ႏုိင္ငံေရးသေဘာထားကြဲသူေတြကို အေရးယူမႈ ျမန္မာအစိုးရ ရပ္တန္႔သင့္

ႏုိင္ငံေရး တက္ႂကြလႈပ္ရွားသူမ်ားကုိ တရားစြဲဆုိမႈ ရပ္တန္႔ေရး အင္းစိန္အက်ဥ္းေထာင္ေရွ႕ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မႈျမင္ကြင္း။ (ဓာတ္ပုံ - မင္းေသြးသစ္၊ ဇန္နဝါရီ ၂၅၊ ၂၀၂၀)
(Zawgyi / Unicode)

လူ႔အခြင့္အေရး အေျခအေနအေပၚ ႏုိင္ငံတကာရဲ႕စိုးရိမ္မႈ၊ ျမန္မာ့ႏုိင္ငံေရး အက်ပ္အတည္း၊ ၿငိမ္းခ်မ္းေရးစိန္ေခၚမႈေတြနဲ႔ ျမန္မာႏုိင္ငံ ရင္ဆိုင္ေနရခ်ိန္ ႏုိင္ငံေရး တက္ႂကြလႈပ္ရွားသူေတြ၊ ဒီမိုကေရစီအင္အားစုေတြနဲ႔ ပညာရွင္ေတြကို မတရားပုဒ္မေတြနဲ႔ ထပ္ၿပီး တရားစြဲဆိုေနတာေတြ ရပ္တန္႔ေပးဖို႔ တရားလႊတ္ေတာ္ေရွ႕ေနနဲ႔ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းေတြက ေတာင္းဆိုလုိက္ပါတယ္။ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ တရားစြဲဆိုခံထားရတဲ့ ေရွ႕ေနနဲ႔ စာေပအႏုပညာရွင္ေတြက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ တရားစြဲဆိုမႈေတြ ႐ုပ္သိမ္းေပးဖို႔ ေျပာဆိုသလို ႏုိင္ငံေရးအက်ဥ္းသားေဟာင္းေတြကလည္း ဖမ္းဆီးခံ ႏုိင္ငံေရးအက်ဥ္းသားေတြ ျပန္လႊတ္ေပးဖို႔ ဒီကေန႔ အင္းစိန္အက်ဥ္းေထာင္ေရွ႕ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ အေသးစိတ္ကို မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံတြင္း အထူးသျဖင့္ ရခိုင္ျပည္နယ္ထဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနတယ္၊ လူနည္းစု ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြအထိ ရင္ဆိုင္ေနရတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျမန္မာႏုိင္ငံ ႏိုင္ငံတကာတရားခံု႐ံုး ICJ မွာ ရင္ဆိုင္ေျဖရွင္းေနရခ်ိန္မွာပဲ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးကို လက္ခံမထားတဲ့ ျမန္မာႏိုင္ငံတြင္းမွာပဲ စစ္တပ္ အာဏာပိုင္ေတြဘက္က ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူေတြ၊ ဒီမိုကေရစီ အင္အားစုေတြအေပၚ ဥပေဒပုဒ္မမ်ိဳးစံုနဲ႔ တရားစြဲဆို ေထာင္ခ်ေနတာ ျဖစ္ပါတယ္။

    ဦးေက်ာ္ဇံသာ စီစဥ္တင္ဆက္တဲ့ ICJ မွာ ျမန္မာ ရင္ဆိုင္ရမယ့္ ျပႆနာ အတိုင္းအဆ သတင္းသုံးသပ္ခ်က္ကို ဒီေနရာမွာ နားဆင္ႏုိင္ပါတယ္။

တနသၤာရီတုိင္း ေကာ့ေသာင္းၿမိဳ႕မွာ က်င္းပတဲ့ ၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရး ၄၅ ဦး ေကာ္မတီကို ေထာက္ခံပြဲက ေဟာေျပာခ်က္ေတြဟာ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့ စြဲခ်က္နဲ႔ စစ္တပ္က ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုတာ ခံထားရတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္နဲ႔ ကဗ်ာဆရာ ဦးေစာေဝတို႔က ဒီကေန႔ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ဒီတရားစြဲဆိုမႈေတြကို ႐ုပ္သိမ္းေပးဖို႔နဲ႔ မတရားပုဒ္မေတြနဲ႔ တရားစြဲဆိုမႈေတြကို ရပ္တန္႔ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ႏိုင္ငံေရး ၿငိမ္းခ်မ္းေရး ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးေတြနဲ႔ ႏုိင္ငံအတြက္ အေရးႀကီးခ်ိန္မွာ အခုလို တက္ႂကြလႈပ္ရွားသူေတြကို ဖိႏွိပ္အေရးယူေနတာမ်ိဳးေတြ မလုပ္အပ္ဘူးဆိုတာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ ဆင္ျခင္တံုတရားနဲ႔ စဥ္းစားေစခ်င္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္က ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။
သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနသည့္ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲခံထားရသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္။ (ဓာတ္ပုံ - ေစာေဝ)
“က်ေနာ္ သတင္းပါးခ်င္တာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ေရာ ဗိုလ္ခ်ဳပ္မွဴးႀကီးေရာ ေျပာထားတဲ့စကား ရွိပါတယ္။ ျပည္တြင္းညီညြတ္ေရး တည္ေဆာက္ရမယ္။ က်ေနာ္တုိ႔ ညီညီညြတ္ညြတ္နဲ႔ လက္တြဲၿပီးေတာ့ ကာကြယ္ရမယ္။ က်ေနာ္တုိ႔ အဲဒီလုိလုပ္မွ ျဖစ္ေတာ့မယ့္အခ်ိန္ ေရာက္ၿပီ။ အဲေတာ့ စိတ္သေဘာထား ႀကီးၾကပါလို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကလည္း ေျပာပါတယ္။ ခြင့္လႊတ္ၾကပါ တေယာက္နဲ႔တေယာက္။ အဲဒီစကားေတြကုိ စကားအျဖစ္နဲ႔တင္ မဟုတ္ဘဲနဲ႔ စကားတည္ေစခ်င္ပါတယ္။

