ျမန္မာဘက္ ခိုးဝင္လာတ့ဲ့ ဝူဟန္ၿမိဳ႕က လူ ေလးဦး ရွာမေတြ႔ေသး

ကို႐ိုနာဗိုင္းရပ္စ္ပိုး စတင္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕က တ႐ုတ္ ႏုိ္င္ငံသား ၅ ဦး

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ပိုး စတင္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံ၊ ဝူဟန္ၿမိဳ႕က တ႐ုတ္ ႏုိ္င္ငံသား ၅ ဦး ျမန္မာႏုိင္ငံဘက္ တရားမဝင္ ဝင္လာတဲ့အေၾကာင္း ေရႊလီရဲတပ္ဖြဲ႔က မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႔ကို ၾကာသပေတးေန႔က အေၾကာင္းၾကားခဲ့ပါတယ္။ အဲဒီထဲက တဦးကို အေၾကာင္းၾကားစာရတဲ့ေန႔မွာပဲ ရွာေတြ႔ခဲ့ၿပီး က်န္တဲ့လူ ေလးဦးကို ဆက္ရွာေနပါတယ္။ အဲဒီလူေတြမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတယ္လုိ႔ သံသယရွိတဲ့အေၾကာင္း ေရႊလီရဲတပ္ဖြဲ႔ရဲ႕ အေၾကာင္းၾကားစာထဲမွာ ေဖာ္ျပထားပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ႏိုဗယ္ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ သံသယရွိသူ ဝူဟန္ၿမိဳ႕သား ၅ ဦး ေဖေဖာ္ဝါရီလ ၆ ရက္္ ၾကာသပေတးေန႔က မူဆယ္ၿမိဳ႕ကို ေရာက္ရွိေနတယ္လို႔ တရုတ္ႏုိင္ငံေရႊလီ ရဲဌာနကေန မူဆယ္ခရိုင္ရဲတပ္ဖြဲ႕ကို သတင္းေပးပို႔ခဲ့ပါတယ္။ အဲဒီထဲမွာ အမ်ိဳးသား ၄ ဦးနဲ႔ အမ်ိဳးသမီး ၁ ဦးပါ ရွိၿပီး အဲဒီအမ်ိဳးသမီးကို ခ်က္ခ်င္းရွာေတြ႔ခဲ့လို႔ က်န္းမာေရးစစ္ေဆးခ်က္ေတြ လုပ္ၿပီး ေရႊလီရဲဌာန တာဝန္ရွိသူေတြထံ လႊဲေျပာင္းေပးခဲ့တယ္လို႔ မူဆယ္ခရိုင္ တာဝန္ရွိသူ တဦးက ေျပာပါတယ္။

“ေလးေယာက္နဲ႔ ပတ္သက္ၿပီးေတာ့ ရွာေဖြေနဆဲပဲ။ သူတိုိ႔ကလည္း ဒီဘက္ကို ေရာက္ေနတယ္လို႔ သတင္းခ်ေပးတာဗ်။ သူတုိ႔တရုတ္ဘက္က ေပးတဲ့ သတင္းပဲေလေနာ္။ အဲဒီမွာ မေန႔က ခ်က္ခ်င္းလုိက္ရွာေတာ့ တေယာက္ေတြ႕တယ္။ က်န္တဲ့ ေလးေယာက္ကေတာ့ ဆက္ရွာေနတုန္းပဲေပါ့။ အဲဒါ သူတို႔ဝူဟန္ကေနၿပီးေတာ့ ဒီမူဆယ္ၿမိဳ႕ဘက္ကုိ ထြက္လာတယ္ဆုိၿပီးေတာ့ သူတုိ႔က သံသယရွိလူနာေပါ့။ ဒါေပမဲ့ အခုျပန္ေတြ႕တဲ့ တေယာက္ကေတာ့ က်န္းမာေရးအေျခအေန ေကာင္းမြန္ပါတယ္။ သူတို႔ဘက္ကလည္း စစ္တယ္၊ ဒီဘက္ကလည္း စစ္တယ္။ မေန႔ကပဲ ျပန္လႊဲေပးၿပီးသြားၿပီေနာ္။”

