ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ - ျမန္မာ တုံ႔ျပန္ေဆာင္႐ြက္မႈ ျဖစ္စဥ္ အခ်ိန္ျပဇယား

 ကူမင္းေလဆိပ္က လိုက္ပါလာသူကို ဝူဟန္ဗိုင္းရပ္စ္ သံသယလူနာအျဖစ္စေတြ႕
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ မိုင္ႏွစ္ေထာင္ေက်ာ္ထိစပ္ေနတဲ့ အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာ ဇန္နဝါရီ ၃၁ ရက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ သံသယလူနာကို စတင္ေတြ႕ရွိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕မွာ ဒီဇင္ဘာလက စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္စ္ပ်ံႏွံ႔မႈကို ဇန္နဝါရီ ၇ ရက္မွာ တ႐ုတ္အစိုးရက အတည္ျပဳလိုက္ၿပီး ၃၀ ရက္မွာေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က က်န္းမာေရး အေရးေပၚအေျခအေန သတ္မွတ္ခဲ့ပါတယ္။

ဇန္နဝါရီ ၃၁ ရက္အထိ ေသဆုံးသူ ၂၃၁ ဦးရွိၿပီး ကူးစက္ခံရသူ တစ္ေသာင္းနီးပါးရွိေနပါၿပီ။ ကူးစက္သူအမ်ားစုက တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပါတယ္။

အခုဆိုရင္ တျခားႏိုင္ငံေပါင္း ၂၂ ႏိုင္ငံမွာ ကူးစက္မႈ ၁၀၀ ေက်ာ္ ရွိေနပါၿပီ။

၂၀၀၃ ခုႏွစ္ ဆားစ္ (ကူးစက္ျမန္ အဆုတ္ေရာင္ ေရာဂါ) ျဖစ္ပြားစဥ္ ရွစ္လတာအတြင္းမွာ ကူးစက္မႈ ၈၀၀၀ ေက်ာ္ ရွိခဲ့ၿပီး လူ ၇၇၄ ေယာက္ ေသဆုံးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ေလဆိပ္နဲ႔ နယ္စပ္ဝင္ေပါက္ေတြမွာ က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေနၿပီး ဒီေရာဂါ ကူးစက္ပ်ံ႕ပြားမႈ တ႐ုတ္မွာ ဘယ္လို စျဖစ္ခဲ့သလဲ၊ ခုအခ်ိန္ထိ ျမန္မာဘက္က ဘယ္လို တုံ႔ျပန္ေဆာင္႐ြက္ေနသလဲဆိုတဲ့ ျဖစ္စဥ္ အခ်ိန္ျပဇယားကို ေဖာ္ျပလိုက္ပါတယ္။

ဟြာနန္း ပင္လယ္ေရထြက္ကုန္လက္ကားေဈး

ဒီဇင္ဘာ ၃၁ - အဆုတ္ေရာင္ေရာဂါ စတင္သတင္းေပး

လူဦးေရ ၁၁ သန္းရွိတဲ့ ဝူဟန္ၿမိဳ႕မွာ အဆုတ္ေရာင္ေရာဂါတစ္မ်ိဳးျဖစ္ပြားေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲကို တ႐ုတ္အစိုးရက သတိေပး။ ဟြာနန္း ပင္လယ္ေရထြက္ကုန္လက္ကားေဈးကေန စတင္ကူးစက္တယ္လို႔ ယူဆ။ ဗိုင္းရပ္စ္ပိုး အမ်ိဳးအမည္ မခြဲျခားႏိုင္ေသး။

ဇန္နဝါရီ ၇ - ဗိုင္းရပ္စ္ပိုးအမည္ စသိ

ကို႐ိုနာဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္တဲ့ 2019-nCoV ႏိုဗယ္ ကို႐ိုနာ ဗိုင္းရပ္စ္ ပိုးသစ္တစ္မ်ိဳး အျဖစ္ ေတြ႕ရွိရတယ္လို႔ တ႐ုတ္က ေၾကညာ။ ကို႐ိုနာ ဗိုင္းရပ္စ္က ေခ်ာင္းဆိုး၊ ႏွာေခ်နဲ႔ လူခ်င္းထိေတြ႕တာေတြကေန ကူးစက္ႏိုင္။

