Corona ဗိုင္းရပ္စ္ကူးစက္ခံ ၅ ဦး အေမရိကန္မွာ ေတြ႔ရွိ

ေဘဂ်င္းၿမိဳ႕ ေျမေအာက္ရထားဘူတာ႐ုံတခုတြင္ ခရီးသည္မ်ားအား က်န္းမာေရးစစ္ေဆးေပးေနသည့္ ဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ျပည္မွာ စတင္ခဲ့တဲ့ Corona ဗိုင္းရပ္စ္ပုိး ကူးစက္ခံရသူ ၅ ဦး အေမရိကန္ျပည္ေထာင္စုမွာ ေတြ႔ရွိရတယ္လို႔ ျပည္ေထာင္စုက်န္းမာေရး အရာရွိေတြက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ ဒီထက္ပိုၿပီး ရွိလာႏုိင္ေသးတယ္လို႔ ယူဆထားပါတယ္။

ဒီလုိ ကူးစက္ခံရသူ ၅ ဦးလုံးဟာ ဒီဗိုင္းရပ္စ္ေရာဂါပိုး စတင္ျဖစ္ပြားတယ္လို႔ သတ္မွတ္ထားတဲ့ တ႐ုတ္ႏိုင္ငံ ဝူဟမ္ၿမဳိ႕ကလူေတြနဲ႔ တိုက္႐ုိုက္ ထိေတြ႔မႈ ရွိခဲ့သူေတြ ျဖစ္တယ္လို႔ အသက္႐ွဴလမ္းေၾကာင္းေရာဂါ ထိန္းခ်ဳပ္ေရးဌာန အႀကီးအကဲ Nancy Messonnier က တနဂၤေႏြေန႔က ေျပာၾကားလုိက္တာပါ။

    ဝူဟမ္တုပ္ေကြးအတြက္ ဘာေတြျပင္ဆင္ထားမလဲ ဆုိတဲ့ က်န္းမာေရးက႑ ဗြီအိုေအျမန္မာပုိင္း ႐ုပ္သံအစီအစဥ္ကို ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

၅ ဦးလုံး အေျခအေန ေကာင္းမြန္ေပမယ့္ ဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းေတြက ဒီဗုိင္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီး ပိုမိုသိရွိႏိုင္ဖုိ႔ အားထုတ္ေနခ်ိန္အတြင္း သူတုိ႔ကို ေဆး႐ုံတြင္းမွာ သီးသန္႔ထားရွိတယ္လို႔ ဆုိပါတယ္။

အေမရိကန္ျပည္ေထာင္စု ျပည္နယ္ ၂၆ ခုအတြင္း ဒီဗိုင္းရပ္စ္ပိုးနဲ႔ ပတ္သက္လို႔ သံသယရွိတဲ့ အမႈေပါင္း ၁၀၀ ခန္႔ကို စုံစမ္းစစ္ေဆးေနတယ္လို႔လည္း ေရာဂါထိန္းခ်ဳပ္ေရးဌာနက ေျပာပါတယ္။

ဝူဟမ္ၿမဳိ႕မွာရွိေနတဲ့ အေမရိကန္သံတမန္ ဝန္ထမ္းေတြနဲ႔ က်န္ အေမရိကန္ ႏိုင္ငံသားေတြကုိ ကယ္ထုတ္ဖို႔ အေမရိကန္က ႀကဳိးစားေနတယ္လုိ႔ ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

--------------------------------------

(Unicode)

Corona ဗိုင်းရပ်စ်ကူးစက်ခံ ၅ ဦး အမေရိကန်မှာ တွေ့ရှိ

တရုတ်ပြည်မှာ စတင်ခဲ့တဲ့ Corona ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅ ဦး အမေရိကန်ပြည်ထောင်စုမှာ တွေ့ရှိရတယ်လို့ ပြည်ထောင်စုကျန်းမာရေး အရာရှိတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီထက်ပိုပြီး ရှိလာနိုင်သေးတယ်လို့ ယူဆထားပါတယ်။

ဒီလို ကူးစက်ခံရသူ ၅ ဦးလုံးဟာ ဒီဗိုင်းရပ်စ်ရောဂါပိုး စတင်ဖြစ်ပွားတယ်လို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံ ဝူဟမ်မြို့ကလူတွေနဲ့ တိုက်ရိုက် ထိတွေ့မှု ရှိခဲ့သူတွေ ဖြစ်တယ်လို့ အသက်ရှူလမ်းကြောင်းရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲ Nancy Messonnier က တနင်္ဂနွေနေ့က ပြောကြားလိုက်တာပါ။

၅ ဦးလုံး အခြေအနေ ကောင်းမွန်ပေမယ့် ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေက ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ အားထုတ်နေချိန်အတွင်း သူတို့ကို ဆေးရုံတွင်းမှာ သီးသန့်ထားရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ပြည်နယ် ၂၆ ခုအတွင်း ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ သံသယရှိတဲ့ အမှုပေါင်း ၁၀၀ ခန့်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။

ဝူဟမ်မြို့မှာရှိနေတဲ့ အမေရိကန်သံတမန် ဝန်ထမ်းတွေနဲ့ ကျန် အမေရိကန် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အမေရိကန်က ကြိုးစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
Corona ဗိုင္းရပ္စ္ကူးစက္ခံ ၅ ဦး အေမရိကန္မွာ ေတြ႔ရွိ Corona ဗိုင္းရပ္စ္ကူးစက္ခံ ၅ ဦး အေမရိကန္မွာ ေတြ႔ရွိ Reviewed by THITHTOOLWIN on 01:12 Rating: 5
Powered by Blogger.