ေျမာက္ဦး စပါးခင္းေတြမွာ မိုင္းေတြရွိလို႔ စပါးမရိတ္ဖို႔ တပ္ကတားျမစ္

တိုက္ပြဲေၾကာင့္စပါးမစိုက္ႏိုင္တဲ့ ဧက ၄၀၀၀ ေက်ာ္ရွိခဲ့
(Zawgyi)⤵⤵⤵
တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ဆက္တိုက္ျဖစ္ေနတဲ့ ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္အမ်ားစုမွာ မိုးဦးရာသီက စိုက္ထားတဲ့ စပါးေတြ ရိတ္ခ်ိန္ ေရာက္ေနေပမဲ့ လယ္ကြင္းတခ်ိဳ႕ထဲ ေျမျမႇဳပ္မိုင္းေတြ ရွိေနတာေၾကာင့္ စပါးမရိတ္ဖို႔ တပ္မေတာ္က တားျမစ္တာေတြ ႀကဳံေနရတယ္လို႔ ေဒသခံ လယ္သမားတခ်ိဳ႕က ေျပာပါတယ္။

ဒီမိုင္းေတြ ဘယ္သူျမႇဳပ္တယ္ဆိုတာ မသိရေပမဲ့ ေဒသခံ လယ္စိုက္သူ အမ်ိဳးသမီးတစ္ဦးက တပ္မေတာ္က ျမႇဳပ္တာျဖစ္ႏိုင္တယ္လို႔ စြပ္စြဲၿပီး တပ္မေတာ္ဘက္ကေတာ့ ျငင္းဆိုပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၾကၿပီး တပ္မေတာ္စစ္ေၾကာင္းေတြက စခန္းခ်ထားတဲ့ ေျမာက္ဦး ေျမာက္ပိုင္းက လင္းေႁမြေတာင္ ေတာင္တန္းအနီးမွာရွိတဲ့ စပါးခင္းေတြကို လယ္ပိုင္ရွင္တခ်ိဳ႕က စပါးရိတ္သိမ္းဖို႔အတြက္ သြားေရာက္ခဲ့ၾကတဲ့အခါမွာ အဲ့ဒီေတာင္တန္းေပၚမွာ တပ္စြဲထားတဲ့ တပ္စခန္းကေန ဟန႔္တားခဲ့တာျဖစ္တယ္လို႔ ေတာင္ဦးေက်း႐ြာက ေတာင္သူအမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

လယ္ပိုင္ရွင္ ေဒၚခိုင္သန္းႏြယ္ဟာ လုပ္သားေတြနဲ႔ ဒီဇင္ဘာ ၂၁ ရက္ေန႔က သြားေရာက္ခဲ့ခ်ိန္မွာ တပ္စခန္းရွိတဲ့ လင္းေႁမြေတာင္ေပၚကေန တပ္မေတာ္သားတစ္ဦး ဆင္းလာၿပီး သူတို႔ကို စပါးမရိတ္သိမ္းဖို႔၊ အဲ့ဒီစပါးခင္းေတြကို ဝင္ၿပီး စပါးရိတ္သိမ္းလို႔ရွိရင္ အႏၲရာယ္ရွိေၾကာင္းနဲ႔ မိုင္းေတြေပါက္ကြဲႏိုင္ေၾကာင္း ေျပာဆိုခဲ့တယ္လို႔ ေဒၚခိုင္သန္းႏြယ္က ဘီဘီစီကို ေျပာပါတယ္။

"အႏၲရာယ္ရွိတယ္လို႔ ေျပာပါတယ္။ မိုင္းကြဲမွာ စိုးရိမ္တယ္။ လုပ္တဲ့လူ အႏၲရာယ္ ရွိၿပီးေတာ့ သူတို႔ရွိတဲ့ေနရာမွာ မျဖစ္ေစခ်င္ဘူးလို႔ ေျပာပါတယ္။ ပစၥည္းနဲ႔ အသက္ ဘာကိုခ်စ္သလဲလို႔ ေမးပါတယ္။ အသက္ကိုပဲ ခ်စ္တယ္၊ ဒါေပမယ့္ ဒီစပါးေတြက ကြၽန္မတို႔ရဲ႕အသက္ေတြ ျဖစ္တယ္။ ဒါကို မရိတ္သိမ္းရရင္ ေခ်းေငြေတြ ဘယ္လိုဆပ္မလဲ ေျပာေတာ့ ဒါကို မတတ္ႏိုင္ဘူး"လို႔ လယ္ပိုင္ရွင္ အမ်ိဳးသမီးက ေျပာပါတယ္။
ဘဏ္ေခ်းေငြ ျပန္ဆပ္ဖို႔ လယ္သမားေတြ အခက္ေတြ႕
အဲ့ဒီလယ္ေျမေတြဟာ တပ္မေတာ္ တပ္စခန္းခ်ထားတဲ့ လင္းေႁမြေတာင္ေတာင္တန္းရဲ႕ အေရွ႕ဘက္ေအာက္ေျခက ဘုန္းေတာ္ႀကီးေက်ာင္းအနီးမွာရွိတဲ့ ေျမစာရင္းေျမပုံ ကြင္းမွတ္ ၈၁၉ လယ္ေျမေတြ ျဖစ္ပါတယ္။

