တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္း ရွိေနသေ႐ြ႕ ပုဒ္မ ၂၆၁ မျပင္ႏိုင္ေၾကာင္း NLD ေျပာ

(Zawgyi)⤵⤵⤵
ဝန္ႀကီးခ်ဳပ္ကို တိုင္းနဲ႔ျပည္နယ္မွာ အႏိုင္ရတဲ့ပါတီက ခန႔္အပ္ေရးအတြက္ ပုဒ္မ ၂၆၁ ကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက မူၾကမ္း တင္သြင္းထားတာကို ေလးရက္ေျမာက္ေန႔ ဒီေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာ အႀကိတ္အနယ္ ေဆြးေႏြးခဲ့ၾကပါတယ္။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ေက်ာင္းကုန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းထြန္းက ပုဒ္မ ၂၆၁ ျပင္ဆင္ေရးအေပၚ သေဘာထားကို ရွင္းျပပါတယ္။

"အဲဒီလိုဆို ရခိုင္အေၾကာင္းဘာလို႔ မေဆြးေႏြးလဲ။ ရခိုင္ကိုဘာလို႔ မေဆြးေႏြးလဲ။ ရခိုင္မွာက ၄၀ ေက်ာ္ရသြားပီေလ။ ၂၂ ေယာက္ႏိုင္သြားပီေလ။ အဲဒီလိုဆို ရခိုင္အေၾကာင္းဘာလို႔ မေဆြးေႏြးလဲ။ ထည့္ေဆြးေႏြးရမယ္အကုန္လုံး။ တအားစိုးရိမ္ေနတယ္။ ဒီေလာက္မစိုးရိမ္နဲ႔ေနာ္၊ သူ႔ဟာသူ တပ္မေတာ္ ပါျခင္း မပါျခင္းက တစ္ပိုင္းပဲ။ ကိုယ့္ဘက္က ပါတီေတြ ႏိုင္ထားဖို႔လိုတယ္။ အဲေတာ့ ဒီဘက္မွာ ရခိုင္ပါတီ အမ်ားဆုံးႏိုင္ရင္ ရခိုင္ျဖစ္မွာပဲေလ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဘယ္လိုလုပ္ က်ေနာ္တို႔ ျပည္ခိုင္ၿဖိဳးျဖစ္မွာလဲ။ NLD ျဖစ္မွာလဲ။ ရခိုင္မ်ားရင္ ရခိုင္ႏိုင္မွာေပါ့။ မြန္မ်ားရင္ မြန္ႏိုင္မွာေပါ့။ ဒါပဲေလ ရွမ္းမ်ားရင္ ရွမ္းႏိုင္မွာပဲေလ။ အဲဒါကို တပ္မေတာ္ကိုသြားပီး ဆြဲမထည့္နဲ႔ေလ။ တိုင္းရင္းသားပါတီေတြက တစ္ခ်ိန္မွာတက္လာမွာပဲ ။ တိုင္းရင္းသားေတြ လက္ခံလာမွာပဲ ။ နဂိုလို မဟုတ္ေတာ့ဘူး။ အဲဒါဆို ဖက္ဒရယ္မွန္သြားလိမ့္မယ္။"

ဒီပုဒ္မျပင္ေရးကို တပ္မေတာ္နဲ႔ ရခိုင္အမ်ိဳးသားပါတီ ကိုယ္စားလွယ္ေတြက ေထာက္ခံခဲ့ၾကပါတယ္။ အာဏာရပါတီ NLD ကေတာ့ တိုင္းနဲ႔ျပည္နယ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ေတြမွာ ေ႐ြးေကာက္မခံဘဲ ၂၅ ရာခိုင္ႏႈန္း ရယူထားတဲ့ တပ္မေတာ္ သားေတြ ရွိေနသေ႐ြ႕ ၂၆၁ ကို မျပင္သင့္ဘူး၊ ဆက္ထားသင့္တယ္လို႔ NLD ပါတီက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေအာင္က ကန႔္ကြက္ပါတယ္။

