ဝူဟန္ျပန္ ေက်ာင္းသား၊ ေက်ာင္းသူေတြ ေနရပ္ျပန္ၿပီ

(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ ဝူဟန္ကေန ျပန္ေခၚလာတဲ့ ေက်ာင္းသား ၅၉ ေယာက္၊ သြားေခၚတုန္းက က်န္းမာေရးေစာင့္ေရွာက္ဖို႔ လိုက္ပါသြားတဲ့ က်န္းမာေရးဝန္ထမ္း သုံးေယာက္၊ ေလယာဥ္ဝန္ထမ္း ကိုးေယာက္တို႔ကို ေစာင့္ေရွာက္ကာလ အတြင္း က်န္းမာေရးေကာင္းတာေၾကာင့္ ဒီေန႔ ေဖေဖာ္ဝါရီ ၁၆ မနက္ပိုင္းမွာ ေနအိမ္ေတြကို ျပန္ခြင့္ျပဳလိုက္ပါၿပီ။

မႏၲေလးၿမိဳ႕က ကန္ေတာ္နဒီေဆး႐ုံနဲ႔ ရန္ကုန္က ေဝဘာဂီေဆး႐ုံမွာ ႏွစ္ပတ္ၾကာ ေစာင့္ၾကည့္ခဲ့တာ ၿပီးဆုံးသြားၿပီ ျဖစ္လို႔ ျပန္ၾကၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာန ျပည္သူက်န္းမာေရးဦးစီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရး ဌာနခြဲ ဒုတိယၫႊန္ၾကားမႉး ေဒါက္တာခင္ခင္ႀကီးက RFA ကို ေျပာပါတယ္။

“ေဝဘာဂီေဆး႐ုံမွာ ေလယာဥ္အမႈထမ္းနဲ႔ အင္ဂ်င္နီယာ ငါးေယာက္ရယ္၊ အိမ္မွာေစာင့္ၾကည့္တဲ့ ေလယာဥ္မႉးႀကီး အပါအဝင္ အင္ဂ်င္နီယာရယ္၊ တြဲဖက္ေလယာဥ္မႈးရယ္ ေလးေယာက္ေပါ့ေနာ္၊ အားလုံးေစာင့္ၾကည့္ကာလ ၿပီးဆုံးသြားပါၿပီ”

ေစာင့္ၾကည့္ကာလၿပီးသြားလို႔ အိမ္ျပန္ခြင့္ရၿပီဆိုေပမယ့္လည္း ဂ႐ုစိုက္ဖို႔ လိုအပ္ေနပါေသးတယ္။

အိမ္ျပန္ေရာက္လို႔ ဖ်ားနာတာမ်ိဳးရွိလာရင္ ခ်က္ခ်င္းအေၾကာင္းၾကားဖို႔ လိုတယ္လို႔ မႏၲေလး စိတ္က်န္းမာေရး ေဆး႐ုံႀကီးက သူနာျပဳ ဦးမ်ိဳးလြင္ဦးက ေျပာပါတယ္။

“အိမ္မွာေနရင္း ထူးျခားတာရွိရင္ ခ်က္ခ်င္းအေၾကာင္းၾကားဖို႔ မွာလိုက္ပါတယ္။ အိမ္မွာေနရင္လည္း ကိုယ့္ဘာသာ ဂ႐ုစိုက္ေနဖို႔ မွာလိုက္ပါတယ္။“

ဦးမ်ိဳးလြင္ဦးဟာ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဝူဟန္ၿမိဳ႕ကေန ျမန္မာျပည္ျပန္ေခၚတုန္းက က်န္းမာေရး ေစာင့္ေရွာက္ဖို႔ လိုက္ပါခဲ့သူေတြထဲက တစ္ဦးပါ။