ေရႊလီရဲဌာနက ေပးပို႔တဲ့ အေၾကာင္းေၾကာင္းစာထဲမွာ “မိမိႏုိင္ငံတြင္ ယခုတေလာ ျဖစ္ပြားေနေသာ ဗုိင္းရပ္စ္အဆုတ္ေရာင္ေရာဂါ ကူးစက္မႈအလြန္ျမန္ဆန္သျဖင့္ ၄င္းေရာဂါအား ကာကြယ္ထိန္းသိမ္းရန္ ေဆာင္ရြက္ေနပါသည္။ ယခုေရာဂါျဖစ္ပြားေနေသာ ဝူဟန္ၿမိဳ႕မွ တရုတ္ႏုိင္ငံသား ၅ ဦးသည္ ေရႊလီသို႔ ေရာက္ရွိလာၿပီး ေရႊလီၿမိဳ႕မွတဆင့္ မူဆယ္ၿမိဳ႕သို႔ ေရာက္ရွိေနေၾကာင္း သိရွိရၿပီး ၄င္း ၅ ဦးမွာ ကိုရုိနာဗုိင္းရပ္စ္ ေရာဂါကူးစက္ခံထားရေၾကာင္း သံသယရွိသျဖင့္ ျမန္မာႏုိင္ငံသို႔ ကူးစက္ႏုိင္၍ ႀကိဳတင္ကာကြယ္ႏုိင္ရန္အတြက္ အေၾကာင္းၾကားပါသည္” ဆိုၿပီး ေဖာ္ျပထားပါတယ္။

က်န္ရွိေနေသးတဲ့ ဝူဟန္ေဒသခံ ၄ ဦးကိုေတာ့ ဆက္လက္ရွာေဖြေနဆဲျဖစ္ၿပီး သူတုိ႔ကို ျပန္ရွာေတြ႕ရင္ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္သြားဖုိ႔ အဆင္သင့္ျပင္ဆင္ထားတယ္လို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာတင္ေမာင္ညႊန္႕က အခုလိုေျပာပါတယ္။

“ဆရာတို႔ က်န္းမာေရး ဌာနကေနၿပီးေတာ့ သူတို႔တည္းခဲ့တဲ့ ေနရာေတြေပါ့ေနာ္ သြားေရာက္ၿပီးေတာ့ စစ္ေဆးမွာေပါ့။ သူတုိ႔နဲ႔ ထိေတြ႔ခဲ့တဲ့လူေတြ က်န္းမာေရးသြားစစ္မယ္။ အဲဒါကိုေတာ့ ဆရာတုိ႔က အကုန္လံုးညႊန္ၾကားထားၿပီးသားပဲ။”

တရုတ္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းေလာက္က စတင္ခဲ့တဲ့ ႏုိဗယ္ကိုရိုနာ ဗုိင္းရပ္စ္ကူးစက္ခံထားရသူ ျမန္မာႏုိင္ငံမွာ မရွိေသးသလို၊ ျပည္နယ္အသီးသီးမွာရွိတဲ့ ျပည္သူ႔က်န္းမာေရးဦးစီးဌာနေတြကလည္း ေရာဂါႀကိဳတင္ကာကြယ္ေရးနဲ႔ ေစာင့္ၾကည့္ေရးလုပ္ငန္းေတြကို အရွိန္ျမင့္ ေဆာင္ရြက္ေနတယ္လုိ႔ ဆိုပါတယ္။

ျမန္မာႏုိင္ငံမွာ ႏုိဗယ္ကုိရုိနာဗုိင္းရပ္စ္ သံသယလူနာ ၂ ဦးနဲ႔ ေစာင့္ၾကည့္လူနာ ၆ ဦးရွိသြားၿပီလို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“သံသယလူနာ ၂၊ ေဆးရံုတင္ေစာင့္ၾကည့္လူနာက ၄ ျဖစ္သြားၿပီ။ ဒါေပမယ့္ အခု လက္ပြတၱာမွာ ေဆးရံုတင္ေစာင့္ၾကည့္လူနာ ၂ ေယာက္ ထပ္တုိးတယ္ေပါ့ေနာ္။ ထပ္တုိးတဲ့ Sample ကိုေတာ့ ေပးပို႔ဖုိ႔လုပ္ေနပါတယ္။”

အခုခ်ိန္မွာေတာ့ သံသယလူနာ ၂ ဦးနဲ႔ ေစာင့္ၾကည့္လူနာ ၄ ဦးတုိ႔ရဲ႕ ေရာဂါရွိ၊ မရွိ အတည္ျပဳေပးမယ့္ အေျဖကုိ ေစာင့္ေနတယ္လို႔ ဆိုပါတယ္။

“ရည္ညႊန္းဓာတ္ခြဲခန္းက မင္းျပားလူနာရယ္၊ လႈိင္သာယာကေန လႊဲပို႔လို္က္တဲ့ ေဝဘာဂီေဆးရံုမွာ ေစာင့္ၾကပ္ကုသမႈေပးေနတဲ့ လူနာရယ္။ သူတုိ႔ ႏွစ္ေယာက္ရဲ႕ ေရာဂါရွိ၊ မရွိအေျဖကို က်မတုိ႔ ေစာင့္ေနတာပါ။”