ဇန္နဝါရီ ၁၁- တ႐ုတ္က ပထမဆုံးေသဆုံးသူ

ဟြာနန္းေဈးကို သြားခဲ့တဲ့ အသက္ ၆၁ ႏွစ္အမ်ိဳးသား ၉ ရက္ေန႔မွာ ေသဆုံးခဲ့တယ္လို႔ ေၾကညာ။

ဇန္နဝါရီ ၁၃ - တ႐ုတ္ျပင္ပမွာ ပထမဆုံးစေတြ႕

တ႐ုတ္ႏိုင္ငံျပင္ပမွာ ပထမဆုံးေရာဂါ ကူးစက္မႈ အျဖစ္ ထိုင္းႏိုင္ငံကို ဝူဟန္ၿမိဳ႕က ေရာက္လာသူ အမ်ိဳးသမီးတစ္ဦးမွာ ေတြ႕ရွိ။

ဇန္နဝါရီ ၂၂- ရန္ကုန္ၿမိဳ႕

ဗိုလ္တေထာင္ၿမိဳ႕နယ္ ဗိုလ္တေထာင္ ဟိုတယ္မွာ တည္းခိုေနတဲ့ တ႐ုတ္ႏိုင္ငံသား ၁၉ ဦးထဲက ဝူဟန္ကို ေရာက္ဖူးတဲ့ တ႐ုတ္အမ်ိဳးသမီးတစ္ဦး ဖ်ားနာ၊ ရန္ကုန္ေဆး႐ုံႀကီးမွာ ကုသ၊ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္သူမဟုတ္ေၾကာင္း ေတြ႕ရ။

ဇန္နဝါရီ ၂၃ - ရန္ကုန္ၿမိဳ႕

ဝူဟန္က မထြက္နဲ႔ ဝူဟန္ကို မလာနဲ႔လို႔ တ႐ုတ္ က်န္းမာေရး တာဝန္ရွိသူေတြက သတိေပးမႈ မတိုင္ခင္ ဝူဟန္က ေနာက္ဆုံးထြက္လာတဲ့ ေလယာဥ္ ရန္ကုန္ေလဆိပ္ကိုေရာက္ရွိ၊ ခရီးသည္ ၈၅ ဦးလုံးမွာ သံသယလူနာမရွိ။

ဇန္နဝါရီ ၂၄ - တာခ်ီလိတ္ၿမိဳ႕

ယူနန္ျပည္နယ္က ေရာက္လာတဲ့ တ႐ုတ္ခရီးသြားအဖြဲ႕က ကိုယ္အပူခ်ိန္အနည္းငယ္ျမင့္တက္တဲ့ အမ်ိဳးသမီးတစ္ဦးကို ဝူဟန္ဗိုင္းရပ္စ္ သံသယမရွိေသာ္လည္း ေစာင့္ၾကည့္။

တ႐ုတ္ခရီးသြားေတြကို တာခ်ီလိတ္ ထိုင္း-ျမန္မာနယ္စပ္မွာ အပူခ်ိန္တိုင္းတာေနစဥ္

ဇန္နဝါရီ ၂၆- လြယ္ဂ်ယ္ၿမိဳ႕

ဝူဟန္မွာ အလုပ္လုပ္ၿပီး ဇန္နဝါရီ ၁၁ ရက္မွာ ျပန္ေရာက္လာသူကို စစ္ေဆး၊ ဖ်ားနာျခင္းမရွိ က်န္းမာေရးေကာင္းမြန္။ ဒါေပမယ့္ ဝူဟန္က ျပန္လာသူ ျဖစ္လို႔ အိမ္အျပင္ ႏွစ္ပတ္ မထြက္ သီးသန႔္ေနဖို႔မွာၾကားထား၊ ေစာင့္ၾကည့္ေန။

