ကန္ေလဆိပ္သံုးခုမွာ တ႐ုတ္ခရီးသြားေတြကို က်န္းမာေရးစစ္ေဆး

တ႐ုတ္ႏုိင္ငံတြင္ ဗုိင္းရပ္စ္ ကူးစက္ခံရသည့္ လူနာတဦးကုိ ေဆး႐ုံသို႔ ေခၚေဆာင္ေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံအလယ္ပိုင္း ဝူဟမ္ၿမိဳ႕မွာ ျဖစ္ပြားေနတဲ့ ကူးစက္ေရာဂါ ဗိုင္းရပ္စ္တမ်ိဳးေၾကာင့္ တ႐ုတ္ႏုိင္ငံကေန အေမရိကန္ျပည္ေထာင္စုကို လာမယ့္ ခရီးသည္ေတြကို အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္၊ ဆန္ဖရန္စစၥကိုနဲ႔ နယူးေယာက္ၿမိဳ႕ေတြမွာ ဗိုင္းရပ္စ္ေရာဂါပိုး ရွိမရွိဆိုတာကို စမ္းသပ္စစ္ေဆးတာေတြ လုပ္ေဆာင္ေနပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ပ်ံ႕ႏွံ႔လာတဲ့ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါပိုးသစ္တမ်ိဳး ေနာက္ထပ္ လူ ၁၇ ဦးမွာ ကူးစက္ခံထားရတယ္လို႔ တ႐ုတ္ႏိုင္ငံက ေၾကညာပါတယ္။

အခုလို ဒီေရာဂါပိုးသစ္ ပ်ံ႕ႏွံ႔ေနမႈဟာ လူသန္းနဲ႔ခ်ီ သြားလာတတ္တဲ့ လာမယ့္ တ႐ုတ္ႏွစ္သစ္ကူးပဲြေတာ္ ခရီးသြားရာသီအတြက္လည္း စိုးရိမ္စရာ ျဖစ္လာပါတယ္။

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းက ဝူဟမ္ၿမိဳ႕ က်န္းမာေရးေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အရ ဆိုရင္ေတာ့ အဲဒီ ကူးစက္ခံရတဲ့ လူနာေတြထဲက သံုးဦးဟာ ဆိုးဆိုးဝါးဝါး အေျခအေနမွာ ရွိတယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံမွာေတာ့ ဒီဗိုင္းရပ္စ္ပုိးသစ္ ကူးစက္ခံထားရသူ စုစုေပါင္း ၆၂ ဦး ရွိသြားၿပီျဖစ္ပါတယ္။ ႏွစ္ဦးကေတာ့ ေသဆံုးခဲ့ပါၿပီ။ ဒ့ါအျပင္ ဝူဟမ္နဲ႔ အသြားအလာရွိတဲ့ လူေတြနဲ႔ ဆက္ႏႊယ္ေနတဲ့ ထိုင္းနဲ႔ ဂ်ပန္က လူႏွစ္ဦးမွာလည္း အလားတူ ေရာဂါပိုးသစ္ ေတြ႔ထားပါတယ္။

ေသာၾကာေန႔ကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန (CDC) တာဝန္ရွိသူေတြက တ႐ုတ္ႏိုင္ငံကေန ေရာက္လာတဲ့ ခရီးသည္ေတြမွာ အဲဒီ အဖ်ားဗိုင္းရပ္စ္ပုိး ရွိမရွိဆိုတာကို စမ္းသပ္စစ္ေဆးဖို႔အတြက္ အဆိုပါၿမိဳ႕ ၃ ၿမိဳ႕က ေလဆိပ္ ၃ ခုကို လူအေယာက္ ၁၀၀ ပို႔ထားတယ္လို႔ ေျပာပါတယ္။

အဲဒီဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ တ႐ုတ္ႏိုင္ငံ ဝူဟမ္ၿမိဳ႕ကေန တိုက္႐ိုက္ ဒါမွမဟုတ္ တဆင့္ခံၿပီးလာတဲ့သူေတြကို အဓိကထား စစ္ေဆးသြားမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

