မင္းျပားမွာ ႐ြာအခ်ိဳ႕ပစ္ခတ္ခံရလို႔ လူ ၁၀၀၀ ေက်ာ္ထြက္ေျပးရ

(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ဖုံသာေခ်ာင္းဘက္မွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ေက်း႐ြာေတြထဲကို ပစ္ခတ္လို႔ ဒီေန႔ ေန႔လယ္က ေဒသခံ တစ္ေထာင္ေက်ာ္ေလာက္ဟာ အိုးအိမ္စြန႔္ခြာထြက္ေျပး သြားၾကတယ္လို႔ ေဒသခံေက်း႐ြာသားေတြက ေျပာပါတယ္။ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္က အဲဒီလိုပစ္ခတ္တာမရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ဖုံသာေခ်ာင္းအဝမွာရွိတဲ့ ေက်ာက္ေမာ္၊ ခြဆုံ၊ ပုလဲေတာင္၊ ေတာင္ေပါက္ေက စတဲ့ေက်း႐ြာေတြအနီးနဲ႔ ႐ြာေတြထဲကို ဒီေန႔ ေန႔လယ္က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ပစ္ခတ္ခံရလို႔ အဲဒီ႐ြာေတြက ႐ြာသား တစ္ေထာင္ေက်ာ္ေလာက္ဟာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံ ႐ြာသားေတြကေျပာပါတယ္။

ခြဆုံ႐ြာကိုေရာက္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္းကေန အနီးအနားမွာရွိတဲ့႐ြာေတြကို လွမ္းပစ္တာလို႔ ထြက္ေျပးေနရတဲ့ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်ာက္ေမာ္႐ြာသားတစ္ဦးက ေျပာပါတယ္။

“ဒီအနီးအနားမွာဆိုရင္ ဖုံသာခြဆုံရယ္၊ ေက်ာက္ေမာ္ရယ္၊ ေနာက္ၿပီးဟိုဘက္ ဖုံသာပုလဲေတာင္ရယ္ အဲဒီ႐ြာေတြကို ဖုံသာခြဆုံကေန ေသနတ္နဲ႔လွမ္းပစ္ေတာ့ ႐ြာသားေတြ အကုန္လုံး ထြက္ေျပးၾကတယ္။"

တပ္မေတာ္စစ္ေၾကာင္း ဖုံသာခြဆုံ႐ြာနားမွာရွိတာ။ လွမ္းပစ္တယ္ဆိုေတာ့ သူတို႔ဘယ္ကိုလွမ္းပစ္မွန္းကို မသိေတာ့တာ။ ကြၽန္ေတာ္တို႔ ေက်ာက္ေမာ္႐ြာက အိမ္ေခါင္မိုးေတြေပၚကိုလည္း လက္နက္ငယ္ေတြက်တယ္။ သူတို႔စစ္ေၾကာင္းလာတယ္လို႔ သတင္းၾကားရခ်ိန္က ကြၽန္ေတာ္တို႔ ထြက္မေျပးေသးဘူး။ ႐ြာမွာပဲေနၾကတာ။ ေသနတ္ပစ္သံေတြၾကားရမွပဲ ထြက္ေျပးၾကတာ”

အဲဒီ႐ြာေတြဟာ ဖုံသာေခ်ာင္းရဲ႕ထြက္ဝမွာ ဟိုဘက္ကမ္း ဒီဘက္ကမ္းရွိေနတဲ့႐ြာျဖစ္ၿပီး တပ္မေတာ္က ႐ြာနားက ေတာင္ေတြကိုပါ အေျမာက္ႀကီးေတြနဲ႔ လွမ္းပစ္ခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္ အမည္မေဖာ္လိုတဲ့ ေဒသခံ ႐ြာသားတစ္ဦးကလည္း ဒီေန႔ထြက္ေျပးၾကရတဲ့႐ြာဟာ ငါး႐ြာေလာက္ ရွိတယ္လို႔ေျပာပါတယ္။