ဇန္နဝါရီ ၂၇ - မူဆယ္ၿမိဳ႕

ျမန္မာ-တ႐ုတ္ ဝင္ထြက္ေပါက္က ေ႐ႊလီကေန ျပန္လာသူ ျမန္မာအမ်ိဳးသမီး သတ္မွတ္အပူခ်ိန္ထက္ျမင့္တက္ေနလို႔ မူဆယ္ေဆး႐ုံႀကီးကိုပို႔၊ ဝူဟန္ဗိုင္းရပ္စ္ကူးစက္သူ မဟုတ္။

ဇန္နဝါရီ ၂၇ - ေနျပည္ေတာ္

တ႐ုတ္ က်ယ္ေဂါင္ဘက္မွာ အလုပ္လုပ္ခဲ့ၿပီး ဖ်ားနာၿပီး ျပန္လာသူ ပုပၺသီရိ ေဆး႐ုံမွာ ကုသေန၊ သီးသန႔္ေဆာင္မွာ ကုသေန၊ သာမန္ဖ်ားနာမႈျဖစ္။

ဇန္နဝါရီ ၂၉

    တ႐ုတ္ခရီးသြားဆိုက္ေရာက္ဗီဇာ ထုတ္ေပးတာရပ္မရပ္

ျမန္မာႏိုင္ငံကို လာေရာက္တဲ့ တ႐ုတ္ခရီးသည္ေတြကို ဆိုက္ေရာက္ဗီဇာ ထုတ္ေပးတာ ရပ္ဆိုင္းဖို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ညႇိႏႈိင္းမယ္လို႔ က်န္းမာေရး ဝန္ႀကီးေျပာ။

    လားရႈိး- မုံ႐ြာခရီးသည္ ကားေပၚမွာေသဆုံး

လားရႈိးက မုံ႐ြာသြားတဲ့ ခရီးသည္တင္ကားေပၚက ခရီးသြားတစ္ဦး ကားေပၚမွာေသဆုံးသြားခဲ့တာကို ရင္ခြဲစစ္ေဆး ခ်က္ခ်င္းသၿဂႋဳဟ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့။ သီးျခား သတင္းမထုတ္ျပန္။
တ႐ုတ္ကိုသြားတဲ့ ျမန္မာေလေၾကာင္းခရီးတခ်ိဳ႕ရပ္ဆိုင္းထား
ဇန္နဝါရီ ၃၀ - မိတၳီလာၿမိဳ႕

တ႐ုတ္ႏိုင္ငံမွာ အလုပ္လုပ္ကိုင္ၿပီး ဇန္နဝါရီ ၁ ရက္မွာ ျပန္ေရာက္လာသူတစ္ဦး ဖ်ားနာလို႔ မိတၳီလာေဆး႐ုံမွာကုသ၊ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ရွိမရွိ စိစစ္ဆဲ။

ဇန္နဝါရီ ၃၀

    ေရာဂါ ကာကြယ္ကုသေရး အဖြဲ႕ သမၼတ႐ုံးဖြဲ႕

ကို႐ိုနာေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ေကာ္မတီဖြဲ႕။ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဥကၠ႒ ၊ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး ပူးတြဲ ဥကၠ႒။

    အေရးေပၚအေျခအေနသတ္မွတ္

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္မႈ အျပည္ျပည္ဆိုင္ရာ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ သတ္မွတ္။

    ျမန္မာေလေၾကာင္းလိုင္းေတြက စင္းလုံးငွားေလယာဥ္ေတြ တ႐ုတ္ခရီးစဥ္ရပ္ဆိုင္း

MAI နဲ႔ Air KBZ တို႔က တ႐ုတ္ကိုသြားမယ့္ စင္းလုံးငွားေလယာဥ္ေတြ ေခတၱရပ္ထားမယ္လို႔ေၾကညာ။

