ကိုဗစ္လူနာနံပါတ္ ၈ နဲ႔ ထိေတြ႕ခဲ့တဲ့ျပင္သစ္ ၄ ေလးဦးကို ၁၄ ရက္ သီးသန႔္ေစာင့္ၾကည့္

လက္ရွိမွာ လူနာနံပါတ္ ၈ ဟာ ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကည့္ကုသမႈခံယူေနပါတယ္။ 
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ လူနာ နံပါတ္ ၈ ဧည့္လမ္းၫႊန္ ဝန္ေဆာင္မႈေပးခဲ့တဲ့ ျပင္သစ္ႏိုင္ငံသား ၄ ဦးကို သူတို႔ လက္ရွိတည္းခိုေနတဲ့ Green Hill ဟိုတယ္မွာ ၁၄ ရက္ၾကာ သီးသန႔္ေစာင့္ၾကည့္ေနပါတယ္။

"ဒီဧည့္သည္ေတြကို က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ရက္အတိုင္း ထားမွာပါ။ လက္ရွိဟိုတယ္မွာ ရွိေနပါတယ္" လို႔ Green Hill ဟိုတယ္က တာဝန္ရွိသူတစ္ဦးက ဘီဘီစီကို မတ္လ ၂၉ ရက္နံနက္မွာ ေျပာပါတယ္။

ဒီျပင္သစ္ ၄ ဦးဟာ မူလက ဒီကေန႔မတ္လ ၂၉ ရက္မွာ ျမန္မာႏိုင္ငံက ျပန္လည္ထြက္ခြာဖို႔စီစဥ္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီလူနာ ဝန္ေဆာင္မႈေပးခဲ့တဲ့အထဲက ျပင္သစ္ႏိုင္ငံသား ခုနစ္ဦးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာႏိုင္ငံက ျပန္လည္ထြက္ခြာသြားတဲ့အတြက္ အဲဒီခုနစ္ဦးကိုလည္း ျပင္သစ္သံ႐ုံးကို အေၾကာင္းၾကားထားၿပီး သူတို႔ ေရာက္ရွိေနတဲ့ေနရာမွာ သီးသန႔္ ကြာရန္တင္းလုပ္ႏိုင္ဖို႔ အေၾကာင္းၾကား ထားတယ္လို႔ ျမန္မာႏိုင္ငံဧည့္လမ္းၫႊန္မ်ားအသင္း ဥကၠ႒ ဦးေအာင္ထြန္းလင္းက ဘီဘီစီကိုေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာနံပါတ္ ၈ ဟာ မတ္လ ၁၄ ရက္ကေန ၁၉ ရက္အထိ ျပင္သစ္ႏိုင္ငံသားခရီးသြားဧည့္သည္ေတြကို ဧည့္လမ္းၫႊန္ ဝန္ေဆာင္မႈေပးခဲ့တာျဖစ္ပါတယ္။

မတ္လ ၂၅ ရက္မွာ ဖ်ားနာလာတဲ့အတြက္ ရန္ကုန္ေဆး႐ုံႀကီးကို သြားေရာက္ျပသခဲ့ၿပီးေနာက္ ေဆးစစ္ခ်က္အေျဖအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေန ရေၾကာင္း အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔သိသေလာက္ ဒီေန႔ထိ ျပင္သစ္ ၄ ဦးကေတာ့ ေနေကာင္းေနပါတယ္။ ဒါေပမဲ့ ျပင္သစ္ကိုျပန္သြားတဲ့သူေတြရဲ႕အေျခအေနက ကြၽန္ေတာ္တို႔ တိတိက်က် မသိဘူးျဖစ္ေနတယ္။ လူနာကလည္း ဒီကေန႔ထိ က်န္းမာေရးေကာင္းပါတယ္။ တစ္ခုေပါ့ေနာ္။ ဟိုမွာျပန္သြားတဲ့ဧည့္သည္ေတြလည္း အေျခအေနေကာင္းတယ္။ ဒီကဧည့္သည္ေတြလည္း အေျခအေနေကာင္းတယ္ဆို တစ္ခုပဲ ကိုယ့္ျပည္တြင္းက ျဖစ္ေနမွာစိုးလို႔ ဆိုတဲ့ တစ္ခ်က္ေပါ့ေနာ္။ ျဖစ္ႏိုင္ေျခမ်ားတာကေတာ့ ဧည့္သည္ကေန ကူးစက္တာျဖစ္ႏိုင္ေျခမ်ားပါတယ္"လို႔ ဦးေအာင္ထြန္းလင္းက ေျပာပါတယ္။

လက္ရွိမွာ လူနာနံပါတ္ ၈ ဟာ ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကည့္ကုသမႈခံယူေနပါတယ္။

