အေမရိကန္ဗီဇာပိတ္မႈ ျမန္မာဒုကၡသည္ေတြအၾကား စိုးရိမ္မႈျဖစ္လာ

 ျမန္မာအပါအဝင္ ႏိုင္ငံ ေျခာက္ႏိုင္ငံကို အေမရိကန္ဗီဇာ ကန္႔သတ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံအပါအဝင္ႏိုင္ငံ ေျခာက္ႏိုင္ငံကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကဗီဇာကန္႔သတ္တဲ့ ေၾကညာ ခ်က္ေၾကာင့္ အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားေတြနဲ႔ ထိုင္း-ျမန္မာနယ္စပ္မွာ ေနထိုင္ေနတဲ့ျမန္မာဒုကၡသည္ ေတြၾကားထဲ စိုးရိမ္ပူပန္မႈေတြရွိေနေပမဲ့ ဒီကန္႔သတ္မႈဟာ ဒုကၡသည္ေျပာင္းေ႐ႊ႕ေရးအစီအစဥ္အေပၚ သက္ေရာက္မႈမရွိဘူးလို႔ ရန္ကုန္အေျခစိုက္ အေမရိကန္သံအမတ္က ေျပာဆိုလိုက္ပါတယ္။

ဗီဇာကိုဒီလိုကန္႔သတ္လိုက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရ ျမန္မာႏိုင္ငံကေန အေမရိကန္ကိုေ႐ႊ႕ေျပာင္း အေျခခ်ခ်င္တဲ့ ျမန္မာႏိုင္ငံသားေတြကိုထုတ္ေပးတဲ့ immigrant visa နဲ႔ Diversity Visa ကိုပဲ ကန္႔သတ္ လိုက္တာျဖစ္ၿပီး အေမရိကန္ကို သြားေရာက္ အေျခမခ်တဲ့သူ non-immigrant Visa၊ အလည္အပတ္ သြားမယ့္သူ (tourist visa)၊ စီးပြားေရးလုပ္မယ့္သူနဲ႔ အေမရိကန္ႏိုင္ငံကို ေက်ာင္းသြားတက္မယ့္သူေတြကို အက်ိဳးသက္ေရာက္မႈ မရွိဘူးလို႔ အေမရိကန္သံအမတ္ စေကာ့မာစီယာ က ဘီဘီစီကို ေျပာပါတယ္။

"ဒီဗီဇာကန္႔သတ္မႈေၾကညာခ်က္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံက လူေတြေရာ အေမရိကမွာ ေနထိုင္တဲ့လူေတြ စိုးရိမ္ေနၾကတာကို ကြၽန္ေတာ္သိပါ တယ္။ ဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ရွင္းျပပါမယ္။ သမၼတထရမ့္ရဲ႕ေၾကညာခ်က္ထဲမွာ အေမရိကႏိုင္ငံကို ေ႐ႊ႕ေျပာင္းအေျခခ်ခ်င္တဲ့ျမန္မာႏိုင္ငံသား ေတြနဲ႔ Diversity Visa ကိုပဲကန္႔သတ္လိုက္တာပါ။

အေမရိကႏိုင္ငံကို သြားေရာက္အေျခမခ်တဲ့သူ non-immigrant visa၊ အလည္အပတ္သြားမယ့္သူ၊ စီးပြားေရးလုပ္မယ့္သူ၊ ေက်ာင္းသြားတက္မယ့္သူေတြကို အက်ိဳးသက္ေရာက္မႈမရွိပါဘူး။ ဒုကၡသည္ေတြကိုထုတ္ေပးတဲ့ဗီဇာကိုလည္း အက်ိဳးသက္ေရာက္မႈမရွိပါဘူး" လို႔ သံအမတ္ စေကာ့မာစီယာ က ေျပာဆိုသြားတာပါ။