"ဗဟိုခ်ဳပ္ကိုင္မူ ေလ်ာ့ခ် သေယာင္ေယာင္ပါပဲ။ သို႔ေသာ္လည္း ေ႐ြးေကာက္ခံမဟုတ္တဲ့ ၂၅% ေသာ ကိုယ္စားလွယ္ေတြ၊ အမာခံ အခိုင္အမာတည္ရွိေနတဲ့ သက္ဆိုင္ရာလႊတ္ေတာ္မွာ ပါတီအသီးသီးက ျပန႔္ေႏွာေရာက္ရွိလာမယ့္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားရဲ႕ ပါဝင္မႈကို ခ်ိန္ဆတြက္ခ်က္ရမွာျဖစ္ပါတယ္။ လက္ရွိ အေျခအေနအတိုင္းဆိုရင္ စီမံစိုးမိုးႏိုင္မယ့္ အခြင့္အာဏာဟာ တကယ္ပဲ တိုင္းရင္းေတြထံ ေရာက္မေရာက္ဆိုတာ အေလးထားစဥ္းစားၾကည့္ရင္ အေျဖထြက္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ့္အေနနဲ႔ ဦးသိန္းထြန္း ဦးေဆာင္တင္သြင္းတဲ့ ပုဒ္မ ၂၆၁ ခ နဲ႔ ဆက္လ်ဥ္းတဲ့ ျပင္ဆင္ခ်က္ေတြကို ေလးေလးနက္နက္ ကန႔္ကြက္ေၾကာင္း တင္ျပရင္ နိဂုံးခ်ဳပ္ပါတယ္။"

တပ္က ၂၅ ရာခိုင္ႏႈန္း ယူထားတာေၾကာင့္၊ ေ႐ြးေကာက္ပြဲေတြ ဝင္ၿပိဳင္တဲ့အခါမွာ တိုင္းရင္းသားပါတီေတြနဲ႔ NLD ပါတီတို႔ဟာ လႊတ္ေတာ္ရဲ႕ ၇၅ ရာခိုင္ႏႈန္းကို ၿပိဳင္ၾကရတာပါ။ ပုဒ္မ ၂၆၁ ကို ျပင္ျခင္းအားျဖင့္ NLD ရဲ႕ အားေကာင္းမႈကို အရႈိက္ထိေစႏိုင္တယ္လို႔ NLD ဘက္က တြက္ခ်က္ထားတာပါ။

ႀကံ့ခိုင္ေရးအမတ္ ဦးသိန္းထြန္းကေတာ့ NLD ရဲ႕အေၾကာင္းျပခ်က္ကို လက္မခံဘူးလို႔ဆိုပါတယ္။

တိုင္းရင္းသားေတြထဲမွာ ျပည္မ ႏိုင္ငံေရးပါတီႀကီးေတြျဖစ္တဲ့ ႀကံ့ခိုင္ေရးနဲ႔ NLD ပါတီကို ရင္ဆိုင္ၿပိဳင္ဆိုင္ႏိုင္တာက ရခိုင္အမ်ိဳးသားပါတီ (ANP) နဲ႔ ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) တို႔ ျဖစ္ပါတယ္။

ဒါေပမဲ့ ၂၆၁ အရ မဲအမ်ားဆုံး အႏိုင္ရတဲ့ ပါတီႀကီးကပဲ ဝန္ႀကီးခ်ဳပ္ကို ခန႔္အပ္တာေၾကာင့္ တိုင္းရင္းသားပါတီေတြကပါ ျပင္ခ်င္ၾကတာလို႔ ANP ပါတီ က ေပါက္ေတာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဇံက ေျပာပါတယ္။

"အေပၚကေန ဆင္းလာၿပီးေတာ့ အႀကီးႀကီး ဒီေအာက္ေျခကိုလာၿပီးတာ့ ကိုယ့္ဟာနဲ႔ကို၊ ကိုယ့္အလုပ္ကို လုပ္လို႔ မရဘူးျဖစ္ေနတယ္။ က်ေနာ္တို႔မွာလည္း သတ္မွတ္ထားတဲ့ အရည္အခ်င္းနဲ႔ျပည့္စုံတဲ့ ပုဂၢိဳလ္ေတြရွိတာပဲ။ ကိုယ့္ဟာကိုယ္ ေ႐ြးၾကမွာေပါ့။ အဲလို ကိုယ့္ဟာကိုယ္ မေ႐ြးဘဲနဲ႔ အေပၚက ဆင္းလာ ေ႐ြးေပးတဲ့ဟာကို လက္ခံရရင္ က်ေနာ္တို႔ အသုံးမက်သလိုျဖစ္တာေပါ့။ ခပ္႐ိုင္း႐ိုင္းေျပာရရင္။ အမွန္ကေတာ့ က်ေနာ္တို႔ ကိုယ့္ဟာကို ေ႐ြးခ်င္တယ္။ ေ႐ြးႏိုင္ေအာင္ လုပ္တတ္ကိုင္တတ္ရွိေအာင္၊ အရည္အခ်င္းရွိတဲ့ ပုဂၢိဳလ္ေတြ ရွာထားရမွာေပါ့။"

