ျမန္မာေတြ အိမ္ကအလုပ္လုပ္ၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြ တုိက္တြန္း


(Zawgyi/Unicode)

ကမာၻ႔ကပ္ေရာဂါ COVID 19 ျမန္မာႏုိင္ငံမွာ အခုအခ်ိန္အထိ ကူးစက္မႈလူနာ တရားဝင္စာရင္းအရ မရွိေသးေပမဲ့လို႔ ကူးစက္ပ်ံ႕ပြားမႈ မရွိေစရေအာင္ ပြဲလမ္းသဘင္ေတြ မက်င္းပဖို႔နဲ႔ လူထူထပ္တဲ့ ေနရာေတြမွာ မစုေဝးၾကဖို႔နဲ႔ မလိုအပ္ရင္ အျပင္မထြက္ၾကဖို႔ လုပ္ငန္းခြင္ေတြမွာ မလုပ္ပဲနဲ႔ အိမ္ကေနပဲ အလုပ္လုပ္ၾကဖို႔ က်န္းမာေရးပညာရွင္ေတြက ျမန္မာျပည္သူေတြကို တုိက္တြန္းပါတယ္။

ကူးစက္မႈ သံသယလူနာေတြ ေစာင့္ၾကည့္ လူနာေတြကိုလည္း စနစ္တက် က်န္းမာေရး ေစာင့္ေရွာက္ ေပးေနသလို ျပည္သူေတြဘက္ကလည္း က်န္းမာေရးအသိရွိရွိနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ ပညာေပးမႈေတြ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြ လိုက္နာေပးၾကဖို႔ တိုက္တြန္းပါတယ္။ အခုဆိုရင္လည္း က်န္းမာေရးပညာေပးလုပ္ငန္းေတြကို လူထုထဲအထိ တိုက္႐ိုက္မဆင္းေတာ့ပဲ သတင္းမီဒီယာေတြကေနတဆင့္ ပညာေပးႏိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္လို႔ လူထုကို က်န္းမာေရးအသိပညာေပးေနတဲ့ အေထြအေထြေရာဂါကု အထူးကုဆရာဝန္ၾကီး ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္ကို မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္။ ။ ျမန္မာျပည္မွာလည္း က်ေနာ္တို႔က အဲလိုအစီအစဥ္ေတြ ေဆာင္ရြက္ေနတာရွိတယ္ေပါ့။ က်ေနာ္တို႔ private ေက်ာင္းေတြမွာ ညႊန္ၾကားခ်က္ထြက္ၿပီး သူ႔သက္ဆိုင္ရာ ဌာနအလိုက္ ပိတ္သိမ္းေနတာေတြရွိတယ္။ ဥပမာ - က်ေနာ္တို႔ဆိုရင္ အခုကေနစၿပီးေတာ့ ဒီလကုန္တဲ့အထိကို အကုန္လံုးရပ္ထားၿပီးေတာ့ ကူးစက္တဲ့အေနအထားကို ကာကြယ္တားဆီးတာျဖစ္တဲ့အတြက္ ျပည္သူေတြလည္း ပူးေပါင္းပါ၀င္ဖို႔ လိုအပ္ပါတယ္။ ဒါကို လက္ခံဖို႔လည္း လိုအပ္ပါတယ္လို႔ ေျပာခ်င္ပါတယ္။

