မၾကာခင္ ထြက္ေပၚလာေတာ့မယ့္ အမ်ိဳးသမီးေတြကို ကာကြယ္မယ့္ ဥပေဒ



Share/Bookmark
ပဋိပကၡနဲ႔ စစ္ပြဲေတြအတြင္း အမ်ိဳးသမီးနဲ႔ ကေလးေတြဟာ ေျမစာပင္ျဖစ္ခဲ့
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံဟာ အမ်ိဳးသမီးေတြအေပၚ နည္းမ်ိဳးစုံျဖင့္ခြဲျခားမႈ ပေပ်ာက္ေရး ကုလသမဂၢ သေဘာတူစာခ်ဳပ္ စီေဒါကို ၁၉၉၇ ခုႏွစ္ ဇူလိုင္လ ၂၂ ရက္ေန႔မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒီ CEDAW စာခ်ဳပ္ဟာ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြရဲ႕ အခြင့္အေရးကို တိတိက်က် ျပဌာန္းထားတဲ့ စာခ်ဳပ္ျဖစ္ၿပီးေတာ့ ၁၉၇၉ ခုႏွစ္ ၊ ဒီဇင္ဘာ (၁၈) ရက္ေန႔မွာ က်င္းပခဲ့တဲ့ ကုလသမဂၢ အေထြေထြညီလာခံက လက္မွတ္ေရးထိုးအတည္ျပဳထားခဲ့ပါတယ္။ ၁၉၈၁ ခုႏွစ္၊ စက္တင္ဘာလ (၃) ရက္ေန႔ အထိ ဒီစာခ်ဳပ္ကို ႏိုင္ငံေပါင္း (၁၈၅) ႏိုင္ငံက လက္မွတ္ေရးထိုး ပူးေပါင္းပါဝင္ခဲ့တာပါ။

စီေဒါ စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ ျမန္မာႏိုင္ငံမွာေတာ့ ကိုလိုနီေခတ္ကတည္းက ျပဌာန္းထားခဲ့တဲ့ ရာဇဝတ္မႈဥပေဒ ပုဒ္မေတြက လြဲရင္ အမ်ိဳးသမီးေတြကို ကာကြယ္ေပးႏိုင္တဲ့ သီးျခား ဥပေဒေတြ မရွိေသးတာေၾကာင့္ တစ္ခ်ိဳ႕တရားစီရင္ေရးေတြမွာ အမ်ိဳးသမီး အၾကမ္းဖက္ မႈေတြကို ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္ေသးတာ မေတြ႕ရေသးဘူးလို႔ အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားေနသူေတြက ေဝဖန္ေထာက္ျပခဲ့ပါတယ္။

ဒါေၾကာင့္ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ တားဆီးေရး ဥပေဒကို ၂၀၁၃ ခုႏွစ္က စတင္ၿပီး အမ်ိဳးသမီးအေရးလႈပ္ရွားသူေတြ၊ သက္ဆိုင္ရာ ဥပေဒကြၽမ္းက်င္ ပညာရွင္ေတြနဲ႔ ေရွ႕ေနခ်ဳပ္႐ုံးတို႔ အျပန္အလွန္ အႀကိမ္ႀကိမ္ ေဆြးေႏြးတာေတြ လုပ္ခဲ့ၿပီး စတင္ေရးဆြဲခဲ့ပါတယ္။

မၾကာခဏဆိုသလို ဒီဥပေဒၾကမ္းအတြက္ အျငင္းအခုံေတြ လုပ္ခဲ့ရၿပီး ၂၀၂၀ ဇန္နဝါရီ ၂၅ ရက္ေန႔မွာေတာ့ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ တားဆီးေရး ဥပေဒၾကမ္းနဲ႔ ပတ္သက္လို႔ အမ်ားျပည္သူဆီ အႀကံေပးစာ ေကာက္ခံတဲ့ အဆင့္အထိ ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒီအဆင့္အထိ ေရာက္ရွိလာတဲ့အတြက္ သူ႔အေနနဲ႔ေတာ့ ႀကိဳဆိုတယ္လို႔ အမ်ိဳးသမီးအေရး လႈပ္ရွားသူ မဇာျခည္ဦးက ဘီဘီစီကို ေျပာပါတယ္။

အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒမူၾကမ္းတြင္ အခန္း ၁၃ ခန္းပါဝင္ၿပီး ဥပေဒကို လူမႈဝန္ထမ္း၊ ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ဦးေဆာင္ၿပီး ဥပေဒကြၽမ္းက်င္ပညာရွင္မ်ား၊ အရပ္ဖက္ အမ်ိဳးသမီး အဖြဲ႕ အစည္း မ်ားမွ ပူေပါင္း ေရးဆြဲခဲ့ျခင္း ျဖစ္သည္။

