မတ္ ၁၃ က စလို႔ အိႏၵိယက ဝင္ခြင့္ ပိတ္လို႔ ဗုဒၶ ဂါယာ ဘုရားဖူးေတြ ျပန္ေခၚဖို႔ လိုအပ္

 ျမန္မာႏိုင္ငံကေန အိႏၵိယႏိုင္ငံကိုသြားေရာက္တဲ့ ခရီးသည္ အေရအတြက္ ဟာ လစဥ္ ရာနဲ႔ခ်ီရွိၿပီး
(Zawgyi)⤵⤵⤵
အိႏၵိယ ႏိုင္ငံဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မွာ ကို စိုးရိမ္လို႔ အခုလ က စၿပီး ေတာ့ ဆိုက္ေရာက္ ဗီဇာ ေပးမႈ ေတြကို တစ္လ ၾကာ ရပ္နား ထားမယ္လို႔ ေၾကညာပါတယ္။

ဒါ့အျပင္ ဗီဇာ ကင္းလြတ္ခြင့္ နဲ႔ လာေရာက္ လည္ပတ္ႏိုင္တဲ့ ႏိုင္ငံေတြက ခရီးသြားေတြ ဝင္ေရာက္မႈကိုလည္း တားျမစ္ သြားမယ္လို႔ အစိုးရ တာဝန္ ရွိသူေတြက ေျပာပါတယ္။

သာမန္ ႏိုင္ငံကူး လက္မွတ္ နဲ႔ ဗီဇာ ရယူ ထားသူ အားလုံး ကို ျပည္ဝင္ခြင့္ တစ္လ ၾကာ ပိတ္ပင္ သြားမွာလည္း ျဖစ္ပါတယ္။

မတ္လ ၁၃ ရက္က စၿပီး သူ႔ႏိုင္ငံတြင္း ဝင္ေရာက္ခြင့္ ကို ပိတ္ပင္ လိုက္တဲ့ အတြက္ ျမန္မာ ႏိုင္ငံ ကေန ဗုဒၶ ဂါယာ ဘုရားဖူး သြားေရာက္ ေနတဲ့ ျမန္မာ ႏိုင္ငံသားေတြကို အျမန္ဆုံး ဆုံးျပန္လည္ေခၚယူဖို႔ ဗုဒၶဂါယာ ဘုရားဖူး လုပ္ငန္း ေကာ္မတီ ကေန အေရးေပၚ ေၾကညာခ်က္ ထုတ္ျပန္ၿပီး သတိေပး လိုက္ပါတယ္။

အိႏၵိယရဲ႕ျပည္ဝင္ခြင့္ပိတ္ပင္လိုက္တဲ့ ေၾကညာခ်က္ေၾကာင့္ ဗုဒၶဂယာဘုရားဖူးခရီးစဥ္ အတြက္ အိႏၵိယႏိုင္ငံေရာက္ရွိေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြကို အျမန္ဆုံး ျပန္ေခၚႏိုင္ဖို႔ ေလေၾကာင္း လိုင္းေတြနဲ႔ ညႇိႏႈိင္းေနတယ္လို႔ ဗုဒၶဂါယာ ဘုရားဖူးလုပ္ငန္းေကာ္မတီ ဥကၠ႒ ဦးေမာင္ေမာင္ျမင့္က ဘီဘီစီကို ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ဂယက္ေၾကာင့္ အိႏၵိယႏိုင္ငံက သူ႔ႏိုင္ငံတြင္း ဝင္ေရာက္ႏိုင္မယ့္ ေလေၾကာင္း၊ ေရေၾကာင္း၊ ကုန္းေၾကာင္း၊ နယ္စပ္ဂိတ္ေတြအပါအဝင္ လမ္းေၾကာင္းအားလုံးက ဝင္ေရာက္ခြင့္ကို မတ္ ၁၃ ရက္ကစၿပီး ဧၿပီ ၁၄ရက္ေန႔အထိ ပိတ္လိုက္တာျဖစ္ပါတယ္။

ဂါယာခရီးစဥ္ထဲမွာ အိႏၵိယႏိုင္ငံထဲကေနရာေတြအျပင္ နယ္စပ္ကတဆင့္ နီေပါႏိုင္ငံထဲ သြားေရာက္ၿပီး ဘုရားဖူး ရတဲ့ေနရာေတြလည္းပါတာေၾကာင့္ နီေပါႏိုင္ငံထဲေရာက္ေနတဲ့ ျမန္မာေတြအေနနဲ႔ ဒီကေန႔ မတ္ ၁၂ ရက္ေန႔ ေနာက္ဆုံးထားၿပီး အိႏၵိယႏိုင္ငံထဲ ျပန္ဝင္ ရမွာလည္း ျဖစ္ပါတယ္။
အိႏၵိယရဲ႕ေၾကညာခ်က္ေၾကာင့္ မတ္လ ၁၂ ရက္ေန႔မွာ နီေပါကေန ခရီးစဥ္အခ်ိဳ႕ဖ်က္ၿပီးအိႏၵိယႏိုင္ငံထဲျပန္လွည့္ျပန္ ေနရ

