အင္တာနက္ျပန္ဖြင့္ဖို႔ ဆႏၵျပတဲ့ ေက်ာင္းသား‌ေတြ အမႈဖြင့္ခံရ

(Zawgyi)⤵⤵⤵
ရခိုင္ နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေတြကို အင္တာနက္ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ ရန္ကုန္က တကၠသိုလ္ေက်ာင္းသား ကိုးေယာက္ကို ၿငိမ္းစုစီ ပုဒ္မ ၁၉ နဲ႔ ရဲက အမႈဖြင့္ထားပါတယ္။

ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ရွစ္ခု နဲ႔ ခ်င္းျပည္နယ္ ပလက္ဝမွာ အင္တာနက္ပိတ္ထားတာကို ျပန္ဖြင့္ဖို႔အတြက္ တနဂၤေႏြေန႔တုန္းက ရန္ကုန္မွာ ဆႏၵျပေတာင္းဆိုရာမွာပါဝင္ခဲ့တဲ့ ေက်ာင္းသား ေက်ာင္းသူ ကိုးေယာက္ထဲက ‌ေျခာက္ေယာက္ကို ရဲက ဒီေန႔မနက္မွာ ေခၚယူစစ္ေမးခဲ့ပါတယ္။

ရဲအခ်ိဳ႕ဟာ အရပ္ဝတ္နဲ႔ တကၠသိုလ္ေက်ာင္းဝင္းထဲအထိလာၿပီး ေက်ာင္းသား ႏွစ္ဦးကို ဖမ္းဆီး သြားတာျဖစ္ၿပီး၊ ေန႔လည္ပိုင္းမွာေတာ့  ေနာက္ထပ္ေက်ာင္းသူ ႏွစ္ဦးနဲ႔ ေက်ာင္းသား ႏွစ္ဦးကို အရပ္ဝတ္ေတြနဲ႔ လာဖမ္းတာလို႔ ရခိုင္ေက်ာင္းသားမ်ားသမဂၢ (တကၠသိုလ္မ်ား-ရန္ကုန္) က အေထြေထြအတြင္းေရးမႉး ကိုျမတ္ဟိန္းထြန္းက ေျပာပါတယ္။

ကိုျမတ္ဟိန္းထြန္းဟာ အမႈဖြင့္ခံထားရတဲ့ ကိုးေယာက္ထဲက တစ္ေယာက္ပါ။

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ရခိုင္ေက်ာင္းသားမ်ား သမဂၢေတြ၊ ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၊ ဗကသမ်ားအဖြဲ႕ခ်ဳပ္က ေက်ာင္းသား၊ ေက်ာင္းသူ အေယာက္ ၁၀၀ ေက်ာ္က မေန႔က လွည္းတန္းမွာ ဆႏၵျပခဲ့ၾကပါတယ္။

ဒီမိုကေရစီစနစ္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပဖို႔အတြက္ အစိုးရဆီက ခြင့္ေတာင္းစရာမလိုဘူးလို႔ ခံယူထားတာေၾကာင့္ ဘာခြင့္ခ်က္မွ မယူခဲ့ဘူးလို႔လည္း ဗကသမ်ားအဖြဲ႕ခ်ဳပ္အေထြေထြအတြင္းေရးမႉး ကိုထူးခန႔္ေဇာ္က ေျပာပါတယ္။

ေက်ာင္းသားေတြကို ေက်ာင္းဝန္းထဲအထိလိုက္ၿပီး ဖမ္းဆီးစစ္ေဆးတာနဲ႔ ပတ္သက္ၿပီး ကမာ႐ြတ္ၿမိဳ႕နယ္ ရဲစခန္းကို RFA က ဆက္သြယ္ေပမယ့္ ေျဖလို႔မရဘူးဆိုၿပီး တာဝန္က်ရဲအရာရွိတစ္ေယာက္က ေျပာပါတယ္။

တိုင္းျပည္အက်ိဳးရွိဖို႔အတြက္ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာလို႔ သမၼတ႐ုံးကလည္း ေျပာထားၿပီးေတာ့ တပ္မေတာ္ကလည္း တိုက္ပြဲျဖစ္ေနသေ႐ြ႕ အင္တာနက္ဆက္ပိတ္ထားမယ္လို႔ စေနေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