ဒီလို တားျမစ္တယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး "တပ္မေတာ္က မတားဆီးဘူးဗ်။ ေအေအကပဲ တားတာျဖစ္မယ္ေနာ္။ ေအေအက ဒီရက္ပိုင္းမွာ ဘာလုပ္မယ္။ ညာလုပ္မယ္။ ဘယ္မသြားရ၊ ညာမသြားရ။ ဟိုနားမွာမိုင္းေထာင္ထားတယ္။ ဒီနားမွာမိုင္းေထာင္ထားတယ္ဆိုတာ ေအေအကပဲ အသံထြက္ေနတယ္။ ကြၽန္ေတာ္တို႔ တပ္မေတာ္က လုံၿခဳံေရးပဲ လုပ္ေနတာ"လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာဆိုပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ ေအေအဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

ဒီလယ္ေတြဟာ မိုးတြင္းကာလ စပါးစိုက္ပ်ိဳးရာသီမွာ ေတာင္သူေတြအေနနဲ႔ တိုက္ပြဲေတြ ၾကားထဲ ခက္ခက္ခဲခဲ စိုက္ပ်ိဳးခဲ့ၾကတာျဖစ္ၿပီး စိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို ေခ်းယူၿပီး စိုက္ပ်ိဳးထားတာ ျဖစ္တဲ့အတြက္ အခုရိတ္သိမ္းခြင့္မရလို႔ရွိရင္ ဝမ္းစာေရးအတြက္ အခက္အခဲရွိသလို ဘဏ္ေခ်းေငြေတြကိုလည္း ျပန္ေပးဆပ္ႏိုင္မွာ မဟုတ္ဘူးလို႔ လယ္ပိုင္ရွင္က ေဒၚခိုင္သန္းႏြယ္ ေျပာပါတယ္။
 တိုက္ပြဲေတြေၾကာင့္ ေျမာက္ဦးက စပါးခင္းတခ်ိဳ႕ ရိတ္သိမ္းခ်ိန္လြန္ စပါးခင္းေတြအျဖစ္က်န္ေနခဲ့တယ္လို႔ဆို
တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့ ေျမာက္ဦးၿမိဳ႕နယ္ေျမာက္ပိုင္းေဒက ေဝသာလီ၊ လကၠာ၊ ေအာက္သကန္ စတဲ့ေက်း႐ြာေတြ အနီးဝန္းက်င္မွာ စိုက္ပ်ိဳးထားတဲ့ စပါးခင္းေတြဟာ ဝင္ေရာက္ရိတ္သိမ္းဖို႔ စိုးရိမ္ရတဲ့အတြက္ ရိတ္သိမ္းခ်ိန္လြန္ စပါးခင္းေတြအျဖစ္ က်န္ရွိေနတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ေတာင္သူလယ္သမား သမဂၢဥကၠဌ ဦးစိုးႏိုင္က ေျပာပါတယ္။

စပါးရိတ္သိမ္းခြင့္မရဘဲ တားျမစ္ခံလာခဲ့ရတဲ့အတြက္ လယ္ပိုင္ရွင္က အေၾကာင္းၾကားလာခဲ့တဲ့အတြက္ သူတို႔ရဲ႕စပါးေတြကို ရိတ္သိမ္းခြင့္မရ ျဖစ္ေနတဲ့အေၾကာင္းကို ၿမိဳ႕နယ္ အေထြအေထ ြအုပ္ခ်ဳပ္ေရး ဦးစီးဌာနဆီကို အေၾကာင္းထားဖို႔ အႀကံျပဳထားေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