မဆုမြန္။ ။ ေနာက္တခုက လုပ္ငန္းခြင္ေတြေပါ့ေနာ္ အခုဆိုရင္ Work from home အိမ္ကေနၿပီးေတာ့ အလုပ္လုပ္တာ ေနာက္ၿပီးေတာ့ Telework ေတြ စၿပီးေတာ့ လုပ္ၾကတယ္ေပါ့ေနာ္။ ဒီဘက္မွာလည္း အခုဆိုရင္ အသံလႊင့္ဌာနေတြပါ စၿပီးေတာ့ လုပ္ၿပီ။ ျမန္မာျပည္မွာဆိုရင္လည္း တခ်ိဳ႕ သတင္းဌာနေတြလည္း လုပ္ေနၾကၿပီေပါ့ေနာ္။ အဲလိုမ်ိဳး လုပ္ငန္းခြင္နဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ငန္းရွင္ေတြကိုေရာ ၀န္ထမ္းေတြကိုေရာ ဒီအလုပ္နဲ႔ ပတ္သက္ၿပီးေတာ့ တခ်ိဳ႕ စိန္ေခၚမႈေတြလည္း အမ်ားႀကီးရွိေနတာလည္း ရွိတယ္ ။ ဒါေပမယ့္ က်န္းမာေရးအရ လိုအပ္ခ်က္အရ လုပ္ရတဲ့ ဒီအေတြ႔အႀကံဳအသစ္တခုအေပၚမွာ ဆရာဘာမ်ား ပညာေပးစကားေျပာခ်င္တာ ရွိပါသလဲ။

ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္။ ။ အဲဒါကေတာ့ pandemic ျဖစ္ေနတဲ့ ေရာဂါတခုက ကိုယ့္ႏိုင္ငံကို ၀င္ေရာက္လာျခင္းမရွိေအာင္ ၊ ေရာက္ရွိလာတယ္ဆိုရင္လည္း ျမန္မာျပည္သူလူထု အတြင္းပ်ံ႕ႏွံ႔မႈမရွိေအာင္ ဒါက အေကာင္းဆံုးလုပ္ေနတဲ့ နည္းလမ္းေတြျဖစ္တယ္ဆိုတာ က်ေနာ္တို႔ ယံုၾကည္တယ္။ အဲလိုပဲ လူေတြအားလံုးကလည္း ဒါကို သိရွိဖို႔ လိုတယ္ေပါ့ေနာ္။ အထူးသျဖင့္ က်ေနာ္တို႔ စဥ္းစားေပးရမွာကေတာ့ တေန႔လုပ္တေန႔စား လက္လုပ္လက္စားနဲ႔ အလုပ္ရပ္နားလိုက္ရင္ ၀င္ေငြမရွိရင္ စား၀တ္ေနေရး အခက္အခဲျဖစ္မယ့္ လူတန္းစားတရပ္ကို ဘယ္လုိၾကည့္ရႈ ကူညီေပးမလဲဆိုတာေလးတခုပဲ စဥ္းစားၿပီးေတာ့ ကူညီေဆာင္ရြက္စရာရွိတာေပါ့။

က်ေနာ္တုိ႔ ဆရာ၀န္ေတြ အေနနဲ႔ကေတာ့ ေဆးရံုေဆးေပးခန္းမွာ လူနာေတြကို ေဆးကုသေပးတဲ့ ကိစၥျဖစ္တဲ့အခါက်ေတာ့ ေလာေလာဆည္ကေတာ့ ေဆးရံုေတြကေတာ့ ပိတ္လို႔မရဘူးဆိုတဲ့ သေဘာေပါ့။ အဲဒီေတာ့ လူနာေတြအေနနဲ႔ကလည္း သိရွိဖို႔က ဒီအခ်ိန္မွာ အေရးေပၚအေနအထား ေပါ့ေနာ္ အဲလိုမ်ိဳးအေနအထားမွာ ေဆးရံု၊ ေဆးေပးခန္းေတြကို သြားသင့္တယ္ဆိုတာကို က်ေနာ္တို႔ တင္ထားတာတို႔ ၊ share ၿပီးေတာ့ ျပသထားတာတို႔လည္း က်ေနာ္တို႔ ေတြ႔တယ္ေပါ့ေနာ္။ အဲဒီေတာ့ အေရးေပၚအေျခအေနမွာ နာတာရွည္လူနာေတြအေနနဲ႔ကေတာ့ မိမိေသာက္သံုးေနတဲ့ ေဆး၀ါးေတြကို ဆက္ၿပီးေတာ့ ေသာက္ဖို႔ရယ္၊ ကိုယ့္ရဲ႕ နီးစပ္ရာ ဆရာ၀န္နဲ႔ တိုင္ပင္ၿပီးေတာ့ ဆက္ၿပီးေတာ့ ကုသမႈ ခံယူရင္ေတာ့ ခရီးေ၀းသြားတာလာတာေတြလည္း ေလွ်ာ့ခ်ဖို႔ေပါ့ေနာ္ က်ေနာ္ကေတာ့ ကိုယ့္လူနာေတြကိုေတာ့ အၾကမ္းဖ်င္း အဲလိုေလး ေျပာထားတာေတာ့ရွိပါတယ္။ က်ေနာ္တုိ႔ လက္ေတြ႔ လုပ္ငန္းခြင္အရေတာ့ အခ်ိန္ေလးေတြ ေလွ်ာ့ခ်ဖို႔ရွိတယ္။ လူနာၾကည့္တဲ့အခ်ိန္ေလးေတြ ဘာျဖစ္လို႔လဲဆိုေတာ့ လူနာလာေရာက္တာေတြလည္း နည္းသြားတယ္ ။