သတင္းမွ်ေဝမႈအားနည္းမႈနဲ႔ အေမရိကန္ျပည္ေထာင္စုရဲ႕လုံၿခဳံေရးနဲ႔ လူမႈဘဝဖူလုံေရးကို ကာကြယ္ေစာင့္ေရွာက္ဖို႔အတြက္ဆိုၿပီး ျမန္မာ၊ ႏိုက္ဂ်ီးရီးယား၊ ဆူဒန္၊ ကာဂ်စၥတန္၊ အီရီထရီးယား နဲ႔ ဘီလာ႐ုစ္ ႏိုင္ငံက ႏိုင္ငံသားေတြကို အေမရိက ေျပာင္းေ႐ႊ႕အေျခခ်တဲ့ ျပည္ဝင္ခြင့္ဗီဇာကို ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ကစ ၿပီးထုတ္ေပးေတာ့မွာမဟုတ္ဘူးလို႔ အေမရိကန္အစိုးရက ကန္႔သတ္လိုက္တာပါ။

ဒီလိုကန္႔သတ္လိုက္တာေၾကာင့္ အေမရိကန္ႏိုင္ငံမွာ ေနထိုင္တဲ့ဒုကၡသည္ တခ်ိဳ႕နဲ႔ ထိုင္းျမန္မာနယ္စပ္မွာ ေနထိုင္တဲ့ ဒုကၡသည္ေတြကလည္း အေမရိကန္ကိုေျပာင္းေ႐ႊ႕ေနထိုင္တဲ့ အစီအစဥ္ကိုအခက္အခဲ ျဖစ္မွာ စိုးရိမ္ေနၾကတယ္လို႔ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕က ကရင္ဒုကၡသည္မ်ားေကာ္မတီကတာဝန္ရွိသူ ေစာဘြဲ႕ေစးက ဆိုပါတယ္။

"အေမရိကန္ကိုထြက္ခြာမယ့္အစီအစဥ္ရွိတဲ့လူေတြ၊ အခ်ိတ္အဆက္ရွိတဲ့လူေတြက အပူအပင္ေလး ေတြ ေတာ့ရွိတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က သြားလို႔မရေတာ့ဘူးဆိုလို႔ရွိရင္ ဘယ္လိုလုပ္ မလဲေပါ့ေနာ္။ သို႔ေသာ္လည္းပဲ ဒီကိစၥက ဒုကၡသည္ေတြအေပၚမွာေတာ့ ျပတ္ျပတ္သားသား၊ တိတိက်က် ကြၽန္ေတာ္တို႔ ဘာမွမၾကားရ ေသးဘူး။ ဒီ UNHCR ကပဲျဖစ္ျဖစ္၊ ထိုင္းႏိုင္ငံျပည္ထဲေရး တာဝန္ရွိသူေတြပဲျဖစ္ျဖစ္ သူတို႔က ဘာမွမေျပာေသးဘူး" လို႔ ေစာဘြဲ႕ေစး က ေျပာပါတယ္။

ထိုင္းျမန္မာနယ္စပ္မွာ ဒုကၡသည္စခန္း ၉ ခုရွိၿပီး ျမန္မာျပည္က ဒုကၡသည္ ၇ ေသာင္းေက်ာ္ ေနထိုင္ပါ တယ္။ အဲ့ဒီဒုကၡသည္ေတြဟာ အေမရိကႏိုင္ငံအပါအဝင္ အေနာက္ႏိုင္ငံ ေတြမွာ ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာမဟာမင္းႀကီး႐ုံး UNHCR နဲ႔ ထိုင္းအာဏာပိုင္ အစီအစဥ္နဲ႔ ဒုကၡသည္အျဖစ္ေ႐ႊ႕ေျပာင္းေနထိုင္လွ်က္ရွိပါတယ္။အေမရိက ျပည္ဝင္ခြင့္ဗီဇာကန္႔သတ္လိုက္တာေၾကာင့္ အေမရိကန္အစိုးရထုတ္ေပးထားတဲ့ အၿမဲတမ္းေနထိုင္ခြင့္ green card ကိုင္ေဆာင္ထားသူေတြကလည္း စိုးရိမ္ေနၾကပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ေနထိုင္ၿပီး ခရီးသြားလုပ္ငန္း ေတြလုပ္ကိုင္ေနတဲ့ green card ကိုင္ေဆာင္ထားသူ စီးပြားေရးလုပ္ငန္းရွင္ ကိုဆမ္မီ က ဗီဇာကန္႔သတ္မႈေၾကာင့္ အေမရိကႏိုင္ငံကိုသြားလာတဲ့အခါမွာ ပိုၿပီးေမးျမန္းမႈေတြရွိလာမွာကိုလည္း စိုးရိမ္ေနပါတယ္။

