ကခ်င္ေတာ္လွန္ေရးေန႔ ဆုေတာင္းပြဲေၾကာင့္ အဖမ္းခံရသူႏွစ္ဦး ျပန္လြတ္ဖြယ္ရွိ

ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္အလံေတာ္ေအာက္တြင္ တပ္ဖြဲ႔ဝင္မ်ား စစ္ေရးေလ့က်င္စဥ္။ (၂၀၁၂ မတ္လ)

(Zawgyi/Unicode)

ကခ်င္ေတာ္လွန္ေရးေန႔ဆုေတာင္းပဲြအခမ္းအနားက်င္းပခဲ့တာေၾကာင့္ ျမစ္ႀကီးနားၿမိဳ႔ ေနာင္နန္းေဂ်ာ္ဘြမ္ ဆုေတာင္းေတာင္က ဘာသာေရးတာ၀န္ခံနဲ႔ လူငယ္ေခါင္းေဆာင္တို႔ကို မတရားအသင္းနဲ႔ ဆက္သြယ္မႈ ပုဒ္မ ၁၇(၁)အရ အမႈဖြင့္ခဲ့ပါတယ္။

ကခ်င္ဘာသာေရး၊လူမႈအသင္းအဖဲြ႔ေခါင္းေဆာင္ေတြ ေျမာက္ပိုင္းတိုင္း စစ္တုိင္းမႈးနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့တဲ့ေနာက္မွာ ေျပလည္မႈရရိွသြားတာေၾကာင့္ မနက္ျဖန္မွာ ျပန္လည္ လႊတ္ေျမာက္လာဖြယ္ရိွေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIO/KIA ေတာ္လွန္ေရးစတင္ခဲ့တဲ့ ႏွစ္ ၆၀ျပည့္ ဆုေတာင္းပဲြအခမ္းအနားကို ျမစ္ၾကီးနားၿမိဳ႔ ေနာင္နန္းေဂ်ာ္ဘြမ္ဆုေတာင္းေတာင္မွာ ဒီလ ၅ရက္ေန႔က က်င္းပခဲ့တာပါတယ္။

ဒီပဲြက်င္းပတာနဲ႔ပတ္သက္ၿပီး ၆ရက္ေန႔မွာ ေဂ်ာ္ဘြမ္ဆုေတာင္းေတာင္က ဘာသာေရးတာ၀န္ခံ ဆရာ ဦးေဒါင္လြမ္နဲ႔ လူငယ္တာ၀န္ခံ ဦးတူးထန္တုိ႔ကို တပ္မေတာ္က လာေရာက္ေခၚယူၿပီး ျမစ္ၾကီးနားၿမိဳ႔ ၿမိဳ႔မ ရဲစခန္းမွာ စစ္ေဆးေမးျမန္းခဲ့ပါတယ္။

သူတို႔ ၂ေယာက္ကို မတရားအသင္းနဲ႔ ဆက္သြယ္မႈ ပုဒ္မ ၁၇(၁)နဲ႔ အမႈဖြင့္ထားေၾကာင္း ၿမိဳ႔မရဲစခန္းက တာ၀န္က် ရဲတပ္ဖဲြ႔၀င္တစ္ဦး ေျပာပါတယ္။

“ အမႈဖြင့္ထားတယ္ခင္ဗ်။ ဘာမႈလဲဆုိေတာ့ ၁၇(၁)ေပါ့ဗ်ာ။”

တပ္မေတာ္ရဲ႕ ကခ်င္လက္နက္ကိုင္ ၂၀ အလင္းဝင္သတင္း KIA ျငင္းဆိုတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ဒီေန႔မွာေတာ့ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္အဖဲ႔ြခ်ဳပ္၊ ကခ်င္အမ်ိဳးသားအတုိင္ပင္ခံေကာင္စီWMRနဲ႔ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔ PCG က ေခါင္းေဆာင္ေတြဟာ ေျမာက္ပိုင္းတုိင္းစစ္တုိင္းမွဴးနဲ႔ သြားေရာက္ ေတြ႔ဆံုေဆြးေႏြးခဲ့ရာမွာ ေျပလည္မႈရရိွခဲ့တယ္လို႔ PCG က ဦးလမိုင္ဂြမ္ဂ်ာက ေျပာပါတယ္။

