ျမန္မာ့ခရီးသြားလုပ္ငန္းက႑အတြက္ အစိုးရ ေငြထုတ္ေခ်းမယ္

ဦးပိန္တံတားသို႔ လာေရာက္လည္ပတ္ၾကေသာ ႏိုင္ငံျခားခရီးသြား ဧည့္သည္မ်ား (သတင္းဓာတ္ပံု - မတ္ ၁၁၊ ၂၀၁၂)

(Zawgyi/Unicode)

ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါရဲ႕ သက္ေရာက္မႈ တခုအေနနဲ႔ ျမန္မာႏိုင္ငံမွာ ခရီးသြားလုပ္ငန္းက ၈၀ ရာခိုင္ႏႈန္းအထိ ရပ္ဆိုင္းသြားပါတယ္။ ဒီအတြက္ ခရီးသြားလုပ္ငန္းကုမၸဏီေတြ လုပ္ငန္းလည္ပတ္ႏိုင္ဖို႔ အစိုးရကေန ေခ်းေငြထုတ္ေပးဖို႔ရွိေနပါတယ္။ ဒီအေၾကာင္း မအိမ့္သႏၱာထြန္း စုံစမ္းေမးျမန္းထားတာပါ။

ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါရဲ႕ သက္ေရာက္မႈ တခုအေနနဲ႔ ျမန္မာႏိုင္ငံမွာ ခရီးသြားလုပ္ငန္းက ၈၀ ရာခိုင္ႏႈန္းအထိ ရပ္ဆိုင္းသြားၿပီဆိုတဲ့ အေၾကာင္းကို ေျပာျပေပးပါမယ္။

COVID-19 ေရာဂါေၾကာင့္ ႏိုင္ငံတခ်ိဳ႕ Shut Down လုပ္လိုက္တာ၊ ေလေၾကာင္းလိုင္းေတြ ကန႔္သတ္လိုက္တာေတြ ရွိတာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းေတြက ဇန္နဝါရီလေလာက္ ကေနစၿပီး တျဖည္းျဖည္း က်လာေနတာျဖစ္ၿပီးေတာ အခုဆိုရင္ လုပ္ငန္းေတြက ၈၀ ရာခိုင္ႏႈန္းေလာက္အထိ ရပ္ဆိုင္းသြားၾကၿပီလို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးသက္လြင္တိုးက ေျပာျပပါတယ္။

“ခရီးသြားလုပ္ငန္းကေတာ့ က်ေနာ္ထင္တယ္။ ၈၀ ရာခိုင္ႏႈန္း ေလာက္ကေတာ့ ရပ္ဆိုင္းသြားၿပီေပါ့ေနာ္။ စျဖစ္တဲ့ ဇန္နဝါရီ ေလာက္ကေတာ့ ၂၀ ကေန ၃၀ ရာခိုင္ႏႈန္းေလာက္ပဲ ထိတယ္ေပါ့။ ခု တ႐ုတ္မားကက္လုပ္တဲ့သူေတြ စထိတယ္ေပါ့ေႏွာ္။ ၿပီးေတာ့ ကိုရီးယားလိုက္လာတယ္၊ ဂ်ပန္တို႔ဘာတို႔ေပါ့။ ေဖေဖာ္ဝါရီေလာက္က်ေတာ့ က်ေနာ္တို႔က တျဖည္းျဖည္း ဥေရာပဘက္ပါ အရွိန္ျမင့္လာတဲ့ အခါက်ေတာ့ ဥေရာပမားကက္ကို အဓိကထားတဲ့ အီတလီတို႔၊ ျပင္သစ္တို႔ ဒီဘက္ဆို က်ေနာ္တို႔ဆို စပိန္တို႔ ဘာတို႔က ေဖေဖာ္ဝါရီမွာ လာၿပီးေတာ့ ထိလာတယ္။ ၅၀ ရာခိုင္ႏႈန္းေလာက္ထိ ထိလာတယ္။ ၿပီးခဲ့တဲ့ အပတ္ကတင္ ေလေၾကာင္းလိုင္းေတြက အစ ကန႔္သတ္လာတယ္။ တခ်ိဳ႕ႏိုင္ငံေတြက shut down လုပ္လိုက္ေတာ့ ဥပမာ စပိန္ဆိုရင္ shut down လိုက္ၿပီ။ ေနာက္ဒီဘက္က ျပင္သစ္တို႔ အီတလီတို႔ဆိုရင္လည္း ကနဦးကတည္းက shut down လုပ္လိုက္ၿပီ။ England လည္း ထိလာၿပီ။ အေမရိကန္လည္း passenger သေဘာၤေတြက အစ ကမ္းကပ္ခြင့္ ရဖို႔ႀကိဳးစားေပမယ့္ အေျခအေနအရ မ‌ေကာင္းတဲ့ အခါမွာ return to home ျဖစ္သြားတဲ့ အခါက်ေတာ့ ဒါလုံးဝ ၈၀ ရာခိုင္ႏႈန္းေလာက္ကို ျဖစ္သြားတယ္။”

