အစားအေသာက္ကို ဘယ္လိုဝယ္ယူစားေသာက္သင့္သလဲ


အေျခခံက်က်လိုအပ္တဲ့ပစၥည္းေတြကို ဝယ္ယူဖို႔အတြက္သာ ေစ်းဝယ္ထြက္ၾကပါ၊ ေစ်းဝယ္ထြက္တဲ့ အႀကိမ္ေရကိုလည္း နည္းႏိုင္သမွ် အနည္းဆုံးျဖစ္ပါေစလို႔ ၿပီးခဲ့တဲ့ သီတင္းပတ္အနည္းငယ္ကမွ ၿဗိတိန္မွာ စတင္ကန႔္သတ္တားျမစ္လာတာကို အမွတ္ရၾကမွာပါ။

ဒီစကားေတြကိုေျပာခဲ့သူ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစၥဂြၽန္ဆင္ပါ။ ကို႐ိုနာဗိုင္းရပ္စ္ မျပန႔္ပြားေရးအတြက္ လူေတြရဲ႕ ေန႔စဥ္သြားလာမႈေတြကို ေလွ်ာ့ခ်ဖို႔စီစဥ္ခဲ့တာပါ။ အျပင္ထြက္ေစ်းဝယ္တာထက္အိမ္တိုင္ရာေရာက္ လာပို႔ခိုင္းတာကို ပိုၿပီးအသုံးျပဳၾကဖို႔လည္း သူကတိုက္တြန္းခဲ့ပါတယ္။

ေရာဂႏၲရကပ္ေဘးကာလႀကီးမွာ က်န္းမာေရးအတြက္ တကယ္ေဘးကင္းမယ့္ ေစ်းဝယ္နည္းက ဘာပါလဲ။ ကိုယ္တိုင္သြားဝယ္မွာလား။ အိမ္တိုင္ရာေရာက္မွာမွာလား။ ပါဆယ္ထုပ္မွာလား။

ေစ်းဝယ္ခ်ိန္မွာ အႏၲရာယ္အလားအလာ

ကို႐ိုနာဗိုင္းရပ္စ္ဟာ ေရာဂါရွိသူေခ်ာင္းဆိုးရာကထြက္လာတဲ့ အမႈန္အစက္ေတြကေန ကူးစက္ျပန႔္ပြားေစပါတယ္။ အဲဒီအမႈန္အစက္ေတြထဲမွာဗိုင္းရပ္စ္ပိုးေတြပါပါတယ္။ အဲဒီအမႈန္အစက္ေတြကိုရႉသြင္းလိုက္ရင္ ေရာဂါကူးစက္ႏိုင္ပါတယ္။ အမႈန္အစက္တင္ေနတဲ့ေနရာကို ကိုယ္ကကိုင္တြယ္ထိေတြ႕မိရင္လည္း ကူးႏိုင္ေျခရွိပါတယ္။

ေစ်းဝယ္ထြက္တာ တျခားသူေတြနဲ႔ေရာေႏွာတာဟာ အႏၲရာယ္ရွိတဲ့ အလားအလာပါ။ ဒါ့ေၾကာင့္လည္း လူခ်င္းခြာေရးဟာ အေရးႀကီးလာတာမို႔ တေယာက္နဲ႔တေယာက္ ၆ ေပျခားဖို႔တိုက္တြန္းတာျဖစ္ပါတယ္။ ဆိုင္ေတာ္ေတာ္မ်ားမ်ားမွာက်င့္သုံးၾကပါတယ္။

စတိုးဆိုင္ႀကီးေတြဟာ ဗိုင္းရပ္စ္ျဖန႔္ဖို႔ “အေကာင္းဆုံးအေနအထား” တခုျဖစ္ေနတယ္လို႔ က်န္းမာသန႔္ရွင္းမႈနဲ႔ အပူပိုင္းေဒသ ေဆးပညာဆိုင္ရာ လန္ဒန္တကၠသိုလ္က ပါေမာကၡဆယ္လီဘလြန္းဖီးကဆိုပါတယ္။ လူအမ်ားအျပားဟာ ပစၥည္းေတြကိုကိုင္ၿပီးျပန္ခ်တတ္ပါတယ္။ေငြရွင္းဖို႔ ပစၥည္းတင္တဲ့ေနရာေတြ၊ ေငြရွင္းကဒ္ျပားေတြ၊ ကားပါကင္လက္မွတ္ထုတ္တဲ့စက္ရဲ႕ ခလုတ္ေတြ၊ ေငြေပးေခ်စက္ရဲ႕ ခလုတ္ေတြနံပါတ္ကြက္ေတြ၊ စကၠဴေဘာက္ခ်ာေတြ၊ ဒါေတြကို လူအမ်ားထိေတြ႕ၾကပါတယ္။

