Coronavirus ေၾကာင္႔ ခ်က္ႏိုင္ငံ စာသင္ေက်ာင္းေတြ ပိတ္

ခ်က္ႏိုင္ငံက စာသင္ေက်ာင္းတခုအတြင္း ေဆးျဖန္းေန

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၉၀ ေက်ာ္လာၿပီျဖစ္တဲ့ ခ်က္ျပည္သူ႔သမၼတႏိုင္ငံမွာ မူလတန္းကစၿပီး တကၠသိုလ္ေက်ာင္းအားလံုးကို ရက္အကန္႔အသတ္မရွိ ပိတ္ထားလိုက္ပါၿပီ။ အီတလီႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈေၾကာင့္ ရက္ပိုင္းအတြင္း လူေပါင္း ၆၀၀ ေက်ာ္ေသဆံုးခဲ့ၿပီးေနာက္ ခ်က္အစိုးရဘက္က သူတို႔ႏိုင္ငံရဲ႕ အေျခအေနကို ႀကိဳတင္ကာကြယ္ဖို႔ ႀကိဳးစားေနေၾကာင္း ခ်က္မွာေနထိုင္တဲ့ ကိုလင္းသန္႔က ဗီြအိုေအကိုေျပာပါတယ္။

မတ္လ (၉)ရက္ေန႔က ခ်က္ႏိုင္ငံမွာ စတင္အတည္ျပဳႏိုင္ခဲ့တဲ့ ဗိုင္းရပ္စ္ပိုးကူးစက္မႈမွာ ဇစ္ျမစ္ကို မသိရတဲ့အတြက္ ခ်က္အစိုးရက အေတာ္ေလးစိုးရိမ္ေနတယ္လို႔လည္း သူကဆိုပါတယ္။ မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းရာမွာ ခ်က္အစိုးရရဲ႕ သတိရွိရွိ ႀကိဳတင္ ေဆာင္ရြက္ပံုကို ကိုလင္းသန္႔က အခုလိုစေျပာပါတယ္။

ကိုလင္းသန္႔။ ။ ခ်က္ႏိုင္ငံအစိုးရရဲ႕ အမ်ိုးသားလံုၿခံဳေရးအဖြဲ႔ေတြေရာ ၀န္ႀကီးခ်ဳပ္ေတြေရာ အေရးေပၚ ေၾကညာခ်က္ထုတ္လိုက္တယ္။ ဒါဟာ ဘာေၾကာင့္လဲဆိုရင္ ကူးစက္မႈ အရမ္းမ်ားလာတယ္။ အဓိကေတာ့ မေန႔ညတုန္းက Taxi driver တေယာက္ကေန စစ္ေဆးလိုက္တဲ့အခါမွာ Positive ေတြ႔တဲ့အတြက္ေၾကာင့္ သူက ဘယ္ကေန ကူးလာတယ္၊ သူက ဘယ္မွလည္း ခရီးသြားဘူးတဲ့။ သူမိသားစုလည္း ေလာေလာဆယ္ quarantine လုပ္လိုက္ၿပီေပါ့ေနာ္။ ဆိုေတာ့ အဲဒီလိုမ်ိဳး အေျခအေနကေန Source ကို မသိတဲ့အတြက္ေၾကာင့္ဆိုၿပီးေတာ့ စိုးရိမ္မႈ ျဖစ္သြားတယ္။ Taxi driver က လူ ၉၀ ေလာက္ကို သူက ၃ ရက္အတြင္းမွာ လိုက္ၿပီး ပို႔ေဆာင္ခဲ့တာဆိုေတာ့ အဲဒီ လူ ၉၀ ကိုလည္း ရွာဖို႔ ခက္ေနတာေပါ့ေလ။ လိုက္ၿပီးေတာ့ သူတို႔ စံုစမ္းစစ္ေဆးေဖာ္ထုတ္ဖို႔ လို္ေနတယ္။ ဆိုေတာ့ ဒါက public community ေတြထဲမွာ ျပန္႔ပြားမႈ ျဖစ္သြားတာေပါ့။ အဲဒါေၾကာင့္မို႔လို႔ သူတို႔ စိုးရိမ္သြားတယ္ အဲဒီအတြက္ သူတို႔ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ Kindergarten တို႔ Nursery တို႔ကေတာ့ မပိတ္ဘူးေပါ့ေနာ္။ မူလတန္းကေနအထက္ ေက်ာင္းေတြအကုန္လံုးကို ပိတ္တယ္။ ၿပီးေတာ့ တကၠသိုလ္ ေကာလိပ္ေတြ အကုန္လံုးပိတ္တယ္။ ေနာက္ၿပီးေတာ့ လူ ၁၀၀ အထက္ လုပ္မယ့္ ပြဲေတြ၊ Events ေတြ Festival ေတြ ပိတ္သလို film festival ေတြလည္း ပိတ္တဲ့အထဲ ပါသြားတယ္။

