ျမန္မာဘက္ ခိုးဝင္ဖိုု႔ႀကိဳးစားတဲ့ တ႐ုတ္ႏုိင္ငံသားႏွစ္ဦး ထိုင္း ဖမ္းမိ

ထိုင္း-ျမန္မာ နယ္စပ္ စစ္ေဆးေရးဂိတ္ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ထိုင္းႏုိင္ငံ၊ တာ့ခ္ခ႐ိုင္၊ မဲေဆာက္ၿမိဳ႕ဘက္ကေန ျမန္မာႏုိင္ငံထဲကို တရားမဝင္ ခိုးဝင္ဖို႔ႀကိဳးစားတဲ့ တ႐ုတ္ႏုိင္ငံသား ႏွစ္ဦးကို ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွာ ထုိင္းအာဏာပိုင္ေတြက နယ္ျခားစစ္ေဆးေရး ဂိတ္မွာ ဖမ္းဆီးခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ႏုိင္ငံျခားသားေတြကို ေစာင့္ၾကည့္ စစ္ေဆးေနခ်ိန္မွာ ျမစ္ကူးေလွေတြနဲ႔ ခိုးဝင္ဖို႔ ႀကိဳးစားတာကို ဖမ္းမိလိုက္တာပါ။ ထိုင္းႏိုင္ငံမွာေရာက္ေနတဲ့ ႏုိင္ငံျခားသားေတြအေနနဲ႔ တရားဝင္ လမ္းေၾကာင္းေတြကေန ဝင္ထြက္သြားလာဖို႔ မဲေဆာက္ၿမိဳ႕ပိုင္က သတိေပးပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

တရုတ္နိုင္ငံသား နိုင္ငံကူးစာအုပ္ ကိုင္ေဆာင္ထားၾကတဲ့ အမ်ိဳသားတဦးျဖစ္တဲ့ ဟူေဆာင္ယူ အမ်ိဳးသမီးတဦးျဖစ္တဲ့ ဒန္ဟြာအူ Mr Hu Song Yu နဲ႔ Nang Deng Hua U တို ့ဟာ တရား၀င္ မဲေဆာက္ျမ၀တီခ်စ္ၾကည္ေရး တံတားကေန မကူးဘဲ ေလွဂိတ္ကေန ျမစ္ျဖတ္ကူးျပီး ျမန္မာႏိုင္ငံတြင္း၀င္ေရာက္ဖို ့ ၾကိဳးစားခဲ့ၾကတာပါ။

သူတို ့ ႏွစ္ဦးကို ထိုင္းနယ္ျခားေစာင့္တပ္ ၄၁၂ က ဖမ္းဆီးျပီး တရားမ၀င္ နယ္စပ္ ျဖတ္ေက်ာ္မူ ထိုင္း လ၀က ဥပေဒနဲ ့အေရးယူမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီတရုတ္နိုင္ငံသား နွစ္ဦးကို အေရးမယူခင္ မဲေဆာက္ေဆးရံုၾကီးမွာ ကိုရိုနာဗိုင္းရပ္စ္ပိုးရွိ၊ မရွိ ေဆးစစ္ဖို ့ ပို ့ေဆာင္ခဲ့ပါတယ္။

ဒီတရုတ္ႏိုင္ငံသား ၂ ဦး ဟာ တရားမ၀င္လမ္းကေန ျဖတ္ဖို႔ ႀကိဳးစားခဲ့ျပီးေနာက္ ႏိုင္ငံျခာသား ခရီးသြားေတြအေနနဲ႔ တရား၀င္လမ္းေၾကာင္းမွ ၀င္ထြက္ သြားလာၾကဖို႔ ့မဲေဆာက္ျမိဳ ့ပိုင္ရံုးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

