တ႐ုတ္မွာ အမ်ဳိးအမည္မသိတဲ့ အဖ်ားေရာဂါတမ်ဳိး ကူးစက္

ေဟာင္ေကာင္ႏုိင္ငံတကာ ေလဆိပ္သုိ႔ ေရာက္ရွိလာသည့္ ခရီးသည္မ်ားအား ကိုယ္အပူခ်ိန္တုိင္း စစ္ေဆးေနသည့္ တာဝန္ရွိသူတဦး။ (ဇန္နဝါရီ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံၿမိဳ႕ေတြကို သြားေရာက္ၿပီး ျပန္လာၾကတဲ့သူေတြဆီကေန ပါလာႏုိင္ဖြယ္ရွိတဲ့ ထူးဆန္းတဲ့ ကူးစက္ေရာဂါတမ်ိဳး မျပန္႔ပြားရေအာင္ ေဟာင္ေကာင္ အာဏာပိုင္ေတြက အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္ေနပါတယ္။

တ႐ုတ္ႏုိင္ငံ ရွန္ဟုိင္းၿမိဳ႕ အေနာက္ဘက္က ၀ူဟန္ၿမိဳ႕မွာ လူူ ၄၄ ေယာက္ထက္မနည္း အဆုတ္အေအးမိတဲ့ ဗုိင္းရပ္စ္ေရာဂါပိုး ကူးစက္ခံခဲ့ရၿပီး ေဟာင္ေကာင္မွာလည္း အဲဒီဗုိင္းရပ္စ္ပိုး ကူးစက္ခံရတာ ၅ ေယာက္ေလာက္ ရွိတယ္လို႔ ဆုိပါတယ္။

ဒီ ကူးစက္ေရာဂါဟာ ၿပီးခဲ့တဲ့လက စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၂၀၀၂-၂၀၀၃ ခုႏွစ္က တ႐ုတ္ႏုိင္ငံေတာင္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ SARS ကူးစက္ေရာဂါကို ျပန္လည္ အမွတ္ရေစပါတယ္။ အဲဒီတုန္းက ျဖစ္ပြားခဲ့တဲ့ SARS ေရာဂါေၾကာင့္ တ႐ုတ္ျပည္မႀကီး၊ ေဟာင္ေကာင္နဲ႔ တျခားေနရာေတြမွာ လူ ၇၀၀ ေက်ာ္ ေသဆုံးခဲ့တာပါ။

ေဟာင္ေကာင္အာဏာပိုင္ေတြဘက္က အခုလို စိုးရိမ္တႀကီး တုံ႔ျပန္တာကို ၾကည့္ျခင္းအားျဖင့္ ဒီဗုိင္းရပ္စ္ပုိးဟာ ေဟာင္ေကာင္ျပည္သူ ၇ သန္းခဲြအေပၚမွာ အတန္အသင့္ ႐ိုက္ခတ္မႈရွိတာကို ျပသေနပါတယ္။

ေဟာင္ေကာင္အာဏာပိုင္ေတြက ဒီကူးစက္ေရာဂါနဲ႔ ပတ္သက္ၿပီး ဒီကေန႔မွာ စတင္ၿပီးေတာ့ တုံ႔ျပန္ေဆာင္ရြက္ေနတာျဖစ္ၿပီး အဆင့္ ၃ ဆင့္မွာ ဒုတိယအဆင့္ သတ္မွတ္ၿပီးေတာ့ လုပ္ေဆာင္လိုက္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေဟာင္ေကာင္ကို ေရာက္လာၾကတဲ့ သူေတြကိုလည္း က်န္းမာေရးအာဏာပိုင္ေတြက မေန႔ ေသာၾကာေန႔က ေဟာင္ေကာင္ ႏုိင္ငံတကာေလဆိပ္မွာ ကိုယ္အပူခ်ိန္ တုိင္းတာေတြ လုပ္ေနၿပီး ေနာက္ထပ္လည္း အပူခ်ိန္တုိင္းတဲ့ စနစ္ေတြကို ထပ္ၿပီး အားျဖည့္ထားပါတယ္။

--------------------------------

(Unicode)

တရုတ်မှာ အမျိုးအမည်မသိတဲ့ အဖျားရောဂါတမျိုး ကူးစက်

တရုတ်နိုင်ငံမြို့တွေကို သွားရောက်ပြီး ပြန်လာကြတဲ့သူတွေဆီကနေ ပါလာနိုင်ဖွယ်ရှိတဲ့ ထူးဆန်းတဲ့ ကူးစက်ရောဂါတမျိုး မပြန့်ပွားရအောင် ဟောင်ကောင် အာဏာပိုင်တွေက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အနောက်ဘက်က ဝူဟန်မြို့မှာ လူူ ၄၄ ယောက်ထက်မနည်း အဆုတ်အအေးမိတဲ့ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ဟောင်ကောင်မှာလည်း အဲဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ ၅ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီ ကူးစက်ရောဂါဟာ ပြီးခဲ့တဲ့လက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၀၂-၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ SARS ကူးစက်ရောဂါကို ပြန်လည် အမှတ်ရစေပါတယ်။ အဲဒီတုန်းက ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကြောင့် တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ တခြားနေရာတွေမှာ လူ ၇၀၀ ကျော် သေဆုံးခဲ့တာပါ။

ဟောင်ကောင်အာဏာပိုင်တွေဘက်က အခုလို စိုးရိမ်တကြီး တုံ့ပြန်တာကို ကြည့်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ်ပိုးဟာ ဟောင်ကောင်ပြည်သူ ၇ သန်းခွဲအပေါ်မှာ အတန်အသင့် ရိုက်ခတ်မှုရှိတာကို ပြသနေပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေက ဒီကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ စတင်ပြီးတော့ တုံ့ပြန်ဆောင်ရွက်နေတာဖြစ်ပြီး အဆင့် ၃ ဆင့်မှာ ဒုတိယအဆင့် သတ်မှတ်ပြီးတော့ လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟောင်ကောင်ကို ရောက်လာကြတဲ့ သူတွေကိုလည်း ကျန်းမာရေးအာဏာပိုင်တွေက မနေ့ သောကြာနေ့က ဟောင်ကောင် နိုင်ငံတကာလေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာတွေ လုပ်နေပြီး နောက်ထပ်လည်းအပူချိန်တိုင်းတဲ့ စနစ်တွေကို ထပ်ပြီး အားဖြည့်ထားပါတယ်။

VOA Burmese
https://burmese.voanews.com
တ႐ုတ္မွာ အမ်ဳိးအမည္မသိတဲ့ အဖ်ားေရာဂါတမ်ဳိး ကူးစက္ တ႐ုတ္မွာ အမ်ဳိးအမည္မသိတဲ့ အဖ်ားေရာဂါတမ်ဳိး ကူးစက္ Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.