စစ္ျဖစ္ေနတဲ့ေနရာက ျပည္သူေတြအတြက္ သတင္းအခ်က္လက္ေတြ သိခြင့္မရလို႔ အခုလိုဆႏၵျပတာကို အေရးယူတာဟာ လူ႔အခြင့္အေရးကို ႏွစ္ထပ္ကြမ္း ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ အသံအဖြဲ႕က ကိုရဲေဝၿဖိဳးေအာင္က ေျပာပါတယ္။

ဒီေန႔ ညေနပိုင္းအထိ ဖမ္းဆီးစစ္ေဆးခံေနရတဲ့ ေက်ာင္းသားေတြနဲ႔ အဆက္သြယ္မရေသးဘူး လို႔ ေက်ာင္းသား သမဂၢဝင္ေတြက ေျပာၾကပါတယ္။

အခုလိုအင္တာနက္ျဖတ္ေတာက္တာ၊ အင္တာနက္ျဖတ္ေတာက္လို႔ ဆႏၵျပတာကို ဖမ္းဆီးအမႈဖြင့္တာေတြဟာ ျပည္သူေတြကို ကာကြယ္ေပးေနတာမဟုတ္ဘူးလို႔လည္း ေထာက္ျပၾကပါတယ္။

ဆႏၵျပ ေက်ာင္းသားေတြက ရခိုင္ျပည္နယ္ထဲက စစ္ပြဲအတြင္း စာသင္ေက်ာင္းေတြနဲ႔ သာသနိကအေဆာင္အဦးေတြမွာ တပ္မစြဲၾကဖို႔၊ တိုင္းရင္းသားေတြကို ဖိႏွိပ္တဲ့ အမ်ိဳးသားရင္ၾကားေစ့ေရး အလိုမရွိစတဲ့ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ခဲ့ၾကပါတယ္။

ၿငိမ္းစုစီပုဒ္မေတြနဲ႔ အမႈဖြင့္ခံထားရတဲ့သူေတြက ဗကသမ်ားအဖြဲ႕ခ်ဳပ္က ကိုေနာင္ထက္ေအာင္၊ ကိုသုတစိုး၊ ကိုသက္တင္ေအာင္၊ ကိုေအာင္ျပည့္စုံၿဖိဳး၊ မႏွင္း၊ မေအးျမတ္ထြန္းခ်စ္၊ ကိုေဇာ္ထက္ႏိုင္၊ ရခိုင္ေက်ာင္းသားမ်ား သမဂၢက ကိုျမတ္ဟိန္းထြန္း၊ ကိုေက်ာ္လင္းတို႔ ျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမပုံ၊ ရေသ့ေတာင္၊ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ပုဏၰားကြၽန္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ အင္တာနက္အသုံးျပဳလို႔မရေအာင္ အစိုးရက ပိတ္ပင္ထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
အင်တာနက်ပြန်ဖွင့်ဖို့ ဆန္ဒပြတဲ့ ကျောင်းသား‌တွေ အမှုဖွင့်ခံရ

ရခိုင် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေကို အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရန်ကုန်က တက္ကသိုလ်ကျောင်းသား ကိုးယောက်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ရဲက အမှုဖွင့်ထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခု နဲ့ ချင်းပြည်နယ် ပလက်ဝမှာ အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ဖို့အတွက် တနင်္ဂနွေနေ့တုန်းက ရန်ကုန်မှာ ဆန္ဒပြတောင်းဆိုရာမှာပါဝင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ ကိုးယောက်ထဲက ‌ခြောက်ယောက်ကို ရဲက ဒီနေ့မနက်မှာ ခေါ်ယူစစ်မေးခဲ့ပါတယ်။

ရဲအချို့ဟာ အရပ်ဝတ်နဲ့ တက္ကသိုလ်ကျောင်းဝင်းထဲအထိလာပြီး ကျောင်းသား နှစ်ဦးကို ဖမ်းဆီး သွားတာဖြစ်ပြီး၊ နေ့လည်ပိုင်းမှာတော့  နောက်ထပ်ကျောင်းသူ နှစ်ဦးနဲ့ ကျောင်းသား နှစ်ဦးကို အရပ်ဝတ်တွေနဲ့ လာဖမ်းတာလို့ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) က အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းက ပြောပါတယ်။

