ကန္ ျပည္နယ္တခ်ဳိ႕မွာ အျပင္မထြက္ရအမိန္႔ေၾကာင့္ ျမန္မာလုပ္ငန္းရွင္ေတြ ထိခုိက္

LA ၿမိဳ႕တေနရာ

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ကာလီဖိုးနီးယားနဲ႔ နယူးေယာက္ျပည္နယ္ေတြမွာ ကိုရုိနာဗိုင္းရပ္စ္ပိုး ကူးစက္မႈအႏၱရာယ္ကို တားဆီးႏိုင္ေရးအတြက္ မလိုအပ္ပဲ ျပည္သူေတြ အိမ္ျပင္ မထြက္ၾကဖို႔ အအေရးေပၚအေျခအေန ေၾကညာလိုက္ပါတယ္။

ဒီလိုကန္႔သတ္မႈေတြေၾကာင့္ အသြားအလာ လုံးဝနီးပါး က်ဲသြားၿပီး ၊ ေန႔စဥ္လည္ပတ္ေနတဲ့ စီးပြားေရး လုပ္ငန္းေတြပါ အႀကီးအက်ယ္ ထိခိုက္က်ဆင္းလာေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကတဲ့ အေၾကာင္းကိုဥာဏ္ဝင္းေအာင္ တင္ျပေပးမွာပါ။

အေမရိကန္ အေနာက္ဘက္ျခမ္း ကာလီဖိုးနီးယားျပည္နယ္မွာ ေဒသခံျပည္သူေတြ မလိုအပ္ရင္ အိမ္ျပင္မထြက္ၾကဖို႔ ကာလီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး Gavin Newsom က ၾကာသပေတးညမွာ အမိန္႔ထုတ္လိုက္တာပါ။

အိမ္ျပင္မထြက္ပဲ ေနရမယ့္ကာလကို မတ္လ(၂၀)ကေန ဧၿပီလ(၂၀)အထိ တလတာ သတ္မွတ္ထားပါတယ္။ ဒါဟာ ကာလီဖိုးနီးယား ေဒသခံ သန္း(၄၀)ေလာက္ကို လႊမ္းၿခဳံ သက္ေရာက္တဲ့သေဘာ ျဖစ္ပါတယ္။ အစားေသာက္ ထြက္ဝယ္တာ၊ ေဆးဝါးထြက္ဝယ္တာနဲ႔ ဓါတ္ဆီသြားထည့္တဲ့ လိုအပ္ခ်က္မ်ဳိးကလြဲရင္ လူေတြ ေနအိမ္မွာပဲ ေနၾကဖို႔ကို တားျမစ္ထားတာပါ။ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ဒီတားျမစ္ခ်က္ မတိုင္ခင္ကတည္းက အခ်ဳိ႕ၿမဳိ႕နယ္ေတြမွာ အိမ္ျပင္မထြက္ရ ၊ ရုပ္ရွင္ရုံ အားကစားပြဲနဲ႔ စားေသာက္ဆိုင္ေတြထဲမွာ လူမစုရဆိုတဲ့ ကန္႔သတ္ခ်က္ေတြ ရွိခဲ့တာက ကာလီဖိုးနီးယား ျပည္နယ္ ဆန္ဖရန္စစၥကိုၿမဳိ႕ ေဘးဧရိယာမွာရွိတဲ့ Berkeley ၿမဳိ့ပဲ ျဖစ္ပါတယ္။

ဒီကန္႔သတ္ခ်က္ေတြေၾကာင့္ စီးပြားေရးအရ အထိနာလာရတယ္လို႔ Berkeley ၿမဳိ႕မွာ Royal Rangoon ဆိုတဲ့ စားေသာက္ဆိုင္ ဖြင့္ထားတဲ့ ပိုင္ရွင္ ဦးထြန္းလင္းက VOA ကုိရွင္းျပပါတယ္။