ဒီလို ရပ္ဆိုင္းလာၾကတဲ့ CMP လုပ္ငန္းေတြ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြ အေသးစားအလတ္စား စီးပြားေရး လုပ္ငန္းေတြအတြက္ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းႏွင့္ ေခ်းေငြ က်ပ္ ၁၀၀ ဘီလီယံကို တႏွစ္တာကာလ သတ္မွတ္ခ်က္နဲ႔ ထုတ္ေခ်းသြားဖို႔အတြက္ မတ္လ ၁၈ ရက္ေန႔က ရင္ႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနမွာလုပ္တဲ့ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ပါတယ္။

COVID-19 ေၾကာင့္ လတ္တေလာ စီးပြားေရးထိခိုက္မႈအမ်ားဆုံး ထိခိုက္ခံစားရတဲ့ လုပ္ငန္းေတြကို ဦးစားေပး ကုစားႏိုင္ဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ႏိုင္ငံေတာ့ လွည့္ပတ္ရန္ပုံေငြက က်ပ္ ၅၀ ဘီလီယံနဲ႔ လူမႈဖူလုံေရးရန္ပုံေငြ က်ပ္ ၅၀ ဘီလီယံ စုစုေပါင္း က်ပ္ ၁၀၀ ဘီလီယံကို ကနဦးမတည္ေငြအျဖစ္ COVID 19 FUND ထူေထာင္ထားၿပီး ေခ်းေငြ ထုတ္ေခ်းမွာ ျဖစ္ပါတယ္။

ဒီလို အခ်ိန္မွာ အစိုးရက လုပ္ေဆာင္ေပးတဲ့ ကိစၥေတြနဲ႔ ပတ္သက္လို႔ ဦးသက္လြင္တိုးက အခုလို သုံးသပ္ပါတယ္။

“ဒါေျပာရရင္ေတာ့ အစိုးရရဲ႕ ရပ္တည္မႈက ဒီဖက္ေခတ္ေတြမွာ ဒါ ပထမဦးဆုံး ႀကဳံတြ႕ရတာာပါပဲ။ က်ေနာ္တို႔ အခ်ိန္ေကာင္းတခုကလည္း ေပၚလာမယ္လို႔ အားလုံးက ယုံၾကည္ထားတယ္။ အဲ့ဒီကာလမတိုင္ခင္ကို ထိန္းထားဖို႔က အစိုးရရဲ႕ ၾကားခံဝင္ဖို႔ကလည္း ဒါတကယ္ အခ်ိန္ေကာင္းတခုလို႔လည္း ထင္ပါတယ္။ အဲ့တာကိုလည္း ဘယ္လိုပုံစံမ်ိဳးနဲ႔ ခြဲေဝမယ္ဆိုတာကို က်ေနာ္တို႔ အေသးစိတ္ကေတာ့ ၾကည့္ၾကရမွာေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ ခရီးသြား ဝန္ေဆာင္မႈလုပ္ငန္း စုစုေပါင္းက ၃,၀၀၀ နီးပါးရွိေနတယ္လို႔ ဦးသက္လြင္တိုးက ေျပာပါတယ္။ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ား အသင္းဝင္ ကုမၸဏီက ၁၁၀၀ ေက်ာ္ရွိတယ္လို႔ဆိုပါတယ္။ အသင္းဝင္ကုမၸဏီေရာ အသင္းဝင္ မဟုတ္တဲ့ ကုမၸဏီေတြကိုပါ တကယ္အလုပ္လုပ္တဲ့ ကုမၸဏီေတြဆိုရင္ ေခ်းေငြ ရွိႏိုင္ေအာင္ ‌ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒က ေျပာပါတယ္။

ဝင္ေငြမရွိေတာ့တဲ့ ခရီးသြားကုမၸဏီေတြက ဖ်က္သိမ္းလိုက္ရတဲ့ ခရီးစဥ္ေတြအတြက္ ခရီးသြားေတြဆီကေန ႀကိဳတင္ရယူထားတဲ့ စရန္ေငြေတြကို ျပန္ေပးရတာေၾကာင့္ ကုမၸဏီအခ်ိဳ႕ ဖ်က္သိမ္းလိုက္ရႏိုင္တဲ့ အထိ ျဖစ္လာႏိုင္တဲ့ အတြက္ ေခ်းေငြရယူလိုေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းကို တင္ျပခဲ့ၾကတာျဖစ္ပါတယ္။

ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က COVID-19 ေၾကာင့္ ထိခိုက္မႈအမ်ားဆုံးျဖစ္ခဲ့တဲ့ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္း က႑ႏွင့္ အေသးစားအလတ္စား လုပ္ငန္းေတြအတြက္ အစိုးရေခ်းေငြနဲ႔ အခြန္ကင္းလြတ္ခြင့္ေတြ ေပးမယ္လို႔ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ မတ္လ ၁၉ ရက္ေန႔ စာရင္းအရ ကမာၻမွာ COVID 19 ျဖစ္ပြားေနတဲ့ႏိုင္ငံေပါင္း ၁၇၆ ႏိုင္ငံရွိၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ စုစုေပါင္းက ၂၂၀,၀၀၀ ေက်ာ္နဲ႔ေသဆုံးသူ စုစုေပါင္းက ၉,၀၀၀ နီးပါးရွိေနပါတယ္။

[Unicode Version]

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အစိုးရ ငွေထုတ်ချေးမယ်

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါရဲ့ သက်ရောက်မှု တခုအနေနဲ့ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းက ၈၀ ရာခိုင်နှုန်းအထိ ရပ်ဆိုင်းသွားပါတယ်။ ဒီအတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ အစိုးရကနေ ချေးငွေထုတ်ပေးဖို့ရှိနေပါတယ်။ ဒီအကြောင်း မအိမ့်သန္တာထွန်း စုံစမ်းမေးမြန်းထားတာပါ။

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါရဲ့ သက်ရောက်မှု တခုအနေနဲ့ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းက ၈၀ ရာခိုင်နှုန်းအထိ ရပ်ဆိုင်းသွားပြီဆိုတဲ့ အကြောင်းကို ပြောပြပေးပါမယ်။

☞ မြန်မာပြည်ရောက် အမေရိကန် Peace Corps စေတနာ့ဝန်ထမ်းတွေ ပြန်ခေါ်တော့မယ်ဆိုတဲ့ သတင်းလည်း ဒီမှာ ဖတ်နိုင်ပါပြီ။

COVID-19 ရောဂါကြောင့် နိုင်ငံတချို့ Shut Down လုပ်လိုက်တာ၊ လေကြောင်းလိုင်းတွေ ကန့်သတ်လိုက်တာတွေ ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေက ဇန်နဝါရီလလောက် ကနေစပြီး တဖြည်းဖြည်း ကျလာနေတာဖြစ်ပြီးတော အခုဆိုရင် လုပ်ငန်းတွေက ၈၀ ရာခိုင်နှုန်းလောက်အထိ ရပ်ဆိုင်းသွားကြပြီလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောပြပါတယ်။

“ခရီးသွားလုပ်ငန်းကတော့ ကျနော်ထင်တယ်။ ၈၀ ရာခိုင်နှုန်း လောက်ကတော့ ရပ်ဆိုင်းသွားပြီပေါ့နော်။ စဖြစ်တဲ့ ဇန်နဝါရီ လောက်ကတော့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်ပဲ ထိတယ်ပေါ့။ ခု တရုတ်မားကက်လုပ်တဲ့သူတွေ စထိတယ်ပေါ့နှော်။ ပြီးတော့ ကိုရီးယားလိုက်လာတယ်၊ ဂျပန်တို့ဘာတို့ပေါ့။ ဖေဖော်ဝါရီလောက်ကျတော့ ကျနော်တို့က တဖြည်းဖြည်း ဥရောပဘက်ပါ အရှိန်မြင့်လာတဲ့ အခါကျတော့ ဥရောပမားကက်ကို အဓိကထားတဲ့ အီတလီတို့၊ ပြင်သစ်တို့ ဒီဘက်ဆို ကျနော်တို့ဆို စပိန်တို့ ဘာတို့က ဖေဖော်ဝါရီမှာ လာပြီးတော့ ထိလာတယ်။ ၅၀ ရာခိုင်နှုန်းလောက်ထိ ထိလာတယ်။ ပြီးခဲ့တဲ့ အပတ်ကတင် လေကြောင်းလိုင်းတွေက အစ ကန့်သတ်လာတယ်။ တချို့နိုင်ငံတွေက shut down လုပ်လိုက်တော့ ဥပမာ စပိန်ဆိုရင် shut down လိုက်ပြီ။ နောက်ဒီဘက်က ပြင်သစ်တို့ အီတလီတို့ဆိုရင်လည်း ကနဦးကတည်းက shut down လုပ်လိုက်ပြီ။ England လည်း ထိလာပြီ။ အမေရိကန်လည်း passenger သဘောၤတွေက အစ ကမ်းကပ်ခွင့် ရဖို့ကြိုးစားပေမယ့် အခြေအနေအရ မ‌ကောင်းတဲ့ အခါမှာ return to home ဖြစ်သွားတဲ့ အခါကျတော့ ဒါလုံးဝ ၈၀ ရာခိုင်နှုန်းလောက်ကို ဖြစ်သွားတယ်။”