မအင္ၾကင္းႏိုင္။ ။အဲဒါေတြက ဘယ္ေလာက္အထိ ၾကာမလဲရွင့္။

ကိုလင္းသန္႔။ ။ က်ေနာ့္အျမင္ကေတာ့ အခ်ိန္အတိုင္းအတာတခုအထိေတာ့သြားမယ္လို႔ ယံုၾကည္တယ္ သို႔ေသာ္လည္း သိပ္ၿပီးေတာ့ ေရရွည္သြားမယ္လို႔ေတာ့ မထင္ဘူးေပါ့။ ဒါေပမယ့္ အစိုးရရဲ႕ ေၾကညာခ်က္ေတြ ၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္ေတြအရေတာ့ ဒီေန႔ ေက်ာင္းပိတ္တာေတာင္မွပဲ ရက္အကန္႔အသတ္မရွိ ဆိုတဲ့သေဘာပဲ။ တခ်ိဳ႕ေက်ာင္းေတြကေတာ့ ၁၈ ရက္ေန႔ ျပန္ဖြင့္မယ္လို႔ ေျပာတယ္ သို႔ေသာ္လည္း Online နဲ႔ သင္ၾကားမယ္လို႔ ေျပာတယ္။ အဲလိုမ်ိဳး သင္ၾကားမႈ ပံုစံမ်ိဳး ခ်ျပေနတာ က်ေနာ္တို႔ ေတြ႔ရတယ္။ ဒါေပမယ့္လို႔ မ်ားေသာအားျဖင့္ကေတာ့ ေနာက္ထပ္ အမိန္႔ တစံုတရာ မထုတ္ျပန္မခ်င္း ေက်ာင္းေတြကို ပိတ္ထားမယ္ဆိုတဲ့ ေၾကညာခ်က္ ကေတာ့ အတိအလင္းပဲ သူတို႔ ေရးထားတာ ေတြ႔ရတယ္။ ေျပာရမယ္ဆိုရင္ အခု တရုတ္ Tour ေတြ မရွိေတာ့ဘူး ခ်က္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီ ၉ ရက္ေန႔က စၿပီး တရုတ္က လာမယ့္ Visa ေတြကို ပိတ္လိုက္တယ္။ သူမေပးေတာ့ဘူး မေပးေတာ့ တရုတ္ Tour က အဓိက ဒီမွာ မ်ားတာေပါ့ေလ။ အထူးသျဖင့္ Prague က တရုတ္ Tour ေတြမ်ားေတာ့ Prague ၿမိဳ႕ေတာ္၀န္က ေတာ္ေတာ္ စိုးရိမ္မႈ ႀကီးပံုရတယ္။ ဒီမွာ တရုတ္က အရမ္းမ်ားေတာ့ေလ။ ဆိုေတာ့ လူနာက ဒီအထဲမွာ ပါလာ ႏိုင္တယ္ေပါ့ေလ။ ဆိုေတာ့ သူတို႔ စိုးရိမ္မႈမ်ားေတာ့ အခုဆိုရင္ စီးပြားေရးထိခိုက္တာေတာ့ ၿမိဳ႕ထဲေတြမွာ ရွိတဲ့ ဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ပိတ္ေပါ့။ တရုတ္ဆိုင္ေတြလည္း ပိတ္ေပါ့ ဗီယက္နမ္ ဆိုင္ေတြလည္း ပိတ္ေပါ့။ နည္းနည္း အသားျဖဴတဲ့ က်ေနာ္တို႔ Asian type ေတြကေတာ့ စိုးရိမ္ေနတဲ့ ပံုစံရွိတယ္။

မအင္ၾကင္းႏိုင္။ ။ ျမန္မာသံရံုးဘက္ကေရာ အခုလိုမ်ိဳး ခ်က္ႏိုင္ငံမွာ ကရိုနာဗိုင္းရပ္စ္ စတင္ ေတြ႔ရွိၿပီးေတာ့ ကူးစက္မႈႏႈန္း တေျဖးေျဖး မ်ားလာတဲ့ အေပၚမွာ အသိေပး အေၾကာင္းၾကားတာမ်ိဳးေတြ ဘာေတြမ်ား ေတြ႔ရသလဲ။