အသက္ ၆၀ အ႐ြယ္ ဧည့္လမ္းၫႊန္ဟာ ၿပီးခဲ့တဲ့သတင္းပတ္အတြင္း ျပင္သစ္ခရီးသည္ေတြနဲ႔အတူ ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ မုံ႐ြာ၊ ပခုကၠဴ၊ ပုဂံ၊ ေညာင္ဦး၊ ပုပၸါး၊ ပင္းတယ၊ အင္းေလး၊ ငပလီ စတဲ့ ေနရာ ၁၀ ေနရာထက္မနည္းကို သြားခဲ့တာျဖစ္တယ္လို႔ မႏၲေလးဇုန္ဧည့္လမ္းၫႊန္အသင္းက ထုတ္ျပန္ထားပါတယ္။
--------------------------------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်လူနာနံပါတ် ၈ နဲ့ ထိတွေ့ခဲ့တဲ့ပြင်သစ် ၄ လေးဦးကို ၁၄ ရက် သီးသန့်စောင့်ကြည့်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ နံပါတ် ၈ ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသား ၄ ဦးကို သူတို့ လက်ရှိတည်းခိုနေတဲ့ Green Hill ဟိုတယ်မှာ ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်နေပါတယ်။

"ဒီဧည့်သည်တွေကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ရက်အတိုင်း ထားမှာပါ။ လက်ရှိဟိုတယ်မှာ ရှိနေပါတယ်" လို့ Green Hill ဟိုတယ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို မတ်လ ၂၉ ရက်နံနက်မှာ ပြောပါတယ်။

ဒီပြင်သစ် ၄ ဦးဟာ မူလက ဒီကနေ့မတ်လ ၂၉ ရက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့စီစဉ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီလူနာ ဝန်ဆောင်မှုပေးခဲ့တဲ့အထဲက ပြင်သစ်နိုင်ငံသား ခုနစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားတဲ့အတွက် အဲဒီခုနစ်ဦးကိုလည်း ပြင်သစ်သံရုံးကို အကြောင်းကြားထားပြီး သူတို့ ရောက်ရှိနေတဲ့နေရာမှာ သီးသန့် ကွာရန်တင်းလုပ်နိုင်ဖို့ အကြောင်းကြား ထားတယ်လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ဘီဘီစီကိုပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာနံပါတ် ၈ ဟာ မတ်လ ၁၄ ရက်ကနေ ၁၉ ရက်အထိ ပြင်သစ်နိုင်ငံသားခရီးသွားဧည့်သည်တွေကို ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၅ ရက်မှာ ဖျားနာလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို သွားရောက်ပြသခဲ့ပြီးနောက် ဆေးစစ်ချက်အဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေ ရကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်တော်တို့သိသလောက် ဒီနေ့ထိ ပြင်သစ် ၄ ဦးကတော့ နေကောင်းနေပါတယ်။ ဒါပေမဲ့ ပြင်သစ်ကိုပြန်သွားတဲ့သူတွေရဲ့အခြေအနေက ကျွန်တော်တို့ တိတိကျကျ မသိဘူးဖြစ်နေတယ်။ လူနာကလည်း ဒီကနေ့ထိ ကျန်းမာရေးကောင်းပါတယ်။ တစ်ခုပေါ့နော်။ ဟိုမှာပြန်သွားတဲ့ဧည့်သည်တွေလည်း အခြေအနေကောင်းတယ်။ ဒီကဧည့်သည်တွေလည်း အခြေအနေကောင်းတယ်ဆို တစ်ခုပဲ ကိုယ့်ပြည်တွင်းက ဖြစ်နေမှာစိုးလို့ ဆိုတဲ့ တစ်ချက်ပေါ့နော်။ ဖြစ်နိုင်ခြေများတာကတော့ ဧည့်သည်ကနေ ကူးစက်တာဖြစ်နိုင်ခြေများပါတယ်"လို့ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

လက်ရှိမှာ လူနာနံပါတ် ၈ ဟာ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူနေပါတယ်။

အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်ဟာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ပြင်သစ်ခရီးသည်တွေနဲ့အတူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ ပင်းတယ၊ အင်းလေး၊ ငပလီ စတဲ့ နေရာ ၁၀ နေရာထက်မနည်းကို သွားခဲ့တာဖြစ်တယ်လို့ မန္တလေးဇုန်ဧည့်လမ်းညွှန်အသင်းက ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52074961
ကိုဗစ္လူနာနံပါတ္ ၈ နဲ႔ ထိေတြ႕ခဲ့တဲ့ျပင္သစ္ ၄ ေလးဦးကို ၁၄ ရက္ သီးသန႔္ေစာင့္ၾကည့္ ကိုဗစ္လူနာနံပါတ္ ၈ နဲ႔ ထိေတြ႕ခဲ့တဲ့ျပင္သစ္ ၄ ေလးဦးကို ၁၄ ရက္ သီးသန႔္ေစာင့္ၾကည့္ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.