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံမွာ ေက်ာင္းသားေတြရဲ႕က်န္းမာေရးေစာင့္ၾကည့္ဖို႔ ထားတဲ့အခ်ိန္တုန္းက ေဆး႐ုံကို ကန႔္သတ္ဧရိယာသတ္မွတ္ၿပီး ဘယ္သူ႔ကိုမွ ဝင္ေရာက္ခြင့္ မျပဳခဲ့ပါဘူး။

ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္လာရင္လည္း ထိထိေရာက္ေရာက္ အေရးယူမယ္ဆိုၿပီး တိုင္းအစိုးရအဖြဲ႕က ေၾကညာ ခဲ့ပါတယ္။ ေစာင့္ၾကည့္ထားတဲ့ ေက်ာင္းသားေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကိုလည္း သီးသန႔္အခန္းေလးေတြနဲ႔ ထားတာျဖစ္ၿပီး ျပင္ပလူေတြနဲ႔ ထိေတြ႕ခြင့္ လုံးဝမေပးခဲ့ဘူးလို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ေဆး႐ုံထဲမွာ ေနရတဲ့ကာလအတြင္း က်န္းမာေရးေစာင့္ေရွာက္မႈ ခံခဲ့ရတဲ့အေျခအေနကို ေျပာျပတာက ဝူဟန္ကေန ျပန္လာတဲ့ ေဒါက္တာေထြးသီရိေက်ာ္ပါ။

“ညီမတို႔ကို ႏွစ္ေယာက္ကို တစ္ခန္းထားတယ္။ မနက္စာ၊ ေနလယ္စာ၊ ညစာေတြ စားခ်ိန္ဆိုရင္ ေအာက္ကိုလာယူဖို႔ေခၚတယ္။ အရမ္းကို ေသေသခ်ာခ်ာေလးကို စီစဥ္ေပးထားတာပါ။ ညီမတို႔က အားလုံးအဆင္ေျပတယ္။ ညီမတို႔ကို မနက္တစ္ခါ ညတစ္ခါ ကိုယ္အပူခ်ိန္လာတိုင္းေပးတယ္။ စိတ္ပူစရာလည္း မလိုဘူးေလ“

ေဆး႐ုံမွာေနရတဲ့ ေက်ာင္းသားေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကေတာ့ မိသားစုနဲ႔ဆက္သြယ္ဖို႔ အင္တာနက္လူမႈကြန္ရက္၊ ဖုန္းေတြသာ အသုံးျပဳခဲ့ၾကရပါတယ္။

အိမ္ျပန္ခြင့္ရတဲ့သူ တစ္ေယာက္ခ်င္းစီအတြက္ ကို႐ိုနာဗိုင္းရပ္စ္ ကင္းစင္တဲ့အေၾကာင္း က်န္းမာေရး ေထာက္ခံစာေတြ ရရွိခဲ့တယ္လို႔လည္း ေက်ာင္းသားေတြက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ပညာသင္သြားခဲ့ၾကတဲ့ ျမန္မာႏိုင္ငံသား ၆၂ ေယာက္ကို ျမန္မာအစိုးရက ေဖေဖာ္ဝါရီ ၂ ရက္ကေလယာဥ္နဲ႔ သြားေခၚခဲ့ေပမယ့္ ေက်ာင္းသား ႏွစ္ေယာက္က ကိုယ္အပူခ်ိန္ျမင့္ေနတာေၾကာင့္ က်န္ေနခဲ့ရတာပါ။

သူတို႔အျပင္ ျမန္မာႏိုင္ငံမွာ မေန႔ညကအထိ ေစာင့္ၾကည့္လူနာ ၃၅ ဦးရွိခဲ့ပါတယ္။ အဲဒီထဲက ၂၆ ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ မေတြ႕ဘူးလို႔ ဓာတ္ခြဲခန္းအေျဖရထားတဲ့အေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ က်န္တဲ့အထဲက ငါးေယာက္ရဲ႕ အေျဖကိုေတာ့ မရေသးဘဲ ေလးေယာက္ရဲ႕ ဓာတ္ခြဲနမူနာကို ရည္ၫႊန္းဓာတ္ခြဲခန္းကိုပို႔ဖို႔ စီစဥ္ေနတုန္းျဖစ္ပါတယ္။

