ရွမ္းေျမာက္ကြတ္ခိုင္နဲ႔ ကို႐ိုနာေၾကာင့္ တ႐ုတ္ျပန္ေတြကို ၁၄ ရက္ခြဲထားမယ္

 လြယ္ဆမ္ဆစ္ေတာင္တန္းနဲ႔ သာယာတဲ့ ကြတ္ခိုင္ေဒသ
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ကို႐ိုနာဗိုင္းရပ္နဲ႔ ပတ္သက္လို႔ ေဒသခံ တခ်ိဳ႕ကို အသိပညာေပးတာေတြနဲ႔ တ႐ုတ္ျပည္က ျပန္လာသူေတြကို ၁၄ ရက္ ခြဲျခားေစာင့္ၾကည့္တာေတြ လုပ္ေနပါတယ္ ။

ကြတ္ခိုင္ၿမိဳ႕နယ္ထဲက မန္တပ္ေက်း႐ြာအုပ္စုမွာ ေဒသခံ ၇ ေယာက္ ေသဆုံးတယ္ဆိုတဲ့ သတင္းထြက္ခဲ့ပါတယ္။

အဲဒါနဲ႔ ပတ္သက္လို႔ လက္ရွိ အမ်ားစိုးရိမ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ မဟုတ္ဘဲ တီဘီနဲ႔ နာတာရွည္ ေရာဂါေၾကာင့္ျဖစ္တယ္လို႔ က်န္းမာေရးအဖြဲ႕နဲ႔ သြားေရာက္စစ္ေဆးေနတဲ့ မုံစီးေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ေဒၚထုဆန္က ဘီဘီစီကို ေျပာပါတယ္။

မန္တပ္ေက်း႐ြာအုပ္စုထဲက မန္တပ္ ၊တြန္းမုံ၊ ပါခ်န္း႐ြာက ေဒသခံ ၇ ေယာက္ ေသဆုံးတာရွိတယ္လို႔ သတင္းေတြ ထြက္လာၿပီးတဲ့ေနာက္မွာ ကြတ္ခိုင္ၿမိဳ႕နယ္က ဆရာဝန္ေတြအပါအဝင္ က်န္းမာေရးအဖြဲ႕က သြားေရာက္စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ တီဘီေရာဂါနဲ႔ ေလျဖတ္၊ ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါတို႔ေၾကာင့္ ေသဆုံးတာျဖစ္တယ္လို႔ စစ္ေဆးေတြ႕ရွိေၾကာင္း ေဒၚထုဆန္က ဆိုပါတယ္။

အလွမ္းေဝးတဲ့ ႐ြာေတြၾကား လျခားၿပီး ေသဆုံးတာေတြ ျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။

အခုလက္ရွိအေျခအေနမွာေတာ့ တ႐ုတ္ကို အလုပ္သြားလုပ္သူေတြထဲက ျပန္လာတဲ့ မန္တပ္ေက်း႐ြာက လူႏွစ္ေယာက္ကို သီးသန႔္ခြဲျခားၿပီး က်န္းမာေရးက ဆရာဝန္ ဆရာမေတြနဲ႔ ေစာင့္ၾကည့္ေနတယ္လို႔ ေဒၚထုဆန္က ေျပာပါတယ္။

ဒီလူေတြကို သူတို႔ေနအိမ္အျပင္က ႐ြာထဲနဲ႔ တျခား႐ြာေတြကို သြားခြင့္မျပဳဘူးလို႔လည္း သိရပါတယ္။

ေသဆုံးသြားသူ ၇ ေယာက္ထဲမွာ အသက္ႀကီးပိုင္းက အမ်ားစုျဖစ္ၿပီး အငယ္ဆုံးကေတာ့ အသက္ ၁၂ ႏွစ္ျဖစ္ပါတယ္။

အခုလက္ရွိ အေျခအေနမွာ တ႐ုတ္မွာ အလုပ္လုပ္ေနရင္း ျပန္လာမယ့္လူေတြကို ႐ြာအုပ္ခ်ဳပ္ေရးမႉးေတြဆီကတဆင့္ သတင္းပို႔ခိုင္းၿပီး ေက်း႐ြာအလိုက္ ကိုဗစ္ ၁၉ က်န္းမာေရး အသိပညာေပးလုပ္ငန္းေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရှမ်းမြောက်ကွတ်ခိုင်နဲ့ ကိုရိုနာကြောင့် တရုတ်ပြန်တွေကို ၁၄ ရက်ခွဲထားမယ်