“Berkeley ၿမဳိ႕မွာ အမိန္႔ထုတ္တယ္ ၁၇ ရက္ေန႔မွာ လူမစုရဘူး အျပင္မထြက္ရဘူး၊ အိမ္မွာပဲ ေနရမယ္။ social distance နဲ႔ သြားရမယ္။ ဆိုေတာ့ ဆိုင္မွာ စားလို႔မရဘူး အိမ္မွာပဲ ၀ယ္သြားလို႔ရတယ္။ ဆိုင္မွာ စားမယ့္လူ မရွိေတာ့ ေရာင္းအားက ၅% ေလာက္ပဲရွိတယ္။ ဆိုင္မွာလည္း Dine in မရွိဘူးဆိုေတာ့ က်ေနာ္တို႔ crew ေတြက ခ်က္စရာမွ မရွိေတာ့တာ ဆိုေတာ့ သူတို႔လည္း အိမ္ျပန္ရတာေပါ့။ ရုတ္တရက္ဆိုေတာ့ လူေတြက ေၾကာက္လန္႔ၿပီးေတာ့ ထြက္မလာေတာ့ဘူး။ အခ်ိန္က ဘယ္ေလာက္ၾကာမလဲမသိဘူး။ မေန႔က တခါ State က announce လုပ္လိုက္ၿပီဆိုေတာ့ အေျခအေနက ပိုဆိုးလာၿပီေပါ့။ ဒီေရာဂါမၿပီးမခ်င္းက စီးပြားေရးက ရွိမွာမဟုတ္ဘူး။

ကာလီဖိုးနီးယားျပည္နယ္မွာ လူေတြ အိမ္ျပင္မထြက္ၾကဖို႔ ဆိုတဲ့ အေရးေပၚေၾကညာခ်က္ေၾကာင့္ အသြားအလာ အားလုံးနီးပါး ရပ္ဆိုင္းသြားၿပီး ျပည္သူေတြ စားနပ္ရိကၡာဝယ္စုထားရင္း အိမ္ေတြမွာပဲ ေနေနရေတာ့မယ္လို႔ ေလာ့စ္အိမ္ဂ်လိၿမဳိ႕က အျငိမ္းစား ဆရာဝန္တဦးျဖစ္သူ ေဒါက္တာ စိုင္းေထြးေမာင္က ေျပာပါတယ္။

“ အခု lockdown လုပ္ၿပီးလို႔ အေျခအေနကေတာ့ ၿငိမ္သက္သြားတယ္လို႔ ေျပာရမွာေပါ့။ ကားအသြားအလာလည္း အရမ္းနည္းသြားတယ္။ အရင္တုန္းက ၂ နာရီေလာက္ေမာင္းရမယ့္လမ္းဆိုရင္ အခု နာရီ၀က္နဲ႔ကို ေမာင္းလို႔ရၿပီ။ လမ္းမေပၚမွာလည္း ကားေတြ အရမ္းနည္းသြားတယ္။ ေက်ာင္းေတြလည္း အကုန္ပိတ္ထားေတာ့ ေက်ာင္းကားလည္း မရွိ၊ လူလည္းမရွိ ဆိုေတာ့ က်ေနာ္တို႔ LA ၿမိဳ႕ကေတာ့ အရမ္းကို ၿငိမ္သက္သြားတယ္လို႔ က်ေနာ္တို႔ ေျပာလို႔ ရပါတယ္။ က်ေန္ာတို႔ အခက္အခဲကေတာ့ အိမ္မွာပဲ ေနရမယ္ဆိုေတာ့ အစားအေသာက္ေတြ လံုလံုေလာက္ေလာက္ရွိေနမယ္ဆိုရင္ေတာ့ ဘာမွ ခက္ခဲမႈေတာ့ မရွိပါဘူး။ က်ေနာ္တို႔ LA မွာ လြန္ခဲ့တဲ့ တပတ္ေက်ာ္ကတည္းက က်ေနာ္တို႔ လိုအပ္တဲ့ အစားအေသာက္ ပစၥည္းေတြကို လုယက္ၿပီး ၀ယ္ၾကခဲ့ရတယ္။”