"ကြၽန္ေတာ့္အေျခအေနက်ေတာ့ ျမန္မာနဲ႔အေမရိကႏိုင္ငံအၾကားစီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ေနေတာ့ အေမရိကႏိုင္ငံကို အသြားအလာအရမ္းမ်ားတယ္။ ျမန္မာႏိုင္ငံမွာလည္း ေနတာအရမ္းမ်ားတဲ့အခါက်ေတာ့ သြားတဲ့အေခါက္တိုင္းမွာ အေမရိကန္ရဲ႕လူဝင္မႈႀကီးၾကပ္ေရးက တာဝန္ရွိသူေတြက ေမးၾကတယ္။ ျမန္မာႏိုင္ငံမွာ ဘာလို႔အၾကာႀကီးေနလဲဆိုၿပီး ေမးၾကတယ္။ အခုအေျခအေနမွာေတာ့ အရမ္းခက္ခဲသြားမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ေျပာင္းေ႐ႊ႕မယ့္လူ အသစ္ေတြကိုမေပးတဲ့အျပင္ ရွိၿပီးသား immigrants ေတြအတြက္ေရာ နည္းနည္းေတာ့ တင္းက်ပ္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဲ့ဒီအတြက္စိုးရိမ္တာေတာ့ရွိပါတယ္" လို႔ အေမရိကႏိုင္ငံကို မၾကာခဏသြားေလ့ရွိတဲ့ ကိုဆမ္မီ က ေျပာပါတယ္။

ဒီဗီဇာကန္႔သတ္မႈေၾကာင့္ အေမရိကႏိုင္ငံ မယ္နီဆိုးထာျပည္နယ္မွာေနထိုင္တဲ့ ျမန္မာဒုကၡ သည္တခ်ိဳ႕ကလည္း ျမန္မာျပည္မွာက်န္ရွိတဲ့ သူတို႔ရဲ႕မိသားစုဝင္ေတြကို အေမရိကန္ကို ေျပာင္းေ႐ႊ႕အေျခခ်မယ့္ အစီအစဥ္ေတြအေပၚလည္း အက်ိဳးသက္ေရာက္မႈရွိမွာကို စိုးရိမ္တာ ေတြလည္းရွိ ေနတယ္လို႔ အေမရိကန္မီဒီယာတခ်ိဳ႕ကေရးသားေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ျမန္မာႏိုင္ငံသားအတြက္ လူတစ္ဦးတစ္ေယာက္ခ်င္းရဲ႕အေၾကာင္းကိစၥေပၚမူတည္ၿပီး အကန္႔အသတ္ျဖင့္ ႁခြင္းခ်က္နဲ႔ ဗီဇာေတြေျဖေလွ်ာ့ေပးတာေတြ ရွိႏိုင္တယ္လို႔ ရန္ကုန္အေျခစိုက္ အေမရိကန္သံ႐ုံးက ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

အေမရိကကိုေျပာင္းေ႐ႊ႕ဖို႔ ေလွ်ာက္ထားသူမွာ ေ႐ႊ႕ေျပာင္းအေျခစိုက္ျပည္ဝင္ခြင့္ဗီဇာ ဒါမွမဟုတ္ ဗီဇာ အတြက္အရည္အခ်င္းျပည့္မီေပမဲ့ ႁခြင္းခ်က္ ရွိ၊ မရွိ ဆိုတာကို ေကာင္စစ္ဝန္က ဆုံးျဖတ္မွာ ျဖစ္ပါတယ္လို႔ သံ႐ုံးက ထုတ္ျပန္ထားပါတယ္။

