ဘိလပ္ေျမစက္႐ုံကို ကန႔္ကြက္ေနတဲ့ ႐ြာသားေတြကို ရဲဝင္ေရာက္ဖမ္းဆီး


(Zawgyi)⤵⤵⤵
ေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံ တည္ေဆာက္တာကို ကန႔္ကြက္ၿပီး ပဋိပကၡျဖစ္ပြားခဲ့တဲ့ေနာက္ ဖမ္းဝရမ္း ထုတ္ခံလိုက္ရတဲ့ ေအာင္သေျပေက်း႐ြာသားေတြကို မေန႔ညက ရဲတပ္ဖြဲ႕ဝင္ေတြက ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။

အဲဒီလိုဖမ္းဆီးရာမွာ ပဋိပကၡျဖစ္ပြားခဲ့ၿပီး ေအာင္သေျပ႐ြာသား ဦးေ႐ႊအုန္း ေျခေထာက္ကို က်ည္ဆံထိမွန္ခဲ့တဲ့ အျပင္ ႐ြာသား ၁၀ ေယာက္ေက်ာ္ကို ဖမ္းဆီးသြားတယ္လို႔ ေအာင္သေျပေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္လြင္က ေျပာပါတယ္။

ညဦးပိုင္းတစ္ႀကိမ္နဲ႔ မနက္ပိုင္းမွာ တစ္ႀကိမ္ ႏွစ္ႀကိမ္ဝင္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ၿပီး မနက္ပိုင္း ဖမ္းဆီးခ်ိန္ မွာေတာ့ ႐ြာသားေတြကို ဖမ္းမိခဲ့တာလို႔လည္း ဦးခင္ေမာင္လြင္က RFA ကို ေျပာပါတယ္။

“ဖမ္းဆီးခံလိုက္ရတဲ့အထဲမွာ ကေလး ငါးေယာက္ေလာက္ပါတယ္။ အဲဒီကေလးေတြကို ျပန္လႊတ္ေပးမယ္၊ ဆယ္အိမ္ေခါင္းေတြနဲ႔အတူလာပါဆိုလို႔ အခု ပုသိမ္ႀကီးရဲစခန္းကိုသြားေနတယ္"

ေဒသခံ႐ြာသား ဦးေ႐ႊအုန္းကို မဖမ္းဆီးခင္အခ်ိန္မွာ RFA က အဆက္ဆက္သြယ္ ရရွိခဲ့ပါတယ္။

“ကုမၸဏီထဲကသူေတြနဲ႔ ဝိုင္းတာပါဗ်၊ ဝိုင္းထားတယ္။ မတရားအမႈဆင္ၿပီးဖမ္းတာပါ၊ လူေတြက စုကုန္ၿပီ၊ က်ေနာ့္ ေျခေထာက္ေတာ့ က်ဥ္ေနၿပီ၊ ေသနတ္နဲ႔အပစ္ခံရတယ္"

ဖမ္းဆီးရာမွာ ေသနတ္ ေလးခ်က္ခန႔္ပစ္ေဖာက္ခဲ့ၿပီး ႐ြာသားတခ်ိဳ႕က ေက်ာက္ခဲ၊ ေလးဂြေတြနဲ႔ ပစ္ေပါက္ခဲ့တာ ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕လည္း ဒဏ္ရာအနည္းငယ္ရခဲ့တဲ့အတြက္ ႐ြာသားေတြကို အမႈဖြင့္ တရားစြဲမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ပုသိမ္ႀကီးၿမိဳ႕နယ္ ရဲစခန္းကို ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။

ေက်ာက္မီးေသြးသုံး ဘိလပ္ေျမစက္႐ုံ ေအာင္သေျပ႐ြာအနီးမွာ တည္ေဆာက္တာကို မေက်နပ္တဲ့ ႐ြာသားေတြဟာ ဆႏၵျပကန႔္ကြက္တာေတြ၊ ကန႔္ကြက္စာကို အစိုးရထံ ေပးပို႔ေတာင္းဆိုတာေတြ အပါအဝင္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ကန႔္ကြက္မႈေတြလည္း ရွိခဲ့ပါတယ္။