“ ဟုတ္တယ္။ ၁၇(၁)နဲ႔ အမႈဖြင့္ထားတယ္။ တပ္ကေနၿပီးအမႈဖြင့္ထားတာ ဒီေန႔ တုိင္းမွဴး နဲ႔သြားေတြ႔ၿပီးေတာ့မွ အားလံုးအဆင္ေျပၿပီလုိ႔ပဲ အခုေလးတင္ပဲ က်ေနာ့ကို အေၾကာင္း ၾကားလာတယ္ဗ်။”

ေဂ်ာ္ဘြမ္ဆုေတာင္းေတာင္က ဘာသာေရးဆရာနဲ႔ လူငယ္တာ၀န္ခံကို ထိန္းသိမ္းတဲ့ေပၚမွာေတာ့ ဒီ အမႈအခင္းနဲ႔ပတ္သက္ၿပီး ေျပာေရးဆုိခြင့္ရိွသူ ေဒါက္တာ မဂ်ီလ၀မ္ကေတာ့ အခုလို သံုးသပ္ပါတယ္။

“ ႏွစ္စဥ္လုပ္ေနက်ဆုိေတာ့ေလ။ ဒါေပမဲ့ ဒီႏွစ္က လူငယ္ေတြက အဲဒီ Performance ေလးပါသြားတယ္။ Performance က က်ေနာ္တုိ႔ ကခ်င္ KIO/KIA ဘယ္လို စတင္ခဲ့သလဲဆုိတဲ့ဟာ အတုိေလးပါ က်ေနာ္တို႔ အားလံုးျမင္ရပါတယ္။ အဲဒီအတုိေလးကို စစ္၀တ္စံုနဲ႔ တံဆိပ္ေတြေတာ့ မပါဘူးေပါ့။ ေသနတ္ေတြနဲ႔ ေသနတ္ေတြလည္း ေစ်းထဲက ေကာ္ေသနတ္ေတြ အဲေလာက္ပါပဲ။ အဲဒါေလးနဲ႔ သရုပ္ေဆာင္ေတာ့ နည္းနည္းေလး အဲဒီမွာ အျမင္မေကာင္းသလုိ ျဖစ္သြားမယ္ထင္တယ္။ အဲဒါေၾကာင့္ အစိုးရေတြလည္း အဲလို ယူလာတာ။ ”

ကခ်င္ဒုကၡသည္ေတြေနရပ္ျပန္ေရး စိန္ေခၚမႈေတြရွိေနဆဲသတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ေတာ္လွန္ေရးေန႔ ဆုေတာင္းပဲြအခမ္းအနားကို ကခ်င္အမ်ိဳးသားအတိုင္ပင္ခံအဖဲြ႔ WMR က ဦးေဆာင္က်င္းပခဲ့တာျဖစ္ၿပီး ဒီကေန႔ ညေနပိုင္းမွာ WMR ကစစ္တုိင္းမႈးထံလိပ္မႈထားတဲ့ စာ တစ္ေစာင္ထုတ္ျပန္ခဲ့ပါတယ္။