“ဖုံသာဝေက်း႐ြာအုပ္စုေပါ့။ ထြက္ေျပးတာက ေက်ာက္ေမာ္၊ ဖုံသာပုလဲေတာင္၊ ခြဆုံ၊ ေတာင္ေပါက္ေက၊ စိတၱရ အကုန္လုံး ငါး႐ြာေပါ့။ ထြက္ေျပးတာက အခု လက္နက္ထိမွန္တဲ့႐ြာေတြကေန လက္နက္မက်ေရာက္တဲ့ ႐ြာေတြကိုေျပးၾကတာ။ ငါးတက္၊ ေက်းမ၊ ကိုင္းႀကီး တို႔ဘက္ ေျပးတာရွိတယ္။ မင္းတင္မဘက္ကို ေျပးတာေတြရွိတယ္။ အခုလို ျပည္သူေတြကို ႐ြာေတြကိုေျခာက္လွန႔္ပစ္ခတ္တာေတြကို လုံးဝမလုပ္ေစခ်င္ဘူး။ ႐ြာသားေတြ ေၾကာင့္ၾကစိုးရိမ္ရတယ္။ ျပည္သူေတြဆိုတာက ဘာမွသိၾကတာမဟုတ္ဘူး”

ဒီေက်း႐ြာေတြက ေသခံေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လေလာက္က မင္းဖူးေတာင္မွာ ျဖစ္ပြားခဲ့တဲ့ ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ပထမဆုံးအႀကိမ္ အမ်ားအျပားထြက္ေျပးခဲ့ၾကရၿပီး အခုထြက္ေျပးရတာကေတာ့ ဒုတိယအႀကိမ္ေျမာက္ လို႔ဆိုၾကပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ တပ္မေတာ္စစ္ေၾကာင္းေတြက ႐ြာေတြကိုမီးရႈိ႕တာ၊ အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္တာ စတဲ့သတင္းေတြဟာ ေဒသတြင္းမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနလို႔ အခုလည္း အဲဒီလို ျဖစ္လာမလားဆိုၿပီး ေၾကာက္လန႔္ထြက္ေျပးၾကတာလို႔လည္း ေျပာၾကပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ အဲဒီဖုံသာေခ်ာင္းဝနားက ႐ြာေတြမွာ တပ္မေတာ္က ပစ္ခတ္တာမရွိဘူးလို႔ေျပာပါတယ္။

“ေဒသခံျပည္သူလို႔သုံးထားတဲ့ သူပုန္ေတြပဲ ျဖစ္မွာေပါ့ဗ်ာ။ ရွင္းရွင္းေလးပါ။ အဲဒါမ်ိဳးမရွိပါဘူး။ ဟိုဘက္မွာ ကြၽန္ေတာ္တို႔ မီးဝနဲ႔ပလက္ဝဘက္ အျခမ္းမွာပဲ တိုက္ပြဲရွိပါတယ္”

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ဒီဇင္ဘာလအထိ တစ္ႏွစ္တာအတြင္း စစ္ေဘးဒုကၡသည္ တစ္သိန္း ဝန္းက်င္ရွိခဲ့ပါတယ္။

ဒီေန႔အထိဆိုရင္ေတာ့ တစ္သိန္းငါးေသာင္းေက်ာ္အထိ ရွိလာေနတယ္လို႔လည္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး(REC)ကဆိုပါတယ္။

ဒီႏွစ္ဆန္းပိုင္းမွာ တပ္မေတာ္က အင္အားသုံးနယ္ေျမရွင္းလင္းမႈေတြေၾကာင့္ အခ်ိန္ သုံးလေလာက္အတြင္းမွာ လူငါးေသာင္းေက်ာ္အထိ တိုးလာတာလို႔ REC ရဲ႕အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