အလားတူပဲ ကာလီဖိုးနီးယားျပည္နယ္နဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ Nevada ျပည္နယ္မွာလည္း လူေတြအိမ္ျပင္မထြက္ၾကဖို႔ ျပည္နယ္တခုလုံး အတုိင္းအတာနဲ႔ အမိန္႔မထုတ္ေသးေပမဲ့၊ ေလာင္းကစားၿမဳိ႕ေတာ္အျဖစ္ လူသိမ်ားတဲ့ Las Vegas ၿမဳိ႕မွာေတာ့ စားေသာက္ကုန္ ေရာင္းတဲ့ ဆူပါမားကက္ေတြ ေလာက္ကလြဲရင္ တၿမဳိ႕လုံး အျပင္မထြက္ၾကဖို႔ အမိန္႔ထုတ္ထားတာေၾကာင့္ စီးပြားေရးလုပ္ငန္း အားလုံးနီးပါး ရပ္ဆိုင္းသေလာက္ျဖစ္သြားရတယ္လို႔ ကာဆီႏို ေလာင္းကစားရုံေတြနဲ႔ ဟိုတယ္ေတြကို ဆူရွီ စားစရာေတြ တင္သြင္းေနတဲ့ Sunny ဆူရွီလုပ္ငန္းပိုင္ရွင္ ဦးဆန္နီက ေျပာျပပါတယ္။

“အခုက က်ေနာ္တို႔က ဟိုတယ္နဲ႔ ပတ္သက္လို႔ကေတာ့ အကုန္ရပ္သြားတာေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ ရပ္တယ္ဆိုတာက ဟိုတယ္ေတြက အကုန္လံုး ပိတ္ထားရတာေပါ့ေနာ္။ အဲဒီေတာ့ supermarket ေတြကလည္း အေရာင္းနည္းနည္း တက္လာတာေပါ့။ တက္လာတယ္ဆိုတာက က်ေနာ္တို႔ Governor က supermarket ေတြေတာ့ ဖြင့္ထားခိုင္းတယ္။ ဖြင့္ထားတယ္ဆိုေတာ့ အဲဒီက အလုပ္သမားေတြ ၀န္ထမ္းေတြက လာၿပီးေတာ့ လုပ္ၾကရတယ္။ က်ေနာ္တို႔ကလည္း အဲဒီမွာ ဆူရွီ တင္တဲ့အတြက္ က်ေနာ္တို႔ကလည္း အရင္တုန္းက ၁၂ ေယာက္ေလာက္နဲ႔ အလုပ္လုပ္ရင္ အခုအခ်ိန္မွာ အနည္းဆံုးလူ ၄ ေယာက္ေလာက္နဲ႔ ဆူရွီ ေတြလိုက္ပို႔ရတာေပါ့ေနာ္။ စီးပြားေရးကေတာ့ ဘယ္ေလာက္ထိခိုက္သလဲဆိုရင္ က်ေနာ္ထင္တာကေတာ့ ၉၀ % ေလာက္ထိတာေပါ့ ေလာေလာဆည္ေလ ရပ္ေနတာေပါ့ အမ်ားႀကီး ထိခိုက္တာေပါ့။”

ကာလီဖိုးနီးယားျပည္နယ္မွာ ကိုရုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ခုခ်ိန္ထိ (၁၁၀၀)ဝန္းက်င္ရွိၿပီး၊ အဲဒီထဲက အနည္းဆုံး ၁၉ ဦးေသဆုံးခဲ့ၿပီျဖစ္ပါတယ္။ အေမရိကန္ အေရွ႕ဘက္ျခမ္း လူေနထူတပ္တဲ့ နယူးေယာက္ျပည္နယ္ ကေတာ့ အေမရိကန္ျပည္ေထာင္စုထဲမွာ ေရာဂါကူးစက္ခံရသူ အမ်ားဆုံးျဖစ္ေနၿပီး (၇၁၀၀) အထက္မွာရွိလာပါတယ္။ ေသဆုံးသူကေတာ့ အနည္းဆုံး (၃၅)ဦး ရွိေနၿပီျဖစ္ပါတယ္။

ကာလီဖိုးနီးယားျပည္နယ္နဲ႔ နယူးေယာ္ျပည္နယ္တို႔ နည္းတူ Connecticut နဲ႔ Illinois ျပည္နယ္တို႔မွာလည္း အေရးေပၚကိစၥမဟုတ္ပဲ အျပင္မထြက္ဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြက ေသာၾကာေန႔မွာ အမိန္႔ထုတ္ျပန္လိုက္ၿပီ ျဖစ္ပါတယ္။

