင္းဆဲ ေစာင့္ၾကည့္လူနာ (၁၆) ဉီးကို သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ ရွိ ပါတယ္။
ကုသေရးဘက္က လည္းျပင္ဆင္မႈေတြလုပ္ေနပါတယ္။

"စက္ကိရိယာေတြ မစုံလင္ေပမယ့္ ကြၽန္ေတာ္တို႔ အစြမ္းကုန္ ႀကိဳးစားေနဆဲပါ။တကယ္လို႔ positive လူနာ တစ္ေယာက္ ေပၚလာလို႔ စမ္းသပ္တဲ့ ဆရာ၀န္ ၀န္ထမ္းေတြ ကလည္း ဘာႀကိဳတင္ကာကြယ္မႈမွ လုပ္မထားမိေသးဘဲ စမ္းမိရင္ လူနာကိုင္မိသူမ်ား quarantine (၁၄)ရက္ထိပါ့မယ္။ ဆရာ၀န္၊ ဆရာမ၊ သန္႔ရွင္းေရး အကုန္ (၁၄)ရက္ ထိပါ့မယ္။

အဲဒီလို အျဖစ္မ်ိဳး positive လူနာ(၅)ေယာက္ေလာက္မွာ ႀကဳံရရင္ quarantine အလုပ္ခံရတဲ့ အေရအတြက္ တစ္အားမ်ားၿပီး ပုံမွန္ ေဆး႐ုံ လုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ အခက္အခဲ ျဖစ္လာႏိုင္ပါတယ္"လို႔ေဒါက္တာ သန္းမင္းထြဋ္ကေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံတွေ မြန်မာ ဆေးရုံတွေမှာအလုံအလောက်ရှိ ရဲ့လား

ဓာတ်ပုံ မူပိုင် MPA
Image caption ရန်ကုန်ဝေဘာဂီဆေးရုံ

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားကူးစက်လာခဲ့ရင်ကုသဖို့ အတွက် မြန်မာနိုင်ငံ ကဆေးရုံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် PPE တွေအလုံအလောက်မရှိဘူးလို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ကဘီဘီစီကိုပြောပါတယ်။

ဒါအပြင် အသက်ရှုစက် တွေဟာ ဆေးရုံကြီးတွေ မှာရှိပေမယ့် covid 19 လူနာ ကိုကုသလိုက် ရင်နောက်လူကို ကုသမရနိုင်တဲ့ အတွက် အခက်အခဲရှိတယ်လို့လည်း သူကပြောပါတယ်။

"ဒီအသက်ရှုစက် ကိုနောက်တစ်ယောက်သုံးရင် နောက်တစ်ယောက်ကူးသွားမှာကို တို့ တိုင်းပြည်မှာတော့ ဆေးရုံတစ်ရုံ လုံးမှ တစ်လုံး ရှိတာတို့၊ နှစ်လုံးရှိတာတို့၊ ရှိတာကိုးအဲဒီ covid 19 လူနာတွေကိုပေးရပြီဆိုရင် ကျန်တဲ့ လူနာ အတွက်က မရှိတော့ဘူး "လို့ ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် လူနာ တွေ တကယ်တန်းများလာခဲ့ ရင် အခြားနိုင်ငံ တွေမှာတော့ ဟိုတယ်တွေကို ဆေးရုံ အဖြစ် ပြောင်းထားပြီးကုတာရှိပေမယ့် မြန်မာနိုင်ငံ ဆေးရုံတွေမှာ လူနာများလာရင်ဆိုတဲ့ကုသရေးအတွက် စဉ်းစားမှုတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ကိုရိုနာ စတင်ရာ ဝူဟန်ကပြန်လာသူတွေကိုစောင့်ကြည့်ခဲ့

"စာသင်ကျောင်းတွေအခုပိတ်ထားတော့ ပိုးသတ်ပြီး သုံးသင့်ရင် သုံးမယ် ဟိုတယ်တွေ သုံးသင့်ရင်သုံးမယ် ဆိုပြီး စဉ်းစားနေကြတယ်"လို့လည်း ဒေါက်တာသန်းမင်းထွဋ် ကပြောပါတယ်။

ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး အပိုင်းတွေ အတွက် N95 နှာခေါင်းစည်းတွေ နဲ လိုအပ်သလို လူနာကိုစောင့်ကြည့်တဲ့စက် ၊ ဆေးထိုးတဲ့ စက် အကြောဆေးသွင်းတဲ့စက် နဲ့ အလွယ်တကူ သယ်လို့ရတဲ့ ဓာတ်မှန် စက ရင်ကျပ်ရင်ရှူတဲ့ စက်၊ အောက်စီဂျင်စက် တွေလည်းလို တယ်လို့လည်း သူကပြောပါတယ် ။

covid 19 လူနာကို အပြင်ခေါ်ထုတ် ကုသလို့မရ တာ ကြောင့် အခုလို စက်တွေထပ်လိုတာဖြစ်တယ်လို့လည်း ဒေါက်တာသန်းမင်းထွဋ် ကပြောပါတယ်။

"လိုအပ်တာတွေ ကတော့အများကြီးပဲ မနေ့ကတော့ ဝန်ကြီးက မကြာမှီ ဘက်ဂျက် ချပေးဖို့ ရှိတယ်လို့ ပြောသွားတယ်" လို့လည်းသူကပြောပါတယ်။

မြန်မာနိုင်ငံ ဆရာဝန်များအသင်းကလည်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန နဲ့ပူးပေါင်းပြီးစေတနာ့ ဝန်ထမ်း လုပ်ကိုင်မယ့် ဆရာဝန်များအမည်စာရင်းစုဆောင်းနေတယ်လို့ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ မူပိုင် Yan Naing
Image caption မတ်လ ၁၇ ရက်နေ့ က စောင့်ကြည့်လူနာသေဆုံးခဲ့တဲ့ ကျိုင်းတုံဆေးရုံ

"ဒီရောဂါဖြစ်လာခဲ့ ရင်ထိပ်ဆုံး က ကူးမှာ တို့ပဲ အဲတော့ ကျန်းမာရေးဝန်ထမ်းတွေ အကုန်လုံးက လည်းစိုးရိမ်ကြပါတယ်။ အဲတော့ ဘယ်ကလာမယ်မှန်းမသိတဲ ရန်သူကို စောင့်နေ ရတယ် အခုလည်းမနိုင်ဝန်ထမ်းနေ ရတာဆိုတော့ စိတ်ပူပန်မှုတွေရှိတယ်လို့လည်း "သူကပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ စိတ်ဖိစီးမှု တွေများလွန်းနေတာကြောင့် သူတို့ကို စိတ်ပိုင်းဆိုင် ရာ ထောက်ပံ့အားပေးမှုတွေလုပ်ပေးသင့်တယ်လို့လည်းပြောပါတယ် ။

မတ်လ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ က ၇ ဦး သေဆုံးခဲ့ပါတယ် ။ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက် ရှိတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီး ဌာန တရားဝင်ထုတ်ပြန်ချက်တွေအ ရ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၁၆) ဉီးကို သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိ ပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ကုသရေးဘက်က လည်းပြင်ဆင်မှုတွေလုပ်နေပါတယ်။

"စက်ကိရိယာတွေ မစုံလင်ပေမယ့် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေဆဲပါ။တကယ်လို့ positive လူနာ တစ်ယောက် ပေါ်လာလို့ စမ်းသပ်တဲ့ ဆရာဝန် ဝန်ထမ်းတွေ ကလည်း ဘာကြိုတင်ကာကွယ်မှုမှ လုပ်မထားမိသေးဘဲ စမ်းမိရင် လူနာကိုင်မိသူများ quarantine (၁၄)ရက်ထိပါ့မယ်။ ဆရာဝန်၊ ဆရာမ၊ သန့်ရှင်းရေး အကုန် (၁၄)ရက် ထိပါ့မယ်။

အဲဒီလို အဖြစ်မျိုး positive လူနာ(၅)ယောက်လောက်မှာ ကြုံရရင် quarantine အလုပ်ခံရတဲ့ အရေအတွက် တစ်အားများပြီး ပုံမှန် ဆေးရုံ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်"လို့ဒေါက်တာ သန်းမင်းထွဋ်ကပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာ ဗိုင္းရပ္စ္ကာကြယ္ေရးဝတ္စုံေတြ ျမန္မာ ေဆး႐ုံေတြမွာအလုံအေလာက္ရွိ ရဲ႕လား ကို႐ိုနာ ဗိုင္းရပ္စ္ကာကြယ္ေရးဝတ္စုံေတြ ျမန္မာ ေဆး႐ုံေတြမွာအလုံအေလာက္ရွိ ရဲ႕လား Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.