ေနာက္ၿပီးေတာ့ ပညာေပးအစီအစဥ္ဆိုရင္လည္း သတင္းမီဒီယာကေနတဆင့္ ရိုက္ကူးေရးလုပ္ၿပီးေတာ့ပဲ သတင္းေပးပို႕တာေတြပိုၿပီးေတာ့ ေတြ႔လာတယ္ေပါ့ေနာ္။ တေနရာမွာ စုၿပီးေတာ့ ေဟာေျပာပြဲ က်င္းပတာေတြလည္း မရွိေတာ့ပဲနဲ႔ သတင္းမီဒီယာကေနတဆင့္ လူေတြဆီေရာက္ေအာင္ ညြန္ၾကားမႈျပဳလုပ္ေနတာေတြ ေတြ႔ရတဲ့အတြက္ ဒါလည္း ေကာင္းတယ္ေပါ့ေနာ္။ ဒီလို စနစ္တက် ေဆာင္ရြက္သြားမယ္ဆိုရင္ လုပ္ငန္းခြင္မွာလည္း ကူးစက္မႈႏႈန္းေတြ ေလွ်ာ့ခ်ႏိုင္မယ္လို႔ ထင္တယ္ေပါ့ေနာ္။ ဒါကေတာ့ က်ေနာ္နဲ႔ နီးစပ္ရာမွာ ၾကံဳေတြ႔ေနရတဲ့ လုပ္ငန္းခြင္ ကိစၥေလးေတြ က်ေနာ္ေျပာျပတာျဖစ္ပါတယ္။”

ဒါကေတာ့ COVID 19 မကူးစက္ခံရေအာင္ ျပည္သူအမ်ား အထူးသတိထားၾကဖို႔ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က ေျပာျပခဲ့တာပါ။


......................

မြန်မာတွေ အိမ်ကအလုပ်လုပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်း

(Unicode)

ကမ္ဘာ့ကပ်ရောဂါ COVID 19 မြန်မာနိုင်ငံမှာ အခုအချိန်အထိ ကူးစက်မှုလူနာ တရားဝင်စာရင်းအရ မရှိသေးပေမဲ့လို့ ကူးစက်ပျံ့ပွားမှု မရှိစေရအောင် ပွဲလမ်းသဘင်တွေ မကျင်းပဖို့နဲ့ လူထူထပ်တဲ့ နေရာတွေမှာ မစုဝေးကြဖို့နဲ့ မလိုအပ်ရင် အပြင်မထွက်ကြဖို့ လုပ်ငန်းခွင်တွေမှာ မလုပ်ပဲနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက မြန်မာပြည်သူတွေကို တိုက်တွန်းပါတယ်။