“ေက်ာက္ေတာ္ကေန ပလက္ဝကိုသြားတဲ့ ႐ြာေတြ၊ ျမစ္ေၾကာင္းတစ္ေလွ်ာက္႐ြာေတြ၊ ရေသ့ေတာင္၊ ဘူးသီးေတာင္အစပ္မွာရွိတဲ့ ေမယုျမစ္ အေရွ႕ဘက္ကမ္းေပါ့ေနာ္ အဲဒီတစ္ေၾကာမွာရွိတဲ့႐ြာေတြ၊ ေနာက္တစ္ခါ ေျမပုံနဲ႔ မင္းျပားအစပ္မွာရွိတဲ့႐ြာေတြ၊ ဒီကားလမ္းေဘး ဒီဘက္ဟိုဘက္ေပါ့ေလ အဲဒီေနရာေတြမွာ တိုက္ပြဲေတြ အေတာ္မ်ားမ်ား ျပင္းထန္လာတာနဲ႔အတူ နယ္ေျမရွင္းလင္းေရးပုံစံေတြေပါ့ေနာ္ ေက်း႐ြာေတြအထိကို ေလေၾကာင္းကေသာ္လည္းေကာင္း၊ ေနာက္ ေရထဲကေသာ္လည္းေကာင္း၊ ေနာက္ လက္နက္ႀကီးေတြနဲ႔ တိုက္ခိုက္ၿပီးေတာ့မွ ႐ြာသားေတြအလုံးအရင္းနဲ႔ ထြက္ေျပးၾကတဲ့အေနအထားမ်ိဳး ေတြ႕ရပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ပဲ အခ်ိန္ကာလတိုတိုအတြင္းမွာ စစ္ေဘးဒုကၡသည္ ငါးေသာင္းေလာက္အထိ တိုးသြားတာျဖစ္ပါတယ္”

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ စာရင္းေတြမွာေတာ့ ၿပီးခဲ့တဲ့မတ္လ ၁၈ ရက္ေန႔အထိ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၁၀ ခုမွာ စစ္ေဘးဒုကၡသည္ ေျခာက္ေသာင္းနီးပါးရွိၿပီး ယာယီကယ္ဆယ္ေရးစခန္းကေတာ့ ၁၃၁ ခုရွိပါတယ္။

ေနရပ္စြန႔္ခြာထြက္ေျပးသူေတြဟာ အစိုးရကသတ္မွတ္ထားတဲ့ ယာယီကယ္ဆယ္ေရးစခန္းေတြဆီကို ေရာက္လာရင္ေတာ့ တတ္ႏိုင္သမွ် အကူအညီေတြေပးေနတယ္လို႔ ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္မင္းကေျပာပါတယ္။

"ကြၽန္ေတာ္တို႔ဌာနအေနနဲ႔ကေတာ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြအမ်ားႀကီးရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဝးလံေခါင္ဖ်ားတဲ့ေနရာေတြရွိတယ္။ လမ္းပန္းဆက္သြယ္ေရးနဲ႔ လုံၿခဳံေရးအရ စိတ္မခ်ရတာေတြ အဲလိုရွိပါတယ္။ ရွိေသာ္ျငားလည္းပဲ ကြၽန္ေတာ္တို႔ ျပည္သူေတြဆီ လက္ဝယ္အေရာက္ အတတ္ႏိုင္ဆုံး ကြၽန္ေတာ္တို႔ ဒီစုရပ္စခန္းေတြကို ေရာက္ရွိေအာင္ ကြၽန္ေတာ္တို႔ ေထာက္ပံ့ေဆာင္႐ြက္ေပးပါတယ္။ အဲဒီမွာတင္ ကြၽန္ေတာ္တို႔ရဲ႕ အားအင္တစ္ခုျဖစ္တဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို အားအင္တစ္ခုအေနနဲ႔ ကြၽန္ေတာ္တို႔ယူရပါတယ္။ အဲလိုမ်ိဳးစုရပ္ေတြကို ေရာက္ရွိလာတဲ့ ျပည္သူလူထုေတြကို သူတို႔ရဲ႕လက္ဝယ္အေရာက္ ေထာက္ပံ့ႏိုင္ဖို႔က အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအင္အားကို ကြၽန္ေတာ္တို႔ယူၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ေထာက္ပံ့ေပးတာရွိပါတယ္”