အေမရိကန္အစိုးရ ရုံးစုိက္ရာ ဝါရွင္တန္ဒီစီနဲ႔ အနီးအနားက ေမရီလန္း၊ ဗာဂ်ီးနီးယားျပည္နယ္ေတြ မွာေတာ့ လူစုေဝးႏိုင္မယ့္ စားေသာက္ဆုိင္ေတြ၊ ရုပ္ရွင္ရုံနဲ႔ အားကစားပြဲ၊ ေဖ်ာ္ေျဖေရးပြဲေတြ အားလုံး ပိတ္ပင္ထားၿပီး နယူးေယာက္နဲ႔ ကာလီဖိုးနီးယားလို လူေတြအားလုံး အိမ္ျပင္မထြက္ရဆုိတဲ့ အမိန္႔မ်ဳိး မၾကာခင္ ရက္ပုိင္းအတြင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြက ထုတ္ျပန္ ေၾကညာမလားဆုိတဲ့ ထင္ေၾကးေပး ေျပာဆုိမႈေတြ ေဒသခံေတြ အၾကား ထြက္ေပၚေနပါတယ္။


....................

ကန် ပြည်နယ်တချို့မှာ အပြင်မထွက်ရအမိန့်ကြောင့် မြန်မာလုပ်ငန်းရှင်တွေ ထိခိုက်

(Unicode)

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားနဲ့ နယူးယောက်ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုအန္တရာယ်ကို တားဆီးနိုင်ရေးအတွက် မလိုအပ်ပဲ ပြည်သူတွေ အိမ်ပြင် မထွက်ကြဖို့ အအရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဒီလိုကန့်သတ်မှုတွေကြောင့် အသွားအလာ လုံးဝနီးပါး ကျဲသွားပြီး ၊ နေ့စဉ်လည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေပါ အကြီးအကျယ် ထိခိုက်ကျဆင်းလာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြတဲ့ အကြောင်းကိုဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။

အမေရိကန် အနောက်ဘက်ခြမ်း ကာလီဖိုးနီးယားပြည်နယ်မှာ ဒေသခံပြည်သူတွေ မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ကြာသပတေးညမှာ အမိန့်ထုတ်လိုက်တာပါ။

အိမ်ပြင်မထွက်ပဲ နေရမယ့်ကာလကို မတ်လ(၂၀)ကနေ ဧပြီလ(၂၀)အထိ တလတာ သတ်မှတ်ထားပါတယ်။ ဒါဟာ ကာလီဖိုးနီးယား ဒေသခံ သန်း(၄၀)လောက်ကို လွှမ်းခြုံ သက်ရောက်တဲ့သဘော ဖြစ်ပါတယ်။ အစားသောက် ထွက်ဝယ်တာ၊ ဆေးဝါးထွက်ဝယ်တာနဲ့ ဓါတ်ဆီသွားထည့်တဲ့ လိုအပ်ချက်မျိုးကလွဲရင် လူတွေ နေအိမ်မှာပဲ နေကြဖို့ကို တားမြစ်ထားတာပါ။ ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ဒီတားမြစ်ချက် မတိုင်ခင်ကတည်းက အချို့မြို့နယ်တွေမှာ အိမ်ပြင်မထွက်ရ ၊ ရုပ်ရှင်ရုံ အားကစားပွဲနဲ့ စားသောက်ဆိုင်တွေထဲမှာ လူမစုရဆိုတဲ့ ကန့်သတ်ချက်တွေ ရှိခဲ့တာက ကာလီဖိုးနီးယား ပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ဘေးဧရိယာမှာရှိတဲ့ Berkeley မြို့ပဲ ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်တွေကြောင့် စီးပွားရေးအရ အထိနာလာရတယ်လို့ Berkeley မြို့မှာ Royal Rangoon ဆိုတဲ့ စားသောက်ဆိုင် ဖွင့်ထားတဲ့ ပိုင်ရှင် ဦးထွန်းလင်းက VOA ကိုရှင်းပြပါတယ်။