"ဒါကေတာ့ မျဖစ္သင့္ဘူးလို႔ ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အမ်ားျပည္သူ ဝင္ထြက္သြားလာေနတဲ့ လယ္ယာလုပ္ကြက္ထဲမွာ စပါးလည္း မရိတ္သိမ္းရေသးဘူး။ မွည့္တုံးပဲ ရွိေသးတယ္။ အဲ့ဒီလိုအခ်ိန္မွာေတာ့ အဲ့ဒီလယ္ကြင္းေတြေပၚမွာ အခုလိုမ်ိဳး မိုင္းေထာင္ထားတဲ့ ကိစၥမ်ိဳးကို မလုပ္သင့္ဘူးလို႔ ထင္တယ္"လို႔ ဦးထြန္းသာစိန္က ေျပာပါတယ္။

အခုလိုမ်ိဳး တပ္မေတာ္အေနနဲ႔ လယ္ပိုင္ရွင္ေတြကို စပါးေတြ မရိတ္သိမ္းဖို႔ ဟန႔္တားတာဟာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တဲ့ ေနရာေတြေၾကာင့္ျဖစ္သလို စစ္ေရးအရ မရိတ္သိမ္းေစခ်င္တဲ့အတြက္ ေျပာဆိုတာလည္း ျဖစ္ႏိုင္တယ္လို႔ ေတာင္သူလယ္သမားသမဂၢက ေျပာပါတယ္။

ဒ့ါအျပင္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ေဒသေတြမွာ အခက္အခဲတခ်ိဳ႕ရွိေနတဲ့အတြက္ ရိတ္သိမ္းခ်ိန္လြန္ေနတဲ့ လယ္ဧကေပါင္း ေသာင္းနဲ႔ခ်ီၿပီးရွိေနေသးတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ေတာင္သူလယ္သမားသမဂၢ ဥကၠဌ ဦးစိုးႏိုင္က ေျပာပါတယ္။

အရင္က ရခိုင္ျပည္နယ္အတြင္းမွာ စပါးေတြကို လူအင္အားနဲ႔ရိတ္သိမ္းခဲ့ၾကေပမယ့္ လက္ရွိမွာ လူေတြထြက္ေျပးေန ၾကရသလို လုပ္သားမရွိတဲ့အတြက္ စပါးရိတ္သိမ္းတဲ့စက္ေတြကိုပဲ အားကိုးေနၾကရတာျဖစ္တယ္လို႔ ဦးစိုးႏိုင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ႏွစ္စဥ္ပုံမွန္စပါးစိုက္ပ်ိဳးေနတဲ့ လယ္ေျမဧကေပါင္း ၁၀ သိန္းေက်ာ္ရွိေနၿပီး ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ၁ သိန္းေက်ာ္ရွိေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ မိုးစပါးစိုက္ပ်ိဳးရာသီမွာ တိုက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ စပါးမစိုက္ပ်ိဳးႏိုင္ခဲ့တဲ့ လယ္ေျမဧက ၄ ေထာင္ဝန္းက်င္ရွိခဲ့တယ္လို႔ ေတာင္သူလယ္သမား သမဂၢကေန သိရပါတယ္။

BBC Burmese
https://www.bbc.com
---------
(Unicode)⤵⤵⤵
မြောက်ဦး စပါးခင်းတွေမှာ မိုင်းတွေရှိလို့ စပါးမရိတ်ဖို့ တပ်ကတားမြစ်

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption တိုက်ပွဲကြောင့်စပါးမစိုက်နိုင်တဲ့ ဧက ၄၀၀၀ ကျော်ရှိခဲ့

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်တိုက်ဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ်အများစုမှာ မိုးဦးရာသီက စိုက်ထားတဲ့ စပါးတွေ ရိတ်ချိန် ရောက်နေပေမဲ့ လယ်ကွင်းတချို့ထဲ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် စပါးမရိတ်ဖို့ တပ်မတော်က တားမြစ်တာတွေ ကြုံနေရတယ်လို့ ဒေသခံ လယ်သမားတချို့က ပြောပါတယ်။