၂၀၁၅-ေ႐ြးေကာက္ပြဲတုန္းက ရခိုင္အမ်ိဳးသားပါတီANP ဟာ ရခိုင္ျပည္နယ္မွာ လႊတ္ေတာ္အမတ္ ၂၂ ဦး အထိ အမ်ားဆုံး အႏိုင္ရခဲ့တဲ့ ပါတီျဖစ္ပါတယ္။ ဒါေပမဲ့ NLD က ဒီအခ်က္ကိုလ်စ္လ်ဴရႈၿပီး သူ႔ပါတီထဲက လူကို ဝန္ႀကီးခ်ဳပ္ ခန႔္ခဲ့ပါတယ္။

ရွမ္းျပည္နယ္မွာ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ႀကံ့ခိုင္ေရးပါတီက မဲအမ်ားဆုံးရၿပီး SNLD က ဒုတိယမဲအမ်ားဆုံးရပါတယ္။ NLD က လႊတ္ေတာ္မွာေဆြးေႏြးတဲ့အခါ ဒီအခ်က္ကိုေထာက္ျပၿပီး တပ္နဲ႔ႀကံ့ခိုင္ေရးတို႔ရဲ႕ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးဟာ တိုင္းရင္းသားေတြအတြက္ မဟုတ္ဘူးလို႔ ေထာက္ျပတာလည္းရွိပါတယ္။

အင္အားႀကီး အုပ္စုႏွစ္ခုျဖစ္တဲ့ တပ္နဲ႔ႀကံ့ခိုင္ေရး၊ NLD ပါတီတို႔ရဲ႕ ေဆြးေႏြးခ်က္ေတြက တိုင္းရင္းသားအေရးကို ဦးစားမေပးဘဲ၊ မိမိတို႔အုပ္စု အပိုင္ရရွိေရးဦးစားေပးေနတာက စိတ္မေကာင္းစရာလို႔ လႊတ္ေတာ္ေတြကို ေစာင့္ၾကည့္ေလ့လာၿပီး သုေတသနျပဳေနတဲ့ ပြင့္လင္းျမန္မာေရွ႕ေဆာင္အဖြဲ႕ (OMI) ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအးေက်ာ္က ေျပာပါတယ္။

သူ႔တစ္ဦးတည္းအေနနဲ႔ ပုဒ္မ ၂၆၁ ျပင္ေရးကို သေဘာက်တယ္လို႔ ဦးေအးေက်ာ္က ေျပာပါတယ္။ အနည္းဆုံး တိုင္းရင္းသားေတြ ႀကိဳးစားခြင့္ရႏိုင္တာေၾကာင့္လို႔ ေျပာပါတယ္။

ျပည္နယ္လႊတ္ေတာ္မွာ တပ္ရဲ႕ ၂၅ ရာခိုင္ႏႈန္း ကိုေလွ်ာ့ခ်ၿပီး၊ NLD ကလည္း ၂၆၁ ကို ျပင္မယ္ဆိုတဲ့ အေပးအယူကလည္း ျဖစ္ႏိုင္စရာမေတြ႕ဘူးလို႔ ဦးေအးေက်ာ္က ေျပာပါတယ္။

လႊတ္ေတာ္ထဲမွာ ပုဒ္မ ၂၆၁ အေပးအယူလုပ္မယ့္ကိစၥနဲ႔ တျခားအေရးႀကီးပုဒ္မေတြကိုပါ ျပင္ဆင္ႏိုင္ေရးက အလွမ္းေဝး တဲ့အေနအထားျဖစ္လို႔၊ ဒီအတိုင္းပဲ ဆက္ရွိေနမယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေသရွေ့ ပုဒ်မ ၂၆၁ မပြင်နိုင်ကြောင်း NLD ပြော

ဝန်ကြီးချုပ်ကို တိုင်းနဲ့ပြည်နယ်မှာ အနိုင်ရတဲ့ပါတီက ခန့်အပ်ရေးအတွက် ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မူကြမ်း တင်သွင်းထားတာကို လေးရက်မြောက်နေ့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအပေါ် သဘောထားကို ရှင်းပြပါတယ်။