အဲဒီေနရာေတြကေန မကူးစက္ေအာင္ ဘယ္လိုကာကြယ္ႏိုင္မလဲ။

ေစ်းမဝယ္ခင္နဲ႔ေစ်းဝယ္အၿပီးမွာလက္ကို ေရနဲ႔ဆပ္ျပာအသုံးျပဳၿပီး စကၠန႔္ ၂၀ ၾကာေဆးပါ။ ဒါမွမဟုတ္ အယ္လ္ကိုေဟာပါတဲ့သန႔္စင္ေဆးရည္ အသုံးျပဳေဆးေၾကာပါ။

။ကိုယ္ထိရမယ့္ေနရာတိုင္းမွာပိုးရွိတယ္လို႔သေဘာထားပါ။ ဆိုလိုတာက ေစ်းဝယ္ျခင္းေတာင္း၊ ေစ်းဝယ္တြန္းလွည္း၊ ဆိုင္ေပၚကပစၥည္းအထုပ္အပိုးေတြကို ထိေတြ႕ကိုင္တြယ္ၿပီးေနာက္မွာ ကိုယ့္မ်က္ႏွာကိုယ္ မကိုင္တြယ္မိေအာင္ ေရွာင္ၾကဥ္ပါ။

ျဖစ္ႏိုင္ရင္ ဘဏ္ကတ္ျပားကိုစက္မွာကပ္ၿပီး ေငြေပးေခ်တဲ့နည္းကိုသာသုံးပါ။
အစားအေသာက္ကေနကူးႏိုင္သလား

အစားအေသာက္ကေန ေရာဂါကူးစက္ေၾကာင္း အေထာက္အထားမေတြ႕ရေသးပါဘူး။ က်က်နနခ်က္ရင္ ဗိုင္းရပ္စ္ေသပါတယ္။

။ဒါေပမယ့္ ရာႏႈန္းျပည့္စိတ္ခ်ရတယ္ဆိုတာမ်ိဳးကေတာ့ မရွိသေလာက္ပါလို႔ ပါေမာကၡဘလြန္းဖီးကဆိုပါတယ္။ အထူးသျဖင့္ ပစၥည္းေတြကို တေယာက္ၿပီးတေယာက္ကိုင္တြယ္တာဟာ စိတ္ပူစရာအေကာင္းဆုံးပါတဲ့။

။ထုပ္ပိုးပစၥည္းေတြနဲ႔ အစားအေသာက္ေတြက ဘယ္လိုအႏၲရာယ္ျဖစ္ႏိုင္တယ္ ဆိုတာကို သက္ေသသာဓကနဲ႔ သိထားတာမ်ိဳးေတာ့မရွိေသးပါဘူး။ဒါေပမယ့္ စဥ္းစားအႀကံျပဳထားတာေတြေတာ့ရွိပါတယ္။

“စည္သြပ္ဗူးတို႔၊ ထုပ္ပိုးထားတဲ့ပစၥည္းတို႔ကို မသုံးစြဲခင္ ကိုယ့္လက္ထဲမွာ ၇၂ နာရီၾကာေအာင္ သိုေလွာင္ထားပါ။ ဒါမွမဟုတ္ထုပ္ပိုးပစၥည္းက သံဗူးတို႔ပလပ္စတစ္တို႔နဲ႔ ထုပ္ပိုးထားတာဆိုရင္ ဆပ္ျပာေရနဲ႔ ေသေသခ်ာခ်ာေဆးေၾကာပါ။ဆပ္ျပာေရကိုသတ္မွတ္အၫႊန္းအတိုင္းေဖ်ာ္စပ္တာျဖစ္ပါေစ” လို႔ပါေမာကၡဘလြန္းဖီးကအႀကံေပးပါတယ္။

