ဗိုင္းရပ္စ္ေၾကာက္လို႔ ေတာင္အာရွေထာင္ေတြ ဆူ၊ တစ္ရက္အတြင္း အီတလီမွာ လူ ၈ဝဝ ေလာက္ စံခ်ိန္တင္ ေသဆုံး

ရန္ကုန္မွာ အပူခ်ိန္တိုင္း
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္ေရာဂါကို က်ားကုတ္က်ားခဲ တြန္းလွန္ေနရတဲ့ အီတလီႏိုင္ငံက စက္႐ုံေတြအပါအဝင္ စီးပြားေရး လုပ္ငန္းေတြမွာ မလိုအပ္တဲ့ လည္ပတ္မႈေတြ ရပ္ဆိုင္းသင့္တယ္လို႔ အီတလီ ဝန္ႀကီးခ်ဳပ္ ဂ်ိဳဇက္ေပ ကြန္ေတက ေျပာၾကား လိုက္ပါတယ္။

တရက္အတြင္း အီတလီမွာ လူ ၈ဝဝ ေလာက္ စံခ်ိန္တင္ ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ခဲ့ၿပီးေနာက္ မစၥတာ ကြန္ေတက ဒီလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီထဲက ေလာင္ဘာဒီနယ္မွာ ေသသူက ၅၅ဝ ေလာက္ရွိပါတယ္။

ဒီနယ္အတြက္ မလိုအပ္တဲ့ အေဆာက္အဦ ေဆာက္တာေတြ တားျမစ္တာနဲ႔ အပတ္စဥ္ ဖြင့္တဲ့ ေလဟာျပင္ေစ်းေတြကို ရပ္ဆိုင္းတာ စတဲ့ ပိုမိုတင္းက်ပ္တဲ့ ဗိုင္းရပ္တိုက္ဖ်က္ေရး စည္းမ်ဥ္းေတြကိုလည္း နယ္ဥကၠ႒ အတ္တီလီယို ဖြန္တားနား က ေၾကညာခဲ့ပါတယ္။

ေနာက္ အျပင္ထြက္ၿပီး တေယာက္ခ်င္း အားကစားလုပ္တာနဲ႔ ကိုယ္လက္လႈပ္ရွားတာ စတာေတြကိုလည္း တားျမစ္လိုက္ၿပီလို႔ သူက ဆိုပါတယ္။

 ေဆးဝန္ထမ္းေတြကို ပန္းစည္းေတြ ေပးၾက

ဥေရာပက တျခားႏွစ္ႏိုင္ငံမွာလည္း ဗိုင္းရပ္ေၾကာင့္ ေသသူအေရအတြက္ ထိုးတက္လာခဲ့ပါတယ္။ ျပင္သစ္မွာ တရက္ထဲ လူတရာေက်ာ္ ေသဆုံးၿပီး စုစုေပါင္းေသသူ ၅၆ဝ ေက်ာ္ ရွိသြားခဲ့ပါတယ္။

စပိန္မွာေတာ့ တရက္ထဲမွာ ေသသူ သုံးရာေက်ာ္ၿပီး စုစုေပါင္းေသဆုံးသူ ၁၃ဝဝ ေက်ာ္သြားပါတယ္။

ေနာက္ ဒီအက်ပ္အတည္းမွာ သူ႔ႏိုင္ငံသားေတြရဲ႕ တုံ႔ျပန္ေဆာင္႐ြက္မႈကိုလည္း စပိန္ ဝန္ႀကီးခ်ဳပ္ ပက္ဒ႐ို ဆန္ေခ်းက ခ်ီးက်ဴးခဲ့ပါတယ္။ စပိန္မွာ အေရးေပၚ အေျခအေန ေၾကညာထားတာ တပတ္ ရွိသြားပါၿပီ။

ဒီေရာဂါတိုက္ဖ်က္ေရးအတြက္ ျပည္သူေတြ အိမ္မွာဆက္ေနဖို႔က အေရးႀကီးတယ္လို႔လည္း စပိန္ ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။ အဆိုးဆုံးရက္ေတြကို ရင္ဆိုင္ရအုံးမယ္လို႔လည္း သူက သတိေပးသြားပါတယ္။

ဗိုင္းရပ္ေၾကာင့္ ေတာင္အာရွ ေထာင္ေတြဆူ
 ဗိုင္းရပ္ေၾကာင့္ သီရိလကၤာ တႏိုင္ငံလုံး အျပင္မထြက္ရ အမိန္႔ထုတ္

သီရိလကၤာနဲ႔ အိႏၵိယမွာ ဗိုင္းရပ္ကို ေၾကာက္လို႔ ေထာင္ဆူတာေတြ ျဖစ္ပြားခဲ့ၿပီး သီရိလကၤာ အလယ္ပိုင္းက ေထာင္ဆူမႈမွာ အနည္းဆုံး လူႏွစ္ေယာက္ ေသဆုံးခဲ့ပါတယ္။