ကိုလင္းသန္႔။ ။ က်ေနာ္ကေတာ့ ျမန္မာႏိုင္ငံသားေဟာင္းပဲ ျဖစ္သြားၿပီ ျမန္မာႏို္င္ငံသား မဟုတ္ေတာ့ဘူးေပါ့ေနာ္။ မဟုတ္ေတာ့တဲ့အခါက်ေတာ့ သံရံုးက က်ေနာ့္ဆီကို တိုက္ရိုက္ စာပို႔တာေတာ့ မရွိေတာ့ဘူး။ ဒါေပမယ့္လို႔ သံရံုး Facebook ကေန ေတာက္ေလွ်ာက္ သူတို႔ update သတင္းေတြ ေ၀မွ်ေနတာေတြ ရွိပါတယ္။ ျမန္မာသံရံုး Facebook မွာလည္း ဒီမွာရွိတဲ့ ျမန္မာ မိသားစုေတြ အထူးသျဖင့္ ဒီမွာလာေရာက္ၿပီး ပညာသင္ၾကားေနတဲ့ျမန္မာေက်ာင္းသားေတြ ကို ေပါ့ေလ သူတို႔ Message ေတြေပးေနတာကို ေတြ႔ရပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုဒီ Coronavirus ကူးစက္မႈက ဒီ ဥေရာပႏိုင္ငံေတြမွာ အီတလီက အဆိုးဆံုး အေနအထားေပါ့ေနာ္ ။ လူေပါင္း ၆၀၀ ေက်ာ္ကလည္း ေသဆံုးခဲ့ၿပီးၿပီဆုိေတာ့ ဒီအီတလီႏိုင္ငံမွာ ပိုးကူးစက္တဲ့ ႏႈန္းကို ၾကည့္ၿပီးေတာ့ ခ်က္ႏိုင္ငံတို႔ေရာ ဘယ္ေလာက္အထိ စိုးရိမ္ေနသလဲ။

ကိုလင္းသန္႔။ ။ ေတာ္ေတာ္စိုးရိမ္ေနပံုရတယ္။ က်ေနာ္ၿပီးခဲ့တဲ့ ဒီ တပတ္ ၂ ပတ္ ကာလအတြင္းမွာ အီတလီမွာျဖစ္တာကို သူတို႔ ဒီႏို္င္ငံမွာ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္တယ္။ အီးယူႏိုင္ငံေတြ အားလံုးလိုလိုပဲ သူတို႔က သတိေပးခ်က္ေတြ ခ်က္ခ်င္းပဲ အေရာင္ေတြ ျမင့္တက္လာတာကို ေတြ႔ရတယ္။ တျခား EU ႏိုင္ငံမဟုတ္တဲ့ Scandinavia ႏိုင္ငံေတြလည္း ပါတာေပါ့ေနာ္။ အဲဒီမွာ ေသဆံုးမႈ ႏႈန္းက ခ်က္ခ်င္းျမင့္တက္လာေတာ့ ဒီ ခ်က္ႏိုင္ငံကေတာ့ စိုးရိမ္မႈအတြင္းမွာ ေတာ္ေတာ္ေလး ေရွ႕ေျပးတယ္လို႔ ေျပာရမွာေပါ့။ မေန႔ကတုန္းက ထုတ္ျပန္တဲ့ အမိန္႔ဆိုရင္ အီတလီ ကေန ျပန္လာတဲ့သူေတြက သတင္းမပို႔ရင္ မိမိကိုယ္ကိုမိမိ quarantine မလုပ္ရင္ ခ်က္ေငြ ၃ သန္းအထိ ဒဏ္ေငြရိုက္မယ္ဆိုတာ ပထမဦးဆံုးပဲ ဥေရာပႏိုင္ငံေတြထဲမွာ ျပင္းထန္တဲ့ အမိန္႔ထုတ္တဲ့ ႏိုင္ငံက Czech Republic လို႔ ေျပာလို႔ရတယ္။ ေနာက္တခုက အီတလီမွာက ခ်က္ႏိုင္ငံသားေတြ သြားအလုပ္လုပ္ေနတာ ၂ ေသာင္းေလာက္ရွိတယ္။ သူတို႔ကို စိုးရိမ္မႈကလည္း အဲဒီကျဖစ္တယ္ ဒီကာလကလည္း Spring လည္းေရာက္လာေတာ့မယ္ေလ။ အီစတာပြဲကလည္း က်င္းပေတာ့မယ္ဆိုေတာ့ မ်ားေသာအားျဖင့္ ကိုယ့္ရပ္ ကိုယ့္ရြာျပန္လာၾကတာေတြမ်ားတယ္ ခ်က္ေတြကလည္း ။ ေနာက္ၿပီးေတာ့ Ski သြားစီးတဲ့သူေတြလည္းရွိၾကတယ္ အဲဒီကေနလည္း သူတို႔ ကူးစက္မွာလည္း သူတို႔ စိုးရိမ္ပံုရတယ္။”

