အေလာင္းေတာ္ ကႆပ ဘုရားဖူးလမ္း ပိတ္ၿပီ

(Zawgyi)⤵⤵⤵
မုံ႐ြာ၊မတ္-၂၀

စစ္ကိုင္းတိုင္း ယင္းမာပင္ခ႐ိုင္ရွိ အေလာင္းေတာ္ ကႆပ ဘုရားဖူးလမ္း ပိတ္ၿပီျဖစ္၍ တက္လာသည့္ကားမ်ားကို မနက္ျဖန္မွ စၿပီး ျပန္လႊတ္ေတာ့မည္ျဖစ္ေၾကာင္း ဘုရားေဂါပကအဖြဲ႕ ဥကၠ႒ ဦးေအာင္ကိုလင္းက ေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ covid-19 ေရာဂါစိုးရိမ္ေသာေၾကာင့္ လူစုလူေဝး ျဖစ္ေစမည့္ ပြဲမ်ားကို မလုပ္ရန္ ႏိုင္ငံေတာ္မွ ၫႊန္ၾကားထားသျဖင့္ အေလာင္းေတာ္ကႆပ ေလးၿမိဳ႕နယ္ ေဂါပကအဖြဲ႕မွ ပိတ္ရန္ ဆုံးျဖတ္လိုက္ၾကျခင္းျဖစ္သည္။

"ဂုန္းညႇင္းပင္ ဂိတ္ကေန မနက္ျဖန္ လာသမွ် ကားေတြကို ျပန္လွည့္ခိုင္းမယ္။" ဟု ဦးေအာင္ကိုလင္းက ေျပာသည္။

ေဈးသည္မ်ားကို ၂၂ရက္ ေနာက္ဆုံးထား ပိတ္သိမ္းၿပီး ေတာင္ေပၚမွ ဆင္းေပးရန္ ေျပာထားေၾကာင္း သိရသည္။

အေလာင္းေတာ္ကႆဘုရားေပၚတြင္ ေဈးသည္ ၈၀ေက်ာ္ ရွိေၾကာင္း ေဂါပက အဖြဲ႕ထံမွ သိရသည္။

အေလာင္းေတာ္ကႆပ ဘုရားဖူးရာသီကို ႏွစ္စဥ္ ပြင့္လင္းရာသီ ၄လ သာ ဖြင့္ေလ့ရွိၿပီး ဧၿပီေနာက္ဆုံးပတ္ သၾကၤန္ၿပီးပါက ပိတ္ေလ့ရွိသည္။

ယခုႏွစ္တြင္ Covid 19 ေၾကာင့္ တစ္လခန႔္ေစာပိတ္ခဲ့ျခင္းျဖစ္သည္။ရာသီတစ္ႏွစ္လ်င္ ဘုရားဖူး ေလးသိန္းခန႔္ ဝင္ေရာက္ၿပီး ယခုႏွစ္တြင္ ႏွစ္သိန္းခန႔္သာ ဝင္ေရာက္ေၾကာင္း ေဂါပကအဖြဲ႕က ေျပာသည္။

ေဂါပကအဖြဲ႕အေနျဖင့္လည္း ေဆာင္႐ြက္ေနဆဲ လုပ္ငန္းမ်ားကို ယခုလကုန္ အၿပီးသတ္ၿပီး ေတာင္ေျခသို႔ ျပန္မည္ ျဖစ္သည္။

အိအိမြန္
Monywa Gazette
https://www.facebook.com/monywagazette
--------------
(Unicode)⤵⤵⤵
အလောင်းတော် ကဿပ ဘုရားဖူးလမ်း ပိတ်ပြီ
မုံရွာ၊မတ်-၂၀

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ရှိ အလောင်းတော် ကဿပ ဘုရားဖူးလမ်း ပိတ်ပြီဖြစ်၍ တက်လာသည့်ကားများကို မနက်ဖြန်မှ စပြီး ပြန်လွှတ်တော့မည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် covid-19 ရောဂါစိုးရိမ်သောကြောင့် လူစုလူဝေး ဖြစ်စေမည့် ပွဲများကို မလုပ်ရန် နိုင်ငံတော်မှ ညွှန်ကြားထားသဖြင့် အလောင်းတော်ကဿပ လေးမြို့နယ် ဂေါပကအဖွဲ့မှ ပိတ်ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

"ဂုန်းညှင်းပင် ဂိတ်ကနေ မနက်ဖြန် လာသမျှ ကားတွေကို ပြန်လှည့်ခိုင်းမယ်။" ဟု ဦးအောင်ကိုလင်းက ပြောသည်။

ဈေးသည်များကို ၂၂ရက် နောက်ဆုံးထား ပိတ်သိမ်းပြီး တောင်ပေါ်မှ ဆင်းပေးရန် ပြောထားကြောင်း သိရသည်။

အလောင်းတော်ကဿဘုရားပေါ်တွင် ဈေးသည် ၈၀ကျော် ရှိကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

အလောင်းတော်ကဿပ ဘုရားဖူးရာသီကို နှစ်စဉ် ပွင့်လင်းရာသီ ၄လ သာ ဖွင့်လေ့ရှိပြီး ဧပြီနောက်ဆုံးပတ် သင်္ကြန်ပြီးပါက ပိတ်လေ့ရှိသည်။

ယခုနှစ်တွင် Covid 19 ကြောင့် တစ်လခန့်စောပိတ်ခဲ့ခြင်းဖြစ်သည်။ရာသီတစ်နှစ်လျင် ဘုရားဖူး လေးသိန်းခန့် ဝင်ရောက်ပြီး ယခုနှစ်တွင် နှစ်သိန်းခန့်သာ ဝင်ရောက်ကြောင်း ဂေါပကအဖွဲ့က ပြောသည်။

ဂေါပကအဖွဲ့အနေဖြင့်လည်း ဆောင်ရွက်နေဆဲ လုပ်ငန်းများကို ယခုလကုန် အပြီးသတ်ပြီး တောင်ခြေသို့ ပြန်မည် ဖြစ်သည်။

အိအိမွန်
Monywa Gazette
https://www.facebook.com/monywagazette
အေလာင္းေတာ္ ကႆပ ဘုရားဖူးလမ္း ပိတ္ၿပီ အေလာင္းေတာ္ ကႆပ ဘုရားဖူးလမ္း ပိတ္ၿပီ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.