ဒီလို ရပ်ဆိုင်းလာကြတဲ့ CMP လုပ်ငန်းတွေ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် ချေးငွေ ကျပ် ၁၀၀ ဘီလီယံကို တနှစ်တာကာလ သတ်မှတ်ချက်နဲ့ ထုတ်ချေးသွားဖို့အတွက် မတ်လ ၁၈ ရက်နေ့က ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှာလုပ်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှုအများဆုံး ထိခိုက်ခံစားရတဲ့ လုပ်ငန်းတွေကို ဦးစားပေး ကုစားနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော့ လှည့်ပတ်ရန်ပုံငွေက ကျပ် ၅၀ ဘီလီယံနဲ့ လူမှုဖူလုံရေးရန်ပုံငွေ ကျပ် ၅၀ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦးမတည်ငွေအဖြစ် COVID 19 FUND ထူထောင်ထားပြီး ချေးငွေ ထုတ်ချေးမှာ ဖြစ်ပါတယ်။

ဒီလို အချိန်မှာ အစိုးရက လုပ်ဆောင်ပေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဦးသက်လွင်တိုးက အခုလို သုံးသပ်ပါတယ်။

“ဒါပြောရရင်တော့ အစိုးရရဲ့ ရပ်တည်မှုက ဒီဖက်ခေတ်တွေမှာ ဒါ ပထမဦးဆုံး ကြုံတွ့ရတာာပါပဲ။ ကျနော်တို့ အချိန်ကောင်းတခုကလည်း ပေါ်လာမယ်လို့ အားလုံးက ယုံကြည်ထားတယ်။ အဲ့ဒီကာလမတိုင်ခင်ကို ထိန်းထားဖို့က အစိုးရရဲ့ ကြားခံဝင်ဖို့ကလည်း ဒါတကယ် အချိန်ကောင်းတခုလို့လည်း ထင်ပါတယ်။ အဲ့တာကိုလည်း ဘယ်လိုပုံစံမျိုးနဲ့ ခွဲဝေမယ်ဆိုတာကို ကျနော်တို့ အသေးစိတ်ကတော့ ကြည့်ကြရမှာပေါ့နော်။”

မြန်မာနိုင်ငံမှာ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်းက ၃,၀၀၀ နီးပါးရှိနေတယ်လို့ ဦးသက်လွင်တိုးက ပြောပါတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းဝင် ကုမ္ပဏီက ၁၁၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ အသင်းဝင်ကုမ္ပဏီရော အသင်းဝင် မဟုတ်တဲ့ ကုမ္ပဏီတွေကိုပါ တကယ်အလုပ်လုပ်တဲ့ ကုမ္ပဏီတွေဆိုရင် ချေးငွေ ရှိနိုင်အောင် ‌ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

ဝင်ငွေမရှိတော့တဲ့ ခရီးသွားကုမ္ပဏီတွေက ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေအတွက် ခရီးသွားတွေဆီကနေ ကြိုတင်ရယူထားတဲ့ စရန်ငွေတွေကို ပြန်ပေးရတာကြောင့် ကုမ္ပဏီအချို့ ဖျက်သိမ်းလိုက်ရနိုင်တဲ့ အထိ ဖြစ်လာနိုင်တဲ့ အတွက် ချေးငွေရယူလိုကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းကို တင်ပြခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် အသေးစားအလတ်စား လုပ်ငန်းတွေအတွက် အစိုးရချေးငွေနဲ့ အခွန်ကင်းလွတ်ခွင့်တွေ ပေးမယ်လို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၁၉ ရက်နေ့ စာရင်းအရ ကမ္ဘာမှာ COVID 19 ဖြစ်ပွားနေတဲ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်းက ၂၂၀,၀၀၀ ကျော်နဲ့သေဆုံးသူ စုစုပေါင်းက ၉,၀၀၀ နီးပါးရှိနေပါတယ်။

အိမ့္သႏၲာထြန္း/VOA (Burmese)
https://burmese.voanews.com
ျမန္မာ့ခရီးသြားလုပ္ငန္းက႑အတြက္ အစိုးရ ေငြထုတ္ေခ်းမယ္ ျမန္မာ့ခရီးသြားလုပ္ငန္းက႑အတြက္ အစိုးရ ေငြထုတ္ေခ်းမယ္ Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.