Czech Republic မွာေနထိုင္တဲ့ ကိုလင္းသန္႔ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

......................

Coronavirus ကြောင့် ချက် နိုင်ငံ စာသင်ကျောင်းတွေ ပိတ်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၀ ကျော်လာပြီဖြစ်တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ မူလတန်းကစပြီး တက္ကသိုလ်ကျောင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါပြီ။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ရက်ပိုင်းအတွင်း လူပေါင်း ၆၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ချက်အစိုးရဘက်က သူတို့နိုင်ငံရဲ့ အခြေအနေကို ကြိုတင်ကာကွယ်ဖို့ ကြိုးစားနေကြောင်း ချက်မှာနေထိုင်တဲ့ ကိုလင်းသန့်က ဗွီအိုအေကိုပြောပါတယ်။
မတ်လ (၉)ရက်နေ့က ချက်နိုင်ငံမှာ စတင်အတည်ပြုနိုင်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုမှာ ဇစ်မြစ်ကို မသိရတဲ့အတွက် ချက်အစိုးရက အတော်လေးစိုးရိမ်နေတယ်လို့လည်း သူကဆိုပါတယ်။
မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းရာမှာ ချက်အစိုးရရဲ့ သတိရှိရှိ ကြိုတင် ဆောင်ရွက်ပုံကို ကိုလင်းသန့်က အခုလိုစပြောပါတယ်။

ကိုလင်းသန့်။ ။ ချက်နိုင်ငံအစိုးရရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့တွေရော ဝန်ကြီးချုပ်တွေရော အရေးပေါ် ကြေညာချက်ထုတ်လိုက်တယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ကူးစက်မှု အရမ်းများလာတယ်။ အဓိကတော့ မနေ့ညတုန်းက Taxi driver တယောက်ကနေ စစ်ဆေးလိုက်တဲ့အခါမှာ Positive တွေ့တဲ့အတွက်ကြောင့် သူက ဘယ်ကနေ ကူးလာတယ်၊ သူက ဘယ်မှလည်း ခရီးသွားဘူးတဲ့။ သူမိသားစုလည်း လောလောဆယ် quarantine လုပ်လိုက်ပြီပေါ့နော်။ ဆိုတော့ အဲဒီလိုမျိုး အခြေအနေကနေ Source ကို မသိတဲ့အတွက်ကြောင့်ဆိုပြီးတော့ စိုးရိမ်မှု ဖြစ်သွားတယ်။ Taxi driver က လူ ၉၀ လောက်ကို သူက ၃ ရက်အတွင်းမှာ လိုက်ပြီး ပို့ဆောင်ခဲ့တာဆိုတော့ အဲဒီ လူ ၉၀ ကိုလည်း ရှာဖို့ ခက်နေတာပေါ့လေ။ လိုက်ပြီးတော့ သူတို့ စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ လိုနေတယ်။ ဆိုတော့ ဒါက public community တွေထဲမှာ ပြန့်ပွားမှု ဖြစ်သွားတာပေါ့။ အဲဒါကြောင့်မို့လို့ သူတို့ စိုးရိမ်သွားတယ် အဲဒီအတွက် သူတို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ Kindergarten တို့ Nursery တို့ကတော့ မပိတ်ဘူးပေါ့နော်။ မူလတန်းကနေအထက် ကျောင်းတွေအကုန်လုံးကို ပိတ်တယ်။ ပြီးတော့ တက္ကသိုလ် ကောလိပ်တွေ အကုန်လုံးပိတ်တယ်။ နောက်ပြီးတော့ လူ ၁၀၀ အထက် လုပ်မယ့် ပွဲတွေ၊ Events တွေ Festival တွေ ပိတ်သလို film festival တွေလည်း ပိတ်တဲ့အထဲ ပါသွားတယ်။

