တရုတ္မွျပန္လာသူတစ္ဦး ဖ်ားနာရာမွ စစ္ေတြေဆးရံုတြင္ တင္ထားရ

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္ဝါရီ ၁/ ၂၀၂၀

တရုတ္မွ ျပန္လာသူ တစ္ဦးကို ဖ်ားနာရာမွ စစ္ေတြေဆးရံုႀကီးတြင္ သံသယလူနာအျဖစ္ ျဖင့္ တက္ေရာက္ ေဆးကုသေနရေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါပိုး ခံစားေနရသူ မဟုတ္ဟု ေဆးရံု တာ၀န္ရွိသူမ်ားက ေျပာၾကားသည္။

“ကြ်န္ေတာ္တို႔က စစ္ေဆးတဲ့အခါမွာ သူက ကိုရိုနာဗိုင္းရပ္စ္ လူနာအျဖစ္ မသတ္မွတ္ပါဘူး။ လက္ရွိသူ႔ေရာဂါ အေျခေနကလည္း ရိုးရိုးေခ်ာင္းဆိုးၿပီး ဖ်ားတာပါ။ အဲဒီေရာဂါနဲ႔ တူလည္းမတူဘူး။ အဲဒီေရာဂါလို႔ သတ္လည္း မသတ္မွတ္ဘူး။ သူက ဖ်ားေနတာ ေခ်ာင္းဆိုးေနတာရယ္က ရက္ ၅၀ ရွိေလာက္ရွိၿပီ။ အခုကေတာ့ ေခ်ာင္းဆိုး၊ ဖ်ားနာနဲ႔ပဲ ကြ်န္ေတာ္တို႔ အေျခေနအရ ေဆးရံုမွာ ထားဦးမွာပါ ”ဟု စစ္ေတြေဆးရံုႀကီးတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ေဒါက္တာ ေမာင္ေမာင္သန္းက ေျပာသည္။

၎လူနာမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ စံသာျပင္ေက်းရြာမွ ဦးနီထြန္းလွႏွင့္ ေဒၚစိန္ေက်ာ့ျဖဴတို႔၏ သား ေမာင္ေမာင္ငယ္ (၂၀) ႏွစ္ ျဖစ္ေၾကာင္း၊ ၄င္းသည္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၁ ရက္ေန႔တြင္ ၎၏ ေနရပ္ရြာ စံသာျပင္ေက်းရြာသို႔ ေရာက္ရွိေၾကာင္း သိရသည္။

“သူက အဲဒီမွာ ပတ္စ္ပို႔ မရွိလို႔ အခ်ဳပ္က်ေနခဲ့ပါတယ္။ အခ်ဳပ္က လြတ္ေတာ့ အိမ္ျပန္လာတာ လမ္းမွာ ေရခဲစိမ္ ဘီယာေတြ ေသာက္လာခဲ့တယ္ ေျပာပါတယ္။ အဲဒါနဲ႔ ေခ်ာင္းဆိုးၿပီး ဖ်ားတယ္။ အိမ္ျပန္ေရာက္ေတာ့ သူ႔ကို ေက်ာက္ေတာ္က ေဆးခန္းမွာ သြားျပတယ္။ အဲဒီမွာ တရုတ္က လာတာဆိုၿပီး သံသယနဲ႔ ေက်ာက္ေတာ္ေဆးရံုမွာ သူ႔ကို တင္လိုက္တာပါပဲ” ဟု ကိုေမာင္ငယ္၏ ဦးေလးေတာ္စပ္သူက နိရဥၥရာသုိ႔ ေျပာသည္။

၄င္းအား ေက်ာက္ေတာ္ေဆးရံုတြင္ ဇန္နဝါရီလ ၂၇ ရက္ေန႔က စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ယင္းမွ စစ္ေတြေဆးရံုႀကီးသုိ႔ ယေန႔ နံနက္ ၁၀ နာရီခြဲခန္႔က ထပ္မံ စစ္ေဆးရန္ ပို႔ေဆာင္လိုက္ျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။

၎လူနာအား စစ္ေတြေဆးရံုၾကီးတြင္ ထားရွိျပီး ဆက္လက္ စစ္ေဆး ကုသမႈမ်ား ျပဳလုပ္ေနေၾကာင္း သတင္းရရွိသည္။

ကိုရိုနာဗုိင္းရပ္စ္သည္ တရုတ္ႏိုင္ငံ အပါအ၀င္ ႏိုင္ငံေပါင္းမ်ားစြာတြင္ ျဖစ္ပြားေနျပီး လက္ရွိ အခ်ိန္ထိ ကူးစက္သည့္ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံရွိသြားျပီ ျဖစ္ကာ တရုတ္ျပည္တြင္ ကူးစက္ ေရာဂါပိုး ခံစားေနရသူ ၁၁၇၉၁ ဦး၊ ေသဆံုးသူ ၂၅၉ ဦး ရွိျပီ ျဖစ္ေၾကာင္း CNA သတင္းအရ သိရွိရသည္။