ဇန္နဝါရီ ၃၁ ရက္ - ရန္ကုန္ၿမိဳ႕

ကြမ္က်ိဳးက China Southern ေလေၾကာင္းလိုင္းက ရန္ကုန္ကိုလာတဲ့ ခရီးသည္တစ္ဦး ဖ်ားနာ၊ ေဝဘာဂီေဆး႐ုံကို ပို႔ထား၊ ဝူဟန္ ဗိုင္းရပ္စ္ သံသယရွိသူနဲ႔ အတူပါလာတဲ့ က်န္ခရီးသည္ ၇၆ ဦး သီးသန႔္ ႏွစ္ပတ္ခြဲျခားထားရွိရန္ စီစဥ္၊ ဒါေပမယ့္ ၇၆ ဦးစလုံး တ႐ုတ္ႏိုင္ငံကို ျပန္သြား၊ က်န္ျမန္မာ ႏွစ္ဦးကိုလည္း ေဝဘာဂီေဆး႐ုံမွာ သီးသန႔္ခြဲျခားထားရွိ ေစာင့္ၾကည့္။

 ရန္ကုန္မွာ Mask ေတြ ေဝငွ

ဇန္နဝါရီ ၃၁ ရက္

    ကူမင္းေလယာဥ္က ကေလးကို ေစာင့္ၾကည့္

ကူမင္းက မႏၲေလးကို ဆိုက္ေရာက္တဲ့ ေလယာဥ္က ဖ်ားနာတဲ့ အသက္သုံးႏွစ္ တ႐ုတ္ႏိုင္ငံသား မိန္းကေလးနဲ႔ သူ႔မိဘေတြကို မႏၲေလး ကုတင္ ၅၅၀ ကေလးအထူးကုေဆး႐ုံမွာ သီးသန႔္ထားရွိ ေစာင့္ၾကည့္ေန။

    MAI ေလေၾကာင္း ကြမ္က်ိဳးခရီးစဥ္ေတြရပ္

MAI ေလေၾကာင္းရဲ႕ တ႐ုတ္ ကြမ္က်ိဳး ခရီးစဥ္ေတြကို ေဖေဖာ္ဝါရီ ၁ ရက္ေန ၂၉ ရက္အထိ ရက္ထားမယ္လို႔ ေၾကညာ။

ေဖေဖာ္ဝါရီ ၂ ရက္- ဝူဟန္က ျမန္မာေက်ာင္းသားေတြကို ျပန္ေခၚမယ္

ဝူဟန္မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသား ၆၃ ေယာက္ကို ျမန္မာအစိုးရ အထူးေလယာဥ္နဲ႔ ျပန္ေခၚၿပီး ဆားစ္ (ကူးစက္ျမန္အဆုတ္ေရာင္) ေရာဂါ ကူးစက္မႈ ျဖစ္စဥ္က အသုံးျပဳခဲ့ဖူးတဲ့ မႏၲေလးၿမိဳ႕က ကန္ေတာ္နဒီ ေဆး႐ုံမွာ ႏွစ္ပတ္ သီးသန႔္ထားရွိမယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု - မြန်မာ တုံ့ပြန်ဆောင်ရွက်မှု ဖြစ်စဉ် အချိန်ပြဇယား

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကူမင်းလေဆိပ်က လိုက်ပါလာသူကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ်စတွေ့

တရုတ်နိုင်ငံနဲ့ နယ်နိမိတ် မိုင်နှစ်ထောင်ကျော်ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယလူနာကို စတင်တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဒီဇင်ဘာလက စတင်ပျံ့နှံ့ခဲ့တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပျံနှံ့မှုကို ဇန်နဝါရီ ၇ ရက်မှာ တရုတ်အစိုးရက အတည်ပြုလိုက်ပြီး ၃၀ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကျန်းမာရေး အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက်အထိ သေဆုံးသူ ၂၃၁ ဦးရှိပြီး ကူးစက်ခံရသူ တစ်သောင်းနီးပါးရှိနေပါပြီ။ ကူးစက်သူအများစုက တရုတ်နိုင်ငံမှာ ဖြစ်ပါတယ်။