မအင်ကြင်းနိုင်။ ။အဲဒါတွေက ဘယ်လောက်အထိ ကြာမလဲရှင့်။

ကိုလင်းသန့်။ ။ ကျနော့်အမြင်ကတော့ အချိန်အတိုင်းအတာတခုအထိတော့သွားမယ်လို့ ယုံကြည်တယ် သို့သော်လည်း သိပ်ပြီးတော့ ရေရှည်သွားမယ်လို့တော့ မထင်ဘူးပေါ့။ ဒါပေမယ့် အစိုးရရဲ့ ကြေညာချက်တွေ ဝန်ကြီးဌာနရဲ့ ကြေညာချက်တွေအရတော့ ဒီနေ့ ကျောင်းပိတ်တာတောင်မှပဲ ရက်အကန့်အသတ်မရှိ ဆိုတဲ့သဘောပဲ။ တချို့ကျောင်းတွေကတော့ ၁၈ ရက်နေ့ ပြန်ဖွင့်မယ်လို့ ပြောတယ် သို့သော်လည်း Online နဲ့ သင်ကြားမယ်လို့ ပြောတယ်။ အဲလိုမျိုး သင်ကြားမှု ပုံစံမျိုး ချပြနေတာ ကျနော်တို့ တွေ့ရတယ်။ ဒါပေမယ့်လို့ များသောအားဖြင့်ကတော့ နောက်ထပ် အမိန့် တစုံတရာ မထုတ်ပြန်မချင်း ကျောင်းတွေကို ပိတ်ထားမယ်ဆိုတဲ့ ကြေညာချက် ကတော့ အတိအလင်းပဲ သူတို့ ရေးထားတာ တွေ့ရတယ်။ ပြောရမယ်ဆိုရင် အခု တရုတ် Tour တွေ မရှိတော့ဘူး ချက်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က စပြီး တရုတ်က လာမယ့် Visa တွေကို ပိတ်လိုက်တယ်။ သူမပေးတော့ဘူး မပေးတော့ တရုတ် Tour က အဓိက ဒီမှာ များတာပေါ့လေ။ အထူးသဖြင့် Prague က တရုတ် Tour တွေများတော့ Prague မြို့တော်ဝန်က တော်တော် စိုးရိမ်မှု ကြီးပုံရတယ်။ ဒီမှာ တရုတ်က အရမ်းများတော့လေ။ ဆိုတော့ လူနာက ဒီအထဲမှာ ပါလာ နိုင်တယ်ပေါ့လေ။ ဆိုတော့ သူတို့ စိုးရိမ်မှုများတော့ အခုဆိုရင် စီးပွားရေးထိခိုက်တာတော့ မြို့ထဲတွေမှာ ရှိတဲ့ ဆိုင်တွေ တော်တော်များများလည်း ပိတ်ပေါ့။ တရုတ်ဆိုင်တွေလည်း ပိတ်ပေါ့ ဗီယက်နမ် ဆိုင်တွေလည်း ပိတ်ပေါ့။ နည်းနည်း အသားဖြူတဲ့ ကျနော်တို့ Asian type တွေကတော့ စိုးရိမ်နေတဲ့ ပုံစံရှိတယ်။

မအင်ကြင်းနိုင်။ ။ မြန်မာသံရုံးဘက်ကရော အခုလိုမျိုး ချက်နိုင်ငံမှာ ကရိုနာဗိုင်းရပ်စ် စတင် တွေ့ရှိပြီးတော့ ကူးစက်မှုနှုန်း တဖြေးဖြေး များလာတဲ့ အပေါ်မှာ အသိပေး အကြောင်းကြားတာမျိုးတွေ ဘာတွေများ တွေ့ရသလဲ။