အစိုးရရဲ႕စာရင္းေတြထဲမွာေတာ့ စစ္ေဘးဒုကၡသည္ဦးေရ အမ်ားဆုံးရွိတဲ့ ၿမိဳ႕နယ္ေတြဟာ ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြျဖစ္ၿပီး ဒီေန႔ေဒသခံ တစ္ေထာင္ေက်ာ္ထြက္ေျပးၾကရတဲ့ မင္းျပားၿမိဳ႕နယ္မွာေတာ့ ဒုကၡသည္ဦးေရ ေလးေထာင္ေက်ာ္ရွိပါတယ္။

RFA က ရရွိခဲ့တဲ့အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ကေန မေန႔ကမတ္လ ၂၄ ရက္ေန႔ အထိ အခ်ိန္ ၁ လနီးပါးကာလမွာ ေသဆုံးတဲ့အရပ္သား ၅၀ ဦးထက္မနည္း ရွိေနသလို ထိခိုက္ ဒဏ္ရာရသူဟာလည္း ၁၅၀ ေက်ာ္အထိရွိေနပါတယ္။

AA အဖြဲ႕ကို မတရားအသင္းအျဖစ္ေရာ အၾကမ္းဖက္အဖြဲ႕အျဖစ္ပါ သတ္မွတ္ေၾကာင္း မတ္လ ၂၃ ရက္ေန႔မွာ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
မင်းပြားမှာ ရွာအချို့ပစ်ခတ်ခံရလို့ လူ ၁၀၀၀ ကျော်ထွက်ပြေးရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာတွေထဲကို ပစ်ခတ်လို့ ဒီနေ့ နေ့လယ်က ဒေသခံ တစ်ထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေး သွားကြတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်က အဲဒီလိုပစ်ခတ်တာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းအဝမှာရှိတဲ့ ကျောက်မော်၊ ခွဆုံ၊ ပုလဲတောင်၊ တောင်ပေါက်ကေ စတဲ့ကျေးရွာတွေအနီးနဲ့ ရွာတွေထဲကို ဒီနေ့ နေ့လယ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခံရလို့ အဲဒီရွာတွေက ရွာသား တစ်ထောင်ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံ ရွာသားတွေကပြောပါတယ်။

ခွဆုံရွာကိုရောက်နေတဲ့ တပ်မတော်စစ်ကြောင်းကနေ အနီးအနားမှာရှိတဲ့ရွာတွေကို လှမ်းပစ်တာလို့ ထွက်ပြေးနေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်မော်ရွာသားတစ်ဦးက ပြောပါတယ်။

“ဒီအနီးအနားမှာဆိုရင် ဖုံသာခွဆုံရယ်၊ ကျောက်မော်ရယ်၊ နောက်ပြီးဟိုဘက် ဖုံသာပုလဲတောင်ရယ် အဲဒီရွာတွေကို ဖုံသာခွဆုံကနေ သေနတ်နဲ့လှမ်းပစ်တော့ ရွာသားတွေ အကုန်လုံး ထွက်ပြေးကြတယ်။"

တပ်မတော်စစ်ကြောင်း ဖုံသာခွဆုံရွာနားမှာရှိတာ။ လှမ်းပစ်တယ်ဆိုတော့ သူတို့ဘယ်ကိုလှမ်းပစ်မှန်းကို မသိတော့တာ။ ကျွန်တော်တို့ ကျောက်မော်ရွာက အိမ်ခေါင်မိုးတွေပေါ်ကိုလည်း လက်နက်ငယ်တွေကျတယ်။ သူတို့စစ်ကြောင်းလာတယ်လို့ သတင်းကြားရချိန်က ကျွန်တော်တို့ ထွက်မပြေးသေးဘူး။ ရွာမှာပဲနေကြတာ။ သေနတ်ပစ်သံတွေကြားရမှပဲ ထွက်ပြေးကြတာ”