မဲေဆာက္ျမိဳ႕ပုိင္မစၥတာ ခ်ိဳင္ဖြတ္ ခ်င္ထန္ရပ္ နဲ ့ ျမိဳ႕နယ္အာဏာပိုင္ေတြ က်န္းမာေရးအဖြဲ႔၀င္ေတြရဲ ့covid-19 ေရာဂါပိုးကာကြယ္ေရး ဆိုင္ရာအေရးေပၚ အစည္းအေ၀းအျပီးမွာ မဲေဆာက္ျမိဳ ့ပိုင္က ထုိင္းဘာသာနဲ႔ အခုလို ေျပာဆိုခဲ့တာပါ။

"မဲေဆာက္လာလည္ၾကတဲ့ တရုတ္၊ ဂ်ပန္၊ ကိုရီးယားစတဲ့ ႏိုင္ငံျခားသားေတြအေနနဲ႔ အစုိးရ သတ္မွတ္ေပးထားတဲ့ တရား၀င္ လမ္းေၾကာင္းကေန ျဖတ္သန္းသြားလာႀကဖို႔ လိုပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေရာဂါးပုိး မျပန္႔ပြားေအာင္ ထိုင္းအစိုးရက ႀကိဳးစားထိန္းခ်ဳပ္ေနတဲ့အခ်ိန္မွာ ႏိုင္ငံျခားသားေတြအေနနဲ႔ ထုိင္းအစုိးရနဲ႔အတူ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ လိုပါတယ္။"

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ ္ျမ၀တီခရိုင္ ေရႊကုကၠိဳလ္ဆိုတဲ့ေနရာမွာ တရုတ္ျမိဳ႕ေတာ္ တည္ေဆာင္ေနတာေၾကာင့္ ျပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္စလို ့တရုတ္ႏိုင္ငံသားေတြ အမ်ားအျပား ၀င္ေရာက္မႈေတြ ရွိေနပါတယ္။ ဒီအတြက္ ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာလည္း တရုတ္နိုင္ငံသားေတြ အမ်ားအျပား ၀င္ထြက္ေနတာပါ။ တရုတ္ႏိုင္ငံသားေတြဟာ မဲေဆာက္ကတဆင့္ ျမန္မာနိုင္ငံအတြင္းကို ခရီးဆက္ေနၾကတာေတြလည္း ရွိေနပါတယ္။ အလားတူ ျမန္မာႏိုင္ငံဘက္ကတဆင့္ ထုိင္းဘက္ကုိ ကူးလာေနသူေတြလည္း ရွိေနတာပါ။

တရားမ၀င္ေလွဂိတ္ေတြက ကူးေနတာေၾကာင့္ ထိမ္းခ်ဳပ္ဖို ့ခက္တဲ့အေႀကာင္း ျမန္မာျပည္အေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီရဲ ့ ဥကၠ႒ ဦးမိုးႀကိဳးက အခုလို ေျပာပါတယ္။
"သူတို႔ နယ္နမိတ္ထဲကုိ တရား၀င္ အမွတ္ (၁)၊ အမွတ္(၂) တံတားကေန ျဖတ္လာရင္ေတာ့ ကိစၥမရွိဘူး ေသာင္ရင္းျမစ္ကုိ စက္ေလွဂိတ္ေတြက ျဖတ္လာရင္ေတာ့ မလြယ္ကူႏိုင္ဘူး။ ေသာင္းရင္းျမစ္ကို ျဖတ္တဲ့စက္ေလွဂိတ္ ၃၂ ဂိတ္ရွိတယ္ ပစၥည္းတင္တဲ့ ဂိတ္က ၁၆ ဂိတ္၊ လူကူးတာက ၁၆ ဂိတ္ ရွိတယ္။