အက်ဥ္းသားေတြက သူတို႔ကို လႊတ္ေပးဖို႔ ေတာင္းဆိုရာကေန ဆူပူမႈ ျဖစ္ပြားတာလို႔ ရဲက ဆိုပါတယ္။

ထြက္ေျပးဖို႔ လုပ္သူေတြကို ရဲက ေသနတ္နဲ႔ ပစ္ခတ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

အိႏၵိယ ႏိုင္ငံ အေရွ႕ပိုင္း ကိုလ္ကတၱားၿမိဳ႕ က ေထာင္ႀကီးမွာေတာ့ ဆူပူမႈကို ၿဖိဳခြဲဖို႔ ရဲက မ်က္ရည္ယိုဗုံး သုံးခဲ့ရပါတယ္။

ရာနဲ႔ခ်ီတဲ့ ေထာင္က် အက်ဥ္းသားေတြက ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ၿပီး ပရိေဘာဂေတြကို ဖ်က္ဆီးခဲ့ၾကပါတယ္။

ဗိုင္းရပ္အေရးေပၚ သတင္းစာရွင္း

ကန္ အကူအညီေပးေရး ညႇိေနဆဲ

အေမရိကန္ ဆီးနိတ္ လႊတ္ေတာ္မွာေတာ့ ဗိုင္းရပ္ကပ္ေဘးမွာ စီးပြားေရး အကူအညီ အတြက္ ေဒၚလာ တစ္ ထရီလ်ံ ေပးဖို႔ ကိစၥ သေဘာတူဖို႔ တိုးတက္မႈေတြ ရွိတယ္လို႔ ရီပတ္ဘလစ္ကန္နဲ႔ ဒီမိုကရက္ အမတ္ေတြက ေျပာပါတယ္။

အေမရိကန္ မိသားစုေတြ၊ စီးပြားေရးေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြအတြက္ အကူအညီက ခုကတည္းက လိုေနၿပီလို႔လည္း ဆီးနိတ္ လူမ်ားစု ေခါင္းေဆာင္ျဖစ္တဲ့ ရီပတ္ဘလစ္ကန္အမတ္ မစ္ခ်္ မက္ေကာနဲက အေလးေပး ေျပာဆိုခဲ့ပါတယ္။

ဒီသီတင္းပတ္ကုန္မွာ ဒီကိစၥ ျပတ္ေအာင္ ေဆြးေႏြးၿပီး တနလၤာေန႔မွာ ေနာက္ဆုံး မဲခြဲဆုံးျဖတ္ဖို႔ ရွိပါတယ္။

ဒီအစီအစဥ္မွာ အိမ္တိုင္းကို ေဒၚလာတေထာင္စီ ေပးတာ အပါအဝင္ စီးပြားေရး လုပ္ငန္းေတြအတြက္ ေခ်းေငြေတြနဲ႔ အလုပ္လက္မဲ့ အာမခံကို တိုးျမႇင့္ေပးဖို႔ ကိစၥေတြလည္း ပါမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေနာက္ အေမရိကန္ဒုသမၼတ မိုက္ပန္႔စ္က သူနဲ႔ သူ႔ဇနီးမွာ ဒီဗိုင္းရပ္ရွိမရွိ စစ္ေဆးမယ္လို႔လည္း ဆိုပါတယ္။

ေ႐ြးေကာက္ပြဲ ေ႐ႊ႕မယ့္ ဘိုလစ္ဗီးယား
ဘိုလစ္ဗီးယားေစ်းထဲက မ်က္ႏွာဖုံးေရာင္းသူ

ေတာင္အေမရိကက ဘိုလစ္ဗီးယားႏိုင္ငံမွာေတာ့ ေမလလုပ္မယ့္ သမၼတ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းမယ္လို႔ ၾကားျဖတ္အစိုးရက ေၾကညာခဲ့ပါတယ္။

ကို႐ိုနာ ဗိုင္းရပ္ ကူးစက္မွာကို တားဆီးတဲ့အေနနဲ႔ ဘိုလစ္ဗီးယား ႏိုင္ငံအႏွံ႔ ပိတ္ဆို႔မႈေတြကိုလည္း ဒီကေန႔ စၿပီး လုပ္ဖို႔ ရွိပါတယ္။

တႏိုင္ငံလုံး သီးသန္႔ခြဲထားဖို႔အတြက္ ေ႐ြးေကာက္ပြဲကို ႏွစ္ပတ္ ေနာက္ဆုတ္မယ္ ဆိုေပမယ့္ ဘယ္ေန႔ လုပ္မယ္ဆိုတာကိုေတာ့ ေ႐ြးေကာက္ပြဲ အရာရွိေတြက မေျပာပါဘူး။

