ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း စစ္ေရးျပင္းထန္

(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မေန႔ညက တပ္မေတာ္ ေရယာဥ္ေပၚကေနပစ္လို႔ အရပ္သား သုံးဦးထက္မနည္း ဒဏ္ရာရခဲ့ပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း ကုလားတန္ျမစ္ေအာက္ပိုင္းကေန ဆန္တက္လာတဲ့ တပ္မေတာ္ေရယာဥ္က ပစ္ခတ္လို႔ မေန႔ညက အရပ္သား ငါးဦး ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီ ငါးဦးဟာ ပိုက္သည္ရပ္က ျမစ္ထဲမွာငါးရွာေနတဲ့ မြတ္စလင္ သုံးဦးနဲ႔ ဝက္မႈိင္းေက်း႐ြာက လျခမ္းေျမ ဆန္စက္မွာ အလုပ္လုပ္ေနတဲ့ စက္ဆရာတစ္ဦးနဲ႔ ညေစာင့္တစ္ဦးပါ။

အခုေနာက္ပိုင္း အရပ္သားေတြထိခိုက္တာ ပိုမ်ားလာတယ္လို႔ ဒဏ္ရာရလူနာေတြကို အကူအညီေတြေပးေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕ ျဖဴစင္ေမတၱာ လူမႈကူညီေရးအသင္း ဥကၠ႒ ဦးညီပုက ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက တပ္မေတာ္ ေရယာဥ္ေတြကို ေအေအအဖြဲ႕က မေန႔က တိုက္ခိုက္တာမရွိဘူးလို႔ ေျပာပါတယ္။

အရပ္သားေတြ ဒဏ္ရာရတဲ့တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းနဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးတို႔ကို RFA က ေမးျမန္းဖို႔ ဒီေန႔ညေနပိုင္းမွာ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔ မရပါဘူး။

ကုလားတန္ျမစ္ဟာ ရခိုင္ျပည္နယ္ကေန ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ကိုျဖတ္ၿပီး အိႏၵိယနယ္စပ္အထိ သြားလာႏိုင္လို႔ စစ္ေရးအရ အေရးပါတဲ့ ျမစ္ေၾကာင္းတစ္ခုပါ။

ပလက္ဝၿမိဳ႕ကို ေက်ာက္ေတာ္ၿမိဳ႕နယ္က ေရလမ္း၊ ကုန္းလမ္းေတြနဲ႔ သြားလာႏိုင္ေပမယ့္ လမ္းေၾကာင္း ႏွစ္ခုစလုံးမွာ တပ္မေတာ္ စစ္ေၾကာင္းေတြကို ေအေအအဖြဲ႕က ၾကားျဖတ္တိုက္ခိုက္တာေတြ ရွိပါတယ္။

တပ္မေတာ္ကေတာ့ ေရလမ္းကိုအသုံးျပဳၿပီး အင္အားေတြ ပိုမိုတိုးခ်ဲ႕ေနတာကို ေတြ႕ရတယ္လို႔ ေက်ာက္ေတာ္ေဒသခံ တစ္ဦးျဖစ္တဲ့ ဦးသန္းဝင္းႏိုင္က ေျပာပါတယ္။

ေအေအ အဖြဲ႕ဟာ ကုလားတန္ျမစ္ဝွမ္းအျပင္ ေလးၿမိဳ႕ျမစ္ဝွမ္း၊ ေမယုျမစ္ဝွမ္းနဲ႔ ပလက္ဝေဒသ စတဲ့ ေဒသ ေလးခုေလာက္ကို အေျချပဳလႈပ္ရွားေနတယ္လို႔ ႏိုင္ငံေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက ဆိုပါတယ္။

ေအေအအဖြဲ႕ဟာ လူထုကိုအေျခခံတဲ့ ေျပာက္က်ားစနစ္နဲ႔ စစ္ေရးဆင္ႏႊဲၿပီး ခိုင္မာတဲ့စစ္စခန္းတစ္ခု တည္ေဆာက္ဖို႔ လုံးပမ္းေနတာေတြ႕ရတယ္လို႔လည္း ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္ဆန္းပိုင္းမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ယိုးေခ်ာင္းအထက္ပိုင္းေဒသမွာ ေအေအ အဖြဲ႕နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရပါတယ္။

