

(Zawgyi)⤵⤵⤵



RFA Burmese
----------
(Unicode)⤵⤵⤵

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၀ ကျော်ပြီ

တနင်္လာနေ့ ညနေခင်း သတင်းတွေအရ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၁၀ ဦးရှိပြီး ကူးစက်ခံရသူ ၄၀၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။ သေဆုံးသူ ၉၀၈ ဦးကတော့ တရုတ်ပြည်မကြီးကဖြစ်ပြီး ဟောင်ကောင်နဲ့ ဖိလစ်ပိုင်မှာ တစ်ဦးစီ သေဆုံးခဲ့ပါတယ်။

တရုတ်ပြည်မကြီးမှာ ကူးစက်ခံရသူ ၄၀၁၆၀ ဦးရှိပြီး စင်္ကာပူနိုင်ငံကတော့ ၄၃ ဦးရှိပြီဖြစ်ပါတယ်။ ကူးစက်ခံရတဲ့လူနာ ၃၃၁၇ ယောက်ကတော့ ပြန်လည်သက်သာလာပြီလို့ပြောပါတယ်။

တရုတ်နိုင်ငံကနေ စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တခြားနိုင်ငံ၂၆ နိုင်ငံကို အခုပျံ့နှံ့နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၀ ကျော်ပြီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၀ ကျော်ပြီ Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.