မေလးနဲ႔ ျမန္မာ ေလေၾကာင္းပ်ံသန္းမႈ ရပ္ဆုိင္း


(Zawgyi/Unicode)

ျမန္မာလူမ်ိဳး ၅သိန္းထက္မနည္း အလုပ္လုပ္ကိုင္ေနတ့ဲ မေလးရွားႏုိင္ငံမွာ ကုိရိုနာဗိုင္းရပ္စ္ ကူးစက္သူ ၉၀၀ ေလာက္ရွိသြားၿပီမို ့ ဗလီ၀တ္ျပဳဆုေတာင္းပြဲတက္ခဲ့သူ ထဲမွာ ပါ၀င္တဲ့ရိုဟင္ဂ်ာ ၂၀၀၀ ထက္မနည္းကုိရွာေဖြ ေဆးစစ္မႈမ်ားျပဳလုပ္ေနသလို မေလးရွားႏိုင္ငံကေန ျမန္မာႏိုင္ငံကုိ ထြက္တဲ့ေလေၾကာင္းလိုင္းေတြကုိလည္း မတ္လ ၁၉ရက္ကစၿပီး ပိတ္ပစ္လိုက္ပါၿပီ ။ အေၾကာင္းစံုကို မေအးေအးမာက တင္ျပထားပါတယ္။

မေလးရွားႏိုင္ငံမွာ ေဖေဖၚ၀ါရီလ ၂၇ ကေန မတ္လ ၁ ရက္ ေန ့အထိ ကြာလန္လမ္ပူၿမိဳ႕ Sri Petaling mosque ဗလီမွာ က်င္းပခဲ့တဲ့ အစၥလာမ္ ဘာသာေရး ဆုေတာင္းပြဲ တက္ေရာက္လာသူ ၁၆၀၀၀ ေက်ာ္ထဲက ၅၁၃ ဦးဟာ ကူးဆက္ျမန္ေနတဲ့ ကုိရိုနာဗိုင္းရပ္စ္ Covid-19 ေရာဂါ ကူးစက္ေနတာ စစ္ေဆး ေတြ ့ရွိသြားခဲ႔ ၿပီး ေနာက္ မေလးရွားအာဏာပိုင္ေတြဟာ ဘာသာေရး ပြဲတက္ေရာက္ခဲ့သူေတြ အားလံုး အေရးေပၚ ေဆးစစ္မႈေတြ ျပဳလုပ္ေနပါတယ္။

ဒီထဲမွာ ျမန္မာျပည္၊ ရခိုင္ျပည္နယ္ဘက္ကေန လာေရာက္ ေနထိုင္ေနၾကတဲ့ ရိုဟင္ဂ်ာ ၂၀၀၀ ကိုလည္း ေရာဂါပိုး စိစစ္မွုေတြ စီစဥ္လုပ္ေဆာင္ေနေၾကာင္း ထိုင္းႏိုင္ငံ Nation သတင္းေတြမွာေဖာ္ျပပါတယ္ ။မေလးရွားႏိုင္ငံ ျမန္မာသံရံုးကုိယ္စားျပဳျပီး မေလးရွားႏိုင္ငံ ျမန္မာေတြအကူအညီေပးေနတဲ့ ကိုသီဟေမာင္ေမာင္ကေတာ့ မတ္လ ၁၉ ရက္ေန႔ကေလေၾကာင္းလိုင္းေတြ ပိတ္ပစ္လိုက္တဲ့အေၾကာင္း အခုလိုေျပာျပပါတယ္။

“ ဒီေန႔ သတင္းမွာ လူ ၉၀၀ ျဖစ္သြားၿပီ။ မေန႔က ထိေတာ့ ၇၉၀ ဒီေန႔ ၁၁၀ထပ္တုိးတယ္ ဆုိေတာ့ ၉၀၀ျဖစ္သြားတယ္။ ဒီအေျခအေနအရ ေလေၾကာင္းလိုင္းေတြလည္း ပိတ္လိုက္ၿပီး အထြက္လည္း ဒီႏိုင္ငံကေန ေပးမထြက္ေတာ့ဘူး။ အခု ျမန္မာႏိုင္ငံကုိျပန္ေနတဲ့ ေလေၾကာင္းလိုင္း ၃ ခုေပါ့ မေလးရွားေလေၾကာင္းလိုင္းရယ္ ၊ Air Asia ရယ္္ ၊ မာလင္ဒိုေလေႀကာင္းလိုင္းရယ္ အဲဒါေတြပိတ္ပစ္လိုက္တယ္ ။ က်န္တဲ့ေလေၾကာင္းလိုင္း ေတြလည္း ပိတ္ပစ္တယ္။ အရင္တုန္းက အ၀င္သာလက္မခံတာ ထြက္မယ့္သူေတြကုိ လက္ခံထားတယ္ဆုိေပမဲ့ ဒီေန႔ မနက္ ၆နာရီ ၄၅ ထြက္မယ့္ Air Asia ေလေၾကာင္းလိုင္းက ေန စျပီး ျပန္မယ့္ သူေတြ ေလဆိပ္သြားတဲ့လူေတြကိုလည္း စၿပီး ပိတ္လိုက္တာေပါ့။”

