လူကယ္ျပန္ဝန္ႀကီးနဲ႔ ရခိုင္ဝန္ႀကီးခ်ဳပ္တို႔ လိုက္ပါလာတဲ့ရဟတ္ယာဥ္ပစ္ခတ္ခံရမႈ ေအေအ ဘာေျပာလဲ

ရဟတ္ယာဥ္မႉးေတြနဲ႔ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး
(Zawgyi)⤵⤵⤵
လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးညီပုတို႔ လိုက္ပါလာတဲ့ ရဟတ္ယာဥ္ ပစ္ခတ္ခံရမႈနဲ႔ ပတ္သက္လို႔ ေလာေလာဆယ္ မသိရေသးဘူးလို႔ ရကၡိဳင့္တပ္ေတာ္ ေအေအက ေျပာခြင့္ရသူ ဦးခိုင္သုခက ေျပာပါတယ္။

"သူတို႔ အပစ္ခံရတယ္ဆိုတဲ့ေနရာကလည္း ဒီရက္ပိုင္းေတြမွာ ကြၽန္ေတာ္တို႔ တပ္ဖြဲ႕ေတြရွိတဲ့ေနရာကို ျမန္မာစစ္တပ္က ေန႔စဥ္ ဟယ္လီေကာ္ပတာေတြ ဂ်က္ေလယာဥ္ေတြနဲ႔ လာၿပီးေတာ့ ပစ္ခတ္ တိုက္ခိုက္ေနတဲ့ေနရာေတြျဖစ္တယ္။ အဲဒီမွာ သူတို႔(ဝန္ႀကီးနဲ႔ဝန္ႀကီးခ်ဳပ္) သြားလာတဲ့အခ်ိန္မွာ ေအာက္ကေန ပစ္ခတ္မႈ ရွိမရွိ ဆိုတာေတာ့ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္မသိေသးပါဘူး" လို႔ သူက ဒီကေန႔ ေဖေဖာ္ဝါရီ ၂၀ ရက္မနက္ပိုင္း ကေျပာပါတယ္။

ဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးနဲ႔ ဝန္ႀကီးခ်ဳပ္ ဦးညီပုတို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဘူးသီးေတာင္ၿမိဳ႕နယ္၊ ခမြီးေခ်ာင္းေက်း႐ြာက လက္နက္ႀကီးထိတဲ့ ေက်ာင္းသားေတြကို သြားေရာက္ေတြ႕ဆုံၿပီး ရဟတ္ယာဥ္နဲ႔ အျပန္ မေန႔က ေဖေဖာ္ဝါရီ ၁၉ ရက္မွာ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၾကားအေရာက္ သူတို႔စီးနင္းလာတဲ့ ရဟတ္ယာဥ္ လက္နက္ငယ္နဲ႔ ပစ္ခတ္ခံရတယ္လို႔ တပ္မေတာ္က ေျပာပါတယ္။

ဒီပစ္ခတ္မႈကို ရကၡိဳင့္တပ္မေတာ္ ေအေအ က ပစ္ခတ္တာ ျဖစ္တယ္လို႔လည္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာၾကားထားပါတယ္။