ထုပ္ပိုးမထားတဲ့ လတ္လတ္ဆတ္ဆတ္ အစားအေသာက္ေတြဆိုရင္ေတာ့ တျခားလူေတြ ကိုင္ေကာင္းကိုင္ထားမွာျဖစ္တဲ့အတြက္ ေရေလာင္းခ်ၿပီးေသေသခ်ာခ်ာေဆးပါ။ၿပီးရင္ အေျခာက္ခံထားပါလို႔ ပါေမာကၡဘလြန္းဖီးကဆိုပါတယ္။

အိမ္တိုင္ရာေရာက္မွာယူျခင္း

အိမ္တိုင္ရာေရာက္မွာတာက တျခားေစ်းဝယ္သူေတြနဲ႔ ရင္မဆိုင္ရေတာ့ အျပင္ထြက္ေစ်းဝယ္တာထက္ အႏၲရာယ္ပိုနည္းပါတယ္။ အစားအေသာက္ အထုပ္အပိုးေတြကို လာေရာက္ပို႔ေဆာင္သူက ကိုင္ထားမွာဆိုေတာ့ အဲဒီကေန ကူးႏိုင္ေျခေတာ့ရွိပါေသးတယ္။

ပစၥည္းလာပို႔သူဟာ တံခါးဘဲလ္ကိုႏွိပ္ၿပီး ေနာက္ဆုတ္ရပ္ေပးဖို႔ တံခါးေပါက္မွာစာေရးထားပါလို႔ စားေသာက္ကုန္ေဘးကင္းေရးပညာရွင္လည္းျဖစ္ ဘေလာ့ဂါလည္းျဖစ္တဲ့ေဒါက္တာလီဆာ အကၠာေလက အႀကံေပးပါတယ္။ ဒါမွတျခားသူနဲ႔ အလွမ္းခြာၿပီး ကိုယ့္ပစၥည္းကိုယ္သိမ္းႏိုင္မွာလို႔ဆိုပါတယ္။

မ်က္ႏွာျပင္ေတြေပၚမွာ ဗိုင္းရပ္စ္တြယ္ေနမွာစိုးရင္ေတာ့ အိမ္သုံးဆပ္ျပာေရနဲ႔ ပြတ္သပ္ေဆးေၾကာရင္ ဗိုင္းရပ္စ္ဟာ တမိနစ္အတြင္း အသက္မဲ့သြားႏိုင္ပါတယ္လို႔ ဝါးဝစ္ေဆးတကၠသိုလ္က ေဒါက္တာ ဂ်ိမ္းေဂးလ္က ဆိုပါတယ္။

ဒါဆိုရင္ နာမက်န္းသူေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြအတြက္ လုပ္အားေပးေတြက ေစ်းဝယ္ေပးတာေတြကေရာ ဘယ္လိုပါလဲ။

ဆပ္ဆက္စ္ တကၠသိုလ္က ဗိုင္းရပ္စ္ပညာရွင္ ပါေမာကၡ အယ္လီဆန္ဆင္ကလဲ ကေတာ့ အိမ္တိုင္ရာေရာက္မွာၾကား ဝယ္ယူတာနဲ႔ မိတ္ေဆြတေယာက္ ဒါမွမဟုတ္ လုပ္အားေပးတေယာက္က ပစၥည္းသယ္ယူေပးတာနဲ႔ဟာ သိပ္မကြာျခားပါဘူးလို႔ဆိုပါတယ္။

တခ်ိဳ႕ကြၽမ္းက်င္သူေတြက ေရာဂႏၲရကပ္ေဘးကာလႀကီးမွာ ပလပ္စတစ္အိတ္ေတြကိုသုံးၾကဖို႔ အႀကံေပးတာလည္း ရွိပါတယ္။

ပါဆယ္ဝယ္တာအႏၲရာယ္ကင္းသလား

စားေသာက္ဆိုင္အမ်ားအျပားဟာ ပါဆယ္ပဲေရာင္းခ်ပါတယ္။ ဂုဏ္သိကၡာရွိတဲ့ စားေသာက္ဆိုင္ေတြဟာ ပေရာ္ဖက္ရွင္နယ္ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာမယ္လို႔ယူဆရတဲ့ အတြက္ အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္ရာမွာ ပါဆယ္ထဲကပစၥည္းေတြဟာ အႏၲရာယ္သိပ္မရွိဘူးလို႔ ယူဆရပါတယ္။