--------------------

(Unicode)⤵⤵⤵

တရုတ်မှပြန်လာသူတစ်ဦး ဖျားနာရာမှ စစ်တွေဆေးရုံတွင် တင်ထားရ

ဆောင်းဇာခြည်၊ ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/ ၂၀၂၀

တရုတ်မှ ပြန်လာသူ တစ်ဦးကို ဖျားနာရာမှ စစ်တွေဆေးရုံကြီးတွင် သံသယလူနာအဖြစ် ဖြင့် တက်ရောက် ဆေးကုသနေရသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုး ခံစားနေရသူ မဟုတ်ဟု ဆေးရုံ တာဝန်ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့က စစ်ဆေးတဲ့အခါမှာ သူက ကိုရိုနာဗိုင်းရပ်စ် လူနာအဖြစ် မသတ်မှတ်ပါဘူး။ လက်ရှိသူ့ရောဂါ အခြေနေကလည်း ရိုးရိုးချောင်းဆိုးပြီး ဖျားတာပါ။ အဲဒီရောဂါနဲ့ တူလည်းမတူဘူး။ အဲဒီရောဂါလို့ သတ်လည်း မသတ်မှတ်ဘူး။ သူက ဖျားနေတာ ချောင်းဆိုးနေတာရယ်က ရက် ၅၀ ရှိလောက်ရှိပြီ။ အခုကတော့ ချောင်းဆိုး၊ ဖျားနာနဲ့ပဲ ကျွန်တော်တို့ အခြေနေအရ ဆေးရုံမှာ ထားဦးမှာပါ ”ဟု စစ်တွေဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာ မောင်မောင်သန်းက ပြောသည်။

၎င်းလူနာမှာ ကျောက်တော်မြို့နယ် စံသာပြင်ကျေးရွာမှ ဦးနီထွန်းလှနှင့် ဒေါ်စိန်ကျော့ဖြူတို့၏ သား မောင်မောင်ငယ် (၂၀) နှစ် ဖြစ်ကြောင်း၊ ၄င်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ၎င်း၏ နေရပ်ရွာ စံသာပြင်ကျေးရွာသို့ ရောက်ရှိကြောင်း သိရသည်။

“သူက အဲဒီမှာ ပတ်စ်ပို့ မရှိလို့ အချုပ်ကျနေခဲ့ပါတယ်။ အချုပ်က လွတ်တော့ အိမ်ပြန်လာတာ လမ်းမှာ ရေခဲစိမ် ဘီယာတွေ သောက်လာခဲ့တယ် ပြောပါတယ်။ အဲဒါနဲ့ ချောင်းဆိုးပြီး ဖျားတယ်။ အိမ်ပြန်ရောက်တော့ သူ့ကို ကျောက်တော်က ဆေးခန်းမှာ သွားပြတယ်။ အဲဒီမှာ တရုတ်က လာတာဆိုပြီး သံသယနဲ့ ကျောက်တော်ဆေးရုံမှာ သူ့ကို တင်လိုက်တာပါပဲ” ဟု ကိုမောင်ငယ်၏ ဦးလေးတော်စပ်သူက နိရဥ္စရာသို့ ပြောသည်။

၄င်းအား ကျောက်တော်ဆေးရုံတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းမှ စစ်တွေဆေးရုံကြီးသို့ ယနေ့ နံနက္ ၁၀ နာရီခွဲခန့်က ထပ်မံ စစ်ဆေးရန် ပို့ဆောင်လိုက်ခြင်းဖြစ် ကြောင်းလည်း သိရသည်။

၎င်းလူနာအား စစ်တွေဆေးရုံကြီးတွင် ထားရှိပြီး ဆက်လက် စစ်ဆေး ကုသမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာတွင် ဖြစ်ပွားနေပြီး လက်ရှိ အချိန်ထိ ကူးစက်သည့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိသွားပြီ ဖြစ်ကာ တရုတ်ပြည်တွင် ကူးစက် ရောဂါပိုး ခံစားနေရသူ ၁၁၇၉၁ ဦး၊ သေဆုံးသူ ၂၅၉ ဦး ရှိပြီ ဖြစ်ကြောင်း CNA သတင်းအရ သိရှိရသည်။

ေဆာင္းဇာျခည္၊ ခ်စ္အိလိႈင္
Narinjara
https://www.facebook.com/narinjara.info
တရုတ္မွျပန္လာသူတစ္ဦး ဖ်ားနာရာမွ စစ္ေတြေဆးရံုတြင္ တင္ထားရ တရုတ္မွျပန္လာသူတစ္ဦး ဖ်ားနာရာမွ စစ္ေတြေဆးရံုတြင္ တင္ထားရ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.