"အဲဒီလိုဆို ရခိုင်အကြောင်းဘာလို့ မဆွေးနွေးလဲ။ ရခိုင်ကိုဘာလို့ မဆွေးနွေးလဲ။ ရခိုင်မှာက ၄၀ ကျော်ရသွားပီလေ။ ၂၂ ယောက်နိုင်သွားပီလေ။ အဲဒီလိုဆို ရခိုင်အကြောင်းဘာလို့ မဆွေးနွေးလဲ။ ထည့်ဆွေးနွေးရမယ်အကုန်လုံး။ တအားစိုးရိမ်နေတယ်။ ဒီလောက်မစိုးရိမ်နဲ့နော်၊ သူ့ဟာသူ တပ်မတော် ပါခြင်း မပါခြင်းက တစ်ပိုင်းပဲ။ ကိုယ့်ဘက်က ပါတီတွေ နိုင်ထားဖို့လိုတယ်။ အဲတော့ ဒီဘက်မှာ ရခိုင်ပါတီ အများဆုံးနိုင်ရင် ရခိုင်ဖြစ်မှာပဲလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်လိုလုပ် ကျနော်တို့ ပြည်ခိုင်ဖြိုးဖြစ်မှာလဲ။ NLD ဖြစ်မှာလဲ။ ရခိုင်များရင် ရခိုင်နိုင်မှာပေါ့။ မွန်များရင် မွန်နိုင်မှာပေါ့။ ဒါပဲလေ ရှမ်းများရင် ရှမ်းနိုင်မှာပဲလေ။ အဲဒါကို တပ်မတော်ကိုသွားပီး ဆွဲမထည့်နဲ့လေ။ တိုင်းရင်းသားပါတီတွေက တစ်ချိန်မှာတက်လာမှာပဲ ။ တိုင်းရင်းသားတွေ လက်ခံလာမှာပဲ ။ နဂိုလို မဟုတ်တော့ဘူး။ အဲဒါဆို ဖက်ဒရယ်မှန်သွားလိမ့်မယ်။"

ဒီပုဒ်မပြင်ရေးကို တပ်မတော်နဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ကြပါတယ်။ အာဏာရပါတီ NLD ကတော့ တိုင်းနဲ့ပြည်နယ်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ ရွေးကောက်မခံဘဲ ၂၅ ရာခိုင်နှုန်း ရယူထားတဲ့ တပ်မတော် သားတွေ ရှိနေသရွေ့ ၂၆၁ ကို မပြင်သင့်ဘူး၊ ဆက်ထားသင့်တယ်လို့ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ကန့်ကွက်ပါတယ်။

"ဗဟိုချုပ်ကိုင်မူ လျော့ချ သယောင်ယောင်ပါပဲ။ သို့သော်လည်း ရွေးကောက်ခံမဟုတ်တဲ့ ၂၅% သော ကိုယ်စားလှယ်တွေ၊ အမာခံ အခိုင်အမာတည်ရှိနေတဲ့ သက်ဆိုင်ရာလွှတ်တော်မှာ ပါတီအသီးသီးက ပြန့်နှောရောက်ရှိလာမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်များရဲ့ ပါဝင်မှုကို ချိန်ဆတွက်ချက်ရမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအတိုင်းဆိုရင် စီမံစိုးမိုးနိုင်မယ့် အခွင့်အာဏာဟာ တကယ်ပဲ တိုင်းရင်းတွေထံ ရောက်မရောက်ဆိုတာ အလေးထားစဉ်းစားကြည့်ရင် အဖြေထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ဦးသိန်းထွန်း ဦးဆောင်တင်သွင်းတဲ့ ပုဒ်မ ၂၆၁ ခ နဲ့ ဆက်လျဉ်းတဲ့ ပြင်ဆင်ချက်တွေကို လေးလေးနက်နက် ကန့်ကွက်ကြောင်း တင်ပြရင် နိဂုံးချုပ်ပါတယ်။"

တပ်က ၂၅ ရာခိုင်နှုန်း ယူထားတာကြောင့်၊ ရွေးကောက်ပွဲတွေ ဝင်ပြိုင်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေနဲ့ NLD ပါတီတို့ဟာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကို ပြိုင်ကြရတာပါ။ ပုဒ်မ ၂၆၁ ကို ပြင်ခြင်းအားဖြင့် NLD ရဲ့ အားကောင်းမှုကို အရှိုက်ထိစေနိုင်တယ်လို့ NLD ဘက်က တွက်ချက်ထားတာပါ။

ကြံ့ခိုင်ရေးအမတ် ဦးသိန်းထွန်းကတော့ NLD ရဲ့အကြောင်းပြချက်ကို လက်မခံဘူးလို့ဆိုပါတယ်။

တိုင်းရင်းသားတွေထဲမှာ ပြည်မ နိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ NLD ပါတီကို ရင်ဆိုင်ပြိုင်ဆိုင်နိုင်တာက ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၆၁ အရ မဲအများဆုံး အနိုင်ရတဲ့ ပါတီကြီးကပဲ ဝန်ကြီးချုပ်ကို ခန့်အပ်တာကြောင့် တိုင်းရင်းသားပါတီတွေကပါ ပြင်ချင်ကြတာလို့ ANP ပါတီ က ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောပါတယ်။