ကိုမြတ်ဟိန်းထွန်းဟာ အမှုဖွင့်ခံထားရတဲ့ ကိုးယောက်ထဲက တစ်ယောက်ပါ။

ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်ကျောင်းသားများ သမဂ္ဂတွေ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်က ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ကျော်က မနေ့က လှည်းတန်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီမိုကရေစီစနစ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့အတွက် အစိုးရဆီက ခွင့်တောင်းစရာမလိုဘူးလို့ ခံယူထားတာကြောင့် ဘာခွင့်ချက်မှ မယူခဲ့ဘူးလို့လည်း ဗကသများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ကိုထူးခန့်ဇော်က ပြောပါတယ်။

ကျောင်းသားတွေကို ကျောင်းဝန်းထဲအထိလိုက်ပြီး ဖမ်းဆီးစစ်ဆေးတာနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်ပေမယ့် ဖြေလို့မရဘူးဆိုပြီး တာဝန်ကျရဲအရာရှိတစ်ယောက်က ပြောပါတယ်။

တိုင်းပြည်အကျိုးရှိဖို့အတွက် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလို့ သမ္မတရုံးကလည်း ပြောထားပြီးတော့ တပ်မတော်ကလည်း တိုက်ပွဲဖြစ်နေသရွေ့ အင်တာနက်ဆက်ပိတ်ထားမယ်လို့ စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့နေရာက ပြည်သူတွေအတွက် သတင်းအချက်လက်တွေ သိခွင့်မရလို့ အခုလိုဆန္ဒပြတာကို အရေးယူတာဟာ လူ့အခွင့်အရေးကို နှစ်ထပ်ကွမ်း ချိုးဖောက်တာဖြစ်တယ်လို့ အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

ဒီနေ့ ညနေပိုင်းအထိ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကျောင်းသားတွေနဲ့ အဆက်သွယ်မရသေးဘူး လို့ ကျောင်းသား သမဂ္ဂဝင်တွေက ပြောကြပါတယ်။

အခုလိုအင်တာနက်ဖြတ်တောက်တာ၊ အင်တာနက်ဖြတ်တောက်လို့ ဆန္ဒပြတာကို ဖမ်းဆီးအမှုဖွင့်တာတွေဟာ ပြည်သူတွေကို ကာကွယ်ပေးနေတာမဟုတ်ဘူးလို့လည်း ထောက်ပြကြပါတယ်။

ဆန္ဒပြ ကျောင်းသားတွေက ရခိုင်ပြည်နယ်ထဲက စစ်ပွဲအတွင်း စာသင်ကျောင်းတွေနဲ့ သာသနိကအဆောင်အဦးတွေမှာ တပ်မစွဲကြဖို့၊ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့ အမျိုးသားရင်ကြားစေ့ရေး အလိုမရှိစတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

ငြိမ်းစုစီပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့သူတွေက ဗကသများအဖွဲ့ချုပ်က ကိုနောင်ထက်အောင်၊ ကိုသုတစိုး၊ ကိုသက်တင်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊ မနှင်း၊ မအေးမြတ်ထွန်းချစ်၊ ကိုဇော်ထက်နိုင်၊ ရခိုင်ကျောင်းသားများ သမဂ္ဂက ကိုမြတ်ဟိန်းထွန်း၊ ကိုကျော်လင်းတို့ ဖြစ်ပါတယ်။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အင်တာနက်အသုံးပြုလို့မရအောင် အစိုးရက ပိတ်ပင်ထားပါတယ်။

RFA Burmese
https://www.rfa.org
အင္တာနက္ျပန္ဖြင့္ဖို႔ ဆႏၵျပတဲ့ ေက်ာင္းသား‌ေတြ အမႈဖြင့္ခံရ အင္တာနက္ျပန္ဖြင့္ဖို႔ ဆႏၵျပတဲ့ ေက်ာင္းသား‌ေတြ အမႈဖြင့္ခံရ Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.