ပါဆယ္ထုပ္တဲ့ အထုပ္အပိုးေပၚမွာ ပိုးရွိႏိုင္တဲ့ အႏၲရာယ္ကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ဖို႔ကေတာ့ အိမ္ေရာက္တာနဲ႔ အစားအေသာက္ကို သန႔္ရွင္းတဲ့ ပန္းကန္ထဲလွယ္ထည့္ၿပီးပါဆယ္ထုပ္တဲ့ ဗူး၊ အိတ္ခြံကိုခ်က္ခ်င္းစြန႔္ပစ္ လက္ကို ေသေသခ်ာခ်ာေဆးၿပီးမွ စားေသာက္ပါလို႔ ပါေမာကၡ ဘလြန္းဖီးက အႀကံေပးပါတယ္။

အစားအေသာက္ကို ဗူးထဲအိတ္ထဲကေန ဇြန္းနဲ႔ထုတ္ယူၿပီး လက္နဲ႔မစားဘဲ၊ ဓားနဲ႔ခက္ရင္းနဲ႔စားပါလို႔လည္း အႀကံေပးပါတယ္။

အခုလိုအခ်ိန္မ်ိဳးမွာ အျပင္က မွာစားမယ္ဆိုရင္ ေအးတဲ့အစာထက္ ပူတဲ့အစာ၊ အစိမ္းစားတဲ့အစာထက္ လတ္လတ္ဆတ္ဆတ္ ခ်က္ျပဳတ္တဲ့အစာကို မွာယူစားေသာက္တာက ပိုေကာင္းပါတယ္။ အသင့္ျပင္ထားတဲ့ အစားအေသာက္ေတြကို ေရွာင္ရွားဖို႔ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္မရွိပါဘူး။ ေကာင္းေကာင္းမြန္မြန္ သန႔္သန႔္ရွင္းရွင္းျပင္ဆင္ ခ်က္ျပဳတ္မယ္ဆိုရင္ စားႏိုင္ပါတယ္၊ အစားအေသာက္ကေန ကူးစက္ႏိုင္တဲ့ အႏၲရာယ္ဟာ နည္းပါတယ္လို႔ စားေသာက္ကုန္စံခ်ိန္စံၫႊန္းထိန္းသိမ္းေရး ေအဂ်င္စီက အေလးအနက္ေျပာပါတယ္။

သတိအႀကီးဆုံးထားၿပီး ဂ႐ုတစိုက္ျပင္ဆင္တာ ခ်က္ျပဳတ္တာမ်ိဳးေတာ့ လုပ္သင့္ပါတယ္။ ဥပမာ အျပင္ကပီဇာမွာစားတာကို တကယ္စိတ္ခ်ေသခ်ာခ်င္တယ္ဆိုရင္ေတာ့ မိုက္ခ႐ိုေဝ့ဗ္ထဲမွာ ၂ မိနစ္ေလာက္ျပန္ေႏႊးၿပီးမွ စားတာမ်ိဳးလုပ္ရင္ ပိုေကာင္းပါတယ္လို႔ ပါေမာကၡဘလြန္းဖီးကေျပာပါတယ္။

မူလေရးသူ ဗစ္တိုးရီးယားေဂ်းလ္

ဘီဘီစီ သိပၸံသတင္းေထာက္
--------------------------------------------------
အစားအသောက်ကို ဘယ်လိုဝယ်ယူစားသောက်သင့်သလဲ

အခြေခံကျကျလိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူဖို့အတွက်သာ ဈေးဝယ်ထွက်ကြပါ၊ ဈေးဝယ်ထွက်တဲ့ အကြိမ်ရေကိုလည်း နည်းနိုင်သမျှ အနည်းဆုံးဖြစ်ပါစေလို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကမှ ဗြိတိန်မှာ စတင်ကန့်သတ်တားမြစ်လာတာကို အမှတ်ရကြမှာပါ။

ဒီစကားတွေကိုပြောခဲ့သူ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ္စဂျွန်ဆင်ပါ။ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားရေးအတွက် လူတွေရဲ့ နေ့စဉ်သွားလာမှုတွေကို လျှော့ချဖို့စီစဉ်ခဲ့တာပါ။ အပြင်ထွက်ဈေးဝယ်တာထက်အိမ်တိုင်ရာရောက် လာပို့ခိုင်းတာကို ပိုပြီးအသုံးပြုကြဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