အိႏၵိယရဲ႕ေၾကညာခ်က္ေၾကာင့္ မတ္လ ၁၂ ရက္ေန႔မွာ နီေပါကေန ခရီးစဥ္အခ်ိဳ႕ဖ်က္ၿပီးအိႏၵိယႏိုင္ငံထဲျပန္လွည့္ျပန္ ေနရ ၿပီလို႔ Shwe Mar Win Travel and Tour ကုမၸဏီ ပိုင္ရွင္ ေဒၚေ႐ႊမာဝင္းက ဘီဘီစီကို ေျပာျပပါတယ္။

ဗုဒၶဂါယာဘုရားဖူးခရီးစဥ္အျဖစ္ အနည္းဆုံးတပတ္ကေန ၁၅ ရက္ဝန္းက်င္ၾကာျမင့္တဲ့ ခရီးစဥ္အတြက္ လူတစ္ဦးကို က်ပ္ ၁၀သိန္းကေန ၁၃သိန္းဝန္းက်င္အထိ ကုန္က်တယ္လို႔သိရပါတယ္။

ဒီခရီးစဥ္တစ္ခုတည္းအတြက္ ျမန္မာႏိုင္ငံကေန အိႏၵိယႏိုင္ငံကိုသြားေရာက္တဲ့ ခရီးသည္ အေရအတြက္ ဟာ လစဥ္ ရာနဲ႔ခ်ီရွိၿပီး၊ ျပည္တြင္းမွာ ဘုရားဖူး ခရီးစဥ္ အတြက္၀ န္ေဆာင္မႈေပးတဲ့အဖြဲ႕ေပါင္း ၂၀၀ေက်ာ္ရွိပါတယ္။

အိႏၵိယႏိုင္ငံက သူ႔ႏိုင္ငံတြင္း ဝင္ေရာက္ခြင့္ ဗီဇာေတြကို မတ္ ၁၃ ရက္ကေန ဧၿပီ ၁၄ရက္ေန႔ အထိ ပိတ္ထား မယ္လို႔ ႐ုတ္တရက္ေၾကညာလိုက္တဲ့အတြက္ ျပည္တြင္းမွာ ဗုဒၶဂါယာ ခရီးစဥ္အတြက္ဝန္ေဆာင္မႈ ေပးတဲ့ လုပ္ငန္း ေတြဟာ ေရာင္းခ်ၿပီး ခရီးစဥ္အမ်ားအျပားကို ဖ်က္သိမ္းဖို႔ ေဆာင္႐ြက္ ေနေၾကာင္း ကုမၸဏီ တခ်ိဳ႕ က ေျပာပါတယ္။

ေလာေလာဆယ္ အိႏၵိယ ႏိုင္ငံမွာ ကို႐ိုနာ ကိုဗစ္ -19 ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ ၇၃ ဦး ရွိၿပီး၊ ကူးစက္ခံရသူ ဦးေရး တိုးလာ ႏိုင္တယ္လို႔ က်န္းမာေရး ဝန္ႀကီး က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
မတ် ၁၃ က စလို့ အိန္ဒိယက ဝင်ခွင့် ပိတ်လို့ ဗုဒ္ဓ ဂါယာ ဘုရားဖူးတွေ ပြန်ခေါ်ဖို့ လိုအပ်


Image caption မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကိုသွားရောက်တဲ့ ခရီးသည် အရေအတွက် ဟာ လစဉ် ရာနဲ့ချီရှိပြီး

အိန္ဒိယ နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှာ ကို စိုးရိမ်လို့ အခုလ က စပြီး တော့ ဆိုက်ရောက် ဗီဇာ ပေးမှု တွေကို တစ်လ ကြာ ရပ်နား ထားမယ်လို့ ကြေညာပါတယ်။

ဒါ့အပြင် ဗီဇာ ကင်းလွတ်ခွင့် နဲ့ လာရောက် လည်ပတ်နိုင်တဲ့ နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှုကိုလည်း တားမြစ် သွားမယ်လို့ အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။

သာမန် နိုင်ငံကူး လက်မှတ် နဲ့ ဗီဇာ ရယူ ထားသူ အားလုံး ကို ပြည်ဝင်ခွင့် တစ်လ ကြာ ပိတ်ပင် သွားမှာလည်း ဖြစ်ပါတယ်။

မတ်လ ၁၃ ရက်က စပြီး သူ့နိုင်ငံတွင်း ဝင်ရောက်ခွင့် ကို ပိတ်ပင် လိုက်တဲ့ အတွက် မြန်မာ နိုင်ငံ ကနေ ဗုဒ္ဓ ဂါယာ ဘုရားဖူး သွားရောက် နေတဲ့ မြန်မာ နိုင်ငံသားတွေကို အမြန်ဆုံး ဆုံးပြန်လည်ခေါ်ယူဖို့ ဗုဒ္ဓဂါယာ ဘုရားဖူး လုပ်ငန်း ကော်မတီ ကနေ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီး သတိပေး လိုက်ပါတယ်။