အဲဒီရွာတွေဟာ ဖုံသာချောင်းရဲ့ထွက်ဝမှာ ဟိုဘက်ကမ်း ဒီဘက်ကမ်းရှိနေတဲ့ရွာဖြစ်ပြီး တပ်မတော်က ရွာနားက တောင်တွေကိုပါ အမြောက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးကလည်း ဒီနေ့ထွက်ပြေးကြရတဲ့ရွာဟာ ငါးရွာလောက် ရှိတယ်လို့ပြောပါတယ်။

“ဖုံသာဝကျေးရွာအုပ်စုပေါ့။ ထွက်ပြေးတာက ကျောက်မော်၊ ဖုံသာပုလဲတောင်၊ ခွဆုံ၊ တောင်ပေါက်ကေ၊ စိတ္တရ အကုန်လုံး ငါးရွာပေါ့။ ထွက်ပြေးတာက အခု လက်နက်ထိမှန်တဲ့ရွာတွေကနေ လက်နက်မကျရောက်တဲ့ ရွာတွေကိုပြေးကြတာ။ ငါးတက်၊ ကျေးမ၊ ကိုင်းကြီး တို့ဘက် ပြေးတာရှိတယ်။ မင်းတင်မဘက်ကို ပြေးတာတွေရှိတယ်။ အခုလို ပြည်သူတွေကို ရွာတွေကိုခြောက်လှန့်ပစ်ခတ်တာတွေကို လုံးဝမလုပ်စေချင်ဘူး။ ရွာသားတွေ ကြောင့်ကြစိုးရိမ်ရတယ်။ ပြည်သူတွေဆိုတာက ဘာမှသိကြတာမဟုတ်ဘူး”

ဒီကျေးရွာတွေက သေခံတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လလောက်က မင်းဖူးတောင်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ပထမဆုံးအကြိမ် အများအပြားထွက်ပြေးခဲ့ကြရပြီး အခုထွက်ပြေးရတာကတော့ ဒုတိယအကြိမ်မြောက် လို့ဆိုကြပါတယ်။

ကျောက်တော်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းတွေက ရွာတွေကိုမီးရှို့တာ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ စတဲ့သတင်းတွေဟာ ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေလို့ အခုလည်း အဲဒီလို ဖြစ်လာမလားဆိုပြီး ကြောက်လန့်ထွက်ပြေးကြတာလို့လည်း ပြောကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီဖုံသာချောင်းဝနားက ရွာတွေမှာ တပ်မတော်က ပစ်ခတ်တာမရှိဘူးလို့ပြောပါတယ်။

“ဒေသခံပြည်သူလို့သုံးထားတဲ့ သူပုန်တွေပဲ ဖြစ်မှာပေါ့ဗျာ။ ရှင်းရှင်းလေးပါ။ အဲဒါမျိုးမရှိပါဘူး။ ဟိုဘက်မှာ ကျွန်တော်တို့ မီးဝနဲ့ပလက်ဝဘက် အခြမ်းမှာပဲ တိုက်ပွဲရှိပါတယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း ဝန်းကျင်ရှိခဲ့ပါတယ်။

ဒီနေ့အထိဆိုရင်တော့ တစ်သိန်းငါးသောင်းကျော်အထိ ရှိလာနေတယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)ကဆိုပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ တပ်မတော်က အင်အားသုံးနယ်မြေရှင်းလင်းမှုတွေကြောင့် အချိန် သုံးလလောက်အတွင်းမှာ လူငါးသောင်းကျော်အထိ တိုးလာတာလို့ REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောပါတယ်။