ရောဂန္တရကပ်ဘေးကာလကြီးမှာ ကျန်းမာရေးအတွက် တကယ်ဘေးကင်းမယ့် ဈေးဝယ်နည်းက ဘာပါလဲ။ ကိုယ်တိုင်သွားဝယ်မှာလား။ အိမ်တိုင်ရာရောက်မှာမှာလား။ ပါဆယ်ထုပ်မှာလား။

ဈေးဝယ်ချိန်မှာ အန္တရာယ်အလားအလာ

ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါရှိသူချောင်းဆိုးရာကထွက်လာတဲ့ အမှုန်အစက်တွေကနေ ကူးစက်ပြန့်ပွားစေပါတယ်။ အဲဒီအမှုန်အစက်တွေထဲမှာဗိုင်းရပ်စ်ပိုးတွေပါပါတယ်။ အဲဒီအမှုန်အစက်တွေကိုရှူသွင်းလိုက်ရင် ရောဂါကူးစက်နိုင်ပါတယ်။ အမှုန်အစက်တင်နေတဲ့နေရာကို ကိုယ်ကကိုင်တွယ်ထိတွေ့မိရင်လည်း ကူးနိုင်ခြေရှိပါတယ်။

ဈေးဝယ်ထွက်တာ တခြားသူတွေနဲ့ရောနှောတာဟာ အန္တရာယ်ရှိတဲ့ အလားအလာပါ။ ဒါ့ကြောင့်လည်း လူချင်းခွာရေးဟာ အရေးကြီးလာတာမို့ တယောက်နဲ့တယောက် ၆ ပေခြားဖို့တိုက်တွန်းတာဖြစ်ပါတယ်။ ဆိုင်တော်တော်များများမှာကျင့်သုံးကြပါတယ်။

စတိုးဆိုင်ကြီးတွေဟာ ဗိုင်းရပ်စ်ဖြန့်ဖို့ “အကောင်းဆုံးအနေအထား” တခုဖြစ်နေတယ်လို့ ကျန်းမာသန့်ရှင်းမှုနဲ့ အပူပိုင်းဒေသ ဆေးပညာဆိုင်ရာ လန်ဒန်တက္ကသိုလ်က ပါမောက္ခဆယ်လီဘလွန်းဖီးကဆိုပါတယ်။ လူအများအပြားဟာ ပစ္စည်းတွေကိုကိုင်ပြီးပြန်ချတတ်ပါတယ်။ငွေရှင်းဖို့ ပစ္စည်းတင်တဲ့နေရာတွေ၊ ငွေရှင်းကဒ်ပြားတွေ၊ ကားပါကင်လက်မှတ်ထုတ်တဲ့စက်ရဲ့ ခလုတ်တွေ၊ ငွေပေးချေစက်ရဲ့ ခလုတ်တွေနံပါတ်ကွက်တွေ၊ စက္ကူဘောက်ချာတွေ၊ ဒါတွေကို လူအများထိတွေ့ကြပါတယ်။

အဲဒီနေရာတွေကနေ မကူးစက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။

ဈေးမဝယ်ခင်နဲ့ဈေးဝယ်အပြီးမှာလက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာဆေးပါ။ ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့သန့်စင်ဆေးရည် အသုံးပြုဆေးကြောပါ။

။ကိုယ်ထိရမယ့်နေရာတိုင်းမှာပိုးရှိတယ်လို့သဘောထားပါ။ ဆိုလိုတာက ဈေးဝယ်ခြင်းတောင်း၊ ဈေးဝယ်တွန်းလှည်း၊ ဆိုင်ပေါ်ကပစ္စည်းအထုပ်အပိုးတွေကို ထိတွေ့ကိုင်တွယ်ပြီးနောက်မှာ ကိုယ့်မျက်နှာကိုယ် မကိုင်တွယ်မိအောင် ရှောင်ကြဉ်ပါ။

ဖြစ်နိုင်ရင် ဘဏ်ကတ်ပြားကိုစက်မှာကပ်ပြီး ငွေပေးချေတဲ့နည်းကိုသာသုံးပါ။
အစားအသောက်ကနေကူးနိုင်သလား

အစားအသောက်ကနေ ရောဂါကူးစက်ကြောင်း အထောက်အထားမတွေ့ရသေးပါဘူး။ ကျကျနနချက်ရင် ဗိုင်းရပ်စ်သေပါတယ်။