အိန္ဒိယရဲ့ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့ ကြေညာချက်ကြောင့် ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် အတွက် အိန္ဒိယနိုင်ငံရောက်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံး ပြန်ခေါ်နိုင်ဖို့ လေကြောင်း လိုင်းတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် အိန္ဒိယနိုင်ငံက သူ့နိုင်ငံတွင်း ဝင်ရောက်နိုင်မယ့် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း၊ နယ်စပ်ဂိတ်တွေအပါအဝင် လမ်းကြောင်းအားလုံးက ဝင်ရောက်ခွင့်ကို မတ် ၁၃ ရက်ကစပြီး ဧပြီ ၁၄ရက်နေ့အထိ ပိတ်လိုက်တာဖြစ်ပါတယ်။

ဂါယာခရီးစဉ်ထဲမှာ အိန္ဒိယနိုင်ငံထဲကနေရာတွေအပြင် နယ်စပ်ကတဆင့် နီပေါနိုင်ငံထဲ သွားရောက်ပြီး ဘုရားဖူး ရတဲ့နေရာတွေလည်းပါတာကြောင့် နီပေါနိုင်ငံထဲရောက်နေတဲ့ မြန်မာတွေအနေနဲ့ ဒီကနေ့ မတ် ၁၂ ရက်နေ့ နောက်ဆုံးထားပြီး အိန္ဒိယနိုင်ငံထဲ ပြန်ဝင် ရမှာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယရဲ့ကြေညာချက်ကြောင့် မတ်လ ၁၂ ရက်နေ့မှာ နီပေါကနေ ခရီးစဉ်အချို့ဖျက်ပြီးအိန္ဒိယနိုင်ငံထဲပြန်လှည့်ပြန် နေရ

အိန္ဒိယရဲ့ကြေညာချက်ကြောင့် မတ်လ ၁၂ ရက်နေ့မှာ နီပေါကနေ ခရီးစဉ်အချို့ဖျက်ပြီးအိန္ဒိယနိုင်ငံထဲပြန်လှည့်ပြန် နေရ ပြီလို့ Shwe Mar Win Travel and Tour ကုမ္ပဏီ ပိုင်ရှင် ဒေါ်ရွှေမာဝင်းက ဘီဘီစီကို ပြောပြပါတယ်။

ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်အဖြစ် အနည်းဆုံးတပတ်ကနေ ၁၅ ရက်ဝန်းကျင်ကြာမြင့်တဲ့ ခရီးစဉ်အတွက် လူတစ်ဦးကို ကျပ် ၁၀သိန်းကနေ ၁၃သိန်းဝန်းကျင်အထိ ကုန်ကျတယ်လို့သိရပါတယ်။

ဒီခရီးစဉ်တစ်ခုတည်းအတွက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကိုသွားရောက်တဲ့ ခရီးသည် အရေအတွက် ဟာ လစဉ် ရာနဲ့ချီရှိပြီး၊ ပြည်တွင်းမှာ ဘုရားဖူး ခရီးစဉ် အတွက်၀ န်ဆောင်မှုပေးတဲ့အဖွဲ့ပေါင်း ၂၀၀ကျော်ရှိပါတယ်။

အိန္ဒိယနိုင်ငံက သူ့နိုင်ငံတွင်း ဝင်ရောက်ခွင့် ဗီဇာတွေကို မတ် ၁၃ ရက်ကနေ ဧပြီ ၁၄ရက်နေ့ အထိ ပိတ်ထား မယ်လို့ ရုတ်တရက်ကြေညာလိုက်တဲ့အတွက် ပြည်တွင်းမှာ ဗုဒ္ဓဂါယာ ခရီးစဉ်အတွက်ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်း တွေဟာ ရောင်းချပြီး ခရီးစဉ်အများအပြားကို ဖျက်သိမ်းဖို့ ဆောင်ရွက် နေကြောင်း ကုမ္ပဏီ တချို့ က ပြောပါတယ်။

လောလောဆယ် အိန္ဒိယ နိုင်ငံမှာ ကိုရိုနာ ကိုဗစ် -19 ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၇၃ ဦး ရှိပြီး၊ ကူးစက်ခံရသူ ဦးရေး တိုးလာ နိုင်တယ်လို့ ကျန်းမာရေး ဝန်ကြီး က ပြောပါတယ်။

BBC Burmese
https://www.bbc.com
မတ္ ၁၃ က စလို႔ အိႏၵိယက ဝင္ခြင့္ ပိတ္လို႔ ဗုဒၶ ဂါယာ ဘုရားဖူးေတြ ျပန္ေခၚဖို႔ လိုအပ္ မတ္ ၁၃ က စလို႔ အိႏၵိယက ဝင္ခြင့္ ပိတ္လို႔ ဗုဒၶ ဂါယာ ဘုရားဖူးေတြ ျပန္ေခၚဖို႔ လိုအပ္ Reviewed by THITHTOOLWIN on 23:51 Rating: 5
Powered by Blogger.