အခုဗီဇာကန္႔သတ္မႈကို ျပန္လည္႐ုပ္သိမ္းဖို႔ ျပန္လည္ ျပင္ဆင္ႏိုင္ဖို႔ဆိုရင္ ျမန္မာအစိုးရအေနနဲ႔ အေမရိကန္ အစိုးရ စိုးရိမ္ေနတဲ့ သတင္းအခ်က္အလက္ မွ်ေဝဖလွယ္မႈေတြနဲ႔ပတ္သက္ၿပီး တိုးတက္လာေအာင္ လုပ္ေဆာင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း သံအမတ္ စေကာ့မာစီယာ က ေျပာပါတယ္။ အဲဒီလို တိုးတက္ေကာင္းမြန္လာေအာင္ အေမရိကန္သံ႐ုံးက ျမန္မာအစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ ေနတယ္လို႔ လည္း သံအမတ္က ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
အမေရိကန်ဗီဇာပိတ်မှု မြန်မာဒုက္ခသည်တွေအကြား စိုးရိမ်မှုဖြစ်လာ

ဓာတ်ပုံ မူပိုင် PORNCHAI KITTIWONGSAKUL
Image caption မြန်မာအပါအဝင် နိုင်ငံ ခြောက်နိုင်ငံကို အမေရိကန်ဗီဇာ ကန့်သတ်

မြန်မာနိုင်ငံအပါအဝင်နိုင်ငံ ခြောက်နိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကဗီဇာကန့်သတ်တဲ့ ကြေညာ ချက်ကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်နေတဲ့မြန်မာဒုက္ခသည် တွေကြားထဲ စိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့ ဒီကန့်သတ်မှုဟာ ဒုက္ခသည်ပြောင်းရွှေ့ရေးအစီအစဉ်အပေါ် သက်ရောက်မှုမရှိဘူးလို့ ရန်ကုန်အခြေစိုက် အမေရိကန်သံအမတ်က ပြောဆိုလိုက်ပါတယ်။

ဗီဇာကိုဒီလိုကန့်သတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မြန်မာနိုင်ငံကနေ အမေရိကန်ကိုရွှေ့ပြောင်း အခြေချချင်တဲ့ မြန်မာနိုင်ငံသားတွေကိုထုတ်ပေးတဲ့ immigrant visa နဲ့ Diversity Visa ကိုပဲ ကန့်သတ် လိုက်တာဖြစ်ပြီး အမေရိကန်ကို သွားရောက် အခြေမချတဲ့သူ non-immigrant Visa၊ အလည်အပတ် သွားမယ့်သူ (tourist visa)၊ စီးပွားရေးလုပ်မယ့်သူနဲ့ အမေရိကန်နိုင်ငံကို ကျောင်းသွားတက်မယ့်သူတွေကို အကျိုးသက်ရောက်မှု မရှိဘူးလို့ အမေရိကန်သံအမတ် စကော့မာစီယာ က ဘီဘီစီကို ပြောပါတယ်။

"ဒီဗီဇာကန့်သတ်မှုကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက လူတွေရော အမေရိကမှာ နေထိုင်တဲ့လူတွေ စိုးရိမ်နေကြတာကို ကျွန်တော်သိပါ တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပြပါမယ်။ သမ္မတထရမ့်ရဲ့ကြေညာချက်ထဲမှာ အမေရိကနိုင်ငံကို ရွှေ့ပြောင်းအခြေချချင်တဲ့မြန်မာနိုင်ငံသား တွေနဲ့ Diversity Visa ကိုပဲကန့်သတ်လိုက်တာပါ။