။ဒါပေမယ့် ရာနှုန်းပြည့်စိတ်ချရတယ်ဆိုတာမျိုးကတော့ မရှိသလောက်ပါလို့ ပါမောက္ခဘလွန်းဖီးကဆိုပါတယ်။ အထူးသဖြင့် ပစ္စည်းတွေကို တယောက်ပြီးတယောက်ကိုင်တွယ်တာဟာ စိတ်ပူစရာအကောင်းဆုံးပါတဲ့။

။ထုပ်ပိုးပစ္စည်းတွေနဲ့ အစားအသောက်တွေက ဘယ်လိုအန္တရာယ်ဖြစ်နိုင်တယ် ဆိုတာကို သက်သေသာဓကနဲ့ သိထားတာမျိုးတော့မရှိသေးပါဘူး။ဒါပေမယ့် စဉ်းစားအကြံပြုထားတာတွေတော့ရှိပါတယ်။

“စည်သွပ်ဗူးတို့၊ ထုပ်ပိုးထားတဲ့ပစ္စည်းတို့ကို မသုံးစွဲခင် ကိုယ့်လက်ထဲမှာ ၇၂ နာရီကြာအောင် သိုလှောင်ထားပါ။ ဒါမှမဟုတ်ထုပ်ပိုးပစ္စည်းက သံဗူးတို့ပလပ်စတစ်တို့နဲ့ ထုပ်ပိုးထားတာဆိုရင် ဆပ်ပြာရေနဲ့ သေသေချာချာဆေးကြောပါ။ဆပ်ပြာရေကိုသတ်မှတ်အညွှန်းအတိုင်းဖျော်စပ်တာဖြစ်ပါစေ” လို့ပါမောက္ခဘလွန်းဖီးကအကြံပေးပါတယ်။

ထုပ်ပိုးမထားတဲ့ လတ်လတ်ဆတ်ဆတ် အစားအသောက်တွေဆိုရင်တော့ တခြားလူတွေ ကိုင်ကောင်းကိုင်ထားမှာဖြစ်တဲ့အတွက် ရေလောင်းချပြီးသေသေချာချာဆေးပါ။ပြီးရင် အခြောက်ခံထားပါလို့ ပါမောက္ခဘလွန်းဖီးကဆိုပါတယ်။

အိမ်တိုင်ရာရောက်မှာယူခြင်း

အိမ်တိုင်ရာရောက်မှာတာက တခြားဈေးဝယ်သူတွေနဲ့ ရင်မဆိုင်ရတော့ အပြင်ထွက်ဈေးဝယ်တာထက် အန္တရာယ်ပိုနည်းပါတယ်။ အစားအသောက် အထုပ်အပိုးတွေကို လာရောက်ပို့ဆောင်သူက ကိုင်ထားမှာဆိုတော့ အဲဒီကနေ ကူးနိုင်ခြေတော့ရှိပါသေးတယ်။

ပစ္စည်းလာပို့သူဟာ တံခါးဘဲလ်ကိုနှိပ်ပြီး နောက်ဆုတ်ရပ်ပေးဖို့ တံခါးပေါက်မှာစာရေးထားပါလို့ စားသောက်ကုန်ဘေးကင်းရေးပညာရှင်လည်းဖြစ် ဘလော့ဂါလည်းဖြစ်တဲ့ဒေါက်တာလီဆာ အက္ကာလေက အကြံပေးပါတယ်။ ဒါမှတခြားသူနဲ့ အလှမ်းခွာပြီး ကိုယ့်ပစ္စည်းကိုယ်သိမ်းနိုင်မှာလို့ဆိုပါတယ်။

မျက်နှာပြင်တွေပေါ်မှာ ဗိုင်းရပ်စ်တွယ်နေမှာစိုးရင်တော့ အိမ်သုံးဆပ်ပြာရေနဲ့ ပွတ်သပ်ဆေးကြောရင် ဗိုင်းရပ်စ်ဟာ တမိနစ်အတွင်း အသက်မဲ့သွားနိုင်ပါတယ်လို့ ဝါးဝစ်ဆေးတက္ကသိုလ်က ဒေါက်တာ ဂျိမ်းဂေးလ်က ဆိုပါတယ်။

ဒါဆိုရင် နာမကျန်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် လုပ်အားပေးတွေက ဈေးဝယ်ပေးတာတွေကရော ဘယ်လိုပါလဲ။