ဒီမိုင်းတွေ ဘယ်သူမြှုပ်တယ်ဆိုတာ မသိရပေမဲ့ ဒေသခံ လယ်စိုက်သူ အမျိုးသမီးတစ်ဦးက တပ်မတော်က မြှုပ်တာဖြစ်နိုင်တယ်လို့ စွပ်စွဲပြီး တပ်မတော်ဘက်ကတော့ ငြင်းဆိုပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး တပ်မတော်စစ်ကြောင်းတွေက စခန်းချထားတဲ့ မြောက်ဦး မြောက်ပိုင်းက လင်းမြွေတောင် တောင်တန်းအနီးမှာရှိတဲ့ စပါးခင်းတွေကို လယ်ပိုင်ရှင်တချို့က စပါးရိတ်သိမ်းဖို့အတွက် သွားရောက်ခဲ့ကြတဲ့အခါမှာ အဲ့ဒီတောင်တန်းပေါ်မှာ တပ်စွဲထားတဲ့ တပ်စခန်းကနေ ဟန့်တားခဲ့တာဖြစ်တယ်လို့ တောင်ဦးကျေးရွာက တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လယ်ပိုင်ရှင် ဒေါ်ခိုင်သန်းနွယ်ဟာ လုပ်သားတွေနဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က သွားရောက်ခဲ့ချိန်မှာ တပ်စခန်းရှိတဲ့ လင်းမြွေတောင်ပေါ်ကနေ တပ်မတော်သားတစ်ဦး ဆင်းလာပြီး သူတို့ကို စပါးမရိတ်သိမ်းဖို့၊ အဲ့ဒီစပါးခင်းတွေကို ဝင်ပြီး စပါးရိတ်သိမ်းလို့ရှိရင် အန္တရာယ်ရှိကြောင်းနဲ့ မိုင်းတွေပေါက်ကွဲနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒေါ်ခိုင်သန်းနွယ်က ဘီဘီစီကို ပြောပါတယ်။

"အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။ မိုင်းကွဲမှာ စိုးရိမ်တယ်။ လုပ်တဲ့လူ အန္တရာယ် ရှိပြီးတော့ သူတို့ရှိတဲ့နေရာမှာ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။ ပစ္စည်းနဲ့ အသက် ဘာကိုချစ်သလဲလို့ မေးပါတယ်။ အသက်ကိုပဲ ချစ်တယ်၊ ဒါပေမယ့် ဒီစပါးတွေက ကျွန်မတို့ရဲ့အသက်တွေ ဖြစ်တယ်။ ဒါကို မရိတ်သိမ်းရရင် ချေးငွေတွေ ဘယ်လိုဆပ်မလဲ ပြောတော့ ဒါကို မတတ်နိုင်ဘူး"လို့ လယ်ပိုင်ရှင် အမျိုးသမီးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ဘဏ်ချေးငွေ ပြန်ဆပ်ဖို့ လယ်သမားတွေ အခက်တွေ့

အဲ့ဒီလယ်မြေတွေဟာ တပ်မတော် တပ်စခန်းချထားတဲ့ လင်းမြွေတောင်တောင်တန်းရဲ့ အရှေ့ဘက်အောက်ခြေက ဘုန်းတော်ကြီးကျောင်းအနီးမှာရှိတဲ့ မြေစာရင်းမြေပုံ ကွင်းမှတ် ၈၁၉ လယ်မြေတွေ ဖြစ်ပါတယ်။

ဒီလို တားမြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး "တပ်မတော်က မတားဆီးဘူးဗျ။ အေအေကပဲ တားတာဖြစ်မယ်နော်။ အေအေက ဒီရက်ပိုင်းမှာ ဘာလုပ်မယ်။ ညာလုပ်မယ်။ ဘယ်မသွားရ၊ ညာမသွားရ။ ဟိုနားမှာမိုင်းထောင်ထားတယ်။ ဒီနားမှာမိုင်းထောင်ထားတယ်ဆိုတာ အေအေကပဲ အသံထွက်နေတယ်။ ကျွန်တော်တို့ တပ်မတော်က လုံခြုံရေးပဲ လုပ်နေတာ"လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ အေအေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒီလယ်တွေဟာ မိုးတွင်းကာလ စပါးစိုက်ပျိုးရာသီမှာ တောင်သူတွေအနေနဲ့ တိုက်ပွဲတွေ ကြားထဲ ခက်ခက်ခဲခဲ စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို ချေးယူပြီး စိုက်ပျိုးထားတာ ဖြစ်တဲ့အတွက် အခုရိတ်သိမ်းခွင့်မရလို့ရှိရင် ဝမ်းစာရေးအတွက် အခက်အခဲရှိသလို ဘဏ်ချေးငွေတွေကိုလည်း ပြန်ပေးဆပ်နိုင်မှာ မဟုတ်ဘူးလို့ လယ်ပိုင်ရှင်က ဒေါ်ခိုင်သန်းနွယ် ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption တိုက်ပွဲတွေကြောင့် မြောက်ဦးက စပါးခင်းတချို့ ရိတ်သိမ်းချိန်လွန် စပါးခင်းတွေအဖြစ်ကျန်နေခဲ့တယ်လို့ဆို