အခုဆိုရင် တခြားနိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ကူးစက်မှု ၁၀၀ ကျော် ရှိနေပါပြီ။

၂၀၀၃ ခုနှစ် ဆားစ် (ကူးစက်မြန် အဆုတ်ရောင် ရောဂါ) ဖြစ်ပွားစဉ် ရှစ်လတာအတွင်းမှာ ကူးစက်မှု ၈၀၀၀ ကျော် ရှိခဲ့ပြီး လူ ၇၇၄ ယောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ လေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပြီး ဒီရောဂါ ကူးစက်ပျံ့ပွားမှု တရုတ်မှာ ဘယ်လို စဖြစ်ခဲ့သလဲ၊ ခုအချိန်ထိ မြန်မာဘက်က ဘယ်လို တုံ့ပြန်ဆောင်ရွက်နေသလဲဆိုတဲ့ ဖြစ်စဉ် အချိန်ပြဇယားကို ဖော်ပြလိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဟွာနန်း ပင်လယ်ရေထွက်ကုန်လက်ကားဈေး

ဒီဇင်ဘာ ၃၁ - အဆုတ်ရောင်ရောဂါ စတင်သတင်းပေး

လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲကို တရုတ်အစိုးရက သတိပေး။ ဟွာနန်း ပင်လယ်ရေထွက်ကုန်လက်ကားဈေးကနေ စတင်ကူးစက်တယ်လို့ ယူဆ။ ဗိုင်းရပ်စ်ပိုး အမျိုးအမည် မခွဲခြားနိုင်သေး။

ဇန်နဝါရီ ၇ - ဗိုင်းရပ်စ်ပိုးအမည် စသိ

ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ 2019-nCoV နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ပိုးသစ်တစ်မျိုး အဖြစ် တွေ့ရှိရတယ်လို့ တရုတ်က ကြေညာ။ ကိုရိုနာ ဗိုင်းရပ်စ်က ချောင်းဆိုး၊ နှာချေနဲ့ လူချင်းထိတွေ့တာတွေကနေ ကူးစက်နိုင်။

ဇန်နဝါရီ ၁၁- တရုတ်က ပထမဆုံးသေဆုံးသူ

ဟွာနန်းဈေးကို သွားခဲ့တဲ့ အသက် ၆၁ နှစ်အမျိုးသား ၉ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ကြေညာ။

ဇန်နဝါရီ ၁၃ - တရုတ်ပြင်ပမှာ ပထမဆုံးစတွေ့

တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးရောဂါ ကူးစက်မှု အဖြစ် ထိုင်းနိုင်ငံကို ဝူဟန်မြို့က ရောက်လာသူ အမျိုးသမီးတစ်ဦးမှာ တွေ့ရှိ။

ဇန်နဝါရီ ၂၂- ရန်ကုန်မြို့

ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ဟိုတယ်မှာ တည်းခိုနေတဲ့ တရုတ်နိုင်ငံသား ၁၉ ဦးထဲက ဝူဟန်ကို ရောက်ဖူးတဲ့ တရုတ်အမျိုးသမီးတစ်ဦး ဖျားနာ၊ ရန်ကုန်ဆေးရုံကြီးမှာ ကုသ၊ ဝူဟန်ဗိုင်းရပ်စ် ကူးစက်သူမဟုတ်ကြောင်း တွေ့ရ။

ဇန်နဝါရီ ၂၃ - ရန်ကုန်မြို့

ဝူဟန်က မထွက်နဲ့ ဝူဟန်ကို မလာနဲ့လို့ တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက သတိပေးမှု မတိုင်ခင် ဝူဟန်က နောက်ဆုံးထွက်လာတဲ့ လေယာဉ် ရန်ကုန်လေဆိပ်ကိုရောက်ရှိ၊ ခရီးသည် ၈၅ ဦးလုံးမှာ သံသယလူနာမရှိ။

