COVID-19 ေၾကာင့္ ျမန္မာနဲ႔ ေဒသတြင္းစီးပြားေရး ထိခုိက္ႏုိင္ေၾကာင္း ကမာၻ႔ဘဏ္သတိေပး


(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ျမန္မာႏုိင္ငံအပါအ၀င္ ေဒသတြင္းမွာ စီးပြားေရး က်ဆင္းႏုိင္ေၾကာင္း ကမာၻ႔ဘဏ္က သတိေပးလုိက္ပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံမွာ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း စီးပြားေရး ထိခုိက္ႏုိင္ေပမဲ့ အေစာပုိင္းမွာ စီးပြားေရးအေျခအေန ေကာင္းမြန္ခဲ့တဲ့အတြက္ အနည္းငယ္ ခံသာႏုိင္ေၾကာင္းလည္း ကမာၻ႔ဘဏ္ရဲ႕ ထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္။

က်န္းမာေရးဆုိင္ရာ မူ၀ါဒေတြနဲ႔ စီးပြားေရးဆုိင္ရာ မူ၀ါဒေတြကုိ အခ်ဳိးညီညီ သတ္မွတ္ႏုိင္မယ္ဆုိရင္ စီးပြားေရး အေျခအေနကုိ ထိန္းထားႏုိင္မွာ ျဖစ္ေပမဲ့ ျပည္တြင္းမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ပုိဆုိးလာမယ္ဆုိရင္ေတာ့ စီးပြားေရး အက်ပ္အတည္းေတြ ႀကံဳရႏုိင္ေၾကာင္းလည္း သတိေပးထားပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ ျမန္မာႏုိင္ငံမွာ ပထမဆုံး လူတဦးေသဆုံးေၾကာင္း ျမန္မာတာ၀န္ရွိသူေတြ အတည္ျပဳလုိက္တဲ့ အခ်ိန္မွာပဲ ကမာၻ႔ဘဏ္ရဲ႕ သတိေပးခ်က္ ထြက္ေပၚလာတာပါ။

COVID-19 ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံနဲ႔ ေဒသတြင္းမွာ စီးပြားေရး အင္အားႀကီးျဖစ္တဲ့ တ႐ုတ္ႏုိင္ငံတုိ႔ အပါအ၀င္ အေရွ႕အာရွပစိဖိတ္ေဒသတြင္း ႏုိင္ငံေတြရဲ႕ စီးပြားေရးဖြံ႔ၿဖိဳးမႈေတြ ဒီႏွစ္အတြင္း အႀကီးအက်ယ္ က်ဆင္းသြားႏုိင္ေၾကာင္းလည္း ကမာၻ႔ဘဏ္က သတိေပးထားပါတယ္။

ေဒသတြြင္းက ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံေတြရဲ ႔ စီးပါြးေရး တိုးတက္မႈႏႈန္းဟာ မႏွစ္က ၅.၈ ရာခုိင္ႏႈန္း ရွိခဲေပမဲ့ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါျပန္ၿပီး နာလန္ထူလာႏုိ္င္တယ္ဆိုရင္ေတာင္မွ ဒီႏွစ္အတြင္း စီးပါြးေရး တိုးတက္မႈႏႈန္းက ၂.၁ ရာခိုင္ႏႈန္းသာ ရွိလိ္မ့္မယ္ဆိုၿပီး ကမၻာ့ဘဏ္ရဲ ႔ တနလၤာေန႔ထုတ္ အစီရင္ခံစာမွာ ခန္႔မွန္းထားပါတယ္။
---------------------------------------------------

[Unicode Version]

COVID-19 ကြောင့် မြန်မာနဲ့ ဒေသတွင်းစီးပွားရေး ထိခိုက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းမှာ စီးပွားရေး ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စီးပွားရေး ထိခိုက်နိုင်ပေမဲ့ အစောပိုင်းမှာ စီးပွားရေးအခြေအနေ ကောင်းမွန်ခဲ့တဲ့အတွက် အနည်းငယ် ခံသာနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကျန်းမာရေးဆိုင်ရာ မူဝါဒတွေနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို အချိုးညီညီ သတ်မှတ်နိုင်မယ်ဆိုရင် စီးပွားရေး အခြေအနေကို ထိန်းထားနိုင်မှာ ဖြစ်ပေမဲ့ ပြည်တွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပိုဆိုးလာမယ်ဆိုရင်တော့ စီးပွားရေး အကျပ်အတည်းတွေ ကြုံရနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံး လူတဦးသေဆုံးကြောင်း မြန်မာတာဝန်ရှိသူတွေ အတည်ပြုလိုက်တဲ့ အချိန်မှာပဲ ကမ္ဘာ့ဘဏ်ရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ စီးပွားရေး အင်အားကြီးဖြစ်တဲ့ တရုတ်နိုင်ငံတို့ အပါအဝင် အရှေ့အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဒီနှစ်အတွင်း အကြီးအကျယ် ကျဆင်းသွားနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

ဒေသတွင်းက ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ စီးပါွးရေး တိုးတက်မှုနှုန်းဟာ မနှစ်က ၅.၈ ရာခိုင်နှုန်း ရှိခဲပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန်ပြီး နာလန်ထူလာနိုင်တယ်ဆိုရင်တောင်မှ ဒီနှစ်အတွင်း စီးပါွးရေး တိုးတက်မှုနှုန်းက ၂.၁ ရာခိုင်နှုန်းသာ ရှိလိမ့်မယ်ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ တနင်္လာနေ့ထုတ် အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

VOA Burmese News
https://burmese.voanews.com/a/covid-19-world-bank-myanmar/5353237.html
COVID-19 ေၾကာင့္ ျမန္မာနဲ႔ ေဒသတြင္းစီးပြားေရး ထိခုိက္ႏုိင္ေၾကာင္း ကမာၻ႔ဘဏ္သတိေပး COVID-19 ေၾကာင့္ ျမန္မာနဲ႔ ေဒသတြင္းစီးပြားေရး ထိခုိက္ႏုိင္ေၾကာင္း ကမာၻ႔ဘဏ္သတိေပး Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.