နစ္ေကးေအးရွန္းသတင္းဌာနရဲ႕ ေဆာင္းပါးတစ္ပုဒ္မွာေတာ့ ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲမွာ ဒီဗိုင္းရပ္စ္ပိုးျပန႔္ပြားမႈကို ရင္ဆိုင္ဖို႔ျပင္ဆင္မႈ အနည္းဆုံးႏိုင္ငံစာရင္းမွာ ပါဝင္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဝူဟန်ပြန် ကျောင်းသား၊ ကျောင်းသူတွေ နေရပ်ပြန်ပြီ

တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်ခေါ်လာတဲ့ ကျောင်းသား ၅၉ ယောက်၊ သွားခေါ်တုန်းက ကျန်းမာရေးစောင့်ရှောက်ဖို့ လိုက်ပါသွားတဲ့ ကျန်းမာရေးဝန်ထမ်း သုံးယောက်၊ လေယာဉ်ဝန်ထမ်း ကိုးယောက်တို့ကို စောင့်ရှောက်ကာလ အတွင်း ကျန်းမာရေးကောင်းတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၆ မနက်ပိုင်းမှာ နေအိမ်တွေကို ပြန်ခွင့်ပြုလိုက်ပါပြီ။

မန္တလေးမြို့က ကန်တော်နဒီဆေးရုံနဲ့ ရန်ကုန်က ဝေဘာဂီဆေးရုံမှာ နှစ်ပတ်ကြာ စောင့်ကြည့်ခဲ့တာ ပြီးဆုံးသွားပြီ ဖြစ်လို့ ပြန်ကြပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားမှူး ဒေါက်တာခင်ခင်ကြီးက RFA ကို ပြောပါတယ်။

“ဝေဘာဂီဆေးရုံမှာ လေယာဉ်အမှုထမ်းနဲ့ အင်ဂျင်နီယာ ငါးယောက်ရယ်၊ အိမ်မှာစောင့်ကြည့်တဲ့ လေယာဉ်မှူးကြီး အပါအဝင် အင်ဂျင်နီယာရယ်၊ တွဲဖက်လေယာဉ်မှုးရယ် လေးယောက်ပေါ့နော်၊ အားလုံးစောင့်ကြည့်ကာလ ပြီးဆုံးသွားပါပြီ”

စောင့်ကြည့်ကာလပြီးသွားလို့ အိမ်ပြန်ခွင့်ရပြီဆိုပေမယ့်လည်း ဂရုစိုက်ဖို့ လိုအပ်နေပါသေးတယ်။

အိမ်ပြန်ရောက်လို့ ဖျားနာတာမျိုးရှိလာရင် ချက်ချင်းအကြောင်းကြားဖို့ လိုတယ်လို့ မန္တလေး စိတ်ကျန်းမာရေး ဆေးရုံကြီးက သူနာပြု ဦးမျိုးလွင်ဦးက ပြောပါတယ်။

“အိမ်မှာနေရင်း ထူးခြားတာရှိရင် ချက်ချင်းအကြောင်းကြားဖို့ မှာလိုက်ပါတယ်။ အိမ်မှာနေရင်လည်း ကိုယ့်ဘာသာ ဂရုစိုက်နေဖို့ မှာလိုက်ပါတယ်။“

ဦးမျိုးလွင်ဦးဟာ ကျောင်းသား၊ ကျောင်းသူတွေကို ဝူဟန်မြို့ကနေ မြန်မာပြည်ပြန်ခေါ်တုန်းက ကျန်းမာရေး စောင့်ရှောက်ဖို့ လိုက်ပါခဲ့သူတွေထဲက တစ်ဦးပါ။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ကျောင်းသားတွေရဲ့ကျန်းမာရေးစောင့်ကြည့်ဖို့ ထားတဲ့အချိန်တုန်းက ဆေးရုံကို ကန့်သတ်ဧရိယာသတ်မှတ်ပြီး ဘယ်သူ့ကိုမှ ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။

ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာရင်လည်း ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီး တိုင်းအစိုးရအဖွဲ့က ကြေညာ ခဲ့ပါတယ်။ စောင့်ကြည့်ထားတဲ့ ကျောင်းသားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သီးသန့်အခန်းလေးတွေနဲ့ ထားတာဖြစ်ပြီး ပြင်ပလူတွေနဲ့ ထိတွေ့ခွင့် လုံးဝမပေးခဲ့ဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဆေးရုံထဲမှာ နေရတဲ့ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံခဲ့ရတဲ့အခြေအနေကို ပြောပြတာက ဝူဟန်ကနေ ပြန်လာတဲ့ ဒေါက်တာထွေးသီရိကျော်ပါ။

“ညီမတို့ကို နှစ်ယောက်ကို တစ်ခန်းထားတယ်။ မနက်စာ၊ နေလယ်စာ၊ ညစာတွေ စားချိန်ဆိုရင် အောက်ကိုလာယူဖို့ခေါ်တယ်။ အရမ်းကို သေသေချာချာလေးကို စီစဉ်ပေးထားတာပါ။ ညီမတို့က အားလုံးအဆင်ပြေတယ်။ ညီမတို့ကို မနက်တစ်ခါ ညတစ်ခါ ကိုယ်အပူချိန်လာတိုင်းပေးတယ်။ စိတ်ပူစရာလည်း မလိုဘူးလေ“

ဆေးရုံမှာနေရတဲ့ ကျောင်းသားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မိသားစုနဲ့ဆက်သွယ်ဖို့ အင်တာနက်လူမှုကွန်ရက်၊ ဖုန်းတွေသာ အသုံးပြုခဲ့ကြရပါတယ်။

အိမ်ပြန်ခွင့်ရတဲ့သူ တစ်ယောက်ချင်းစီအတွက် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်တဲ့အကြောင်း ကျန်းမာရေး ထောက်ခံစာတွေ ရရှိခဲ့တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာသင်သွားခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၆၂ ယောက်ကို မြန်မာအစိုးရက ဖေဖော်ဝါရီ ၂ ရက်ကလေယာဉ်နဲ့ သွားခေါ်ခဲ့ပေမယ့် ကျောင်းသား နှစ်ယောက်က ကိုယ်အပူချိန်မြင့်နေတာကြောင့် ကျန်နေခဲ့ရတာပါ။

သူတို့အပြင် မြန်မာနိုင်ငံမှာ မနေ့ညကအထိ စောင့်ကြည့်လူနာ ၃၅ ဦးရှိခဲ့ပါတယ်။ အဲဒီထဲက ၂၆ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ဘူးလို့ ဓာတ်ခွဲခန်းအဖြေရထားတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကျန်တဲ့အထဲက ငါးယောက်ရဲ့ အဖြေကိုတော့ မရသေးဘဲ လေးယောက်ရဲ့ ဓာတ်ခွဲနမူနာကို ရည်ညွှန်းဓာတ်ခွဲခန်းကိုပို့ဖို့ စီစဉ်နေတုန်းဖြစ်ပါတယ်။

နစ်ကေးအေးရှန်းသတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဒီဗိုင်းရပ်စ်ပိုးပြန့်ပွားမှုကို ရင်ဆိုင်ဖို့ပြင်ဆင်မှု အနည်းဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ဝူဟန္ျပန္ ေက်ာင္းသား၊ ေက်ာင္းသူေတြ ေနရပ္ျပန္ၿပီ ဝူဟန္ျပန္ ေက်ာင္းသား၊ ေက်ာင္းသူေတြ ေနရပ္ျပန္ၿပီ Reviewed by THITHTOOLWIN on 22:47 Rating: 5
Powered by Blogger.