မေလးရွားႏုိင္ငံ ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ ေနရာျဖစ္တဲ့ ဗလီတက္တဲ့ ေနရာမွာပါ၀င္တဲ့ ရိုဟင္ဂ်ာ ၂၀၀၀ထက္မနည္း ကိုလည္း စစ္ေဆးတာ၊ လိုက္လံရွာေဖြတာ၊ ေဆးစစ္တာေတြ လုပ္လာတာနဲ႔ ပတ္သက္လို႔ ေမးၾကည့္တဲ့ အခါမွာေတာ့

“ဗလီတက္တာေတာ့ ရိုဟင္ဂ်ာေတြ မ်ားေသာအားျဖင့္က တက္တာေပါ့ ။ မူဆလင္ဘာသာ၀င္ေတြဆုိေတာ့ အဲဒီထဲမွာ သူတို႔ ပါသြားတယ္၊ မပါဘူးဆိုတာက်ေနာ္တို႔က အတိအက်မသိဘူး ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ရက္ေတြတုန္းက သူတို႔ အစည္းအေ၀းေတြလုပ္တယ္။ လူတေသာင္းေက်ာ္လုပ္တာ အဲဒီမွာ ရိုဟင္ဂ်ာေတြပါသြားတယ္ မပါဘူးဆုိတာ အတိအက်မသိဘူး ဒါေပမယ့္ သူတို႔ကိုစစ္တယ္ဆုိတာကလည္း သံသယရွိလို ့အစည္းအေ၀းမွာပါသြားလို ့သာစစ္တာျဖစ္မယ္”

အခုဆိုရင္ မေလးရွားႏိုင္ငံမွာ စားေသာက္ဆုိင္ေတြက ခံုေတြမွာ ထုိင္စားတာေတြေတာင္ မလုပ္ခိုင္းေတာ့ဘူးလို႔ ဆိုပါတယ္။

“အခုက ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္ေလး ေဆာင္ရြက္ေနနတဲ့ အေနအထားေတြ ေတြ႔ရတယ္။ မေလးရွားႏိုင္ငံ ရဲ ဌာနေတြကေတာ့အကုန္ညြန္ၾကားထားတာ လူစုလူေ၀းမလုပ္ဖို႔ ၊ စားေသာက္ဆုိင္ေတြ ကလည္း အခု အိမ္ကုိပဲ ထုတ္ယူခိုင္းတယ္ ။ ခံုေတြနဲ႕ ထုိင္စားတာေတြ မလုပ္ေတာ့ဘူး။”

ဘာသာေရးပြဲတက္ေရာက္သူ ေတြထဲက ကိုရိုနာဗိုင္းရပ္စ္ Covid-19 နဲ႔ လူေတြေသဆံုးသြားခဲ့ၿပီးတဲ့ေနာက္ မေလး အာဏာပိုင္ေတြဟာ လူတေသာင္းေက်ာ္စုေ၀းခဲ့တဲ့ ဗလီလို ရက္အကန္ ့သတ္မရွိ ပိတ္ထားခဲ့ပါတယ္။ ႐ိုဟင္ဂ်ာအသိုင္းေတြထဲက တခ်ိဳ ့ကေတာ့ တရား၀င္စာရြက္စာတမ္း ကိုင္ေဆာင္ထားတာမဟုတ္တာေၾကာင့္ coronavirus ကိုစစ္ေဆးခံဖို႔ တြန႔္ဆုတ္ေနၾကတယ္လို ့ မေလးရွားႏို္င္ငံရဲ သတင္းေတြမွာ ေဖာ္ျပပါတယ္။