ကူးစက်မှု သံသယလူနာတွေ စောင့်ကြည့် လူနာတွေကိုလည်း စနစ်တကျ ကျန်းမာရေး စောင့်ရှောက် ပေးနေသလို ပြည်သူတွေဘက်ကလည်း ကျန်းမာရေးအသိရှိရှိနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပညာပေးမှုတွေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ လိုက်နာပေးကြဖို့ တိုက်တွန်းပါတယ်။ အခုဆိုရင်လည်း ကျန်းမာရေးပညာပေးလုပ်ငန်းတွေကို လူထုထဲအထိ တိုက်ရိုက်မဆင်းတော့ပဲ သတင်းမီဒီယာတွေကနေတဆင့် ပညာပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်လို့ လူထုကို ကျန်းမာရေးအသိပညာပေးနေတဲ့ အထွေအထွေရောဂါကု အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်။ ။ မြန်မာပြည်မှာလည်း ကျနော်တို့က အဲလိုအစီအစဉ်တွေ ဆောင်ရွက်နေတာရှိတယ်ပေါ့။ ကျနော်တို့ private ကျောင်းတွေမှာ ညွှန်ကြားချက်ထွက်ပြီး သူ့သက်ဆိုင်ရာ ဌာနအလိုက် ပိတ်သိမ်းနေတာတွေရှိတယ်။ ဥပမာ - ကျနော်တို့ဆိုရင် အခုကနေစပြီးတော့ ဒီလကုန်တဲ့အထိကို အကုန်လုံးရပ်ထားပြီးတော့ ကူးစက်တဲ့အနေအထားကို ကာကွယ်တားဆီးတာဖြစ်တဲ့အတွက် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါကို လက်ခံဖို့လည်း လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

မဆုမွန်။ ။ နောက်တခုက လုပ်ငန်းခွင်တွေပေါ့နော် အခုဆိုရင် Work from home အိမ်ကနေပြီးတော့ အလုပ်လုပ်တာ နောက်ပြီးတော့ Telework တွေ စပြီးတော့ လုပ်ကြတယ်ပေါ့နော်။ ဒီဘက်မှာလည်း အခုဆိုရင် အသံလွှင့်ဌာနတွေပါ စပြီးတော့ လုပ်ပြီ။ မြန်မာပြည်မှာဆိုရင်လည်း တချို့ သတင်းဌာနတွေလည်း လုပ်နေကြပြီပေါ့နော်။ အဲလိုမျိုး လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းရှင်တွေကိုရော ဝန်ထမ်းတွေကိုရော ဒီအလုပ်နဲ့ ပတ်သက်ပြီးတော့ တချို့ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေတာလည်း ရှိတယ် ။ ဒါပေမယ့် ကျန်းမာရေးအရ လိုအပ်ချက်အရ လုပ်ရတဲ့ ဒီအတွေ့အကြုံအသစ်တခုအပေါ်မှာ ဆရာဘာများ ပညာပေးစကားပြောချင်တာ ရှိပါသလဲ။

ဒေါက်တာမိုးအောင်ကျော်နိုင်။ ။ အဲဒါကတော့ pandemic ဖြစ်နေတဲ့ ရောဂါတခုက ကိုယ့်နိုင်ငံကို ဝင်ရောက်လာခြင်းမရှိအောင် ၊ ရောက်ရှိလာတယ်ဆိုရင်လည်း မြန်မာပြည်သူလူထု အတွင်းပျံ့နှံ့မှုမရှိအောင် ဒါက အကောင်းဆုံးလုပ်နေတဲ့ နည်းလမ်းတွေဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်တယ်။ အဲလိုပဲ လူတွေအားလုံးကလည်း ဒါကို သိရှိဖို့ လိုတယ်ပေါ့နော်။ အထူးသဖြင့် ကျနော်တို့ စဉ်းစားပေးရမှာကတော့ တနေ့လုပ်တနေ့စား လက်လုပ်လက်စားနဲ့ အလုပ်ရပ်နားလိုက်ရင် ဝင်ငွေမရှိရင် စားဝတ်နေရေး အခက်အခဲဖြစ်မယ့် လူတန်းစားတရပ်ကို ဘယ်လိုကြည့်ရှု ကူညီပေးမလဲဆိုတာလေးတခုပဲ စဉ်းစားပြီးတော့ ကူညီဆောင်ရွက်စရာရှိတာပေါ့။