သံသယလူနာနဲ႔ ေစာင့္ၾကည့္လူနာေတြရဲ႕ ေရာဂါပိုး ရွိ၊ မရွိ အတည္ျပဳေပးႏုိင္ဖုိ႔ ရလဒ္ကုိ ထုိင္းႏို္င္ငံမွာရွိတဲ့ ကမာၻ႕က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္းကို ေပးပို႔ထားတာပါ။ က်န္ရွိေနေသးသူေတြရဲ႕ က်န္းမာေရးစစ္ခ်က္ နမူနာေတြကုိလည္း အဲဒီဓာတ္ခြဲခန္းကို ေပးပို႔ဖုိ႔ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ႏုိဗယ္ကိုရိုနာ ဗုိင္းရပ္စ္ဟာ အသက္ရွဴလမ္းေၾကာင္းဆ္ိုင္ရာ ေရာဂါ တမ်ိဳးျဖစ္တာေၾကာင့္ ဒီေရာဂါကို ကို္ယ္တိုင္ကစၿပီး ကာကြယ္ဖို႔ လိုတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက လမ္းညႊန္ထားပါတယ္။ ေခ်ာင္းဆုိး၊ ႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔အျပင္ လက္ကိုစနစ္တက် မၾကာခဏေဆးဖုိ႔လိုၿပီး ကိုယ္ခံအားေကာင္းေအာင္ စားေသာက္ေနထုိင္ဖို႔လည္း လိုပါတယ္။ အဲဒါအျပင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လမ္းညႊန္ခ်က္ေတြကုိ လိုက္နာေစာင့္ၾကည့္ဖုိ႔ကုိလည္း ညႊန္ၾကားထားပါတယ္။


[Unicode Version]

မြန်မာဘက် ခိုးဝင်လာတဲ့ ဝူဟန်မြို့က လူ လေးဦး ရှာမတွေ့သေး

ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က တရုတ် နိုင်ငံသား ၅ ဦး မြန်မာနိုင်ငံဘက် တရားမဝင် ဝင်လာတဲ့အကြောင်း ရွှေလီရဲတပ်ဖွဲ့က မူဆယ်ခရိုင်ရဲတပ်ဖွဲ့ကို ကြာသပတေးနေ့က အကြောင်းကြားခဲ့ပါတယ်။ အဲဒီထဲက တဦးကို အကြောင်းကြားစာရတဲ့နေ့မှာပဲ ရှာတွေ့ခဲ့ပြီး ကျန်တဲ့လူ လေးဦးကို ဆက်ရှာနေပါတယ်။ အဲဒီလူတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့အကြောင်း ရွှေလီရဲတပ်ဖွဲ့ရဲ့ အကြောင်းကြားစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူ ဝူဟန်မြို့သား ၅ ဦး ဖေဖော်ဝါရီလ ၆ ရက် ကြာသပတေးနေ့က မူဆယ်မြို့ကို ရောက်ရှိနေတယ်လို့ တရုတ်နိုင်ငံရွှေလီ ရဲဌာနကနေ မူဆယ်ခရိုင်ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ ရှိပြီး အဲဒီအမျိုးသမီးကို ချက်ချင်းရှာတွေ့ခဲ့လို့ ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး ရွှေလီရဲဌာန တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ မူဆယ်ခရိုင် တာဝန်ရှိသူ တဦးက ပြောပါတယ်။

“လေးယောက်နဲ့ ပတ်သက်ပြီးတော့ ရှာဖွေနေဆဲပဲ။ သူတို့ကလည်း ဒီဘက်ကိုရောက်နေတယ်လို့ သတင်းချပေးတာဗျ။ သူတို့တရုတ်ဘက်က ပေးတဲ့ သတင်းပဲလေနော်။ အဲဒီမှာ မနေ့က ချက်ချင်းလိုက်ရှာတော့ တယောက်တွေ့တယ်။ ကျန်တဲ့ လေးယောက်ကတော့ ဆက်ရှာနေတုန်းပဲပေါ့။ အဲဒါ သူတို့ဝူဟန်ကနေပြီးတော့ ဒီမူဆယ်မြို့ဘက်ကို ထွက်လာတယ်ဆိုပြီးတော့ သူတို့က သံသယရှိလူနာပေါ့။ ဒါပေမဲ့ အခုပြန်တွေ့တဲ့ တယောက်ကတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ သူတို့ဘက်ကလည်း စစ်တယ်၊ ဒီဘက်ကလည်း စစ်တယ်။ မနေ့ကပဲ ပြန်လွှဲပေးပြီးသွားပြီနော်။”

ရွှေလီရဲဌာနက ပေးပို့တဲ့ အကြောင်းကြောင်းစာထဲမှာ “မိမိနိုင်ငံတွင် ယခုတလော ဖြစ်ပွားနေသော ဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကူးစက်မှုအလွန်မြန်ဆန်သဖြင့် ၎င်းရောဂါအား ကာကွယ်ထိန်းသိမ်းရန် ဆောင်ရွက်နေပါသည်။ ယခုရောဂါဖြစ်ပွားနေသော ဝူဟန်မြို့မှ တရုတ်နိုင်ငံသား ၅ ဦးသည် ရွှေလီသို့ ရောက်ရှိလာပြီး ရွှေလီမြို့မှတဆင့် မူဆယ်မြို့သို့ ရောက်ရှိနေကြောင်း သိရှိရပြီး ၎င်း ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရကြောင်း သံသယရှိသဖြင့် မြန်မာနိုင်ငံသို့ ကူးစက်နိုင်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အကြောင်းကြားပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။

ကျန်ရှိနေသေးတဲ့ ဝူဟန်ဒေသခံ ၄ ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သူတို့ကို ပြန်ရှာတွေ့ရင် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်က အခုလိုပြောပါတယ်။

“ဆရာတို့ ကျန်းမာရေး ဌာနကနေပြီးတော့ သူတို့တည်းခဲ့တဲ့ နေရာတွေပေါ့နော် သွားရောက်ပြီးတော့ စစ်ဆေးမှာပေါ့။ သူတို့နဲ့ ထိတွေ့ခဲ့တဲ့လူတွေ ကျန်းမာရေးသွားစစ်မယ်။ အဲဒါကိုတော့ ဆရာတို့က အကုန်လုံးညွှန်ကြားထားပြီးသားပဲ။”

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စတင်ခဲ့တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ မြန်မာနိုင်ငံမှာ မရှိသေးသလို၊ ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကလည်း ရောဂါကြိုတင်ကာကွယ်ရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အရှိန်မြင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ ၆ ဦးရှိသွားပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“သံသယလူနာ ၂၊ ဆေးရုံတင်စောင့်ကြည့်လူနာက ၄ ဖြစ်သွားပြီ။ ဒါပေမယ့် အခု လက်ပွတ္တာမှာ ဆေးရုံတင်စောင့်ကြည့်လူနာ ၂ ယောက် ထပ်တိုးတယ်ပေါ့နော်။ ထပ်တိုးတဲ့ Sample ကိုတော့ ပေးပို့ဖို့လုပ်နေပါတယ်။”

အခုချိန်မှာတော့ သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ ၄ ဦးတို့ရဲ့ ရောဂါရှိ၊ မရှိ အတည်ပြုပေးမယ့် အဖြေကို စောင့်နေတယ်လို့ ဆိုပါတယ်။

“ရည်ညွှန်းဓာတ်ခွဲခန်းက မင်းပြားလူနာရယ်၊ လှိုင်သာယာကနေ လွှဲပို့လိုက်တဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ကုသမှုပေးနေတဲ့ လူနာရယ်။ သူတို့ နှစ်ယောက်ရဲ့ ရောဂါရှိ၊ မရှိအဖြေကို ကျမတို့ စောင့်နေတာပါ။”

သံသယလူနာနဲ့ စောင့်ကြည့်လူနာတွေရဲ့ ရောဂါပိုး ရှိ၊ မရှိ အတည်ပြုပေးနိုင်ဖို့ ရလဒ်ကို ထိုင်းနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ထားတာပါ။ ကျန်ရှိနေသေးသူတွေရဲ့ ကျန်းမာရေးစစ်ချက် နမူနာတွေကိုလည်း အဲဒီဓာတ်ခွဲခန်းကို ပေးပို့ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ တမျိုးဖြစ်တာကြောင့် ဒီရောဂါကို ကိုယ်တိုင်ကစပြီး ကာကွယ်ဖို့လိုတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားပါတယ်။ ချောင်းဆိုး၊ နှာချေရင် ပါးစပ်အုပ်ဖို့အပြင် လက်ကိုစနစ်တကျ မကြာခဏဆေးဖို့လိုပြီး ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့လည်း လိုပါတယ်။ အဲဒါအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာစောင့်ကြည့်ဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

စုစု/ VOA (Burmese)
https://burmese.voanews.com
ျမန္မာဘက္ ခိုးဝင္လာတ့ဲ့ ဝူဟန္ၿမိဳ႕က လူ ေလးဦး ရွာမေတြ႔ေသး ျမန္မာဘက္ ခိုးဝင္လာတ့ဲ့ ဝူဟန္ၿမိဳ႕က လူ ေလးဦး ရွာမေတြ႔ေသး Reviewed by THITHTOOLWIN on 00:24 Rating: 5
Powered by Blogger.