အမေရိကနိုင်ငံကို သွားရောက်အခြေမချတဲ့သူ non-immigrant visa၊ အလည်အပတ်သွားမယ့်သူ၊ စီးပွားရေးလုပ်မယ့်သူ၊ ကျောင်းသွားတက်မယ့်သူတွေကို အကျိုးသက်ရောက်မှုမရှိပါဘူး။ ဒုက္ခသည်တွေကိုထုတ်ပေးတဲ့ဗီဇာကိုလည်း အကျိုးသက်ရောက်မှုမရှိပါဘူး" လို့ သံအမတ် စကော့မာစီယာ က ပြောဆိုသွားတာပါ။

သတင်းမျှဝေမှုအားနည်းမှုနဲ့ အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးနဲ့ လူမှုဘဝဖူလုံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက်ဆိုပြီး မြန်မာ၊ နိုက်ဂျီးရီးယား၊ ဆူဒန်၊ ကာဂျစ္စတန်၊ အီရီထရီးယား နဲ့ ဘီလာရုစ် နိုင်ငံက နိုင်ငံသားတွေကို အမေရိက ပြောင်းရွှေ့အခြေချတဲ့ ပြည်ဝင်ခွင့်ဗီဇာကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစ ပြီးထုတ်ပေးတော့မှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရက ကန့်သတ်လိုက်တာပါ။

ဒီလိုကန့်သတ်လိုက်တာကြောင့် အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ဒုက္ခသည် တချို့နဲ့ ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်တဲ့ ဒုက္ခသည်တွေကလည်း အမေရိကန်ကိုပြောင်းရွှေ့နေထိုင်တဲ့ အစီအစဉ်ကိုအခက်အခဲ ဖြစ်မှာ စိုးရိမ်နေကြတယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ကရင်ဒုက္ခသည်များကော်မတီကတာဝန်ရှိသူ စောဘွဲ့စေးက ဆိုပါတယ်။

"အမေရိကန်ကိုထွက်ခွာမယ့်အစီအစဉ်ရှိတဲ့လူတွေ၊ အချိတ်အဆက်ရှိတဲ့လူတွေက အပူအပင်လေး တွေ တော့ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သွားလို့မရတော့ဘူးဆိုလို့ရှိရင် ဘယ်လိုလုပ် မလဲပေါ့နော်။ သို့သော်လည်းပဲ ဒီကိစ္စက ဒုက္ခသည်တွေအပေါ်မှာတော့ ပြတ်ပြတ်သားသား၊ တိတိကျကျ ကျွန်တော်တို့ ဘာမှမကြားရ သေးဘူး။ ဒီ UNHCR ကပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံပြည်ထဲရေး တာဝန်ရှိသူတွေပဲဖြစ်ဖြစ် သူတို့က ဘာမှမပြောသေးဘူး" လို့ စောဘွဲ့စေး က ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာပြည်က ဒုက္ခသည် ၇ သောင်းကျော် နေထိုင်ပါ တယ်။ အဲ့ဒီဒုက္ခသည်တွေဟာ အမေရိကနိုင်ငံအပါအဝင် အနောက်နိုင်ငံ တွေမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR နဲ့ ထိုင်းအာဏာပိုင် အစီအစဉ်နဲ့ ဒုက္ခသည်အဖြစ်ရွှေ့ပြောင်းနေထိုင်လျှက်ရှိပါတယ်။အမေရိက ပြည်ဝင်ခွင့်ဗီဇာကန့်သတ်လိုက်တာကြောင့် အမေရိကန်အစိုးရထုတ်ပေးထားတဲ့ အမြဲတမ်းနေထိုင်ခွင့် green card ကိုင်ဆောင်ထားသူတွေကလည်း စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်ပြီး ခရီးသွားလုပ်ငန်း တွေလုပ်ကိုင်နေတဲ့ green card ကိုင်ဆောင်ထားသူ စီးပွားရေးလုပ်ငန်းရှင် ကိုဆမ်မီ က ဗီဇာကန့်သတ်မှုကြောင့် အမေရိကနိုင်ငံကိုသွားလာတဲ့အခါမှာ ပိုပြီးမေးမြန်းမှုတွေရှိလာမှာကိုလည်း စိုးရိမ်နေပါတယ်။