"အပေါ်ကနေ ဆင်းလာပြီးတော့ အကြီးကြီး ဒီအောက်ခြေကိုလာပြီးတာ့ ကိုယ့်ဟာနဲ့ကို၊ ကိုယ့်အလုပ်ကို လုပ်လို့ မရဘူးဖြစ်နေတယ်။ ကျနော်တို့မှာလည်း သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေရှိတာပဲ။ ကိုယ့်ဟာကိုယ် ရွေးကြမှာပေါ့။ အဲလို ကိုယ့်ဟာကိုယ် မရွေးဘဲနဲ့ အပေါ်က ဆင်းလာ ရွေးပေးတဲ့ဟာကို လက်ခံရရင် ကျနော်တို့ အသုံးမကျသလိုဖြစ်တာပေါ့။ ခပ်ရိုင်းရိုင်းပြောရရင်။ အမှန်ကတော့ ကျနော်တို့ ကိုယ့်ဟာကို ရွေးချင်တယ်။ ရွေးနိုင်အောင် လုပ်တတ်ကိုင်တတ်ရှိအောင်၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရှာထားရမှာပေါ့။"

၂၀၁၅-ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီANP ဟာ ရခိုင်ပြည်နယ်မှာ လွှတ်တော်အမတ် ၂၂ ဦး အထိ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ဒါပေမဲ့ NLD က ဒီအချက်ကိုလျစ်လျူရှုပြီး သူ့ပါတီထဲက လူကို ဝန်ကြီးချုပ် ခန့်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီက မဲအများဆုံးရပြီး SNLD က ဒုတိယမဲအများဆုံးရပါတယ်။ NLD က လွှတ်တော်မှာဆွေးနွေးတဲ့အခါ ဒီအချက်ကိုထောက်ပြပြီး တပ်နဲ့ကြံ့ခိုင်ရေးတို့ရဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ တိုင်းရင်းသားတွေအတွက် မဟုတ်ဘူးလို့ ထောက်ပြတာလည်းရှိပါတယ်။

အင်အားကြီး အုပ်စုနှစ်ခုဖြစ်တဲ့ တပ်နဲ့ကြံ့ခိုင်ရေး၊ NLD ပါတီတို့ရဲ့ ဆွေးနွေးချက်တွေက တိုင်းရင်းသားအရေးကို ဦးစားမပေးဘဲ၊ မိမိတို့အုပ်စု အပိုင်ရရှိရေးဦးစားပေးနေတာက စိတ်မကောင်းစရာလို့ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး သုတေသနပြုနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

သူ့တစ်ဦးတည်းအနေနဲ့ ပုဒ်မ ၂၆၁ ပြင်ရေးကို သဘောကျတယ်လို့ ဦးအေးကျော်က ပြောပါတယ်။ အနည်းဆုံး တိုင်းရင်းသားတွေ ကြိုးစားခွင့်ရနိုင်တာကြောင့်လို့ ပြောပါတယ်။

ပြည်နယ်လွှတ်တော်မှာ တပ်ရဲ့ ၂၅ ရာခိုင်နှုန်း ကိုလျှော့ချပြီး၊ NLD ကလည်း ၂၆၁ ကို ပြင်မယ်ဆိုတဲ့ အပေးအယူကလည်း ဖြစ်နိုင်စရာမတွေ့ဘူးလို့ ဦးအေးကျော်က ပြောပါတယ်။

လွှတ်တော်ထဲမှာ ပုဒ်မ ၂၆၁ အပေးအယူလုပ်မယ့်ကိစ္စနဲ့ တခြားအရေးကြီးပုဒ်မတွေကိုပါ ပြင်ဆင်နိုင်ရေးက အလှမ်းဝေး တဲ့အနေအထားဖြစ်လို့၊ ဒီအတိုင်းပဲ ဆက်ရှိနေမယ်လို့လည်း သုံးသပ်နေကြပါတယ်။

RFA Burmese
https://www.rfa.org
တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္း ရွိေနသေ႐ြ႕ ပုဒ္မ ၂၆၁ မျပင္ႏိုင္ေၾကာင္း NLD ေျပာ တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္း ရွိေနသေ႐ြ႕ ပုဒ္မ ၂၆၁ မျပင္ႏိုင္ေၾကာင္း NLD ေျပာ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.