အီရတ္ႏိုင္ငံရွိ အေမရိကန္ သံ႐ုံး ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခံရ

အီရတ္ႏိုင္ငံ ဘဂၢဒက္ၿမိဳ႕ Green Zone၏ ျမင္ကြင္း တစ္ခုအား ေတြ႕ရစဥ္ (ဆင္ဟြာ)

ဘဂၢဒက္၊ ဇန္နဝါရီ ၂၇ရက္(ဆင္ဟြာ)

အီရတ္ႏိုင္ငံရွိ အေမရိကန္သံ႐ုံးသည္ ဇန္နဝါရီ ၂၆ ရက္ ညပိုင္းတြင္ ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခံရ ေၾကာင္း အီရတ္ ျပည္ထဲေရးဝန္ႀကီးဌာန အရာရွိတစ္ဦးက အခ်င္းျဖစ္ပြားေသာေန႔တြင္ ေျပာၾကားခဲ့သည္ဟု သိရသည္။

ဘဂၢဒက္ၿမိဳ႕green zone ရွိ အေမရိကန္သံ႐ုံးဝင္းထဲသို႔ ဇန္နဝါရီ ၂၆ ရက္ ညပိုင္းက ဒုံးက်ည္အေျမာက္အျမားက်ေရာက္ခဲ့ေၾကာင္း၊တိုက္ခိုက္မႈေၾကာင့္ ေသဆုံး ဒဏ္ရာရသူမရွိဟု  အမည္မေဖာ္လိုသူ အီရတ္ျပည္ထဲေရး အရာရွိတစ္ဦးက ဆင္ဟြာကိုေျပာသည္။green zoneကို ဒုံးက်ည္ ၅ လုံး ပစ္ခတ္ခဲ့ေၾကာင္း အီရတ္ပူးတြဲစစ္ဆင္ေရးစစ္ဌာနခ်ဳပ္က အခ်င္းပြားေသာေန႔တြင္ အတည္ျပဳေျပာၾကားခဲ့ေသာ္လည္း အေသးစိတ္ကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိဟု သိရသည္။

အီရတ္ အိမ္ေစာင့္အစိုးရ ဝန္ႀကီးခ်ဳပ္Adil Abdul-Mahdi က အဆိုပါတိုက္ခိုက္မႈကို လူမႈကြန္ရက္မီဒီယာတြင္ ျပစ္တင္ေျပာဆိုထားရာ ယခုကဲ့သို႔  တရားမဝင္ တိုက္ခိုက္မႈမ်ား ဆက္လက္ျဖစ္ပြားပါက အီရတ္၏အက်ိဳးစီးပြားကို ထိခိုက္မည္ျဖစ္ၿပီး ဆိုးဝါးသည့္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို တစ္ႏိုင္ငံလုံးက တာဝန္ယူသြားရမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ အီရတ္အစိုးရအေနျဖင့္ သံတမန္အဖြဲ႕အားလုံးကို  နည္းလမ္းသုံးကာကြယ္သြားမည္ျဖစ္ေၾကာင္း ဆိုသည္။ အဆိုပါတိုက္ခိုက္မႈကို ၎တို႔၏လက္ခ်က္ျဖစ္ေၾကာင္း မည္သူမည္ဝါ၊ မည္သည့္အဖြဲ႕အစည္းကမွ် ေၾကညာထားျခင္းမရွိေသးေၾကာင္း သိရသည္။ဘဂၢဒက္ၿမိဳ႕လယ္ေခါင္တြင္ရွိေသာ Green Zoneသည္ အီရတ္အစိုးရဌာနမ်ားႏွင့္ အေမရိကန္၊ ၿဗိတိန္ ႏိုင္ငံျခားသံ႐ုံးမ်ား တည္ရွိေသာေနရာျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အီရတ်နိုင်ငံရှိ အမေရိကန် သံရုံး ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Green Zone၏ မြင်ကွင်း တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၇ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးသည် ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ ကြောင်း အီရတ် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။

ဘဂ္ဂဒက်မြို့green zone ရှိ အမေရိကန်သံရုံးဝင်းထဲသို့ ဇန်နဝါရီ ၂၆ ရက် ညပိုင်းက ဒုံးကျည်အမြောက်အမြားကျရောက်ခဲ့ကြောင်း၊တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူမရှိဟု  အမည်မဖော်လိုသူ အီရတ်ပြည်ထဲရေး အရာရှိတစ်ဦးက ဆင်ဟွာကိုပြောသည်။green zoneကို ဒုံးကျည် ၅ လုံး ပစ်ခတ်ခဲ့ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေးစစ်ဌာနချုပ်က အချင်းပွားသောနေ့တွင် အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိဟု သိရသည်။

အီရတ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်Adil Abdul-Mahdi က အဆိုပါတိုက်ခိုက်မှုကို လူမှုကွန်ရက်မီဒီယာတွင် ပြစ်တင်ပြောဆိုထားရာ ယခုကဲ့သို့  တရားမဝင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပါက အီရတ်၏အကျိုးစီးပွားကို ထိခိုက်မည်ဖြစ်ပြီး ဆိုးဝါးသည့် နောက်ဆက်တွဲဆိုးကျိုးတွေကို တစ်နိုင်ငံလုံးက တာဝန်ယူသွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ အီရတ်အစိုးရအနေဖြင့် သံတမန်အဖွဲ့အားလုံးကို  နည်းလမ်းသုံးကာကွယ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းကမျှ ကြေညာထားခြင်းမရှိသေးကြောင်း သိရသည်။ဘဂ္ဂဒက်မြို့လယ်ခေါင်တွင်ရှိသော Green Zoneသည် အီရတ်အစိုးရဌာနများနှင့် အမေရိကန်၊ ဗြိတိန် နိုင်ငံခြားသံရုံးများ တည်ရှိသောနေရာဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီရတ္ႏိုင္ငံရွိ အေမရိကန္ သံ႐ုံး ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခံရ အီရတ္ႏိုင္ငံရွိ အေမရိကန္ သံ႐ုံး ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 01:10 Rating: 5
Powered by Blogger.