ရွမ္းအေရွ႕ရွိ ထုိင္းနယ္စပ္ဂိတ္မ်ားျဖတ္သန္းခြင့္ ပိတ္

(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၃၁ ရက္ ၂၀၂၀

သွ်မ္းျပည္ အေရွ႕ပိုင္း မိုင္းဆတ္ႏွင့္ မိုင္းတံု ၿမိဳ႕နယ္ အတြင္းရွိ ျမန္မာ- ထုိင္း နယ္စပ္ ဂိတ္မ်ား ကို ယမန္ေန႔ မွ စတင္ ပိတ္လုိက္ေၾကာင္း သတင္းရရွိသည္။

လက္ရွိ တရုတ္ႏုိင္ငံတြင္စတင္ျဖစ္ပြားေနသည့္ Nobel Corona Virus ( ႏိုဗယ္လ္ ခုိရိုနာ ဗုိင္းရပ္စ္) ဝူဟန္ ကူးစက္ျမန္ေရာဂါကို စိုးရိမ္သျဖင့္ မုိင္းတုံ မုိင္းဆတ္ျမိဳ႕နယ္မ်ားအတြင္းရွိ ျမန္မာ- ထုိင္းနယ္စပ္ ဂိတ္ ၄ ခုအား ယာယီပိတ္ထားလုိက္ျပီျဖစ္ေၾကာင္း ေဒသတြင္းလူထုေျပာျပခ်က္အရသိရသည္။

ထုိင္းနုိင္ငံေျမာက္ပုိင္း ခ်င္းမုိင္ခရုိင္အတြင္းရွိ ခ်င္းေဒါင္း၀္နွင့္ ပုံပါက်င္ၾကား BP1 ဂိတ္၊ မုိင္းဖွန္- နားေကာင္းမူးၾကား ပါခ်ီးဂိတ္၊ ၀ိန္းဟုိင္နွင့္ မုိင္းေတာ့ မုိင္းထားၾကား လတ္တုိင္ဂိတ္၊ မယ့္အုိင္းနွင့္ မုိင္းဆတ္ၾကား နမ့္ယြန္း ဂိတ္မ်ား ကို ယမန္ေန႔ (ဇန္နဝါရီ ၃၀) ရက္ကစျပီး အားလံုး ပိတ္ထားရန္ ျမန္မာအာဏာပုိင္မ်ားက ထုတ္ျပန္လိုက္ျပီျဖစ္ေၾကာင္း ထိုေဒသတြင္ ေျပးဆြဲေနသည့္ ကားသမားမ်ားက ေျပာဆုိလိုက္သည္။

ထို နယ္စပ္ဂိတ္မ်ားသည္ နယ္စပ္ေန ေဒသခံမ်ား ေစ်းေရာင္း ေစ်း၀ယ္ ေဆးကုရန္အတြက္ ျမန္မာ- ထုိင္း အာဏာပုိင္းမ်ားက နားလည္မွဳျဖင့္ ျဖတ္သန္းသြားလာခြင့္ေပးထားေသာဂိတ္မ်ားျဖစ္သည္။

“ မေန႔က ပိတ္လုိက္တယ္။ အဓိကေတာ့ တရုတ္က ျဖစ္ေနတဲ့ ဗုိင္းရပ္စ္ ေၾကာင့္ ပိတ္လိုက္တာ။ ျမန္မာဘက္က ဝင္လို႔လည္းမရ၊ ထြက္လို႔လည္း မရေတာ့ဘူး။ ျမန္မာဘက္က ပိတ္လိုက္တဲ့သေဘာပါ” ဟု နယ္စပ္ဂိတ္တြင္ ခရီးသည္တင္ ေျပးဆြဲေနသည့္ ကားသမား စိုင္းတုိင္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

လက္ရွိ ျဖစ္ပြားေနသည့္ ခုိရိုနာဗုိင္းရပ္စ္ ကူးစက္ျမန္ေရာဂါ ေၾကာင့္ ျမန္မာႏုိင္ငံ အာဏာပိုင္ မ်ားက အမိန္႔အရ ပိတ္လုိက္ျခင္းျဖစ္ေၾကာင္း၊ မည္သည့္ ရက္ထိ ပိတ္မည္ကို မသိရွိေသးေၾကာင္း လည္း စိုင္းတုိင္း က ေျပာသည္။