ဘိုလစ္ဗီးယားမွာ ေရာဂါကူးစက္ခံရသူ ၁၉ ေယာက္ ရွိၿပီး အိမ္နီးခ်င္းႏိုင္ငံေတြထက္ ပိုၿပီး နည္းပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဗိုင်းရပ်စ်ကြောက်လို့ တောင်အာရှထောင်တွေ ဆူ၊ တစ်ရက်အတွင်း အီတလီမှာ လူ ၈ဝဝ လောက် စံချိန်တင် သေဆုံး

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ရန်ကုန်မှာ အပူချိန်တိုင်း

ကိုရိုနာဗိုင်းရပ်ရောဂါကို ကျားကုတ်ကျားခဲ တွန်းလှန်နေရတဲ့ အီတလီနိုင်ငံက စက်ရုံတွေအပါအဝင် စီးပွားရေး လုပ်ငန်းတွေမှာ မလိုအပ်တဲ့ လည်ပတ်မှုတွေ ရပ်ဆိုင်းသင့်တယ်လို့ အီတလီ ဝန်ကြီးချုပ် ဂျိုဇက်ပေ ကွန်တေက ပြောကြား လိုက်ပါတယ်။

တရက်အတွင်း အီတလီမှာ လူ ၈ဝဝ လောက် စံချိန်တင် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီးနောက် မစ္စတာ ကွန်တေက ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီထဲက လောင်ဘာဒီနယ်မှာ သေသူက ၅၅ဝ လောက်ရှိပါတယ်။

ဒီနယ်အတွက် မလိုအပ်တဲ့ အဆောက်အဦ ဆောက်တာတွေ တားမြစ်တာနဲ့ အပတ်စဉ် ဖွင့်တဲ့ လေဟာပြင်ဈေးတွေကို ရပ်ဆိုင်းတာ စတဲ့ ပိုမိုတင်းကျပ်တဲ့ ဗိုင်းရပ်တိုက်ဖျက်ရေး စည်းမျဉ်းတွေကိုလည်း နယ်ဥက္ကဋ္ဌ အတ်တီလီယို ဖွန်တားနား က ကြေညာခဲ့ပါတယ်။

နောက် အပြင်ထွက်ပြီး တယောက်ချင်း အားကစားလုပ်တာနဲ့ ကိုယ်လက်လှုပ်ရှားတာ စတာတွေကိုလည်း တားမြစ်လိုက်ပြီလို့ သူက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် CESAR MANSO
Image caption ဆေးဝန်ထမ်းတွေကို ပန်းစည်းတွေ ပေးကြ

ဥရောပက တခြားနှစ်နိုင်ငံမှာလည်း ဗိုင်းရပ်ကြောင့် သေသူအရေအတွက် ထိုးတက်လာခဲ့ပါတယ်။ ပြင်သစ်မှာ တရက်ထဲ လူတရာကျော် သေဆုံးပြီး စုစုပေါင်းသေသူ ၅၆ဝ ကျော် ရှိသွားခဲ့ပါတယ်။

စပိန်မှာတော့ တရက်ထဲမှာ သေသူ သုံးရာကျော်ပြီး စုစုပေါင်းသေဆုံးသူ ၁၃ဝဝ ကျော်သွားပါတယ်။

နောက် ဒီအကျပ်အတည်းမှာ သူ့နိုင်ငံသားတွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုကိုလည်း စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်ချေးက ချီးကျူးခဲ့ပါတယ်။ စပိန်မှာ အရေးပေါ် အခြေအနေ ကြေညာထားတာ တပတ် ရှိသွားပါပြီ။

ဒီရောဂါတိုက်ဖျက်ရေးအတွက် ပြည်သူတွေ အိမ်မှာဆက်နေဖို့က အရေးကြီးတယ်လို့လည်း စပိန် ဝန်ကြီးချုပ်က ဆိုပါတယ်။ အဆိုးဆုံးရက်တွေကို ရင်ဆိုင်ရအုံးမယ်လို့လည်း သူက သတိပေးသွားပါတယ်။
ဗိုင်းရပ်ကြောင့် တောင်အာရှ ထောင်တွေဆူ
ဓာတ်ပုံ မူပိုင် ISHARA S. KODIKARA
Image caption ဗိုင်းရပ်ကြောင့် သီရိလင်္ကာ တနိုင်ငံလုံး အပြင်မထွက်ရ အမိန့်ထုတ်

သီရိလင်္ကာနဲ့ အိန္ဒိယမှာ ဗိုင်းရပ်ကို ကြောက်လို့ ထောင်ဆူတာတွေ ဖြစ်ပွားခဲ့ပြီး သီရိလင်္ကာ အလယ်ပိုင်းက ထောင်ဆူမှုမှာ အနည်းဆုံး လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။