“ကျောက်တော်ကနေ ပလက်ဝကိုသွားတဲ့ ရွာတွေ၊ မြစ်ကြောင်းတစ်လျှောက်ရွာတွေ၊ ရသေ့တောင်၊ ဘူးသီးတောင်အစပ်မှာရှိတဲ့ မေယုမြစ် အရှေ့ဘက်ကမ်းပေါ့နော် အဲဒီတစ်ကြောမှာရှိတဲ့ရွာတွေ၊ နောက်တစ်ခါ မြေပုံနဲ့ မင်းပြားအစပ်မှာရှိတဲ့ရွာတွေ၊ ဒီကားလမ်းဘေး ဒီဘက်ဟိုဘက်ပေါ့လေ အဲဒီနေရာတွေမှာ တိုက်ပွဲတွေ အတော်များများ ပြင်းထန်လာတာနဲ့အတူ နယ်မြေရှင်းလင်းရေးပုံစံတွေပေါ့နော် ကျေးရွာတွေအထိကို လေကြောင်းကသော်လည်းကောင်း၊ နောက် ရေထဲကသော်လည်းကောင်း၊ နောက် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ပြီးတော့မှ ရွာသားတွေအလုံးအရင်းနဲ့ ထွက်ပြေးကြတဲ့အနေအထားမျိုး တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ အချိန်ကာလတိုတိုအတွင်းမှာ စစ်ဘေးဒုက္ခသည် ငါးသောင်းလောက်အထိ တိုးသွားတာဖြစ်ပါတယ်”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေမှာတော့ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့အထိ ရခိုင်မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးရှိပြီး ယာယီကယ်ဆယ်ရေးစခန်းကတော့ ၁၃၁ ခုရှိပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးသူတွေဟာ အစိုးရကသတ်မှတ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေဆီကို ရောက်လာရင်တော့ တတ်နိုင်သမျှ အကူအညီတွေပေးနေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းကပြောပါတယ်။

"ကျွန်တော်တို့ဌာနအနေနဲ့ကတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေးလံခေါင်ဖျားတဲ့နေရာတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအရ စိတ်မချရတာတွေ အဲလိုရှိပါတယ်။ ရှိသော်ငြားလည်းပဲ ကျွန်တော်တို့ ပြည်သူတွေဆီ လက်ဝယ်အရောက် အတတ်နိုင်ဆုံး ကျွန်တော်တို့ ဒီစုရပ်စခန်းတွေကို ရောက်ရှိအောင် ကျွန်တော်တို့ ထောက်ပံ့ဆောင်ရွက်ပေးပါတယ်။ အဲဒီမှာတင် ကျွန်တော်တို့ရဲ့ အားအင်တစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အားအင်တစ်ခုအနေနဲ့ ကျွန်တော်တို့ယူရပါတယ်။ အဲလိုမျိုးစုရပ်တွေကို ရောက်ရှိလာတဲ့ ပြည်သူလူထုတွေကို သူတို့ရဲ့လက်ဝယ်အရောက် ထောက်ပံ့နိုင်ဖို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအင်အားကို ကျွန်တော်တို့ယူပြီးတော့မှ ကျွန်တော်တို့ ထောက်ပံ့ပေးတာရှိပါတယ်”

အစိုးရရဲ့စာရင်းတွေထဲမှာတော့ စစ်ဘေးဒုက္ခသည်ဦးရေ အများဆုံးရှိတဲ့ မြို့နယ်တွေဟာ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်တွေဖြစ်ပြီး ဒီနေ့ဒေသခံ တစ်ထောင်ကျော်ထွက်ပြေးကြရတဲ့ မင်းပြားမြို့နယ်မှာတော့ ဒုက္ခသည်ဦးရေ လေးထောင်ကျော်ရှိပါတယ်။

RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့ကမတ်လ ၂၄ ရက်နေ့ အထိ အချိန် ၁ လနီးပါးကာလမှာ သေဆုံးတဲ့အရပ်သား ၅၀ ဦးထက်မနည်း ရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၁၅၀ ကျော်အထိရှိနေပါတယ်။

AA အဖွဲ့ကို မတရားအသင်းအဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ သတ်မှတ်ကြောင်း မတ်လ ၂၃ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

RFA Burmese
https://www.rfa.org
မင္းျပားမွာ ႐ြာအခ်ိဳ႕ပစ္ခတ္ခံရလို႔ လူ ၁၀၀၀ ေက်ာ္ထြက္ေျပးရ မင္းျပားမွာ ႐ြာအခ်ိဳ႕ပစ္ခတ္ခံရလို႔ လူ ၁၀၀၀ ေက်ာ္ထြက္ေျပးရ Reviewed by THITHTOOLWIN on 02:35 Rating: 5
Powered by Blogger.