“Berkeley မြို့မှာ အမိန့်ထုတ်တယ် ၁၇ ရက်နေ့မှာ လူမစုရဘူး အပြင်မထွက်ရဘူး၊ အိမ်မှာပဲ နေရမယ်။ social distance နဲ့ သွားရမယ်။ ဆိုတော့ ဆိုင်မှာ စားလို့မရဘူး အိမ်မှာပဲ ဝယ်သွားလို့ရတယ်။ ဆိုင်မှာ စားမယ့်လူ မရှိတော့ ရောင်းအားက ၅% လောက်ပဲရှိတယ်။ ဆိုင်မှာလည်း Dine in မရှိဘူးဆိုတော့ ကျနော်တို့ crew တွေက ချက်စရာမှ မရှိတော့တာ ဆိုတော့ သူတို့လည်း အိမ်ပြန်ရတာပေါ့။ ရုတ်တရက်ဆိုတော့ လူတွေက ကြောက်လန့်ပြီးတော့ ထွက်မလာတော့ဘူး။ အချိန်က ဘယ်လောက်ကြာမလဲမသိဘူး။ မနေ့က တခါ State က announce လုပ်လိုက်ပြီဆိုတော့ အခြေအနေက ပိုဆိုးလာပြီပေါ့။ ဒီရောဂါမပြီးမချင်းက စီးပွားရေးက ရှိမှာမဟုတ်ဘူး။

ကာလီဖိုးနီးယားပြည်နယ်မှာ လူတွေ အိမ်ပြင်မထွက်ကြဖို့ ဆိုတဲ့ အရေးပေါ်ကြေညာချက်ကြောင့် အသွားအလာ အားလုံးနီးပါး ရပ်ဆိုင်းသွားပြီး ပြည်သူတွေ စားနပ်ရိက္ခာဝယ်စုထားရင်း အိမ်တွေမှာပဲ နေနေရတော့မယ်လို့ လော့စ်အိမ်ဂျလိမြို့က အငြိမ်းစား ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

“ အခု lockdown လုပ်ပြီးလို့ အခြေအနေကတော့ ငြိမ်သက်သွားတယ်လို့ ပြောရမှာပေါ့။ ကားအသွားအလာလည်း အရမ်းနည်းသွားတယ်။ အရင်တုန်းက ၂ နာရီလောက်မောင်းရမယ့်လမ်းဆိုရင် အခု နာရီဝက်နဲ့ကို မောင်းလို့ရပြီ။ လမ်းမပေါ်မှာလည်း ကားတွေ အရမ်းနည်းသွားတယ်။ ကျောင်းတွေလည်း အကုန်ပိတ်ထားတော့ ကျောင်းကားလည်း မရှိ၊ လူလည်းမရှိ ဆိုတော့ ကျနော်တို့ LA မြို့ကတော့ အရမ်းကို ငြိမ်သက်သွားတယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။ ကျနေ်ာတို့ အခက်အခဲကတော့ အိမ်မှာပဲ နေရမယ်ဆိုတော့ အစားအသောက်တွေ လုံလုံလောက်လောက်ရှိနေမယ်ဆိုရင်တော့ ဘာမှ ခက်ခဲမှုတော့ မရှိပါဘူး။ ကျနော်တို့ LA မှာ လွန်ခဲ့တဲ့ တပတ်ကျော်ကတည်းက ကျနော်တို့ လိုအပ်တဲ့ အစားအသောက် ပစ္စည်းတွေကို လုယက်ပြီး ဝယ်ကြခဲ့ရတယ်။”

အလားတူပဲ ကာလီဖိုးနီးယားပြည်နယ်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ Nevada ပြည်နယ်မှာလည်း လူတွေအိမ်ပြင်မထွက်ကြဖို့ ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ အမိန့်မထုတ်သေးပေမဲ့၊ လောင်းကစားမြို့တော်အဖြစ် လူသိများတဲ့ Las Vegas မြို့မှာတော့ စားသောက်ကုန် ရောင်းတဲ့ ဆူပါမားကက်တွေ လောက်ကလွဲရင် တမြို့လုံး အပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားတာကြောင့် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး ရပ်ဆိုင်းသလောက်ဖြစ်သွားရတယ်လို့ ကာဆီနို လောင်းကစားရုံတွေနဲ့ ဟိုတယ်တွေကို ဆူရှီ စားစရာတွေ တင်သွင်းနေတဲ့ Sunny ဆူရှီလုပ်ငန်းပိုင်ရှင် ဦးဆန်နီက ပြောပြပါတယ်။