အကျဉ်းသားတွေက သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုရာကနေ ဆူပူမှု ဖြစ်ပွားတာလို့ ရဲက ဆိုပါတယ်။

ထွက်ပြေးဖို့ လုပ်သူတွေကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားမြို့ က ထောင်ကြီးမှာတော့ ဆူပူမှုကို ဖြိုခွဲဖို့ ရဲက မျက်ရည်ယိုဗုံး သုံးခဲ့ရပါတယ်။

ရာနဲ့ချီတဲ့ ထောင်ကျ အကျဉ်းသားတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ပရိဘောဂတွေကို ဖျက်ဆီးခဲ့ကြပါတယ်။
ဓာတ်ပုံ မူပိုင် Tasos Katopodis
Image caption ဗိုင်းရပ်အရေးပေါ် သတင်းစာရှင်း
ကန် အကူအညီပေးရေး ညှိနေဆဲ

အမေရိကန် ဆီးနိတ် လွှတ်တော်မှာတော့ ဗိုင်းရပ်ကပ်ဘေးမှာ စီးပွားရေး အကူအညီ အတွက် ဒေါ်လာ တစ် ထရီလျံ ပေးဖို့ ကိစ္စ သဘောတူဖို့ တိုးတက်မှုတွေ ရှိတယ်လို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အမတ်တွေက ပြောပါတယ်။

အမေရိကန် မိသားစုတွေ၊ စီးပွားရေးတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အကူအညီက ခုကတည်းက လိုနေပြီလို့လည်း ဆီးနိတ် လူများစု ခေါင်းဆောင်ဖြစ်တဲ့ ရီပတ်ဘလစ်ကန်အမတ် မစ်ချ် မက်ကောနဲက အလေးပေး ပြောဆိုခဲ့ပါတယ်။

ဒီသီတင်းပတ်ကုန်မှာ ဒီကိစ္စ ပြတ်အောင် ဆွေးနွေးပြီး တနင်္လာနေ့မှာ နောက်ဆုံး မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။

ဒီအစီအစဉ်မှာ အိမ်တိုင်းကို ဒေါ်လာတထောင်စီ ပေးတာ အပါအဝင် စီးပွားရေး လုပ်ငန်းတွေအတွက် ချေးငွေတွေနဲ့ အလုပ်လက်မဲ့ အာမခံကို တိုးမြှင့်ပေးဖို့ ကိစ္စတွေလည်း ပါမယ်လို့ မျှော်လင့်နေကြပါတယ်။

နောက် အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က သူနဲ့ သူ့ဇနီးမှာ ဒီဗိုင်းရပ်ရှိမရှိ စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။
ရွေးကောက်ပွဲ ရွှေ့မယ့် ဘိုလစ်ဗီးယား
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘိုလစ်ဗီးယားဈေးထဲက မျက်နှာဖုံးရောင်းသူ

တောင်အမေရိကက ဘိုလစ်ဗီးယားနိုင်ငံမှာတော့ မေလလုပ်မယ့် သမ္မတ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်လို့ ကြားဖြတ်အစိုးရက ကြေညာခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ် ကူးစက်မှာကို တားဆီးတဲ့အနေနဲ့ ဘိုလစ်ဗီးယား နိုင်ငံအနှံ့ ပိတ်ဆို့မှုတွေကိုလည်း ဒီကနေ့ စပြီး လုပ်ဖို့ ရှိပါတယ်။

တနိုင်ငံလုံး သီးသန့်ခွဲထားဖို့အတွက် ရွေးကောက်ပွဲကို နှစ်ပတ် နောက်ဆုတ်မယ် ဆိုပေမယ့် ဘယ်နေ့ လုပ်မယ်ဆိုတာကိုတော့ ရွေးကောက်ပွဲ အရာရှိတွေက မပြောပါဘူး။

ဘိုလစ်ဗီးယားမှာ ရောဂါကူးစက်ခံရသူ ၁၉ ယောက် ရှိပြီး အိမ်နီးချင်းနိုင်ငံတွေထက် ပိုပြီး နည်းပါတယ်။

BBC Burmese
https://www.bbc.com
ဗိုင္းရပ္စ္ေၾကာက္လို႔ ေတာင္အာရွေထာင္ေတြ ဆူ၊ တစ္ရက္အတြင္း အီတလီမွာ လူ ၈ဝဝ ေလာက္ စံခ်ိန္တင္ ေသဆုံး ဗိုင္းရပ္စ္ေၾကာက္လို႔ ေတာင္အာရွေထာင္ေတြ ဆူ၊ တစ္ရက္အတြင္း အီတလီမွာ လူ ၈ဝဝ ေလာက္ စံခ်ိန္တင္ ေသဆုံး Reviewed by THITHTOOLWIN on 01:38 Rating: 5
Powered by Blogger.