အခုလို စမ္းသပ္စစ္ေဆးတာေတြ လုပ္ခ်ိန္ကစၿပီး ဝူဟမ္ကေန တိုက္႐ိုက္ေရာက္လာတဲ့ ေလယာဥ္ ၂ စင္းထက္မနည္း ရွိခဲ့ၿပီး စမ္းသပ္စစ္ေဆးတာေတြကို လုပ္ခံရတဲ့ ခရီးသည္ေတြကေတာ့ စမ္းသပ္စစ္ေဆးမႈေတြက လြယ္ကူၿပီး အပူခ်ိန္တိုင္းတာနဲ႔ စာရြက္စာတမ္းေတြ ျဖည့္ရတာေတြ လုပ္ခဲ့ရတယ္လို႔ ေျပာပါတယ္။

------------------------------

(Unicode)

ကန်လေဆိပ်သုံးခုမှာ တရုတ်ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေး

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟမ်မြို့မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ဗိုင်းရပ်စ်တမျိုးကြောင့် တရုတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို လာမယ့် ခရီးသည်တွေကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့တွေမှာ ဗိုင်းရပ်စ်ရောဂါပိုး ရှိမရှိဆိုတာကို စမ်းသပ်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံမှာ ပျံ့နှံ့လာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးသစ်တမျိုး နောက်ထပ် လူ ၁၇ ဦးမှာ ကူးစက်ခံထားရတယ်လို့ တရုတ်နိုင်ငံက ကြေညာပါတယ်။

အခုလို ဒီရောဂါပိုးသစ် ပျံ့နှံ့နေမှုဟာ လူသန်းနဲ့ချီ သွားလာတတ်တဲ့ လာမယ့် တရုတ်နှစ်သစ်ကူးပွဲတော် ခရီးသွားရာသီအတွက်လည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟမ်မြို့ ကျန်းမာရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်တော့ အဲဒီ ကူးစက်ခံရတဲ့ လူနာတွေထဲက သုံးဦးဟာ ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာတော့ ဒီဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံထားရသူ စုစုပေါင်း ၆၂ ဦး ရှိသွားပြီဖြစ်ပါတယ်။ နှစ်ဦးကတော့ သေဆုံးခဲ့ပါပြီ။ ဒ့ါအပြင် ဝူဟမ်နဲ့ အသွားအလာရှိတဲ့ လူတွေနဲ့ ဆက်နွှယ်နေတဲ့ ထိုင်းနဲ့ ဂျပန်က လူနှစ်ဦးမှာလည်း အလားတူ ရောဂါပိုးသစ် တွေ့ထားပါတယ်။

သောကြာနေ့ကတော့ အမေရိကန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) တာဝန်ရှိသူတွေက တရုတ်နိုင်ငံကနေ ရောက်လာတဲ့ ခရီးသည်တွေမှာ အဲဒီ အဖျားဗိုင်းရပ်စ်ပိုး ရှိမရှိဆိုတာကို စမ်းသပ်စစ်ဆေးဖို့အတွက် အဆိုပါမြို့ ၃ မြို့က လေဆိပ် ၃ ခုကို လူအယောက် ၁၀၀ ပို့ထားတယ်လို့ ပြောပါတယ်။

အဲဒီဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံ ဝူဟမ်မြို့ကနေ တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံပြီးလာတဲ့သူတွေကို အဓိကထား စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို စမ်းသပ်စစ်ဆေးတာတွေ လုပ်ချိန်ကစပြီး ဝူဟမ်ကနေ တိုက်ရိုက်ရောက်လာတဲ့ လေယာဉ် ၂ စင်းထက်မနည်း ရှိခဲ့ပြီး စမ်းသပ်စစ်ဆေးတာတွေကို လုပ်ခံရတဲ့ ခရီးသည်တွေကတော့ စမ်းသပ်စစ်ဆေးမှုတွေက လွယ်ကူပြီး အပူချိန်တိုင်းတာနဲ့ စာရွက်စာတမ်းတွေ ဖြည့်ရတာတွေ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကန္ေလဆိပ္သံုးခုမွာ တ႐ုတ္ခရီးသြားေတြကို က်န္းမာေရးစစ္ေဆး ကန္ေလဆိပ္သံုးခုမွာ တ႐ုတ္ခရီးသြားေတြကို က်န္းမာေရးစစ္ေဆး Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.