
(Zawgyi)⤵⤵⤵



------------------------------------------
ထိုင်းမှာ ဒေါ်လာ ၁၅ဝ ကူမယ်

(Unicode)⤵⤵⤵
Image caption ဗိုင်းရပ်အတွက် သံဃာတွေကို အပူချိန်တိုင်းပေး

ထိုင်းနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကပ်ဘေး ကျရောက်လာရင် နိုင်ငံသားတချို့ကို ငွေ ထုတ်ပေးနိုင်အောင် မှတ်ပုံတင်တဲ့ ဝက်ဆိုက်ကို လူ သန်း ၂ဝ ဝင်ကြည့်တဲ့အတွက် ဝင်မရ ဖြစ်နေတယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။

ဒီဝက်ဆိုက်က တချိန်မှာ လူ နှစ်သန်းပဲ ဝင်ကြည့်နိုင်အောင် စီစဉ်ထားတဲ့ ဝက်ဆိုက် ဖြစ်ပါတယ်။

ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်သူတွေကို တလကို ဒေါ်လာ ၁၅ဝ ပေးမယ်လို့ ထိုင်းအစိုးရက ကတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထောက်ပံ့ကြေးအတွက် မှတ်ပုံတင်ဖို့ တန်းစီရင်း ဘဏ်တွေမှာ လူအုပ်ကြီးတွေ ဖြစ်လာမှာ စိုးတဲ့အတွက် ထိုင်းအစိုးရ ဘဏ်ခွဲအားလုံးကို ဒီသီတင်းပတ်ကုန်မှာ ပိတ်ပစ်ဖို့လည်း ထိုင်း အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52083493
ထိုင်းမှာ ဒေါ်လာ ၁၅ဝ ကူမယ် ထိုင်းမှာ ဒေါ်လာ ၁၅ဝ ကူမယ် Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.