႐ိုဟင္ဂ်ာေတြကို မေလးရွားႏိုင္ငံကရွာေဖြရျခင္းဟာ မေလးရွားႏိုင္ငံမွာ ရိုဟင္ဂ်ာေတြကို တရား၀င္ ေနထိုင္ခြင့္ေပးထားသူေတြထက္ တရားမ၀င္ခုိး၀င္ေနထိုင္ေနေတြ မ်ားတာေၾကာင့္ ဗိုင္းရပ္စ္ပိုး စစ္ေဆးႏိုင္ဖို႔အတြက္ အစိုးရအတြက္ စိန္ေခၚမူေတြ ရွိတယ္လို႕ မေလးရွားႏိုင္ငံ သတင္းေတြမွာေဖာ္ျပေနပါတယ္။မေလးရွားနိုင္ငံမွာ လာေရာက္ေနထိုင္ေနၾကတဲ့ ရိုဟင္ဂ်ာ ဦးေရ တစ္သိန္းေက်ာ္ ရိွေနတယ္လို႕မေလးရွားအစုိးရက ခန္႔မွန္းထားပါတယ္။

..................

မလေးနဲ့ မြန်မာ လေကြောင်းပျံသန်းမှု ရပ်ဆိုင်း

(Unicode)

မြန်မာလူမျိုး ၅သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀၀ လောက်ရှိသွားပြီမို့ ဗလီဝတ်ပြုဆုတောင်းပွဲတက်ခဲ့သူ ထဲမှာ ပါဝင်တဲ့ရိုဟင်ဂျာ ၂၀၀၀ ထက်မနည်းကိုရှာဖွေ ဆေးစစ်မှုများပြုလုပ်နေသလို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ထွက်တဲ့လေကြောင်းလိုင်းတွေကိုလည်း မတ်လ ၁၉ရက်ကစပြီး ပိတ်ပစ်လိုက်ပါပြီ ။ အကြောင်းစုံကို မအေးအေးမာက တင်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၂၇ ကနေ မတ်လ ၁ ရက် နေ့အထိ ကွာလန်လမ်ပူမြို့ Sri Petaling mosque ဗလီမှာ ကျင်းပခဲ့တဲ့ အစ္စလာမ် ဘာသာရေး ဆုတောင်းပွဲ တက်ရောက်လာသူ ၁၆၀၀၀ ကျော်ထဲက ၅၁၃ ဦးဟာ ကူးဆက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါ ကူးစက်နေတာ စစ်ဆေး တွေ့ရှိသွားခဲ့ ပြီး နောက် မလေးရှားအာဏာပိုင်တွေဟာ ဘာသာရေး ပွဲတက်ရောက်ခဲ့သူတွေ အားလုံး အရေးပေါ် ဆေးစစ်မှုတွေ ပြုလုပ်နေပါတယ်။

ဒီထဲမှာ မြန်မာပြည်၊ ရခိုင်ပြည်နယ်ဘက်ကနေ လာရောက် နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၂၀၀၀ ကိုလည်း ရောဂါပိုး စိစစ်မှုတွေ စီစဉ်လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံ Nation သတင်းတွေမှာဖော်ပြပါတယ် ။မလေးရှားနိုင်ငံ မြန်မာသံရုံးကိုယ်စားပြုပြီး မလေးရှားနိုင်ငံ မြန်မာတွေအကူအညီပေးနေတဲ့ ကိုသီဟမောင်မောင်ကတော့ မတ်လ ၁၉ ရက်နေ့ကလေကြောင်းလိုင်းတွေ ပိတ်ပစ်လိုက်တဲ့အကြောင်း အခုလိုပြောပြပါတယ်။

“ ဒီနေ့ သတင်းမှာ လူ ၉၀၀ ဖြစ်သွားပြီ။ မနေ့က ထိတော့ ၇၉၀ ဒီနေ့ ၁၁၀ထပ်တိုးတယ် ဆိုတော့ ၉၀၀ဖြစ်သွားတယ်။ ဒီအခြေအနေအရ လေကြောင်းလိုင်းတွေလည်း ပိတ်လိုက်ပြီး အထွက်လည်း ဒီနိုင်ငံကနေ ပေးမထွက်တော့ဘူး။ အခု မြန်မာနိုင်ငံကိုပြန်နေတဲ့ လေကြောင်းလိုင်း ၃ ခုပေါ့ မလေးရှားလေကြောင်းလိုင်းရယ် ၊ Air Asia ရယ် ၊ မာလင်ဒိုလေကြောင်းလိုင်းရယ် အဲဒါတွေပိတ်ပစ်လိုက်တယ် ။ ကျန်တဲ့လေကြောင်းလိုင်း တွေလည်း ပိတ်ပစ်တယ်။ အရင်တုန်းက အဝင်သာလက်မခံတာ ထွက်မယ့်သူတွေကို လက်ခံထားတယ်ဆိုပေမဲ့ ဒီနေ့ မနက် ၆နာရီ ၄၅ ထွက်မယ့် Air Asia လေကြောင်းလိုင်းက နေ စပြီး ပြန်မယ့် သူတွေ လေဆိပ်သွားတဲ့လူတွေကိုလည်း စပြီး ပိတ်လိုက်တာပေါ့။”

မလေးရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်တဲ့ ဗလီတက်တဲ့ နေရာမှာပါဝင်တဲ့ ရိုဟင်ဂျာ ၂၀၀၀ထက်မနည်း ကိုလည်း စစ်ဆေးတာ၊ လိုက်လံရှာဖွေတာ၊ ဆေးစစ်တာတွေ လုပ်လာတာနဲ့ ပတ်သက်လို့ မေးကြည့်တဲ့ အခါမှာတော့

“ဗလီတက်တာတော့ ရိုဟင်ဂျာတွေ များသောအားဖြင့်က တက်တာပေါ့ ။ မူဆလင်ဘာသာဝင်တွေဆိုတော့ အဲဒီထဲမှာ သူတို့ ပါသွားတယ်၊ မပါဘူးဆိုတာကျနော်တို့က အတိအကျမသိဘူး ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်တွေတုန်းက သူတို့ အစည်းအဝေးတွေလုပ်တယ်။ လူတသောင်းကျော်လုပ်တာ အဲဒီမှာ ရိုဟင်ဂျာတွေပါသွားတယ် မပါဘူးဆိုတာ အတိအကျမသိဘူး ဒါပေမယ့် သူတို့ကိုစစ်တယ်ဆိုတာကလည်း သံသယရှိလို့အစည်းအဝေးမှာပါသွားလို့သာစစ်တာဖြစ်မယ်”

အခုဆိုရင် မလေးရှားနိုင်ငံမှာ စားသောက်ဆိုင်တွေက ခုံတွေမှာ ထိုင်စားတာတွေတောင် မလုပ်ခိုင်းတော့ဘူးလို့ ဆိုပါတယ်။

“အခုက ဒါနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဆောင်ရွက်နေနတဲ့ အနေအထားတွေ တွေ့ရတယ်။ မလေးရှားနိုင်ငံ ရဲ ဌာနတွေကတော့အကုန်ညွန်ကြားထားတာ လူစုလူဝေးမလုပ်ဖို့ ၊ စားသောက်ဆိုင်တွေ ကလည်း အခု အိမ်ကိုပဲ ထုတ်ယူခိုင်းတယ် ။ ခုံတွေနဲ့ ထိုင်စားတာတွေ မလုပ်တော့ဘူး။”

ဘာသာရေးပွဲတက်ရောက်သူ တွေထဲက ကိုရိုနာဗိုင်းရပ်စ် Covid-19 နဲ့ လူတွေသေဆုံးသွားခဲ့ပြီးတဲ့နောက် မလေး အာဏာပိုင်တွေဟာ လူတသောင်းကျော်စုဝေးခဲ့တဲ့ ဗလီလို ရက်အကန့်သတ်မရှိ ပိတ်ထားခဲ့ပါတယ်။ ရိုဟင်ဂျာအသိုင်းတွေထဲက တချို့ကတော့ တရားဝင်စာရွက်စာတမ်း ကိုင်ဆောင်ထားတာမဟုတ်တာကြောင့် coronavirus ကိုစစ်ဆေးခံဖို့ တွန့်ဆုတ်နေကြတယ်လို့ မလေးရှားနိုင်ငံရဲ သတင်းတွေမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံကရှာဖွေရခြင်းဟာ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေကို တရားဝင် နေထိုင်ခွင့်ပေးထားသူတွေထက် တရားမဝင်ခိုးဝင်နေထိုင်နေတွေ များတာကြောင့် ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်ဖို့အတွက် အစိုးရအတွက် စိန်ခေါ်မူတွေ ရှိတယ်လို့ မလေးရှားနိုင်ငံ သတင်းတွေမှာဖော်ပြနေပါတယ်။မလေးရှားနိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဦးရေ တစ်သိန်းကျော် ရှိနေတယ်လို့မလေးရှားအစိုးရက ခန့်မှန်းထားပါတယ်။

ေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
မေလးနဲ႔ ျမန္မာ ေလေၾကာင္းပ်ံသန္းမႈ ရပ္ဆုိင္း မေလးနဲ႔ ျမန္မာ ေလေၾကာင္းပ်ံသန္းမႈ ရပ္ဆုိင္း Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.