ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္း အခ်င္းခ်င္းရန္ျဖစ္ရာမွ တစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
တာခ်ီလိတ္ မတ္ ၁၀

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕တြင္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္အတြင္း အခ်င္းခ်င္းရန္ျဖစ္ရာမွ အ႐ိုက္ခံရသည့္ အမ်ိဳးသားတစ္ဦး ေဆး႐ုံတြင္ ကုသမႈခံယူစဥ္ ေသဆုံးသြားသျဖင့္ ရန္ျဖစ္ရာ၌ ပါဝင္သည့္ အမ်ိဳးသား (၃)ဦးအား ဖမ္းဆီးထားေၾကာင္း သိရသည္။

ဆန္ဆိုင္း (က) ရပ္ကြက္ရွိ ေဆာက္လက္စအေဆာက္အဦး အလုပ္ဆိုဒ္တြင္ မတ္ (၈)ရက္ေန႔က စကားမ်ားရန္ျဖစ္ၾက၍ က်ဟယ္ (ခ) ေရွာက္လီမွာ ဒဏ္ရာမ်ားရသြားေၾကာင္း က်ဟယ္(ခ) ေရွာက္လီ၏ ဇနီးက ရဲတပ္ဖြဲ႕ထံ တိုင္ၾကားထားေၾကာင္း သိရသည္။
ယင္းေနာက္ က်ဟယ္ (ခ) ေရွာက္လီမွာ ရရွိသည့္ ဒဏ္ရာမ်ားျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကုသမႈခံယူေနစဥ္ မတ္လ (၉)ရက္က ေသဆုံးသြားေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဦးညိဳ (ခ) တင္ေမာင္ၫြန႔္၊ ေနၿဖိဳးပိုင္ (ခ) ငအို ႏွင့္ ခန႔္စည္ေက်ာ္ (ခ) ငမဲတို႔အား အေရးယူေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

ယာေဆး(ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
(Unicode)⤵⤵⤵
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အချင်းချင်းရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

တာချီလိတ် မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း အချင်းချင်းရန်ဖြစ်ရာမှ အရိုက်ခံရသည့် အမျိုးသားတစ်ဦး ဆေးရုံတွင် ကုသမှုခံယူစဉ် သေဆုံးသွားသဖြင့် ရန်ဖြစ်ရာ၌ ပါဝင်သည့် အမျိုးသား (၃)ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ဆောက်လက်စအဆောက်အဦး အလုပ်ဆိုဒ်တွင် မတ် (၈)ရက်နေ့က စကားများရန်ဖြစ်ကြ၍ ကျဟယ် (ခ) ရှောက်လီမှာ ဒဏ်ရာများရသွားကြောင်း ကျဟယ်(ခ) ရှောက်လီ၏ ဇနီးက ရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း သိရသည်။
ယင်းနောက် ကျဟယ် (ခ) ရှောက်လီမှာ ရရှိသည့် ဒဏ်ရာများဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် မတ်လ (၉)ရက်က သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးညို (ခ) တင်မောင်ညွန့်၊ နေဖြိုးပိုင် (ခ) ငအို နှင့် ခန့်စည်ကျော် (ခ) ငမဲတို့အား အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္း အခ်င္းခ်င္းရန္ျဖစ္ရာမွ တစ္ဦးေသဆုံး ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္း အခ်င္းခ်င္းရန္ျဖစ္ရာမွ တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.