အခုလက္ရွိ အေျခအေနမွာ ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြဟာ လူမႈပတ္ဝန္းက်င္မွာ ေန႔စဥ္ ေျပာဆိုေနတဲ့ အသုံးအႏႈန္းေတြကအစ ႏွစ္ေပါင္းမ်ားစြာ အျမစ္တြယ္ေနတဲ့ ယဥ္ေက်းမႈေတြအရပါ နည္းမ်ိဳးစုံနဲ႔ ခြဲျခားဆက္ဆံ ခံေနရတယ္လို႔ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြက ဆိုပါတယ္။

အဓိကအားျဖင့္ အၾကမ္းဖက္ခံရၿပီးတဲ့ ေနာက္မွာ သက္ဆိုင္ရာမွာ အမႈဖြင့္ေပမယ့္လည္း အလြယ္တကူ ဖြင့္လို႔ မရတာမ်ိဳးေတြရွိတဲ့ အတြက္ ဒီဥပေဒထြက္လာရင္ သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႕အစည္းေတြ အတြင္းမွာလည္း နားလည္သေဘာေပါက္ ေၾကလည္ဖို႔လိုမယ္လို႔ မဇာျခည္ဦးက ဆိုပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
မကြာခင် ထွက်ပေါ်လာတော့မယ့် အမျိုးသမီးတွေကို ကာကွယ်မယ့် ဥပဒေ

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ပဋိပက္ခနဲ့ စစ်ပွဲတွေအတွင်း အမျိုးသမီးနဲ့ ကလေးတွေဟာ မြေစာပင်ဖြစ်ခဲ့

မြန်မာနိုင်ငံဟာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် စီဒေါကို ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီ CEDAW စာချုပ်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးကို တိတိကျကျ ပြဌာန်းထားတဲ့ စာချုပ်ဖြစ်ပြီးတော့ ၁၉၇၉ ခုနှစ် ၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက လက်မှတ်ရေးထိုးအတည်ပြုထားခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ အထိ ဒီစာချုပ်ကို နိုင်ငံပေါင်း (၁၈၅) နိုင်ငံက လက်မှတ်ရေးထိုး ပူးပေါင်းပါဝင်ခဲ့တာပါ။

စီဒေါ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားခဲ့တဲ့ ရာဇဝတ်မှုဥပဒေ ပုဒ်မတွေက လွဲရင် အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ သီးခြား ဥပဒေတွေ မရှိသေးတာကြောင့် တစ်ချို့တရားစီရင်ရေးတွေမှာ အမျိုးသမီး အကြမ်းဖက် မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်သေးတာ မတွေ့ရသေးဘူးလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေက ဝေဖန်ထောက်ပြခဲ့ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေကို ၂၀၁၃ ခုနှစ်က စတင်ပြီး အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင် ပညာရှင်တွေနဲ့ ရှေ့နေချုပ်ရုံးတို့ အပြန်အလှန် အကြိမ်ကြိမ် ဆွေးနွေးတာတွေ လုပ်ခဲ့ပြီး စတင်ရေးဆွဲခဲ့ပါတယ်။

မကြာခဏဆိုသလို ဒီဥပဒေကြမ်းအတွက် အငြင်းအခုံတွေ လုပ်ခဲ့ရပြီး ၂၀၂၀ ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အများပြည်သူဆီ အကြံပေးစာ ကောက်ခံတဲ့ အဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအဆင့်အထိ ရောက်ရှိလာတဲ့အတွက် သူ့အနေနဲ့တော့ ကြိုဆိုတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ မဇာခြည်ဦးက ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းတွင် အခန်း ၁၃ ခန်းပါဝင်ပြီး ဥပဒေကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ဥပဒေကျွမ်းကျင်ပညာရှင်များ၊ အရပ်ဖက် အမျိုးသမီး အဖွဲ့ အစည်း များမှ ပူပေါင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

အခုလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ပြောဆိုနေတဲ့ အသုံးအနှုန်းတွေကအစ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုတွေအရပါ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံ ခံနေရတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အဓိကအားဖြင့် အကြမ်းဖက်ခံရပြီးတဲ့ နောက်မှာ သက်ဆိုင်ရာမှာ အမှုဖွင့်ပေမယ့်လည်း အလွယ်တကူ ဖွင့်လို့ မရတာမျိုးတွေရှိတဲ့ အတွက် ဒီဥပဒေထွက်လာရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အတွင်းမှာလည်း နားလည်သဘောပေါက် ကြေလည်ဖို့လိုမယ်လို့ မဇာခြည်ဦးက ဆိုပါတယ်။

BBC Burmese
https://www.bbc.com

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