မင္းျပားမွာ ထင္းရွာထြက္ရင္း မိုင္းထိလို႔ ကေလး ၃ဦးအပါအဝင္ လူ၈ ဦးဒဏ္ရာရ

ၿပီးခဲ့တဲ့ ၾသဂုတ္ ၂၄ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္ထဲက ပန္းေျမာင္းေက်း႐ြာမွာ လက္နက္ႀကီးက်ည္က်လို႔ ဒဏ္ရာရသူတစ္ဦးကိုေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဇန္နဝါရီ ၁၉ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ ထိန္ပင္အုပ္စု ေ႐ႊက်န္ ေက်း႐ြာက ေတာင္ေပၚထင္းေခြသြားတဲ့ ႐ြာသားေတြ မိုင္းနင္းမိၿပီး ကေလး ၃ ဦးအပါအဝင္ ၈ ဦးဒဏ္ရာရရွိသြားခဲ့တယ္လို႔သိရပါတယ္။

ဒီအထဲက အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္သိန္းလင္းေခ်နဲ႔ အသက္ ၁၂ ႏွစ္အ႐ြယ္ ေမာင္ခ်စ္ဦးတို႔က ဒဏ္ရာျပင္းထန္တယ္လို႔သိရပါတယ္။

' ' ကေလးေတြက အေမေတြထင္းရွာထြက္တာကို လိုက္သြားရင္းနဲ႔ အကုန္လုံးထိၾကတာ။ ပန္းေျမာင္း ေဆး႐ုံကို အရင္တင္ၿပီး ကေလးေတြကိုေတာ့ ဒဏ္ရာျပင္းလို႔ ေဆး႐ုံထပ္လႊဲၿပီးပို႔ရတယ္။''လို႔ ရခိုင္တိုင္းရင္း သားမ်ိဳးႏြယ္စု မ်ားအစည္းအ႐ုံး အတြင္းေရးမႉးဦးေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

မိုင္းထိသူ အားလုံးကိုေတာ့ ေျမာက္ဦးခ႐ိုင္ေဆး႐ုံကို ပို႔ေဆာင္ထားျရ႕ပီးျဖစ္တယ္လို႔ ထိန္ပင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

အလားတူ ပု႑ားကြၽန္းၿမိဳ႕နယ္ ဗုေဒၶါေက်း႐ြာက အသက္ ၄၂ အ႐ြယ္ ဦးသန္းထြန္းလွ(၄၀)ႏွစ္ဟာလည္း ေတာင္ေပၚ ကို ထင္းေခြဖို႔သြားရာမွာ မိုင္းေပါက္ကြဲၿပီး ေျခေထာက္မွာ ဒဏ္ရာျပင္းထန္စြာရရွိသြားၿပီး ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရပါတယ္။

ေျမာက္ဦးၿမိဳ႕ေပၚမွာေတာ့ ခမရ ၅၄၀ တပ္ရင္းေရွ႕က စစ္ေဆးေရးဂိတ္မွာ လူငယ္တစ္ဦး ေသနတ္ထိမွန္ ေသဆုံးခဲ့ပါတယ္။ ေသဆုံးခဲ့တာကို ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ ေျပာျပတာက

ဒီေသဆုံးမႈနဲ႔ ပတ္သက္ၿပီးအေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရသူ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဆက္သြယ္ေပမယ့္ အဆက္အသြယ္မရေသးပါဘူး။ ရခိုင္ျပည္နယ္ အတြင္း ျဖစ္ပြားေနတဲ့ တိုက္ပြဲအတြင္း အရပ္သားထိခိုက္ ေသဆုံးမႈက ၁၀၀ ေက်ာ္သြားၿပီ ျဖစ္သလို ဒဏ္ရာရသူ ကလည္း ၂၀၀ နီးပါးရွိေနၿပီ ျဖစ္တယ္လို႔သိရပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ပြီးခဲ့တဲ့ သြဂုတ် ၂၄ရက်နေ့ကလည်း မင်းပြားမြို့နယ်ထဲက ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီးကျည်ကျလို့ ဒဏ်ရာရသူတစ်ဦးကိုတွေ့ရစဉ်
မင်းပြားမှာ ထင်းရှာထွက်ရင်း မိုင်းထိလို့ ကလေး ၃ဦးအပါအဝင် လူ၈ ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၉ ရက်နေ့က မင်းပြားမြို့နယ် ထိန်ပင်အုပ်စု ရွှေကျန် ကျေးရွာက တောင်ပေါ်ထင်းခွေသွားတဲ့ ရွာသားတွေ မိုင်းနင်းမိပြီး ကလေး ၃ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။

ဒီအထဲက အသက် ၁၃ နှစ်အရွယ် မောင်သိန်းလင်းချေနဲ့ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ဦးတို့က ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။

' ' ကလေးတွေက အမေတွေထင်းရှာထွက်တာကို လိုက်သွားရင်းနဲ့ အကုန်လုံးထိကြတာ။ ပန်းမြောင်း ဆေးရုံကို အရင်တင်ပြီး ကလေးတွေကိုတော့ ဒဏ်ရာပြင်းလို့ ဆေးရုံထပ်လွှဲပြီးပို့ရတယ်။''လို့ ရခိုင်တိုင်းရင်း သားမျိုးနွယ်စု များအစည်းအရုံး အတွင်းရေးမှူးဦးဇော်ဇော်ထွန်းကပြောပါတယ်။

မိုင်းထိသူ အားလုံးကိုတော့ မြောက်ဦးခရိုင်ဆေးရုံကို ပို့ဆောင်ထားရြ့ပီးဖြစ်တယ်လို့ ထိန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

    အရပ်သားတွေကို စစ်တပ်က မြေမြှုပ်မိုင်း ဖော်ခိုင်းလို့ တယောက်သေဆုံးတယ်လို့ဆို

အလားတူ ပုဏ္ဍားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာက အသက် ၄၂ အရွယ် ဦးသန်းထွန်းလှ(၄၀)နှစ်ဟာလည်း တောင်ပေါ် ကို ထင်းခွေဖို့သွားရာမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

မြောက်ဦးမြို့ပေါ်မှာတော့ ခမရ ၅၄၀ တပ်ရင်းရှေ့က စစ်ဆေးရေးဂိတ်မှာ လူငယ်တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တာကို မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ပြောပြတာက

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးအနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အရပ်သားထိခိုက် သေဆုံးမှုက ၁၀၀ ကျော်သွားပြီ ဖြစ်သလို ဒဏ်ရာရသူ ကလည်း ၂၀၀ နီးပါးရှိနေပြီ ဖြစ်တယ်လို့သိရပါတယ်။

BBC Burmese
https://www.bbc.com
မင္းျပားမွာ ထင္းရွာထြက္ရင္း မိုင္းထိလို႔ ကေလး ၃ဦးအပါအဝင္ လူ၈ ဦးဒဏ္ရာရ မင္းျပားမွာ ထင္းရွာထြက္ရင္း မိုင္းထိလို႔ ကေလး ၃ဦးအပါအဝင္ လူ၈ ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.