ကျနော်တို့ ဆရာဝန်တွေ အနေနဲ့ကတော့ ဆေးရုံဆေးပေးခန်းမှာ လူနာတွေကို ဆေးကုသပေးတဲ့ ကိစ္စဖြစ်တဲ့အခါကျတော့ လောလောဆည်ကတော့ ဆေးရုံတွေကတော့ ပိတ်လို့မရဘူးဆိုတဲ့ သဘောပေါ့။ အဲဒီတော့ လူနာတွေအနေနဲ့ကလည်း သိရှိဖို့က ဒီအချိန်မှာ အရေးပေါ်အနေအထား ပေါ့နော် အဲလိုမျိုးအနေအထားမှာ ဆေးရုံ၊ ဆေးပေးခန်းတွေကို သွားသင့်တယ်ဆိုတာကို ကျနော်တို့ တင်ထားတာတို့ ၊ share ပြီးတော့ ပြသထားတာတို့လည်း ကျနော်တို့ တွေ့တယ်ပေါ့နော်။ အဲဒီတော့ အရေးပေါ်အခြေအနေမှာ နာတာရှည်လူနာတွေအနေနဲ့ကတော့ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကို ဆက်ပြီးတော့ သောက်ဖို့ရယ်၊ ကိုယ့်ရဲ့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆက်ပြီးတော့ ကုသမှု ခံယူရင်တော့ ခရီးဝေးသွားတာလာတာတွေလည်း လျှော့ချဖို့ပေါ့နော် ကျနော်ကတော့ ကိုယ့်လူနာတွေကိုတော့ အကြမ်းဖျင်း အဲလိုလေး ပြောထားတာတော့ရှိပါတယ်။ ကျနော်တို့ လက်တွေ့ လုပ်ငန်းခွင်အရတော့ အချိန်လေးတွေ လျှော့ချဖို့ရှိတယ်။ လူနာကြည့်တဲ့အချိန်လေးတွေ ဘာဖြစ်လို့လဲဆိုတော့ လူနာလာရောက်တာတွေလည်း နည်းသွားတယ် ။

နောက်ပြီးတော့ ပညာပေးအစီအစဉ်ဆိုရင်လည်း သတင်းမီဒီယာကနေတဆင့် ရိုက်ကူးရေးလုပ်ပြီးတော့ပဲ သတင်းပေးပို့တာတွေပိုပြီးတော့ တွေ့လာတယ်ပေါ့နော်။ တနေရာမှာ စုပြီးတော့ ဟောပြောပွဲ ကျင်းပတာတွေလည်း မရှိတော့ပဲနဲ့ သတင်းမီဒီယာကနေတဆင့် လူတွေဆီရောက်အောင် ညွန်ကြားမှုပြုလုပ်နေတာတွေ တွေ့ရတဲ့အတွက် ဒါလည်း ကောင်းတယ်ပေါ့နော်။ ဒီလို စနစ်တကျ ဆောင်ရွက်သွားမယ်ဆိုရင် လုပ်ငန်းခွင်မှာလည်း ကူးစက်မှုနှုန်းတွေ လျှော့ချနိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဒါကတော့ ကျနော်နဲ့ နီးစပ်ရာမှာ ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင် ကိစ္စလေးတွေ ကျနော်ပြောပြတာဖြစ်ပါတယ်။”

ဒါကတော့ COVID 19 မကူးစက်ခံရအောင် ပြည်သူအများ အထူးသတိထားကြဖို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပြခဲ့တာပါ။

မဆုမြန္/VOA (Burmese)
https://burmese.voanews.com
ျမန္မာေတြ အိမ္ကအလုပ္လုပ္ၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြ တုိက္တြန္း ျမန္မာေတြ အိမ္ကအလုပ္လုပ္ၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြ တုိက္တြန္း Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.