ဇန်နဝါရီ ၂၄ - တာချီလိတ်မြို့

ယူနန်ပြည်နယ်က ရောက်လာတဲ့ တရုတ်ခရီးသွားအဖွဲ့က ကိုယ်အပူချိန်အနည်းငယ်မြင့်တက်တဲ့ အမျိုးသမီးတစ်ဦးကို ဝူဟန်ဗိုင်းရပ်စ် သံသယမရှိသော်လည်း စောင့်ကြည့်။
ဓာတ်ပုံ မူပိုင် TACHILEIK NEWS AGENCY
Image caption တရုတ်ခရီးသွားတွေကို တာချီလိတ် ထိုင်း-မြန်မာနယ်စပ်မှာ အပူချိန်တိုင်းတာနေစဉ်

ဇန်နဝါရီ ၂၆- လွယ်ဂျယ်မြို့

ဝူဟန်မှာ အလုပ်လုပ်ပြီး ဇန်နဝါရီ ၁၁ ရက်မှာ ပြန်ရောက်လာသူကို စစ်ဆေး၊ ဖျားနာခြင်းမရှိ ကျန်းမာရေးကောင်းမွန်။ ဒါပေမယ့် ဝူဟန်က ပြန်လာသူ ဖြစ်လို့ အိမ်အပြင် နှစ်ပတ် မထွက် သီးသန့်နေဖို့မှာကြားထား၊ စောင့်ကြည့်နေ။

ဇန်နဝါရီ ၂၇ - မူဆယ်မြို့

မြန်မာ-တရုတ် ဝင်ထွက်ပေါက်က ရွှေလီကနေ ပြန်လာသူ မြန်မာအမျိုးသမီး သတ်မှတ်အပူချိန်ထက်မြင့်တက်နေလို့ မူဆယ်ဆေးရုံကြီးကိုပို့၊ ဝူဟန်ဗိုင်းရပ်စ်ကူးစက်သူ မဟုတ်။

ဇန်နဝါရီ ၂၇ - နေပြည်တော်

တရုတ် ကျယ်ဂေါင်ဘက်မှာ အလုပ်လုပ်ခဲ့ပြီး ဖျားနာပြီး ပြန်လာသူ ပုပ္ဗသီရိ ဆေးရုံမှာ ကုသနေ၊ သီးသန့်ဆောင်မှာ ကုသနေ၊ သာမန်ဖျားနာမှုဖြစ်။

ဇန်နဝါရီ ၂၉

    တရုတ်ခရီးသွားဆိုက်ရောက်ဗီဇာ ထုတ်ပေးတာရပ်မရပ်

မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာ ရပ်ဆိုင်းဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမယ်လို့ ကျန်းမာရေး ဝန်ကြီးပြော။

    လားရှိုး- မုံရွာခရီးသည် ကားပေါ်မှာသေဆုံး

လားရှိုးက မုံရွာသွားတဲ့ ခရီးသည်တင်ကားပေါ်က ခရီးသွားတစ်ဦး ကားပေါ်မှာသေဆုံးသွားခဲ့တာကို ရင်ခွဲစစ်ဆေး ချက်ချင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့။ သီးခြား သတင်းမထုတ်ပြန်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption တရုတ်ကိုသွားတဲ့ မြန်မာလေကြောင်းခရီးတချို့ရပ်ဆိုင်းထား

ဇန်နဝါရီ ၃၀ - မိတ္ထီလာမြို့

တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး ဇန်နဝါရီ ၁ ရက်မှာ ပြန်ရောက်လာသူတစ်ဦး ဖျားနာလို့ မိတ္ထီလာဆေးရုံမှာကုသ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိမရှိ စိစစ်ဆဲ။