"ကျွန်တော့်အခြေအနေကျတော့ မြန်မာနဲ့အမေရိကနိုင်ငံအကြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတော့ အမေရိကနိုင်ငံကို အသွားအလာအရမ်းများတယ်။ မြန်မာနိုင်ငံမှာလည်း နေတာအရမ်းများတဲ့အခါကျတော့ သွားတဲ့အခေါက်တိုင်းမှာ အမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေက မေးကြတယ်။ မြန်မာနိုင်ငံမှာ ဘာလို့အကြာကြီးနေလဲဆိုပြီး မေးကြတယ်။ အခုအခြေအနေမှာတော့ အရမ်းခက်ခဲသွားမယ်လို့ ကျွန်တော်ထင်တယ်။ ပြောင်းရွှေ့မယ့်လူ အသစ်တွေကိုမပေးတဲ့အပြင် ရှိပြီးသား immigrants တွေအတွက်ရော နည်းနည်းတော့ တင်းကျပ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒီအတွက်စိုးရိမ်တာတော့ရှိပါတယ်" လို့ အမေရိကနိုင်ငံကို မကြာခဏသွားလေ့ရှိတဲ့ ကိုဆမ်မီ က ပြောပါတယ်။

ဒီဗီဇာကန့်သတ်မှုကြောင့် အမေရိကနိုင်ငံ မယ်နီဆိုးထာပြည်နယ်မှာနေထိုင်တဲ့ မြန်မာဒုက္ခ သည်တချို့ကလည်း မြန်မာပြည်မှာကျန်ရှိတဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်ကို ပြောင်းရွှေ့အခြေချမယ့် အစီအစဉ်တွေအပေါ်လည်း အကျိုးသက်ရောက်မှုရှိမှာကို စိုးရိမ်တာ တွေလည်းရှိ နေတယ်လို့ အမေရိကန်မီဒီယာတချို့ကရေးသားဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံသားအတွက် လူတစ်ဦးတစ်ယောက်ချင်းရဲ့အကြောင်းကိစ္စပေါ်မူတည်ပြီး အကန့်အသတ်ဖြင့် ခြွင်းချက်နဲ့ ဗီဇာတွေဖြေလျှော့ပေးတာတွေ ရှိနိုင်တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကကိုပြောင်းရွှေ့ဖို့ လျှောက်ထားသူမှာ ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာ ဒါမှမဟုတ် ဗီဇာ အတွက်အရည်အချင်းပြည့်မီပေမဲ့ ခြွင်းချက် ရှိ၊ မရှိ ဆိုတာကို ကောင်စစ်ဝန်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

အခုဗီဇာကန့်သတ်မှုကို ပြန်လည်ရုပ်သိမ်းဖို့ ပြန်လည် ပြင်ဆင်နိုင်ဖို့ဆိုရင် မြန်မာအစိုးရအနေနဲ့ အမေရိကန် အစိုးရ စိုးရိမ်နေတဲ့ သတင်းအချက်အလက် မျှဝေဖလှယ်မှုတွေနဲ့ပတ်သက်ပြီး တိုးတက်လာအောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း သံအမတ် စကော့မာစီယာ က ပြောပါတယ်။ အဲဒီလို တိုးတက်ကောင်းမွန်လာအောင် အမေရိကန်သံရုံးက မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ လည်း သံအမတ်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com
အေမရိကန္ဗီဇာပိတ္မႈ ျမန္မာဒုကၡသည္ေတြအၾကား စိုးရိမ္မႈျဖစ္လာ အေမရိကန္ဗီဇာပိတ္မႈ ျမန္မာဒုကၡသည္ေတြအၾကား စိုးရိမ္မႈျဖစ္လာ Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.