“ ထိုင္းဘက္ကေတာ့ မပိတ္ဘူး။ ျမန္မာဘက္ပဲ ပိတ္တာ။ ထုိင္းဘက္မွာ ဝင္လာတဲ့သူေတြ အတြက္ ဆရာဝန္ေတြ ကိုယ္တုိင္ စစ္ေဆးတာ ရွိတယ္။ ေနမေကာင္းသူေတြ ကို ေတာ့ သူတုိ႔ ျဖတ္သန္းခြင့္မေပးဘူး” ဟု ကားသမား စိုင္းတစ္ ကလည္း ေျပာသည္။

လြန္ခဲ့သည့္ ရက္ပိုင္းကလည္း ထုိင္းႏုိင္ငံမွ ျပန္လာသည့္ ျမန္မာလုပ္သားမ်ားကို မိုင္းတံု က်န္းမာေရး ဝန္ထမ္းမ်ားက နယ္စပ္ဂိတ္တြင္ က်န္းမာေရး သြားေရာက္စစ္ေဆးမႈ ျပဳလုပ္ေပးခဲ့ရာမွ နယ္စပ္ဂိတ္ပိတ္ရန္ ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

ထုိသုိ့ နယ္စပ္ဂိတ္ပိတ္လုိင္ျခင္းအားျဖင့္ ထုိနယ္စပ္ဂိတ္ကို အမွီျပဳၿပီး ေဒသတြင္းကူးသန္းေရာင္း၀ယ္သူမ်ား၊ ကားသမားမ်ားအတြက္ အခက္အခဲမ်ား ရင္ဆုိင္ေနရေၾကာင္းလည္း ဂိတ္အနီးေနထုိင္သူမ်ားကေျပာသည္။

ထုိင္းႏုိင္ငံတြင္ ဝူဟန္ ကူးစက္ျမန္ေရာဂါပုိး စစ္ေဆးေတြ႔ရွိသူ ၁၄ ဦးရွိၿပီး၊ ၅ ဦးကို တရုတ္ျပည္ ျပန္လႊတ္ကာ ၉ ဦးမွာ ထိုင္းႏုိင္ငံတြင္ ေဆးကုသေပးေနေၾကာင္း ထုိင္း သတင္းဌာနမွ ေဖာ္ျပခ်က္အရသိရသည္။

ထို ျမန္မာ - ထုိင္း နယ္စပ္ႏွင့္ နီးသည့္ ထုိင္းႏုိင္ငံခ်င္းမိုင္တြင္လည္း ဝူဟန္ ဗုိင္းရပ္စ္ ကူးစက္ျမန္ေရာဂါ ပုိးကူးစက္ခံထားရသူကို ေတြ႔ရွိထားေၾကာင္း သတင္းမ်ားက ဆုိပါသည္။

ကမၻာ့ က်န္းမာေရး အဖြဲ႔ ေၾကညာခ်က္ အရ ဇန္နဝါရီ ၃၁ ရက္တြင္ ကမၻာတဝွမ္း ႏုိင္ငံေပါင္း ၂၀ မွ ၀ူဟန္ဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၉၈၁၆ ဦးရွိၿပီး၊ ေသဆံုးသူ ၂၁၃ ဦးရွိေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
(Unicode)⤵⤵⤵
ရှမ်းအရှေ့ရှိ ထိုင်းနယ်စပ်ဂိတ်များဖြတ်သန်းခွင့် ပိတ်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
ဇန်နဝါရီ ၃၁ ရက် ၂၀၂၀

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်နှင့် မိုင်းတုံ မြို့နယ် အတွင်းရှိ မြန်မာ- ထိုင်း နယ်စပ် ဂိတ်များ ကို ယမန်နေ့ မှ စတင် ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိ တရုတ်နိုင်ငံတွင်စတင်ဖြစ်ပွားနေသည့် Nobel Corona Virus ( နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကို စိုးရိမ်သဖြင့် မိုင်းတုံ မိုင်းဆတ်မြို့နယ်များအတွင်းရှိ မြန်မာ- ထိုင်းနယ်စပ် ဂိတ် ၄ ခုအား ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းလူထုပြောပြချက်အရသိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ ချင်းဒေါင်းဝ်နှင့် ပုံပါကျင်ကြား BP1 ဂိတ်၊ မိုင်းဖှန်- နားကောင်းမူးကြား ပါချီးဂိတ်၊ ဝိန်းဟိုင်နှင့် မိုင်းတော့ မိုင်းထားကြား လတ်တိုင်ဂိတ်၊ မယ့်အိုင်းနှင့် မိုင်းဆတ်ကြား နမ့်ယွန်း ဂိတ်များ ကို ယမန်နေ့ (ဇန်နဝါရီ ၃၀) ရက်ကစပြီး အားလုံး ပိတ်ထားရန် မြန်မာအာဏာပိုင်များက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ထိုဒေသတွင် ပြေးဆွဲနေသည့် ကားသမားများက ပြောဆိုလိုက်သည်။