ဇန်နဝါရီ ၃၀

    ရောဂါ ကာကွယ်ကုသရေး အဖွဲ့ သမ္မတရုံးဖွဲ့

ကိုရိုနာရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဖွဲ့။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဥက္ကဋ္ဌ ၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ပူးတွဲ ဥက္ကဋ္ဌ။

    အရေးပေါ်အခြေအနေသတ်မှတ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်။

    မြန်မာလေကြောင်းလိုင်းတွေက စင်းလုံးငှားလေယာဉ်တွေ တရုတ်ခရီးစဉ်ရပ်ဆိုင်း

MAI နဲ့ Air KBZ တို့က တရုတ်ကိုသွားမယ့် စင်းလုံးငှားလေယာဉ်တွေ ခေတ္တရပ်ထားမယ်လို့ကြေညာ။

ဇန်နဝါရီ ၃၁ ရက် - ရန်ကုန်မြို့

ကွမ်ကျိုးက China Southern လေကြောင်းလိုင်းက ရန်ကုန်ကိုလာတဲ့ ခရီးသည်တစ်ဦး ဖျားနာ၊ ဝေဘာဂီဆေးရုံကို ပို့ထား၊ ဝူဟန် ဗိုင်းရပ်စ် သံသယရှိသူနဲ့ အတူပါလာတဲ့ ကျန်ခရီးသည် ၇၆ ဦး သီးသန့် နှစ်ပတ်ခွဲခြားထားရှိရန် စီစဉ်၊ ဒါပေမယ့် ၇၆ ဦးစလုံး တရုတ်နိုင်ငံကို ပြန်သွား၊ ကျန်မြန်မာ နှစ်ဦးကိုလည်း ဝေဘာဂီဆေးရုံမှာ သီးသန့်ခွဲခြားထားရှိ စောင့်ကြည့်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရန်ကုန်မှာ Mask တွေ ဝေငှ

ဇန်နဝါရီ ၃၁ ရက်

    ကူမင်းလေယာဉ်က ကလေးကို စောင့်ကြည့်

ကူမင်းက မန္တလေးကို ဆိုက်ရောက်တဲ့ လေယာဉ်က ဖျားနာတဲ့ အသက်သုံးနှစ် တရုတ်နိုင်ငံသား မိန်းကလေးနဲ့ သူ့မိဘတွေကို မန္တလေး ကုတင် ၅၅၀ ကလေးအထူးကုဆေးရုံမှာ သီးသန့်ထားရှိ စောင့်ကြည့်နေ။

    MAI လေကြောင်း ကွမ်ကျိုးခရီးစဉ်တွေရပ်

MAI လေကြောင်းရဲ့ တရုတ် ကွမ်ကျိုး ခရီးစဉ်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ ၂၉ ရက်အထိ ရက်ထားမယ်လို့ ကြေညာ။

ဖေဖော်ဝါရီ ၂ ရက်- ဝူဟန်က မြန်မာကျောင်းသားတွေကို ပြန်ခေါ်မယ်

ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား ၆၃ ယောက်ကို မြန်မာအစိုးရ အထူးလေယာဉ်နဲ့ ပြန်ခေါ်ပြီး ဆားစ် (ကူးစက်မြန်အဆုတ်ရောင်) ရောဂါ ကူးစက်မှု ဖြစ်စဉ်က အသုံးပြုခဲ့ဖူးတဲ့ မန္တလေးမြို့က ကန်တော်နဒီ ဆေးရုံမှာ နှစ်ပတ် သီးသန့်ထားရှိမယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ - ျမန္မာ တုံ႔ျပန္ေဆာင္႐ြက္မႈ ျဖစ္စဥ္ အခ်ိန္ျပဇယား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ - ျမန္မာ တုံ႔ျပန္ေဆာင္႐ြက္မႈ ျဖစ္စဥ္ အခ်ိန္ျပဇယား Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.