ျပီးခဲ့တဲ့ရက္ကေတာ့ ျမန္မာႏိုင္ငံဘက္ကေနလာတဲ့ တရုတ္ႏို္င္ငံသား တဦး မဲေဆာက္ေဆးရံုႀကီးမွာ ကုသမႈ လုပ္ေနတယ္ဆုိတာေၾကာင့္ မဲေဆာက္ျမိဳ႕ခံေတြနဲ႔ ျမန္မာအလုပ္သမားေတြၾကား စိုရိမ္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ ဒီလူနာကို ကိုရိုနာဗိုင္းရပ္စ္ပိုး ရွိ၊ မရွိ ေသြးစစ္ေဆးခဲ့ျပီး ဒီေရာဂါပုိးမရွိေၾကာင္း ေဒသခံေတြ မစိုးရိမ္ဖို႔အတြက္ မဲေဆာက္ျမိဳ႕ေတာ္၀န္က သတင္းစာရွင္းလင္းခဲ့ပါတယ္။ Covid 19 ေရာဂါ ကာကြယ္ေရးအတြက္ေတာ့ တရုတ္နိုင္ငံသားေတြရဲ႕ သြားလာမႈကို ထိမ္းခ်ဳပ္ျပီး စိစစ္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ထိုင္းအာဏာပုိင္ေတြက ေျပာဆုိခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာေတာ့ Covid 19 ကူးစက္သူ ၄၁ ေယာက္ရွိေၾကာင္း ထုိင္းက်န္းမာေရးဌာနက ေႀကျငာထားျပီး ၂၈ ေယာက္ကေတာ့ ျပန္လည္ ေကာင္းမြန္လာျပီလို႔ ဆုိပါတယ္။

[Unicode Version]

မြန်မာဘက် ခိုးဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားနှစ်ဦး ထိုင်း ဖမ်းမိ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ဘက်ကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက နယ်ခြားစစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် နိုင်ငံခြားသားတွေကို စောင့်ကြည့် စစ်ဆေးနေချိန်မှာ မြစ်ကူးလှေတွေနဲ့ ခိုးဝင်ဖို့ ကြိုးစားတာကို ဖမ်းမိလိုက်တာပါ။ ထိုင်းနိုင်ငံမှာရောက်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ တရားဝင် လမ်းကြောင်းတွေကနေ ဝင်ထွက်သွားလာဖို့ မဲဆောက်မြို့ပိုင်က သတိပေးပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံသား နိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားကြတဲ့ အမျိုသားတဦးဖြစ်တဲ့ ဟူဆောင်ယူ အမျိုးသမီးတဦးဖြစ်တဲ့ ဒန်ဟွာအူ Mr Hu Song Yu နဲ့ Nang Deng Hua U တို့ဟာ တရားဝင် မဲဆောက်မြဝတီချစ်ကြည်ရေး တံတားကနေ မကူးဘဲ လှေဂိတ်ကနေ မြစ်ဖြတ်ကူးပြီး မြန်မာနိုင်ငံတွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာပါ။

သူတို့ နှစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ် ၄၁၂ က ဖမ်းဆီးပြီး တရားမဝင် နယ်စပ် ဖြတ်ကျော်မူ ထိုင်း လဝက ဥပဒေနဲ့အရေးယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတရုတ်နိုင်ငံသား နှစ်ဦးကို အရေးမယူခင် မဲဆောက်ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ ဆေးစစ်ဖို့ ပို့ဆောင်ခဲ့ပါတယ်။

ဒီတရုတ်နိုင်ငံသား ၂ ဦး ဟာ တရားမဝင်လမ်းကနေ ဖြတ်ဖို့ ကြိုးစားခဲ့ပြီးနောက် နိုင်ငံခြာသား ခရီးသွားတွေအနေနဲ့ တရားဝင်လမ်းကြောင်းမှ ဝင်ထွက် သွားလာကြဖို့မဲဆောက်မြို့ပိုင်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မဲဆောက်မြို့ပိုင်မစ္စတာ ချိုင်ဖွတ် ချင်ထန်ရပ် နဲ့ မြို့နယ်အာဏာပိုင်တွေ ကျန်းမာရေးအဖွဲ့ဝင်တွေရဲ့covid-19 ရောဂါပိုးကာကွယ်ရေး ဆိုင်ရာအရေးပေါ် အစည်းအဝေးအပြီးမှာ မဲဆောက်မြို့ပိုင်က ထိုင်းဘာသာနဲ့ အခုလို ပြောဆိုခဲ့တာပါ။