ကိုလင်းသန့်။ ။ ကျနော်ကတော့ မြန်မာနိုင်ငံသားဟောင်းပဲ ဖြစ်သွားပြီ မြန်မာနိုင်ငံသား မဟုတ်တော့ဘူးပေါ့နော်။ မဟုတ်တော့တဲ့အခါကျတော့ သံရုံးက ကျနော့်ဆီကို တိုက်ရိုက် စာပို့တာတော့ မရှိတော့ဘူး။ ဒါပေမယ့်လို့ သံရုံး Facebook ကနေ တောက်လျှောက် သူတို့ update သတင်းတွေ ဝေမျှနေတာတွေ ရှိပါတယ်။ မြန်မာသံရုံး Facebook မှာလည်း ဒီမှာရှိတဲ့ မြန်မာ မိသားစုတွေ အထူးသဖြင့် ဒီမှာလာရောက်ပြီး ပညာသင်ကြားနေတဲ့မြန်မာကျောင်းသားတွေ ကို ပေါ့လေ သူတို့ Message တွေပေးနေတာကို တွေ့ရပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဒီ Coronavirus ကူးစက်မှုက ဒီ ဥရောပနိုင်ငံတွေမှာ အီတလီက အဆိုးဆုံး အနေအထားပေါ့နော် ။ လူပေါင်း ၆၀၀ ကျော်ကလည်း သေဆုံးခဲ့ပြီးပြီဆိုတော့ ဒီအီတလီနိုင်ငံမှာ ပိုးကူးစက်တဲ့ နှုန်းကို ကြည့်ပြီးတော့ ချက်နိုင်ငံတို့ရော ဘယ်လောက်အထိ စိုးရိမ်နေသလဲ။

ကိုလင်းသန့်။ ။ တော်တော်စိုးရိမ်နေပုံရတယ်။ ကျနော်ပြီးခဲ့တဲ့ ဒီ တပတ် ၂ ပတ် ကာလအတွင်းမှာ အီတလီမှာဖြစ်တာကို သူတို့ ဒီနိုင်ငံမှာ ကြိုတင်ပြင်ဆင်မှုတွေလုပ်တယ်။ အီးယူနိုင်ငံတွေ အားလုံးလိုလိုပဲ သူတို့က သတိပေးချက်တွေ ချက်ချင်းပဲ အရောင်တွေ မြင့်တက်လာတာကို တွေ့ရတယ်။ တခြား EU နိုင်ငံမဟုတ်တဲ့ Scandinavia နိုင်ငံတွေလည်း ပါတာပေါ့နော်။ အဲဒီမှာ သေဆုံးမှု နှုန်းက ချက်ချင်းမြင့်တက်လာတော့ ဒီ ချက်နိုင်ငံကတော့ စိုးရိမ်မှုအတွင်းမှာ တော်တော်လေး ရှေ့ပြေးတယ်လို့ ပြောရမှာပေါ့။ မနေ့ကတုန်းက ထုတ်ပြန်တဲ့ အမိန့်ဆိုရင် အီတလီ ကနေ ပြန်လာတဲ့သူတွေက သတင်းမပို့ရင် မိမိကိုယ်ကိုမိမိ quarantine မလုပ်ရင် ချက်ငွေ ၃ သန်းအထိ ဒဏ်ငွေရိုက်မယ်ဆိုတာ ပထမဦးဆုံးပဲ ဥရောပနိုင်ငံတွေထဲမှာ ပြင်းထန်တဲ့ အမိန့်ထုတ်တဲ့ နိုင်ငံက Czech Republic လို့ ပြောလို့ရတယ်။ နောက်တခုက အီတလီမှာက ချက်နိုင်ငံသားတွေ သွားအလုပ်လုပ်နေတာ ၂ သောင်းလောက်ရှိတယ်။ သူတို့ကို စိုးရိမ်မှုကလည်း အဲဒီကဖြစ်တယ် ဒီကာလကလည်း Spring လည်းရောက်လာတော့မယ်လေ။ အီစတာပွဲကလည်း ကျင်းပတော့မယ်ဆိုတော့ များသောအားဖြင့် ကိုယ့်ရပ် ကိုယ့်ရွာပြန်လာကြတာတွေများတယ် ချက်တွေကလည်း ။ နောက်ပြီးတော့ Ski သွားစီးတဲ့သူတွေလည်းရှိကြတယ် အဲဒီကနေလည်း သူတို့ ကူးစက်မှာလည်း သူတို့ စိုးရိမ်ပုံရတယ်။”

Czech Republic မှာနေထိုင်တဲ့ ကိုလင်းသန့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

အင္ၾကင္းႏုုိင္/ VOA (Burmese)
https://burmese.voanews.com
Coronavirus ေၾကာင္႔ ခ်က္ႏိုင္ငံ စာသင္ေက်ာင္းေတြ ပိတ္ Coronavirus ေၾကာင္႔ ခ်က္ႏိုင္ငံ စာသင္ေက်ာင္းေတြ ပိတ္ Reviewed by THITHTOOLWIN on 23:45 Rating: 5
Powered by Blogger.