ျမစ္ႀကီးနား-မႏၲေလး ရထားလမ္းအား ထန္းလုံးျဖင့္ပိတ္ခဲ့သူ ဖမ္းမိ၊ လမ္းဗိုလ္အား မေက်နပ္၍ ယခုလိုလုပ္သည္ ဟုထြက္ဆို


(Zawgyi)⤵⤵⤵
မုံ႐ြာ၊ေဖေဖာ္ဝါရီ-၂၀

ျမစ္ႀကီးနား-မႏၲေလးရထားလမ္း ပိုင္းအား ထန္းတုံး၊ေက်ာက္တုံးမ်ားျဖင့္ပိတ္ခဲ့သူအား စစ္ကိုင္းတိုင္းခင္ဦးၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထားသည္။

လမ္းပိတ္ဆို႔ခဲ့သူမွာ ခင္ဦးၿမိဳ႕ ျမကန္သာ ရပ္ကြက္ေန သံလမ္းလုပ္သား သန္းေထြး ၂၂ ႏွစ္ျဖစ္သည္။ ၎သည္ ခင္ဦးဘူတာ႐ုံ သံလမ္းဗိုလ္အား မေက်နပ္၍ ဒုကၡေရာက္ေစရန္ ယင္းကဲ့သို႔ ခ်ထားခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္းတြင္ ထြက္ဆိုထားသည္။

"အရင္က ခင္ဦးဘူတာမွာသူက တာဝန္က်တာပါ။ လြန္ခဲ့တဲ့ တစ္လေလာက္က လုပ္သားအခ်င္းခ်င္းရန္ျဖစ္လို႔ သူ႔ကို ကန႔္ဘလူ ဘူတာမွာေျပာင္းတာဝန္ခ်လိုက္တာ၊လစာႀကိဳမထုတ္ေပးတာ၊သူ႔ညီေဆး႐ုံေစာင့္ခ်င္တာ ခြင့္တင္တာ ခြင့္မေပးတာေတြ မေက်နပ္လို႔ ခင္ဦးကို အလည္ ျပန္လာရင္း သူ႔အထက္အရာရွိကို ဒုကၡေရာက္ေအာင္ ခုလိုလုပ္ခဲ့တာလို႔ ထြက္ဆိုပါတယ္ "ဟု ခင္ဦးၿမိဳ႕မရဲစခန္းမွ အမႈစစ္ ရဲအုပ္ထြန္းထြန္းႏိုင္က ယေန႔ေမးျမန္းမႈတြင္ေျဖၾကားသည္။

ယခုလ ၁၈ ရက္ေန႔ နံနက္ ၇နာရီခန႔္က ျမစ္ႀကီးနားမွ မႏၲေလးသို႔ေမာင္းလာေသာ အမွတ္ ၄၂ လူစီးအျမန္ရထားသည္ ခင္ဦးဘူတာ ေျမာက္ဘက္ ကိုက္ ၆၀၀ အကြာ ငါးၾကင္းၿမီးအခ်က္ျပတိုက္အနီး၌ အရွည္ ၄ ေပ ႏွင့္ ၈ ေပ ရွိ ထန္းတုံးမ်ားကို ထန္း႐ြက္မ်ားကာ၍ ခ်ထားသည္ကို ရထားစက္ေခါင္းေမာင္းမွ သတိထားမိ၍ ရပ္တန႔္ ကာ ဖြယ္ရွားႏိုင္ခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔ ပိတ္ဆို႔သူ ကို ရွာေဖြ ေဖာ္ထုတ္ေပးရန္ ခင္ဦးဘူတာ႐ုံပိုင္ႀကီးဦးေစာသိန္းဝင္း မွ ရထားပို႔ေဆာင္ေရး လုပ္ငန္းဥပေဒပုဒ္မ -၈၄ ျဖင့္ အမႈဖြင့္ထားခဲ့ျခင္းျဖစ္သည္။

၎ေန႔က အျမန္ရထားေပၚတြင္ ခရီးသြား ၂၀၀ ခန႔္လိုက္ပါလာသည္ဟု စက္ေခါင္းေမာင္း ဦးရဲျမင့္ေအာင္ က ေျပာသည္။

ကိုသစၥာ
Monywa Gazette
https://www.facebook.com/monywagazette/
-------------
(Unicode)⤵⤵⤵
မြစ်ကြီးနား-မန္တလေး ရထားလမ်းအား ထန်းလုံးဖြင့်ပိတ်ခဲ့သူ ဖမ်းမိ၊
လမ်းဗိုလ်အား မကျေနပ်၍ ယခုလိုလုပ်သည် ဟုထွက်ဆို

ကိုသစ္စာ
Monywa Gazette
မုံရွာ၊ဖေဖော်ဝါရီ-၂၀

မြစ်ကြီးနား-မန္တလေးရထားလမ်း ပိုင်းအား ထန်းတုံး၊ကျောက်တုံးများဖြင့်ပိတ်ခဲ့သူအား စစ်ကိုင်းတိုင်းခင်ဦးမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်။

လမ်းပိတ်ဆို့ခဲ့သူမှာ ခင်ဦးမြို့ မြကန်သာ ရပ်ကွက်နေ သံလမ်းလုပ်သား သန်းထွေး ၂၂ နှစ်ဖြစ်သည်။ ၎င်းသည် ခင်ဦးဘူတာရုံ သံလမ်းဗိုလ်အား မကျေနပ်၍ ဒုက္ခရောက်စေရန် ယင်းကဲ့သို့ ချထားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းတွင် ထွက်ဆိုထားသည်။

"အရင်က ခင်ဦးဘူတာမှာသူက တာဝန်ကျတာပါ။ လွန်ခဲ့တဲ့ တစ်လလောက်က လုပ်သားအချင်းချင်းရန်ဖြစ်လို့ သူ့ကို ကန့်ဘလူ ဘူတာမှာပြောင်းတာဝန်ချလိုက်တာ၊လစာကြိုမထုတ်ပေးတာ၊သူ့ညီဆေးရုံစောင့်ချင်တာ ခွင့်တင်တာ ခွင့်မပေးတာတွေ မကျေနပ်လို့ ခင်ဦးကို အလည် ပြန်လာရင်း သူ့အထက်အရာရှိကို ဒုက္ခရောက်အောင် ခုလိုလုပ်ခဲ့တာလို့ ထွက်ဆိုပါတယ် "ဟု ခင်ဦးမြို့မရဲစခန်းမှ အမှုစစ် ရဲအုပ်ထွန်းထွန်းနိုင်က ယနေ့မေးမြန်းမှုတွင်ဖြေကြားသည်။

ယခုလ ၁၈ ရက်နေ့ နံနက် ၇နာရီခန့်က မြစ်ကြီးနားမှ မန္တလေးသို့မောင်းလာသော အမှတ် ၄၂ လူစီးအမြန်ရထားသည် ခင်ဦးဘူတာ မြောက်ဘက် ကိုက် ၆၀၀ အကွာ ငါးကြင်းမြီးအချက်ပြတိုက်အနီး၌ အရှည် ၄ ပေ နှင့် ၈ ပေ ရှိ ထန်းတုံးများကို ထန်းရွက်များကာ၍ ချထားသည်ကို ရထားစက်ခေါင်းမောင်းမှ သတိထားမိ၍ ရပ်တန့် ကာ ဖွယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပိတ်ဆို့သူ ကို ရှာဖွေ ဖော်ထုတ်ပေးရန် ခင်ဦးဘူတာရုံပိုင်ကြီးဦးစောသိန်းဝင်း မှ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေပုဒ်မ -၈၄ ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

၎င်းနေ့က အမြန်ရထားပေါ်တွင် ခရီးသွား ၂၀၀ ခန့်လိုက်ပါလာသည်ဟု စက်ခေါင်းမောင်း ဦးရဲမြင့်အောင် က ပြောသည်။

ကိုသစ္စာ
Monywa Gazette
https://www.facebook.com/monywagazette/
ျမစ္ႀကီးနား-မႏၲေလး ရထားလမ္းအား ထန္းလုံးျဖင့္ပိတ္ခဲ့သူ ဖမ္းမိ၊ လမ္းဗိုလ္အား မေက်နပ္၍ ယခုလိုလုပ္သည္ ဟုထြက္ဆို ျမစ္ႀကီးနား-မႏၲေလး ရထားလမ္းအား ထန္းလုံးျဖင့္ပိတ္ခဲ့သူ ဖမ္းမိ၊ လမ္းဗိုလ္အား မေက်နပ္၍ ယခုလိုလုပ္သည္ ဟုထြက္ဆို Reviewed by THITHTOOLWIN on 01:23 Rating: 5
Powered by Blogger.