အခုတိုက္ပြဲေတြကေတာ့ ယိုးေခ်ာင္းအထက္ပိုင္းမွာ ျဖစ္ပြားတာမရွိေတာ့ဘဲ ကုလားတန္ျမစ္ေၾကာင္းကို အေျခခံၿပီး ျဖစ္ပြားေနတာပါ။

ကုလားတန္ျမစ္ကမ္းေဘး ေက်ာက္ေတာ္နဲ႔ ပလက္ဝၿမိဳ႕နယ္အစပ္ တပ္မေတာ္ရဲ႕မီးဝစခန္းကို ေအေအအဖြဲ႕က ရက္ေပါင္း ၄၀ ေက်ာ္ၾကာ ဝိုင္းပတ္ပိတ္ဆို႔တိုက္ခိုက္ခဲ့ၿပီး ၿပီးခဲ့တဲ့မတ္လ ၁၈ ရက္ေန႔မွာေတာ့ ရိကၡာနဲ႔ လက္နက္ခဲယမ္း၊ စစ္ကူေတြ ထိုးေဖာက္ႏိုင္ခဲ့တယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက မေန႔က ထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၉ ႏွစ္ဆန္းပိုင္းက ယိုးေခ်ာင္းအထက္ပိုင္းတိုက္ပြဲမွာ တပ္မေတာ္က ေလယာဥ္သုံးတိုက္ခိုက္မႈ ပထမဆုံးရွိခဲ့ၿပီး အခုရခိုင္ေျမာက္ပိုင္းက တိုက္ပြဲေတြမွာ တပ္မေတာ္က ေလေၾကာင္းတိုက္ခိုက္မႈေတြကို အမ်ားဆုံးလုပ္လာတာ ေတြ႕ရပါတယ္။

ရကၡိဳင့္တပ္ေတာ္ (AA) ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက တပ္မေတာ္က အင္အားေတြ ထပ္ျဖည့္ေနတာေၾကာင့္ တိုက္ပြဲေတြက ဆက္လက္ျပင္းထန္ဦးမယ္လို႔ ဆိုပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ေအေအအဖြဲ႕ရဲ႕ လုပ္ရပ္ဟာ အၾကမ္းဖက္လုပ္ရပ္ေတြျဖစ္တာေၾကာင့္ အၾကမ္းဖက္ဥပေဒနဲ႔ ကိုင္တြယ္ေရးကိုသာ လက္ကိုင္ထားတယ္လို႔ ဒီေန႔ မတ္ ၂၀ ရက္ မနက္က ေမးျမန္းရာမွာ ေျပာပါတယ္။

ႏွစ္ဘက္စစ္ေရးအေျခအေနေတြေၾကာင့္ အရပ္သားထိခိုက္မႈေတြလည္း တေန႔တျခား ပိုမ်ားလာေနပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ RFA က ရရွိခဲ့တဲ့အခ်က္အလက္ေတြအရ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ကေန ဒီေန႔အခ်ိန္အထိ အခ်ိန္ သုံးပတ္ေက်ာ္ကာလအတြင္းမွာ ေသဆုံးတဲ့အရပ္သား ၄၆ ဦးထက္မနည္းရွိေနသလို ထိခိုက္ ဏ္ရာရသူဟာလည္း ၁၃၀ ေက်ာ္အထိရွိပါတယ္။

ကုလားတန္ျမစ္အတြင္းမွာ ဘယ္သူဘယ္ဝါမွန္းမသိတဲ့ လူေသအေလာင္းအခ်ိဳ႕ကို ေတြ႕ေနရတယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ကျောက်တော်မြို့နယ်အတွင်း စစ်ရေးပြင်းထန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက တပ်မတော် ရေယာဉ်ပေါ်ကနေပစ်လို့ အရပ်သား သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ်အောက်ပိုင်းကနေ ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်က ပစ်ခတ်လို့ မနေ့ညက အရပ်သား ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ငါးဦးဟာ ပိုက်သည်ရပ်က မြစ်ထဲမှာငါးရှာနေတဲ့ မွတ်စလင် သုံးဦးနဲ့ ဝက်မှိုင်းကျေးရွာက လခြမ်းမြေ ဆန်စက်မှာ အလုပ်လုပ်နေတဲ့ စက်ဆရာတစ်ဦးနဲ့ ညစောင့်တစ်ဦးပါ။

အခုနောက်ပိုင်း အရပ်သားတွေထိခိုက်တာ ပိုများလာတယ်လို့ ဒဏ်ရာရလူနာတွေကို အကူအညီတွေပေးနေတဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီပုက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တပ်မတော် ရေယာဉ်တွေကို အေအေအဖွဲ့က မနေ့က တိုက်ခိုက်တာမရှိဘူးလို့ ပြောပါတယ်။