ဆပ်ဆက်စ် တက္ကသိုလ်က ဗိုင်းရပ်စ်ပညာရှင် ပါမောက္ခ အယ်လီဆန်ဆင်ကလဲ ကတော့ အိမ်တိုင်ရာရောက်မှာကြား ဝယ်ယူတာနဲ့ မိတ်ဆွေတယောက် ဒါမှမဟုတ် လုပ်အားပေးတယောက်က ပစ္စည်းသယ်ယူပေးတာနဲ့ဟာ သိပ်မကွာခြားပါဘူးလို့ဆိုပါတယ်။

တချို့ကျွမ်းကျင်သူတွေက ရောဂန္တရကပ်ဘေးကာလကြီးမှာ ပလပ်စတစ်အိတ်တွေကိုသုံးကြဖို့ အကြံပေးတာလည်း ရှိပါတယ်။

ပါဆယ်ဝယ်တာအန္တရာယ်ကင်းသလား

စားသောက်ဆိုင်အများအပြားဟာ ပါဆယ်ပဲရောင်းချပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ စားသောက်ဆိုင်တွေဟာ ပရော်ဖက်ရှင်နယ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်လို့ယူဆရတဲ့ အတွက် အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ ပါဆယ်ထဲကပစ္စည်းတွေဟာ အန္တရာယ်သိပ်မရှိဘူးလို့ ယူဆရပါတယ်။

ပါဆယ်ထုပ်တဲ့ အထုပ်အပိုးပေါ်မှာ ပိုးရှိနိုင်တဲ့ အန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချဖို့ကတော့ အိမ်ရောက်တာနဲ့ အစားအသောက်ကို သန့်ရှင်းတဲ့ ပန်းကန်ထဲလှယ်ထည့်ပြီးပါဆယ်ထုပ်တဲ့ ဗူး၊ အိတ်ခွံကိုချက်ချင်းစွန့်ပစ် လက်ကို သေသေချာချာဆေးပြီးမှ စားသောက်ပါလို့ ပါမောက္ခ ဘလွန်းဖီးက အကြံပေးပါတယ်။

အစားအသောက်ကို ဗူးထဲအိတ်ထဲကနေ ဇွန်းနဲ့ထုတ်ယူပြီး လက်နဲ့မစားဘဲ၊ ဓားနဲ့ခက်ရင်းနဲ့စားပါလို့လည်း အကြံပေးပါတယ်။

အခုလိုအချိန်မျိုးမှာ အပြင်က မှာစားမယ်ဆိုရင် အေးတဲ့အစာထက် ပူတဲ့အစာ၊ အစိမ်းစားတဲ့အစာထက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်တဲ့အစာကို မှာယူစားသောက်တာက ပိုကောင်းပါတယ်။ အသင့်ပြင်ထားတဲ့ အစားအသောက်တွေကို ရှောင်ရှားဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပါဘူး။ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်းပြင်ဆင် ချက်ပြုတ်မယ်ဆိုရင် စားနိုင်ပါတယ်၊ အစားအသောက်ကနေ ကူးစက်နိုင်တဲ့ အန္တရာယ်ဟာ နည်းပါတယ်လို့ စားသောက်ကုန်စံချိန်စံညွှန်းထိန်းသိမ်းရေး အေဂျင်စီက အလေးအနက်ပြောပါတယ်။

သတိအကြီးဆုံးထားပြီး ဂရုတစိုက်ပြင်ဆင်တာ ချက်ပြုတ်တာမျိုးတော့ လုပ်သင့်ပါတယ်။ ဥပမာ အပြင်ကပီဇာမှာစားတာကို တကယ်စိတ်ချသေချာချင်တယ်ဆိုရင်တော့ မိုက်ခရိုဝေ့ဗ်ထဲမှာ ၂ မိနစ်လောက်ပြန်နွှေးပြီးမှ စားတာမျိုးလုပ်ရင် ပိုကောင်းပါတယ်လို့ ပါမောက္ခဘလွန်းဖီးကပြောပါတယ်။

မူလရေးသူ ဗစ်တိုးရီးယားဂျေးလ်

ဘီဘီစီ သိပ္ပံသတင်းထောက်
BBC Burmese
https://www.bbc.com/burmese/world-52095243

အစားအေသာက္ကို ဘယ္လိုဝယ္ယူစားေသာက္သင့္သလဲ အစားအေသာက္ကို ဘယ္လိုဝယ္ယူစားေသာက္သင့္သလဲ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.