ရဟတ္ယာဥ္ ဝမ္းဗိုက္ကို ႏွစ္ခ်က္ထိမွန္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္းနဲ႔ ရဟတ္ယာဥ္ကိုလည္း ေအာင္ျမင္စြာ ပ်ံသန္းႏိုင္ခဲ့တယ္လို႔ဆို
ဒီပစ္ခတ္မႈေၾကာင့္ ရဟတ္ယာဥ္ ဝမ္းဗိုက္ကို ႏွစ္ခ်က္ထိမွန္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈမရွိေၾကာင္းနဲ႔ ရဟတ္ယာဥ္ကိုလည္း ေအာင္ျမင္စြာ ပ်ံသန္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း လူသားခ်င္း စာနာမႈ အကူအညီ အေထာက္အပံ့ ေပးေရး ၊ ျပန္လည္ေနရာခ်ထားေရး ၊ ဖြံ႕ၿဖိဳးမႈစီမံကိန္း UEHRD ရဲ႕ အႀကံေပးျဖစ္တဲ့ ဦးတိုးေအာင္ကလည္း ေဘးမသီရန္မခေၾကာင္း ခရီးစဥ္မွာ ပါဝင္တဲ့ပုဂၢိဳလ္ေတြနဲ႔ ရဟတ္ယာဥ္ဓာတ္ပုံကို သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ မေန႔က တင္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျပင္းထန္စြာျဖစ္ပြားေနတာ ၁၀ ရက္ေက်ာ္လာၿပီ ျဖစ္ၿပီး ရခိုင္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝမွာဆို အသြားအလာေတြ ျပတ္ေတာက္ေနၿပီး အဓိကက စားနပ္ရိကၡာအခက္အခဲေတြ အေတာ္ေလး ႀကဳံေတြ႕ေနရပါတယ္။

စစ္ပြဲၾကား ထိခိုက္ဒဏ္ရာရမႈေတြလည္း ေန႔စဥ္တိုးလာေနပါတယ္။ အထူးသျဖင့္ ဒီရက္ပိုင္း ဘူးသီးေတာင္ ခမြီးေခ်ာင္းက မူလတန္းေက်ာင္းေပၚ လက္နက္ႀကီး က်လို႔ ေက်ာင္းသား ၂၀ ေက်ာ္ဒဏ္ရာရတဲ့အေပၚ ႏိုင္ငံတကာ သံတမန္အသိုင္းအဝိုင္း အပါအဝင္ ျပည္တြင္းျပည္ပရဲ႕ ျပင္းထန္တဲ့ေဝဖန္မႈေတြႀကဳံေတြ႕ ေနရပါတယ္။

ဒီျဖစ္ရပ္မတိုင္ခင္ကလည္း ေဘာလုံးကစားေနတဲ့ လူငယ္ေတြအနီး လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲလာလို႔ ဆယ္တန္းေက်ာင္းသားတစ္ဦး ဘယ္ဘက္လက္ေကာက္ဝတ္ကေန ျပတ္သြားခဲ့ပါတယ္။

လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈတိုင္းအေပၚ တပ္မေတာ္ေရာ ေအေအပါ အျပန္အလွန္စြပ္စြဲထားၿပီး ဘယ္သူကမွေတာ့ ဝန္ခံထားျခင္း မရွိေသးပါဘူး။

BBC Burmese
https://www.bbc.com
-------
(Unicode)⤵⤵⤵
လူကယ်ပြန်ဝန်ကြီးနဲ့ ရခိုင်ဝန်ကြီးချုပ်တို့ လိုက်ပါလာတဲ့ရဟတ်ယာဉ်ပစ်ခတ်ခံရမှု အေအေ ဘာပြောလဲ

ဓာတ်ပုံ မူပိုင် Moswrr
Image caption ရဟတ်ယာဉ်မှူးတွေနဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုတို့ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ လောလောဆယ် မသိရသေးဘူးလို့ ရက္ခိုင့်တပ်တော် အေအေက ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

"သူတို့ အပစ်ခံရတယ်ဆိုတဲ့နေရာကလည်း ဒီရက်ပိုင်းတွေမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေရှိတဲ့နေရာကို မြန်မာစစ်တပ်က နေ့စဉ် ဟယ်လီကော်ပတာတွေ ဂျက်လေယာဉ်တွေနဲ့ လာပြီးတော့ ပစ်ခတ် တိုက်ခိုက်နေတဲ့နေရာတွေဖြစ်တယ်။ အဲဒီမှာ သူတို့(ဝန်ကြီးနဲ့ဝန်ကြီးချုပ်) သွားလာတဲ့အချိန်မှာ အောက်ကနေ ပစ်ခတ်မှု ရှိမရှိ ဆိုတာတော့ လောလောဆယ်တော့ ကျွန်တော်မသိသေးပါဘူး" လို့ သူက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မနက်ပိုင်း ကပြောပါတယ်။

ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ ဝန်ကြီးချုပ် ဦးညီပုတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ ခမွီးချောင်းကျေးရွာက လက်နက်ကြီးထိတဲ့ ကျောင်းသားတွေကို သွားရောက်တွေ့ဆုံပြီး ရဟတ်ယာဉ်နဲ့ အပြန် မနေ့က ဖေဖော်ဝါရီ ၁၉ ရက်မှာ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားအရောက် သူတို့စီးနင်းလာတဲ့ ရဟတ်ယာဉ် လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတယ်လို့ တပ်မတော်က ပြောပါတယ်။

ဒီပစ်ခတ်မှုကို ရက္ခိုင့်တပ်မတော် အေအေ က ပစ်ခတ်တာ ဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားထားပါတယ်။
ဓာတ်ပုံ မူပိုင် MOswrr
Image caption ရဟတ်ယာဉ် ဝမ်းဗိုက်ကို နှစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနဲ့ ရဟတ်ယာဉ်ကိုလည်း အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ဆို

ဒီပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ဝမ်းဗိုက်ကို နှစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနဲ့ ရဟတ်ယာဉ်ကိုလည်း အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးမှုစီမံကိန်း UEHRD ရဲ့ အကြံပေးဖြစ်တဲ့ ဦးတိုးအောင်ကလည်း ဘေးမသီရန်မခကြောင်း ခရီးစဉ်မှာ ပါဝင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ရဟတ်ယာဉ်ဓာတ်ပုံကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က တင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတာ ၁၀ ရက်ကျော်လာပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမှာဆို အသွားအလာတွေ ပြတ်တောက်နေပြီး အဓိကက စားနပ်ရိက္ခာအခက်အခဲတွေ အတော်လေး ကြုံတွေ့နေရပါတယ်။

စစ်ပွဲကြား ထိခိုက်ဒဏ်ရာရမှုတွေလည်း နေ့စဉ်တိုးလာနေပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်း ဘူးသီးတောင် ခမွီးချောင်းက မူလတန်းကျောင်းပေါ် လက်နက်ကြီး ကျလို့ ကျောင်းသား ၂၀ ကျော်ဒဏ်ရာရတဲ့အပေါ် နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်း အပါအဝင် ပြည်တွင်းပြည်ပရဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေကြုံတွေ့ နေရပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင်ကလည်း ဘောလုံးကစားနေတဲ့ လူငယ်တွေအနီး လက်နက်ကြီး ကျရောက် ပေါက်ကွဲလာလို့ ဆယ်တန်းကျောင်းသားတစ်ဦး ဘယ်ဘက်လက်ကောက်ဝတ်ကနေ ပြတ်သွားခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတိုင်းအပေါ် တပ်မတော်ရော အေအေပါ အပြန်အလှန်စွပ်စွဲထားပြီး ဘယ်သူကမှတော့ ဝန်ခံထားခြင်း မရှိသေးပါဘူး။

BBC Burmese
https://www.bbc.com
လူကယ္ျပန္ဝန္ႀကီးနဲ႔ ရခိုင္ဝန္ႀကီးခ်ဳပ္တို႔ လိုက္ပါလာတဲ့ရဟတ္ယာဥ္ပစ္ခတ္ခံရမႈ ေအေအ ဘာေျပာလဲ လူကယ္ျပန္ဝန္ႀကီးနဲ႔ ရခိုင္ဝန္ႀကီးခ်ဳပ္တို႔ လိုက္ပါလာတဲ့ရဟတ္ယာဥ္ပစ္ခတ္ခံရမႈ ေအေအ ဘာေျပာလဲ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.