ဒီစာမွာေတာ့ ဆုေတာင္းပဲြဟာ ႏွစ္၆၀ေက်ာ္ၾကာခံစားရတဲ့ ဒုကၡေတြ ကင္းလြတ္ေစဖုိ႔၊ အစိုးရ၊ တပ္မေတာ္နဲ႔ လက္နက္ကိုင္အဖဲြ႔အားလံုးအတြက္ ဆုေတာင္းေပးရံုသာမက ၿငိမ္းခ်မ္းေရးအျမန္ရရိွၿပီး IDP ေခၚ စစ္ေရွာင္ဒုကၡသည္ေတြ အျမန္ျပန္ႏိုင္ေရးကိုလည္း ဆုေတာင္းခဲ့ေၾကာင္း၊ သရုပ္ေဖာ္တင္ဆက္မႈဟာလည္း စစ္ရဲ့ အနိဌာရံု၊ စစ္ေၾကာင့္ ဆံုးရႈံးပ်က္ဆီးမႈနဲ႔ ၿငိမ္းခ်မ္းေရး အျမန္ရရိွေအာင္ေဆာင္ရြက္ဖုိ႔အတြက္ သတင္းစကားပါးလိုတာသာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဆက္လက္ၿပီး ယခုလို ဥပေဒေက်ာ္လြန္တဲ့ ကိစၥေတြ ထပ္မံမျဖစ္ပြားေစဖုိ႔အတြက္ ကခ်င္အမ်ိဳးသား အတုိင္ပင္ခံအဖဲြ႔နဲ႔ ဘာသာေရးအသင္းအဖဲြ႔မ်ားက ၀ုိင္း၀န္းထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

...................

ကချင်တော်လှန်ရေးနေ့ ဆုတောင်းပွဲကြောင့် အဖမ်းခံရသူနှစ်ဦး ပြန်လွတ်ဖွယ်ရှိ

(Unicode)

ကချင်တော်လှန်ရေးနေ့ဆုတောင်းပွဲအခမ်းအနားကျင်းပခဲ့တာကြောင့် မြစ်ကြီးနားမြို့ နောင်နန်းဂျော်ဘွမ် ဆုတောင်းတောင်က ဘာသာရေးတာဝန်ခံနဲ့ လူငယ်ခေါင်းဆောင်တို့ကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁)အရ အမှုဖွင့်ခဲ့ပါတယ်။ ကချင်ဘာသာရေး၊လူမှုအသင်းအဖွဲ့ခေါင်းဆောင်တွေ မြောက်ပိုင်းတိုင်း စစ်တိုင်းမှုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့နောက်မှာ ပြေလည်မှုရရှိသွားတာကြောင့် မနက်ဖြန်မှာ ပြန်လည် လွှတ်မြောက်လာဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တော်လှန်ရေးစတင်ခဲ့တဲ့ နှစ် ၆၀ပြည့် ဆုတောင်းပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ နောင်နန်းဂျော်ဘွမ်ဆုတောင်းတောင်မှာ ဒီလ ၅ရက်နေ့က ကျင်းပခဲ့တာပါတယ်။

ဒီပွဲကျင်းပတာနဲ့ပတ်သက်ပြီး ၆ရက်နေ့မှာ ဂျော်ဘွမ်ဆုတောင်းတောင်က ဘာသာရေးတာဝန်ခံ ဆရာ ဦးဒေါင်လွမ်နဲ့ လူငယ်တာဝန်ခံ ဦးတူးထန်တို့ကို တပ်မတော်က လာရောက်ခေါ်ယူပြီး မြစ်ကြီးနားမြို့ မြို့မ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

သူတို့ ၂ယောက်ကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားကြောင်း မြို့မရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

“ အမှုဖွင့်ထားတယ်ခင်ဗျ။ ဘာမှုလဲဆိုတော့ ၁၇(၁)ပေါ့ဗျာ။”

တပ်မတော်ရဲ့ ကချင်လက်နက်ကိုင် ၂၀ အလင်းဝင်သတင်း KIA ငြင်းဆိုတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဒီနေ့မှာတော့ ကချင်နှစ်ချင်းခရစ်ယာန်အဖဲ့ွချုပ်၊ ကချင်အမျိုးသားအတိုင်ပင်ခံကောင်စီWMRနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ခေါင်းဆောင်တွေဟာ မြောက်ပိုင်းတိုင်းစစ်တိုင်းမှူးနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှုရရှိခဲ့တယ်လို့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ ဟုတ်တယ်။ ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်။ တပ်ကနေပြီးအမှုဖွင့်ထားတာ ဒီနေ့ တိုင်းမှူး နဲ့သွားတွေ့ပြီးတော့မှ အားလုံးအဆင်ပြေပြီလို့ပဲ အခုလေးတင်ပဲ ကျနော့ကို အကြောင်း ကြားလာတယ်ဗျ။”