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြောက်ဦးမြို့နယ်မြောက်ပိုင်းဒေက ဝေသာလီ၊ လက္ကာ၊ အောက်သကန် စတဲ့ကျေးရွာတွေ အနီးဝန်းကျင်မှာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေဟာ ဝင်ရောက်ရိတ်သိမ်းဖို့ စိုးရိမ်ရတဲ့အတွက် ရိတ်သိမ်းချိန်လွန် စပါးခင်းတွေအဖြစ် ကျန်ရှိနေတယ်လို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။

စပါးရိတ်သိမ်းခွင့်မရဘဲ တားမြစ်ခံလာခဲ့ရတဲ့အတွက် လယ်ပိုင်ရှင်က အကြောင်းကြားလာခဲ့တဲ့အတွက် သူတို့ရဲ့စပါးတွေကို ရိတ်သိမ်းခွင့်မရ ဖြစ်နေတဲ့အကြောင်းကို မြို့နယ် အထွေအထေ ွအုပ်ချုပ်ရေး ဦးစီးဌာနဆီကို အကြောင်းထားဖို့ အကြံပြုထားကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

"ဒါကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ လယ်ယာလုပ်ကွက်ထဲမှာ စပါးလည်း မရိတ်သိမ်းရသေးဘူး။ မှည့်တုံးပဲ ရှိသေးတယ်။ အဲ့ဒီလိုအချိန်မှာတော့ အဲ့ဒီလယ်ကွင်းတွေပေါ်မှာ အခုလိုမျိုး မိုင်းထောင်ထားတဲ့ ကိစ္စမျိုးကို မလုပ်သင့်ဘူးလို့ ထင်တယ်"လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

အခုလိုမျိုး တပ်မတော်အနေနဲ့ လယ်ပိုင်ရှင်တွေကို စပါးတွေ မရိတ်သိမ်းဖို့ ဟန့်တားတာဟာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေကြောင့်ဖြစ်သလို စစ်ရေးအရ မရိတ်သိမ်းစေချင်တဲ့အတွက် ပြောဆိုတာလည်း ဖြစ်နိုင်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

ဒ့ါအပြင် မြောက်ဦးမြို့နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ အခက်အခဲတချို့ရှိနေတဲ့အတွက် ရိတ်သိမ်းချိန်လွန်နေတဲ့ လယ်ဧကပေါင်း သောင်းနဲ့ချီပြီးရှိနေသေးတယ်လို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။

အရင်က ရခိုင်ပြည်နယ်အတွင်းမှာ စပါးတွေကို လူအင်အားနဲ့ရိတ်သိမ်းခဲ့ကြပေမယ့် လက်ရှိမှာ လူတွေထွက်ပြေးနေ ကြရသလို လုပ်သားမရှိတဲ့အတွက် စပါးရိတ်သိမ်းတဲ့စက်တွေကိုပဲ အားကိုးနေကြရတာဖြစ်တယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နှစ်စဉ်ပုံမှန်စပါးစိုက်ပျိုးနေတဲ့ လယ်မြေဧကပေါင်း ၁၀ သိန်းကျော်ရှိနေပြီး မြောက်ဦးမြို့နယ်အတွင်းမှာ ၁ သိန်းကျော်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးရာသီမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စပါးမစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်မြေဧက ၄ ထောင်ဝန်းကျင်ရှိခဲ့တယ်လို့ တောင်သူလယ်သမား သမဂ္ဂကနေ သိရပါတယ်။

BBC Burmese
https://www.bbc.com
ေျမာက္ဦး စပါးခင္းေတြမွာ မိုင္းေတြရွိလို႔ စပါးမရိတ္ဖို႔ တပ္ကတားျမစ္ ေျမာက္ဦး စပါးခင္းေတြမွာ မိုင္းေတြရွိလို႔ စပါးမရိတ္ဖို႔ တပ္ကတားျမစ္ Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.