ကမာၻတစ္ဝွမ္းက ျပည္သူေတြ စိုးရိမ္ေနၾကတဲ့အခ်ိန္ အခုလိုေျဖရွင္းတာက မျဖစ္သင့္ဘူးလို႔ မႏၲေလးၿမိဳ႕က ႏိုင္ငံေရးလႈပ္ရွားသူ ဦးသိန္းေအာင္ျမင့္က ေျပာပါတယ္။

“ကပ္ေရာဂါျဖစ္ေနတယ္။ တစ္ႏိုင္ငံလုံးက ျပည္သူေတြ စိုးရိမ္ေနတယ္။ အဲဒီအခ်ိန္မွာ ေအာင္သေျပ႐ြာသား ေတြကို ေသနတ္နဲ႔ ပစ္ဖမ္းတယ္ဆိုတာ မျဖစ္သင့္တဲ့ကိစၥ၊ ေဒသခံေတြက သူ႔တို႔ေျမေတြရဖို႔ ႀကိဳးစားေနၾကတာ၊ သက္ဆိုင္ရာ အာဏာပိုင္ေတြ လ်စ္လ်ဴရႈထားခဲ့လို႔ မႀကီးထြားသင့္ဘဲ ႀကီးထြားလာတာ၊ ဒါကို ေထာက္ျပ ေနရတာ"

ဒီလိုပဋိပကၡေတြေၾကာင့္ အရင္ႏွစ္က ဖမ္းမိထားတဲ့ ႐ြာသား ကိုးေယာက္ဟာလည္း အိုဘိုေထာင္အတြင္းကေန အမႈရင္ဆိုင္ေနၾကရတဲ့အျပင္ တခ်ိဳပုဒ္မေတြကိုေတာ့ တရား႐ုံးက ေထာင္ဒဏ္ေတြ အသီးသီးခ်မွတ္ထားပါတယ္။

အဲဒီဘိလပ္ေျမထုတ္လုပ္ေရး လုပ္ငန္းဟာ တ႐ုတ္-ျမန္မာ ပုဂၢလိက အက်ိဳးတူတည္ေဆာက္ေနတဲ့ လုပ္ငန္းတစ္ခု ျဖစ္ၿပီး တစ္ေန႔ကို တန္ ၅၀၀၀ ထြက္ရွိမွာျဖစ္ပါတယ္။ မႏၲေလး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေအာင္သေျပေက်း႐ြာအနီးမွာ အေကာင္အထည္ေဖာ္ေနတာပါ။

ဒီလိုေျဖရွင္းမႈနဲ႔ပတ္သတ္ၿပီး ေမးျမန္းဖို႔အတြက္  မႏၲေလးတိုင္း ယာယီဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္ကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေတဲ့ ရွာသားတွေကို ရဲဝင်ရောက်ဖမ်းဆီး

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နောက် ဖမ်းဝရမ်း ထုတ်ခံလိုက်ရတဲ့ အောင်သပြေကျေးရွာသားတွေကို မနေ့ညက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလိုဖမ်းဆီးရာမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အောင်သပြေရွာသား ဦးရွှေအုန်း ခြေထောက်ကို ကျည်ဆံထိမှန်ခဲ့တဲ့ အပြင် ရွာသား ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားတယ်လို့ အောင်သပြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

ညဦးပိုင်းတစ်ကြိမ်နဲ့ မနက်ပိုင်းမှာ တစ်ကြိမ် နှစ်ကြိမ်ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မနက်ပိုင်း ဖမ်းဆီးချိန် မှာတော့ ရွာသားတွေကို ဖမ်းမိခဲ့တာလို့လည်း ဦးခင်မောင်လွင်က RFA ကို ပြောပါတယ်။

“ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ ကလေး ငါးယောက်လောက်ပါတယ်။ အဲဒီကလေးတွေကို ပြန်လွှတ်ပေးမယ်၊ ဆယ်အိမ်ခေါင်းတွေနဲ့အတူလာပါဆိုလို့ အခု ပုသိမ်ကြီးရဲစခန်းကိုသွားနေတယ်"