အရပ်သားတွေ ဒဏ်ရာရတဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က မေးမြန်းဖို့ ဒီနေ့ညနေပိုင်းမှာ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကုလားတန်မြစ်ဟာ ရခိုင်ပြည်နယ်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး အိန္ဒိယနယ်စပ်အထိ သွားလာနိုင်လို့ စစ်ရေးအရ အရေးပါတဲ့ မြစ်ကြောင်းတစ်ခုပါ။

ပလက်ဝမြို့ကို ကျောက်တော်မြို့နယ်က ရေလမ်း၊ ကုန်းလမ်းတွေနဲ့ သွားလာနိုင်ပေမယ့် လမ်းကြောင်း နှစ်ခုစလုံးမှာ တပ်မတော် စစ်ကြောင်းတွေကို အေအေအဖွဲ့က ကြားဖြတ်တိုက်ခိုက်တာတွေ ရှိပါတယ်။

တပ်မတော်ကတော့ ရေလမ်းကိုအသုံးပြုပြီး အင်အားတွေ ပိုမိုတိုးချဲ့နေတာကို တွေ့ရတယ်လို့ ကျောက်တော်ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင်က ပြောပါတယ်။

အေအေ အဖွဲ့ဟာ ကုလားတန်မြစ်ဝှမ်းအပြင် လေးမြို့မြစ်ဝှမ်း၊ မေယုမြစ်ဝှမ်းနဲ့ ပလက်ဝဒေသ စတဲ့ ဒေသ လေးခုလောက်ကို အခြေပြုလှုပ်ရှားနေတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ဆိုပါတယ်။

အေအေအဖွဲ့ဟာ လူထုကိုအခြေခံတဲ့ ပြောက်ကျားစနစ်နဲ့ စစ်ရေးဆင်နွှဲပြီး ခိုင်မာတဲ့စစ်စခန်းတစ်ခု တည်ဆောက်ဖို့ လုံးပမ်းနေတာတွေ့ရတယ်လို့လည်း ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းဒေသမှာ အေအေ အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အခုတိုက်ပွဲတွေကတော့ ယိုးချောင်းအထက်ပိုင်းမှာ ဖြစ်ပွားတာမရှိတော့ဘဲ ကုလားတန်မြစ်ကြောင်းကို အခြေခံပြီး ဖြစ်ပွားနေတာပါ။

ကုလားတန်မြစ်ကမ်းဘေး ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ် တပ်မတော်ရဲ့မီးဝစခန်းကို အေအေအဖွဲ့က ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့မှာတော့ ရိက္ခာနဲ့ လက်နက်ခဲယမ်း၊ စစ်ကူတွေ ထိုးဖောက်နိုင်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းက ယိုးချောင်းအထက်ပိုင်းတိုက်ပွဲမှာ တပ်မတော်က လေယာဉ်သုံးတိုက်ခိုက်မှု ပထမဆုံးရှိခဲ့ပြီး အခုရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေမှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေကို အများဆုံးလုပ်လာတာ တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တပ်မတော်က အင်အားတွေ ထပ်ဖြည့်နေတာကြောင့် တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ဦးမယ်လို့ ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အေအေအဖွဲ့ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်တွေဖြစ်တာကြောင့် အကြမ်းဖက်ဥပဒေနဲ့ ကိုင်တွယ်ရေးကိုသာ လက်ကိုင်ထားတယ်လို့ ဒီနေ့ မတ် ၂၀ ရက် မနက်က မေးမြန်းရာမှာ ပြောပါတယ်။

နှစ်ဘက်စစ်ရေးအခြေအနေတွေကြောင့် အရပ်သားထိခိုက်မှုတွေလည်း တနေ့တခြား ပိုများလာနေပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဒီနေ့အချိန်အထိ အချိန် သုံးပတ်ကျော်ကာလအတွင်းမှာ သေဆုံးတဲ့အရပ်သား ၄၆ ဦးထက်မနည်းရှိနေသလို ထိခိုက် ဏ်ရာရသူဟာလည်း ၁၃၀ ကျော်အထိရှိပါတယ်။

ကုလားတန်မြစ်အတွင်းမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူသေအလောင်းအချို့ကို တွေ့နေရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား