သိႏၷီမွာ စာေမးပြဲသြားေျဖဖို႔ ဆိုင္ကယ္ဆီသြားျဖည့္တဲ့ေက်ာင္းသားေတြ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ႏွစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ေဖေဖာ္ဝါရီ ၂၄

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိန္းနီၿမိဳ႕နယ္မွာ ဒီကေန႔ေဖေဖာ္ဝါရီလ ၂၄ရက္၊ မနက္ပိုင္းအခ်ိန္က စာေမးပြဲသြားေျဖဆိုဖို႔အတြက္ ဆိုင္ကယ္ဆီသြားျဖည့္တဲ့ေက်ာင္းသားေတြ ယာဥ္တိုက္မႈျဖစ္ပြား ခဲ့ၿပီး ၂ဦးေသဆုံးခဲ့တယ္လို႔ အႏႈိင္းမဲ့ကုသိုလ္လူမႈကူညီေရးအသင္း (သိန္းနီ)ထံမွ သိရပါတယ္။

သိန္းနီၿမိဳ႕နယ္၊ ေကာင္းေဟာ္ေက်း႐ြာအုပ္စု၊ ဟိုတာေက်း႐ြာ၊ ျပည္ေထာင္စုလမ္းမႀကီးေဘးရွိ ဆိုင္ကယ္ဆီဆိုင္မွ ဆိုင္ကယ္ဆီျဖည့္ၿပီးျပန္ထြက္လာတဲ့(ေက်ာင္းသားသုံးဦး စီးႏွင္းလာတဲ့) ဆိုင္ကယ္က တဖက္ယာဥ္ေၾကာရွိ ၆ဘီးယာဥ္နဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီလိုျဖစ္ပြားမႈေၾကာင့္ ေမာင္စန္းကိုကို၊ အသက္(၁၄)ႏွစ္၊ နဝမတန္းေက်ာင္းသားနဲ႔ ေမာင္ေအာင္ပိုင္ၿဖိဳး၊ အသက္(၁၃)ႏွစ္၊ အဌမတန္းေက်ာင္းသားတို႔က အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ၿပီး ေမာင္ေက်ာ္မ်ိဳးေထြး၊ အသက္(၁၃)ႏွစ္၊ အဌမတန္းေက်ာင္းသားက ထိခိုက္ပြန္းပဲ့ဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ေသဆုံးသူေက်ာင္းသားႏွစ္ဦးရဲ႕ ႐ုပ္အေလာင္းကို အႏႈိင္းမဲ့ကုသိုလ္လူမႈကူညီေရးအသင္း(သိန္းနီ)ယာဥ္နဲ႔ သိန္းနီျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး အဲဒီျဖစ္စဥ္ကို သိန္းနီၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူေတြက အေသးစစ္စစ္ေဆးမႈေတြ လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ဓါတ္ပုံ- အႏႈိင္းမဲ့ကုသိုလ္လူမႈကူညီေရးအသင္း(သိန္းနီ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵

သိန္နီမှာ စာမေးပွဲသွားဖြေဖို့ ဆိုင်ကယ်ဆီသွားဖြည့်တဲ့ကျောင်းသားတွေ ယာဉ်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံး

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်မှာ ဒီကနေ့ဖေဖော်ဝါရီလ ၂၄ရက်၊ မနက်ပိုင်းအချိန်က စာမေးပွဲသွားဖြေဆိုဖို့အတွက် ဆိုင်ကယ်ဆီသွားဖြည့်တဲ့ကျောင်းသားတွေ ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ပြီး ၂ဦးသေဆုံးခဲ့တယ်လို့ အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေးအသင်း (သိန်းနီ)ထံမှ သိရပါတယ်။

သိန်းနီမြို့နယ်၊ ကောင်းဟော်ကျေးရွာအုပ်စု၊ ဟိုတာကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ဆိုင်ကယ်ဆီဆိုင်မှ
ဆိုင်ကယ်ဆီဖြည့်ပြီးပြန်ထွက်လာတဲ့(ကျောင်းသားသုံးဦး စီးနှင်းလာတဲ့) ဆိုင်ကယ်က တဖက်ယာဉ်ကြောရှိ ၆ဘီးယာဉ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုဖြစ်ပွားမှုကြောင့် မောင်စန်းကိုကို၊ အသက်(၁၄)နှစ်၊ နဝမတန်းကျောင်းသားနဲ့ မောင်အောင်ပိုင်ဖြိုး၊ အသက်(၁၃)နှစ်၊ အဌမတန်းကျောင်းသားတို့က အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး မောင်ကျော်မျိုးထွေး၊ အသက်(၁၃)နှစ်၊ အဌမတန်းကျောင်းသားက ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူကျောင်းသားနှစ်ဦးရဲ့ ရုပ်အလောင်းကို အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေးအသင်း(သိန်းနီ)ယာဉ်နဲ့ သိန်းနီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဲဒီဖြစ်စဉ်ကို သိန်းနီမြို့မရဲစခန်းမှ တာဝန်ရှိသူတွေက အသေးစစ်စစ်ဆေးမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ- အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေးအသင်း(သိန်းနီ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သိႏၷီမွာ စာေမးပြဲသြားေျဖဖို႔ ဆိုင္ကယ္ဆီသြားျဖည့္တဲ့ေက်ာင္းသားေတြ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ႏွစ္ဦးေသဆုံး သိႏၷီမွာ စာေမးပြဲသြားေျဖဖို႔ ဆိုင္ကယ္ဆီသြားျဖည့္တဲ့ေက်ာင္းသားေတြ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ႏွစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 05:27 Rating: 5
Powered by Blogger.