ဒေသခံရွာသား ဦးရွှေအုန်းကို မဖမ်းဆီးခင်အချိန်မှာ RFA က အဆက်ဆက်သွယ် ရရှိခဲ့ပါတယ်။

“ကုမ္ပဏီထဲကသူတွေနဲ့ ဝိုင်းတာပါဗျ၊ ဝိုင်းထားတယ်။ မတရားအမှုဆင်ပြီးဖမ်းတာပါ၊ လူတွေက စုကုန်ပြီ၊ ကျနော့် ခြေထောက်တော့ ကျဉ်နေပြီ၊ သေနတ်နဲ့အပစ်ခံရတယ်"

ဖမ်းဆီးရာမှာ သေနတ် လေးချက်ခန့်ပစ်ဖောက်ခဲ့ပြီး ရွာသားတချို့က ကျောက်ခဲ၊ လေးဂွတွေနဲ့ ပစ်ပေါက်ခဲ့တာ ကြောင့် ရဲတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာအနည်းငယ်ရခဲ့တဲ့အတွက် ရွာသားတွေကို အမှုဖွင့် တရားစွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ် ရဲစခန်းကို မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ အောင်သပြေရွာအနီးမှာ တည်ဆောက်တာကို မကျေနပ်တဲ့ ရွာသားတွေဟာ ဆန္ဒပြကန့်ကွက်တာတွေ၊ ကန့်ကွက်စာကို အစိုးရထံ ပေးပို့တောင်းဆိုတာတွေ အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေ စိုးရိမ်နေကြတဲ့အချိန် အခုလိုဖြေရှင်းတာက မဖြစ်သင့်ဘူးလို့ မန္တလေးမြို့က နိုင်ငံရေးလှုပ်ရှားသူ ဦးသိန်းအောင်မြင့်က ပြောပါတယ်။

“ကပ်ရောဂါဖြစ်နေတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေ စိုးရိမ်နေတယ်။ အဲဒီအချိန်မှာ အောင်သပြေရွာသား တွေကို သေနတ်နဲ့ ပစ်ဖမ်းတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စ၊ ဒေသခံတွေက သူ့တို့မြေတွေရဖို့ ကြိုးစားနေကြတာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ လျစ်လျူရှုထားခဲ့လို့ မကြီးထွားသင့်ဘဲ ကြီးထွားလာတာ၊ ဒါကို ထောက်ပြ နေရတာ"

ဒီလိုပဋိပက္ခတွေကြောင့် အရင်နှစ်က ဖမ်းမိထားတဲ့ ရွာသား ကိုးယောက်ဟာလည်း အိုဘိုထောင်အတွင်းကနေ အမှုရင်ဆိုင်နေကြရတဲ့အပြင် တချိုပုဒ်မတွေကိုတော့ တရားရုံးက ထောင်ဒဏ်တွေ အသီးသီးချမှတ်ထားပါတယ်။

အဲဒီဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းဟာ တရုတ်-မြန်မာ ပုဂ္ဂလိက အကျိုးတူတည်ဆောက်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး တစ်နေ့ကို တန် ၅၀၀၀ ထွက်ရှိမှာဖြစ်ပါတယ်။ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ အကောင်အထည်ဖော်နေတာပါ။

ဒီလိုဖြေရှင်းမှုနဲ့ပတ်သတ်ပြီး မေးမြန်းဖို့အတွက်  မန္တလေးတိုင်း ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
ဘိလပ္ေျမစက္႐ုံကို ကန႔္ကြက္ေနတဲ့ ႐ြာသားေတြကို ရဲဝင္ေရာက္ဖမ္းဆီး ဘိလပ္ေျမစက္႐ုံကို ကန႔္ကြက္ေနတဲ့ ႐ြာသားေတြကို ရဲဝင္ေရာက္ဖမ္းဆီး Reviewed by THITHTOOLWIN on 02:33 Rating: 5
Powered by Blogger.