Aleppo အနီးေက်းရြာေတြကို ဆီးရီးယားအစိုးရ ျပန္လည္ထိန္းခ်ဳပ္


(Zawgyi/Unicode)

ဆီးရီးယားႏိုင္ငံ Aleppo ၿမိဳ႕ အေနာက္ေျမာက္ပိုင္းက ႐ြာေပါင္း ၁၂ ႐ြာေက်ာ္ကို အစိုးရတပ္ေတြ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ ဆီးရီးယားစစ္တပ္က ေျပာပါတယ္။

ဆီးရီးယားျပည္တြင္းစစ္ပြဲ အေစာပိုင္းကာလထဲက သူပုန္ေတြ သိမ္းပိုက္ခဲ့တဲ့ ေဒသကို အစိုးရတပ္ေတြက ျပန္လည္ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ႀကိဳးစားေနခ်ိန္မွာ ခုလို ျပန္လည္ သိမ္းပိုက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

အိမ္နီးခ်င္း Idlib နယ္ထဲက Khan Sheikhoun ၿမိဳ႕နားက ႐ြာေတာ္ေတာ္မ်ားမ်ားကိုလည္း သမၼတ Bashar al-Assad ကို သစၥာခံတဲ့တပ္ေတြက သိမ္းယူႏုိင္ခဲ့တယ္လို႔ ေဒသတြင္း သတင္းဇစ္ျမစ္ေတြက ေျပာပါတယ္။

တနဂၤေႏြေန႔တုန္းက ဆီးရီးယား အစိုးရတပ္ေတြနဲ႔ သူပုန္ေတြ၊ ဂ်ီဟဒ္စစ္ပြဲဆင္ႏဲႊေနၾကတဲ့ စစ္ေသြးႂကြေတြနဲ႔ တုိက္ပြဲျပင္းထန္ခဲ့တယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ ဆီးရီးယားေစာင့္ၾကည့္ေရးအဖဲြ႔က ေျပာပါတယ္။

ႏိုင္ငံထဲက တျခားလက္နက္ကိုင္အဖဲြ႔အားလံုးကို အၾကမ္းဖက္အဖဲြ႔ေတြလုိ႔ ေျပာတဲ့ အစိုးရဖက္ကေတာ့ Aleppo အေနာက္ေျမာက္ပိုင္းနဲ႔ Idlib နယ္ေနရာေတာ္ေတာ္မ်ားမ်ားမွာ အၾကမ္းဖက္အဖဲြ႔ေတြနဲ႔ တိုက္ပဲြမွာ အစိုးရတပ္ေတြဘက္က ျမန္ျမန္ဆန္ဆန္ ေ႐ွ႕တိုးထိုး စစ္ဆင္ႏိုင္ခဲ့တယ္လို႔ အစိုးရပိုင္ SANA သတင္းက ေဖာ္ျပပါတယ္။

ႏိုင္ငံေတာင္ပိုင္း Damascus ၿမိဳ႕ေတာ္နဲ႔ ေျမာက္ပိုင္းက Aleppo ၿမိဳ႕ကို ဆက္သြယ္ထားတဲ့ M5 အေဝးေျပးလမ္းမႀကီးကို အစိုးရတပ္ေတြဘက္က ထိန္းခ်ဳပ္လိုက္ၿပီးေနာက္မွာ ခုလို တိုက္ပြဲေတြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

[Unicode Version]

Aleppo အနီးကျေးရွာတွေကို ဆီးရီးယားအစိုးရ ပြန်လည်ထိန်းချုပ်

ဆီးရီးယားနိုင်ငံ Aleppo မြို့ အနောက်မြောက်ပိုင်းက ရွာပေါင်း ၁၂ ရွာကျော်ကို အစိုးရတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ပွဲ အစောပိုင်းကာလထဲက သူပုန်တွေ သိမ်းပိုက်ခဲ့တဲ့ ဒေသကို အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေချိန်မှာ ခုလို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်း Idlib နယ်ထဲက Khan Sheikhoun မြို့နားက ရွာတော်တော်များများကိုလည်း သမ္မတ Bashar al-Assad ကို သစ္စာခံတဲ့တပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းဇစ်မြစ်တွေက ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းက ဆီးရီးယား အစိုးရတပ်တွေနဲ့ သူပုန်တွေ၊ ဂျီဟဒ်စစ်ပွဲဆင်နွဲှနေကြတဲ့ စစ်သွေးကြွတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံထဲက တခြားလက်နက်ကိုင်အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့တွေလို့ ပြောတဲ့ အစိုးရဖက်ကတော့ Aleppo အနောက်မြောက်ပိုင်းနဲ့ Idlib နယ်နေရာတော်တော်များများမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ပွဲမှာ အစိုးရတပ်တွေဘက်က မြန်မြန်ဆန်ဆန် ရှေ့တိုးထိုး စစ်ဆင်နိုင်ခဲ့တယ်လို့ အစိုးရပိုင် SANA သတင်းက ဖော်ပြပါတယ်။

နိုင်ငံတောင်ပိုင်း Damascus မြို့တော်နဲ့ မြောက်ပိုင်းက Aleppo မြို့ကို ဆက်သွယ်ထားတဲ့ M5 အဝေးပြေးလမ်းမကြီးကို အစိုးရတပ်တွေဘက်က ထိန်းချုပ်လိုက်ပြီးနောက်မှာ ခုလို တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Aleppo အနီးေက်းရြာေတြကို ဆီးရီးယားအစိုးရ ျပန္လည္ထိန္းခ်ဳပ္ Aleppo အနီးေက်းရြာေတြကို ဆီးရီးယားအစိုးရ ျပန္လည္ထိန္းခ်ဳပ္ Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.