ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာလုပ္သား ကိုးေထာင္ေလာက္ အလုပ္လက္မဲ့ျဖစ္

ရန္ကုန္ၿမိဳ႕ အထည္ခ်ဳပ္စက္႐ုံတစ္ခုမွာ အလုပ္လုပ္ေနသူေတြကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း လႈိင္သာယာစက္မႈဇုန္တို႔ ကုန္ၾကမ္း ျပတ္လပ္ၿပီး ႏွစ္လအတြင္း လုပ္သား ကိုးေထာင္နီးပါး အလုပ္လက္မဲ့ျဖစ္သြားၿပီလို႔ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္က ေျပာပါတယ္။

၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၂၄ ရက္ေန႔ကေန မတ္လ ၁၀ ရက္ေန႔ အထိေကာက္ယူထားတဲ့ စာရင္းအရပိတ္သိမ္း သြားတဲ့ စက္႐ုံ ၂၁ ႐ုံရွိၿပီး အလုပ္သမား စုစုေပါင္း ၈၉၀၀ ေက်ာ္ ရွိေနၿပီလို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM က မၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

အခုအလုပ္လက္မဲ့စာရင္းမွာ ပဲခူးတိုင္း၊ မႏၲေလးတိုင္းနဲ႔ အျခားစက္မႈလုပ္ငန္းေတြက စာရင္းေတြမပါေသးဘူးလို႔ ဆိုပါတယ္။ အခုလို အလုပ္လက္မဲ့ဦးေရ အခ်ိန္တိုအတြင္း သိသိသာသာ တိုးလာေနတာနဲ႔ ပတ္သက္ၿပီး သတင္း အခ်က္အလက္အတိအက်ကို အစိုးရဘက္က ထုတ္ျပန္အသိေပးတာ မရွိေသးပါဘူး။

"အခုအေနအထားကေတာ့ ကြၽန္မတို႔က ေျပာဖို႔ေတာ္ေတာ္ေလးည္း ခက္တယ္။ ဘာလို႔လဲဆိုေတာ့ အလုပ္ရွင္ဆီ ကလည္း သတင္းအခ်က္အလက္ရမေနဘူး။ အစိုးရဆီက၊ အလုပ္သမားဝန္ႀကီးဌာနဆီကလည္း သတင္းအခ်က္ အလက္ရမေနေသးဘူး။ ေျမျပင္မွာပဲ အဖြဲ႕ခ်ဳပ္ေတြက စုေဆာင္းေနတဲ့စာရင္းပဲရွိေနေတာ့ ကြၽန္မလည္း အဲဒီ ကိန္းဂဏန္းကိုေတာ့ ေျပာဖို႔ခက္ေနပါတယ္။"

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံနဲ႔ နယ္ေျမခ်င္းထိစပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ စီးပြားေရးအရအထိနာမႈေတြ လည္း တေန႔တျခား သိသာလာေနပါၿပီ။ အထည္ခ်ဳပ္လုပ္ငန္းတင္မက နယ္စပ္ ကုန္သြယ္ေရး၊ ခရီးသြားလုပ္ငန္း၊ ေရထြက္ကုန္ပစၥည္းတင္ပို႔မႈနဲ႔ တ႐ုတ္ - ျမန္မာဆက္စပ္ၿပီး လုပ္ကိုင္ေနတဲ့ အျခားစီးပြားေရးလုပ္ငန္းေတြလည္း ထိခိုက္နစ္နာမႈေတြ ရွိလာေနပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာလုပ်သား ကိုးထောင်လောက် အလုပ်လက်မဲ့ဖြစ်

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေသူတွေကို တွေ့ရစဉ်

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်တို့ ကုန်ကြမ်း ပြတ်လပ်ပြီး နှစ်လအတွင်း လုပ်သား ကိုးထောင်နီးပါး အလုပ်လက်မဲ့ဖြစ်သွားပြီလို့ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့ အထိကောက်ယူထားတဲ့ စာရင်းအရပိတ်သိမ်း သွားတဲ့ စက်ရုံ ၂၁ ရုံရှိပြီး အလုပ်သမား စုစုပေါင်း ၈၉၀၀ ကျော် ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က မဖြိုးစန္ဒာစိုးက ပြောပါတယ်။

အခုအလုပ်လက်မဲ့စာရင်းမှာ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ အခြားစက်မှုလုပ်ငန်းတွေက စာရင်းတွေမပါသေးဘူးလို့ ဆိုပါတယ်။ အခုလို အလုပ်လက်မဲ့ဦးရေ အချိန်တိုအတွင်း သိသိသာသာ တိုးလာနေတာနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်အတိအကျကို အစိုးရဘက်က ထုတ်ပြန်အသိပေးတာ မရှိသေးပါဘူး။

"အခုအနေအထားကတော့ ကျွန်မတို့က ပြောဖို့တော်တော်လေးည်း ခက်တယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှင်ဆီ ကလည်း သတင်းအချက်အလက်ရမနေဘူး။ အစိုးရဆီက၊ အလုပ်သမားဝန်ကြီးဌာနဆီကလည်း သတင်းအချက် အလက်ရမနေသေးဘူး။ မြေပြင်မှာပဲ အဖွဲ့ချုပ်တွေက စုဆောင်းနေတဲ့စာရင်းပဲရှိနေတော့ ကျွန်မလည်း အဲဒီ ကိန်းဂဏန်းကိုတော့ ပြောဖို့ခက်နေပါတယ်။"

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရအထိနာမှုတွေ လည်း တနေ့တခြား သိသာလာနေပါပြီ။ အထည်ချုပ်လုပ်ငန်းတင်မက နယ်စပ် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုနဲ့ တရုတ် - မြန်မာဆက်စပ်ပြီး လုပ်ကိုင်နေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိလာနေပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာလုပ္သား ကိုးေထာင္ေလာက္ အလုပ္လက္မဲ့ျဖစ္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာလုပ္သား ကိုးေထာင္ေလာက္ အလုပ္လက္မဲ့ျဖစ္ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.