ဂျော်ဘွမ်ဆုတောင်းတောင်က ဘာသာရေးဆရာနဲ့ လူငယ်တာဝန်ခံကို ထိန်းသိမ်းတဲ့ပေါ်မှာတော့ ဒီ အမှုအခင်းနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မဂျီလဝမ်ကတော့ အခုလို သုံးသပ်ပါတယ်။

“ နှစ်စဉ်လုပ်နေကျဆိုတော့လေ။ ဒါပေမဲ့ ဒီနှစ်က လူငယ်တွေက အဲဒီ Performance လေးပါသွားတယ်။ Performance က ကျနော်တို့ ကချင် KIO/KIA ဘယ်လို စတင်ခဲ့သလဲဆိုတဲ့ဟာ အတိုလေးပါ ကျနော်တို့ အားလုံးမြင်ရပါတယ်။ အဲဒီအတိုလေးကို စစ်ဝတ်စုံနဲ့ တံဆိပ်တွေတော့ မပါဘူးပေါ့။ သေနတ်တွေနဲ့ သေနတ်တွေလည်း ဈေးထဲက ကော်သေနတ်တွေ အဲလောက်ပါပဲ။ အဲဒါလေးနဲ့ သရုပ်ဆောင်တော့ နည်းနည်းလေး အဲဒီမှာ အမြင်မကောင်းသလို ဖြစ်သွားမယ်ထင်တယ်။ အဲဒါကြောင့် အစိုးရတွေလည်း အဲလို ယူလာတာ။ ”

ကချင်ဒုက္ခသည်တွေနေရပ်ပြန်ရေး စိန်ခေါ်မှုတွေရှိနေဆဲသတင်းကို ဖတ်ရှုနိုင်ပါပြီ။

တော်လှန်ရေးနေ့ ဆုတောင်းပွဲအခမ်းအနားကို ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ WMR ကစစ်တိုင်းမှုးထံလိပ်မှုထားတဲ့ စာ တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ဒီစာမှာတော့ ဆုတောင်းပွဲဟာ နှစ်၆၀ကျော်ကြာခံစားရတဲ့ ဒုက္ခတွေ ကင်းလွတ်စေဖို့၊ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အားလုံးအတွက် ဆုတောင်းပေးရုံသာမက ငြိမ်းချမ်းရေးအမြန်ရရှိပြီး IDP ခေါ် စစ်ရှောင်ဒုက္ခသည်တွေ အမြန်ပြန်နိုင်ရေးကိုလည်း ဆုတောင်းခဲ့ကြောင်း၊ သရုပ်ဖော်တင်ဆက်မှုဟာလည်း စစ်ရဲ့ အနိဌာရုံ၊ စစ်ကြောင့် ဆုံးရှုံးပျက်ဆီးမှုနဲ့ ငြိမ်းချမ်းရေး အမြန်ရရှိအောင်ဆောင်ရွက်ဖို့အတွက် သတင်းစကားပါးလိုတာသာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ယခုလို ဥပဒေကျော်လွန်တဲ့ ကိစ္စတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့နဲ့ ဘာသာရေးအသင်းအဖွဲ့များက ဝိုင်းဝန်းထိန်းသိမ်းသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မုိးေဇာ္/ VOA (Burmese)
https://burmese.voanews.com
ကခ်င္ေတာ္လွန္ေရးေန႔ ဆုေတာင္းပြဲေၾကာင့္ အဖမ္းခံရသူႏွစ္ဦး ျပန္လြတ္ဖြယ္ရွိ ကခ်င္ေတာ္လွန္ေရးေန႔ ဆုေတာင္းပြဲေၾကာင့္ အဖမ္းခံရသူႏွစ္ဦး ျပန္လြတ္ဖြယ္ရွိ Reviewed by THITHTOOLWIN on 00:21 Rating: 5
Powered by Blogger.