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption လွယ်ဆမ်ဆစ်တောင်တန်းနဲ့ သာယာတဲ့ ကွတ်ခိုင်ဒေသ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်လို့ ဒေသခံ တချို့ကို အသိပညာပေးတာတွေနဲ့ တရုတ်ပြည်က ပြန်လာသူတွေကို ၁၄ ရက် ခွဲခြားစောင့်ကြည့်တာတွေ လုပ်နေပါတယ် ။

ကွတ်ခိုင်မြို့နယ်ထဲက မန်တပ်ကျေးရွာအုပ်စုမှာ ဒေသခံ ၇ ယောက် သေဆုံးတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ လက်ရှိ အများစိုးရိမ်နေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် မဟုတ်ဘဲ တီဘီနဲ့ နာတာရှည် ရောဂါကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးအဖွဲ့နဲ့ သွားရောက်စစ်ဆေးနေတဲ့ မုံစီးကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ထုဆန်က ဘီဘီစီကို ပြောပါတယ်။

မန်တပ်ကျေးရွာအုပ်စုထဲက မန်တပ် ၊တွန်းမုံ၊ ပါချန်းရွာက ဒေသခံ ၇ ယောက် သေဆုံးတာရှိတယ်လို့ သတင်းတွေ ထွက်လာပြီးတဲ့နောက်မှာ ကွတ်ခိုင်မြို့နယ်က ဆရာဝန်တွေအပါအဝင် ကျန်းမာရေးအဖွဲ့က သွားရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ တီဘီရောဂါနဲ့ လေဖြတ်၊ ဝမ်းပျက် ဝမ်းလျှော ရောဂါတို့ကြောင့် သေဆုံးတာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိကြောင်း ဒေါ်ထုဆန်က ဆိုပါတယ်။

အလှမ်းဝေးတဲ့ ရွာတွေကြား လခြားပြီး သေဆုံးတာတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ တရုတ်ကို အလုပ်သွားလုပ်သူတွေထဲက ပြန်လာတဲ့ မန်တပ်ကျေးရွာက လူနှစ်ယောက်ကို သီးသန့်ခွဲခြားပြီး ကျန်းမာရေးက ဆရာဝန် ဆရာမတွေနဲ့ စောင့်ကြည့်နေတယ်လို့ ဒေါ်ထုဆန်က ပြောပါတယ်။

ဒီလူတွေကို သူတို့နေအိမ်အပြင်က ရွာထဲနဲ့ တခြားရွာတွေကို သွားခွင့်မပြုဘူးလို့လည်း သိရပါတယ်။
china economy

သေဆုံးသွားသူ ၇ ယောက်ထဲမှာ အသက်ကြီးပိုင်းက အများစုဖြစ်ပြီး အငယ်ဆုံးကတော့ အသက် ၁၂ နှစ်ဖြစ်ပါတယ်။

အခုလက်ရှိ အခြေအနေမှာ တရုတ်မှာ အလုပ်လုပ်နေရင်း ပြန်လာမယ့်လူတွေကို ရွာအုပ်ချုပ်ရေးမှူးတွေဆီကတဆင့် သတင်းပို့ခိုင်းပြီး ကျေးရွာအလိုက် ကိုဗစ် ၁၉ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရွမ္းေျမာက္ကြတ္ခိုင္နဲ႔ ကို႐ိုနာေၾကာင့္ တ႐ုတ္ျပန္ေတြကို ၁၄ ရက္ခြဲထားမယ္ ရွမ္းေျမာက္ကြတ္ခိုင္နဲ႔ ကို႐ိုနာေၾကာင့္ တ႐ုတ္ျပန္ေတြကို ၁၄ ရက္ခြဲထားမယ္ Reviewed by THITHTOOLWIN on 01:40 Rating: 5
Powered by Blogger.