ထို နယ်စပ်ဂိတ်များသည် နယ်စပ်နေ ဒေသခံများ ဈေးရောင်း ဈေးဝယ် ဆေးကုရန်အတွက် မြန်မာ- ထိုင်း အာဏာပိုင်းများက နားလည်မှုဖြင့် ဖြတ်သန်းသွားလာခွင့်ပေးထားသောဂိတ်များဖြစ်သည်။

“ မနေ့က ပိတ်လိုက်တယ်။ အဓိကတော့ တရုတ်က ဖြစ်နေတဲ့ ဗိုင်းရပ်စ် ကြောင့် ပိတ်လိုက်တာ။ မြန်မာဘက်က ဝင်လို့လည်းမရ၊ ထွက်လို့လည်း မရတော့ဘူး။ မြန်မာဘက်က ပိတ်လိုက်တဲ့သဘောပါ” ဟု နယ်စပ်ဂိတ်တွင် ခရီးသည်တင် ပြေးဆွဲနေသည့် ကားသမား စိုင်းတိုင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ခိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ကြောင့် မြန်မာနိုင်ငံ အာဏာပိုင် များက အမိန့်အရ ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ မည်သည့် ရက်ထိ ပိတ်မည်ကို မသိရှိသေးကြောင်း လည်း စိုင်းတိုင်း က ပြောသည်။

“ ထိုင်းဘက်ကတော့ မပိတ်ဘူး။ မြန်မာဘက်ပဲ ပိတ်တာ။ ထိုင်းဘက်မှာ ဝင်လာတဲ့သူတွေ အတွက် ဆရာဝန်တွေ ကိုယ်တိုင် စစ်ဆေးတာ ရှိတယ်။ နေမကောင်းသူတွေ ကို တော့ သူတို့ ဖြတ်သန်းခွင့်မပေးဘူး” ဟု ကားသမား စိုင်းတစ် ကလည်း ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားများကို မိုင်းတုံ ကျန်းမာရေး ဝန်ထမ်းများက နယ်စပ်ဂိတ်တွင် ကျန်းမာရေး သွားရောက်စစ်ဆေးမှု ပြုလုပ်ပေးခဲ့ရာမှ နယ်စပ်ဂိတ်ပိတ်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုသို့ နယ်စပ်ဂိတ်ပိတ်လိုင်ခြင်းအားဖြင့် ထိုနယ်စပ်ဂိတ်ကို အမှီပြုပြီး ဒေသတွင်းကူးသန်းရောင်းဝယ်သူများ၊ ကားသမားများအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ဂိတ်အနီးနေထိုင်သူများကပြောသည်။

ထိုင်းနိုင်ငံတွင် ဝူဟန် ကူးစက်မြန်ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၁၄ ဦးရှိပြီး၊ ၅ ဦးကို တရုတ်ပြည် ပြန်လွှတ်ကာ ၉ ဦးမှာ ထိုင်းနိုင်ငံတွင် ဆေးကုသပေးနေကြောင်း ထိုင်း သတင်းဌာနမှ ဖော်ပြချက်အရသိရသည်။

ထို မြန်မာ - ထိုင်း နယ်စပ်နှင့် နီးသည့် ထိုင်းနိုင်ငံချင်းမိုင်တွင်လည်း ဝူဟန် ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ပိုးကူးစက်ခံထားရသူကို တွေ့ရှိထားကြောင်း သတင်းများက ဆိုပါသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြေညာချက် အရ ဇန်နဝါရီ ၃၁ ရက်တွင် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၀ မှ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၉၈၁၆ ဦးရှိပြီး၊ သေဆုံးသူ ၂၁၃ ဦးရှိကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ရွမ္းအေရွ႕ရွိ ထုိင္းနယ္စပ္ဂိတ္မ်ားျဖတ္သန္းခြင့္ ပိတ္ ရွမ္းအေရွ႕ရွိ ထုိင္းနယ္စပ္ဂိတ္မ်ားျဖတ္သန္းခြင့္ ပိတ္ Reviewed by THITHTOOLWIN on 00:15 Rating: 5
Powered by Blogger.