"မဲဆောက်လာလည်ကြတဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အစိုးရ သတ်မှတ်ပေးထားတဲ့ တရားဝင် လမ်းကြောင်းကနေ ဖြတ်သန်းသွားလာကြဖို့ လိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါးပိုး မပြန့်ပွားအောင် ထိုင်းအစိုးရက ကြိုးစားထိန်းချုပ်နေတဲ့အချိန်မှာ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းအစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။"

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ ်မြဝတီခရိုင် ရွှေကုက္ကိုလ်ဆိုတဲ့နေရာမှာ တရုတ်မြို့တော် တည်ဆောင်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်စလို့တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ရောက်မှုတွေ ရှိနေပါတယ်။ ဒီအတွက် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ထွက်နေတာပါ။ တရုတ်နိုင်ငံသားတွေဟာ မဲဆောက်ကတဆင့် မြန်မာနိုင်ငံအတွင်းကို ခရီးဆက်နေကြတာတွေလည်း ရှိနေပါတယ်။ အလားတူမြန်မာနိုင်ငံဘက်ကတဆင့် ထိုင်းဘက်ကို ကူးလာနေသူတွေလည်း ရှိနေတာပါ။

တရားမဝင်လှေဂိတ်တွေက ကူးနေတာကြောင့် ထိမ်းချုပ်ဖို့ခက်တဲ့အကြောင်း မြန်မာပြည်အရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

"သူတို့ နယ်နမိတ်ထဲကို တရားဝင် အမှတ် (၁)၊ အမှတ်(၂) တံတားကနေ ဖြတ်လာရင်တော့ ကိစ္စမရှိဘူး သောင်ရင်းမြစ်ကို စက်လှေဂိတ်တွေက ဖြတ်လာရင်တော့ မလွယ်ကူနိုင်ဘူး။ သောင်းရင်းမြစ်ကို ဖြတ်တဲ့စက်လှေဂိတ် ၃၂ ဂိတ်ရှိတယ် ပစ္စည်းတင်တဲ့ ဂိတ်က ၁၆ ဂိတ်၊ လူကူးတာက ၁၆ ဂိတ်ရှိတယ်။

ပြီးခဲ့တဲ့ရက်ကတော့ မြန်မာနိုင်ငံဘက်ကနေလာတဲ့ တရုတ်နိုင်ငံသား တဦး မဲဆောက်ဆေးရုံကြီးမှာ ကုသမှု လုပ်နေတယ်ဆိုတာကြောင့် မဲဆောက်မြို့ခံတွေနဲ့ မြန်မာအလုပ်သမားတွေကြား စိုရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလူနာကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ သွေးစစ်ဆေးခဲ့ပြီး ဒီရောဂါပိုးမရှိကြောင်း ဒေသခံတွေ မစိုးရိမ်ဖို့အတွက် မဲဆောက်မြို့တော်ဝန်က သတင်းစာရှင်းလင်းခဲ့ပါတယ်။ Covid 19 ရောဂါ ကာကွယ်ရေးအတွက်တော့ တရုတ်နိုင်ငံသားတွေရဲ့ သွားလာမှုကို ထိမ်းချုပ်ပြီး စိစစ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ Covid 19 ကူးစက်သူ ၄၁ ယောက်ရှိကြောင်း ထိုင်းကျန်းမာရေးဌာနက ကြေငြာထားပြီး ၂၈ ယောက်ကတော့ ပြန်လည် ကောင်းမွန်လာပြီလို့ ဆိုပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ျမန္မာဘက္ ခိုးဝင္ဖိုု႔ႀကိဳးစားတဲ့ တ႐ုတ္ႏုိင္ငံသားႏွစ္ဦး ထိုင္း ဖမ္းမိ ျမန္မာဘက္ ခိုးဝင္ဖိုု႔ႀကိဳးစားတဲ့ တ႐ုတ္ႏုိင္ငံသားႏွစ္ဦး ထိုင္း ဖမ္းမိ Reviewed by THITHTOOLWIN on 00:55 Rating: 5
Powered by Blogger.