“အခုက ကျနော်တို့က ဟိုတယ်နဲ့ ပတ်သက်လို့ကတော့ အကုန်ရပ်သွားတာပေါ့ဗျာ။ နောက်ပြီးတော့ ရပ်တယ်ဆိုတာက ဟိုတယ်တွေက အကုန်လုံး ပိတ်ထားရတာပေါ့နော်။ အဲဒီတော့ supermarket တွေကလည်း အရောင်းနည်းနည်း တက်လာတာပေါ့။ တက်လာတယ်ဆိုတာက ကျနော်တို့ Governor က supermarket တွေတော့ ဖွင့်ထားခိုင်းတယ်။ ဖွင့်ထားတယ်ဆိုတော့ အဲဒီက အလုပ်သမားတွေ ဝန်ထမ်းတွေက လာပြီးတော့ လုပ်ကြရတယ်။ ကျနော်တို့ကလည်း အဲဒီမှာ ဆူရှီ တင်တဲ့အတွက် ကျနော်တို့ကလည်း အရင်တုန်းက ၁၂ ယောက်လောက်နဲ့ အလုပ်လုပ်ရင် အခုအချိန်မှာ အနည်းဆုံးလူ ၄ ယောက်လောက်နဲ့ ဆူရှီ တွေလိုက်ပို့ရတာပေါ့နော်။ စီးပွားရေးကတော့ ဘယ်လောက်ထိခိုက်သလဲဆိုရင် ကျနော်ထင်တာကတော့ ၉၀ % လောက်ထိတာပေါ့ လောလောဆည်လေ ရပ်နေတာပေါ့ အများကြီး ထိခိုက်တာပေါ့။”

ကာလီဖိုးနီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ခုချိန်ထိ (၁၁၀၀)ဝန်းကျင်ရှိပြီး၊ အဲဒီထဲက အနည်းဆုံး ၁၉ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ အမေရိကန် အရှေ့ဘက်ခြမ်း လူနေထူတပ်တဲ့ နယူးယောက်ပြည်နယ် ကတော့ အမေရိကန်ပြည်ထောင်စုထဲမှာ ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်နေပြီး (၇၁၀၀) အထက်မှာရှိလာပါတယ်။ သေဆုံးသူကတော့ အနည်းဆုံး (၃၅)ဦး ရှိနေပြီဖြစ်ပါတယ်။

ကာလီဖိုးနီးယားပြည်နယ်နဲ့ နယူးယော်ပြည်နယ်တို့ နည်းတူ Connecticut နဲ့ Illinois ပြည်နယ်တို့မှာလည်း အရေးပေါ်ကိစ္စမဟုတ်ပဲ အပြင်မထွက်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက သောကြာနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်ဒီစီနဲ့ အနီးအနားက မေရီလန်း၊ ဗာဂျီးနီးယားပြည်နယ်တွေ မှာတော့ လူစုဝေးနိုင်မယ့် စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံနဲ့ အားကစားပွဲ၊ ဖျော်ဖြေရေးပွဲတွေ အားလုံး ပိတ်ပင်ထားပြီး နယူးယောက်နဲ့ ကာလီဖိုးနီးယားလို လူတွေအားလုံး အိမ်ပြင်မထွက်ရဆိုတဲ့ အမိန့်မျိုး မကြာခင် ရက်ပိုင်းအတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ထုတ်ပြန် ကြေညာမလားဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ဒေသခံတွေ အကြား ထွက်ပေါ်နေပါတယ်။

ကိုဉာဏ္ဝင္းေအာင္/VOA (Burmese)
https://burmese.voanews.com
ကန္ ျပည္နယ္တခ်ဳိ႕မွာ အျပင္မထြက္ရအမိန္႔ေၾကာင့္ ျမန္မာလုပ္ငန္းရွင္ေတြ ထိခုိက္ ကန္ ျပည္နယ္တခ်ဳိ႕မွာ အျပင္မထြက္ရအမိန္႔ေၾကာင့္ ျမန္မာလုပ္ငန္းရွင္ေတြ ထိခုိက္ Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.