စားသုံးဆီေဈးအလြန္အကြၽံဝယ္ယူစုေဆာင္းပါက ေဈးႏႈန္းမတည္မၿငိမ္ျဖစ္လိမ့္မယ္လို႔ သတိေပး

ျပည္တြင္းက ထုတ္လုပ္ေရာင္းခ်တဲ့ ပဲဆီမွာလည္း အေရာအေႏွာေတြရွိေန
(Zawgyi)⤵⤵⤵

ျပည္တြင္းေဈးကြက္မွာ စားသုံးဆီျပတ္လပ္မႈမရွိေအာင္နဲ႔ သင့္တင့္မွ်တတဲ့ေဈးႏႈန္းနဲ႔ရရွိေစဖို႔ အစိုးရနဲ႔အတူ လက္တြဲလုပ္ေဆာင္သြားမယ္လို႔ ျမန္မာႏိုင္ငံဆီကုန္သည္နဲ႔ ဆီလုပ္ငန္းရွင္မ်ားအသင္းကေန မတ္ ၁၉ ရက္ေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

စားသုံးဆီအဓိကတင္ပို႔တဲ့ႏိုင္ငံေတြျဖစ္တဲ့ အင္ဒိုနီးရွား၊မေလးရွားစတဲ့ႏိုင္ငံေတြမွာလည္း ဆီအုန္းစက္႐ုံေတြ ပုံမွန္လည္ေနၿပီး ျပည္ပကို ပုံမွန္တင္ပို႔ႏိုင္ဖို႔ လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာပါပ ါတယ္။

ဒါေၾကာင့္ စားသုံးသူျပည္သူေတြအေနနဲ႔ စိုးရိမ္ပူပန္စိတ္နဲ႔စားသုံးဆီကို အလြန္အကြၽံဝယ္ယူစုေဆာင္းပါက ဆီေဈးႏႈန္းမတည္ၿငိမ္တာမ်ိဳး ျဖစ္လာႏိုင္တာေၾကာင့္ ပုံမွန္သာ ဝယ္ယူသုံးစြဲၾကဖို႔ အသိေပးထားပါတယ္။

ဆီေဈးကြက္မွာ မတ္ ၁၉ ရက္ကစၿပီး စားသုံးဆီေဈးဟာ တစ္ပိသာကို က်ပ္ ၂၁၀၀ ခန႔္ကေန က်ပ္ ၃၀၀၀ ခန႔္အထိ ေဈးတက္သြားတယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ကိုဗစ္ -၁၉ ေၾကာင့္ ေဈးေတြပိတ္မွာစိုးရိမ္ပူပန္စိတ္ေၾကာင့္ ကုန္ပစၥည္းေတြကို အလြန္အကြၽံဝယ္ယူတာေတြလည္းျဖစ္ေပၚခဲ့ပါေသးတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵

ပြည်တွင်းက ထုတ်လုပ်ရောင်းချတဲ့ ပဲဆီမှာလည်း အရောအနှောတွေရှိနေ

(၄ စားသုံးဆီဈေးအလွန်အကျွံဝယ်ယူစုဆောင်းပါက ဈေးနှုန်းမတည်မငြိမ်ဖြစ်လိမ့်မယ်လို့ သတိပေး

ပြည်တွင်းဈေးကွက်မှာ စားသုံးဆီပြတ်လပ်မှုမရှိအောင်နဲ့ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ရရှိစေဖို့ အစိုးရနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကနေ မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စားသုံးဆီအဓိကတင်ပို့တဲ့နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှားစတဲ့နိုင်ငံတွေမှာလည်း ဆီအုန်းစက်ရုံတွေ ပုံမှန်လည်နေပြီး ပြည်ပကို ပုံမှန်တင်ပို့နိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပ ါတယ်။

ဒါကြောင့် စားသုံးသူပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စိတ်နဲ့စားသုံးဆီကို အလွန်အကျွံဝယ်ယူစုဆောင်းပါက ဆီဈေးနှုန်းမတည်ငြိမ်တာမျိုး ဖြစ်လာနိုင်တာကြောင့် ပုံမှန်သာ ဝယ်ယူသုံးစွဲကြဖို့ အသိပေးထားပါတယ်။

ဆီဈေးကွက်မှာ မတ် ၁၉ ရက်ကစပြီး စားသုံးဆီဈေးဟာ တစ်ပိသာကို ကျပ် ၂၁၀၀ ခန့်ကနေ ကျပ် ၃၀၀၀ ခန့်အထိ ဈေးတက်သွားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကိုဗစ် -၁၉ ကြောင့် ဈေးတွေပိတ်မှာစိုးရိမ်ပူပန်စိတ်ကြောင့် ကုန်ပစ္စည်းတွေကို အလွန်အကျွံဝယ်ယူတာတွေလည်းဖြစ်ပေါ်ခဲ့ပါသေးတယ်။

BBC Burmese
https://www.bbc.com
စားသုံးဆီေဈးအလြန္အကြၽံဝယ္ယူစုေဆာင္းပါက ေဈးႏႈန္းမတည္မၿငိမ္ျဖစ္လိမ့္မယ္လို႔ သတိေပး  စားသုံးဆီေဈးအလြန္အကြၽံဝယ္ယူစုေဆာင္းပါက ေဈးႏႈန္းမတည္မၿငိမ္ျဖစ္လိမ့္မယ္လို႔ သတိေပး Reviewed by THITHTOOLWIN on 23:38 Rating: 5
Powered by Blogger.