“က်ေနာ္တို႔လုိ အသက္ ၇၅ ႏွစ္ရွိတဲ့ ဥပေဒပညာရွင္ေတြ၊ ကဗ်ာဆရာေတြ၊ ဒီလိုပုဂၢိဳလ္ႀကီးေတြ တုိင္းျပည္ရဲ႕အသိ ဦးေႏွာက္ေတြကို ဒီလိုနည္းနဲ႔ ကေလးကလား၊ ၅၀၅ (က) ဆုိၿပီးေတာ့ က်ေနာ္လည္း မေျပာတဲ့ စကားလုံးေတြအေပၚမွာ အျပစ္ရွာၿပီးေတာ့ က်ေနာ္တုိ႔ေရာ ကုိေစာေဝေရာ မလုပ္သင့္တာ မလုပ္သင့္ဘူး။ ဒီအခ်ိန္မွာ က်ေနာ္တုိ႔ ညီညြတ္ရမယ့္အခ်ိန္ ေရာက္ေနၿပီ။ တုိင္းျပည္မ်က္ႏွာေထာက္ၿပီး တုိင္းျပည္ဒုကၡေရာက္မယ့္ တုိင္းသူျပည္သားေတြရဲ႕မ်က္ႏွာ ေထာက္ၿပီးေတာ့ ဒီေရြးေကာက္ပြဲအမီ က်ေနာ္တို႔ရဲ႕ ေျပာတာဆုိတာေတြလည္း လိုအပ္ပါလိမ့္မယ္။ အဲဒီလို လိုအပ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔ အသံတိတ္ေအာင္ လုပ္ၿပီးေတာ့ က်ေနာ္တုိ႔ကို ဒီလိုထည့္ထားတာ က်ေနာ္တုိ႔ႏုိင္ငံရဲ႕ အက်ဳိးေက်းဇူးကို ထိခုိက္တယ္၊ ျပည္သူ႔အက်ဳိးစီးပြားကို ထိခုိက္ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဒါကိုေတာ့ ျပန္လည္သုံးသပ္ေပးေစခ်င္ပါတယ္လို႔ က်ေနာ္ ေျပာခ်င္ပါတယ္။”

ဒီကေန႔မွာပဲ ရန္ကုန္ၿမိဳ႕ အင္းစိန္အက်ဥ္းေထာင္ေရွ႕မွာ ႏုိင္ငံေရး အက်ဥ္းသားေဟာင္းေတြ စုေဝးၿပီး ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔တကြ မတရား ဖမ္းဆီးခံျပည္သူေတြ အျမန္ဆံုး လြတ္ေျမာက္ေရး အပါအဝင္ အက်ဥ္းသား အခြင့္အေရးေတြနဲ႔အညီ အက်ဥ္းေထာင္ဥပေဒ ျပင္ဆင္ေရး စတဲ့ ႏုိင္ငံေရး ေတာင္းဆိုခ်က္ေတြကို ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ အင္းစိန္ေထာင္ေရွ႕က ဆႏၵထုတ္ေဖာ္ပြဲမွာ ပါဝင္သူတဦးျဖစ္တဲ့ ႏုိင္ငံေရးအက်ဥ္းသားေဟာင္း တဦးျဖစ္တဲ့ မင္းေသြးသစ္က ႏုိင္ငံေရးအက်ဥ္းသားေတြ အျမန္ဆံုး ျပန္လႊတ္ေပးဖို႔နဲ႔ တရားစြဲဆိုမႈေတြ ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုပါတယ္။

“က်ေနာ္တုိ႔ဦးေဆာင္တာက ႏုိင္ငံေရးအက်ဥ္းသား ျပစ္မႈအသီးသီးေၾကာင့္ က်ခံၿပီးေတာ့ ျပန္လည္လြတ္လာၾကတဲ့ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းေတြ အားလုံး စုေပါင္းၿပီး လုပ္ေဆာင္တာပါ။ အဓိကေတာ့ ေထာင္ထဲမွာ ႏုိင္ငံေရး အက်ဥ္းသားေတြ စစ္တပ္တရားစြဲလို႔ ရွိေနေသးတာ ဒါေတြကို အမႈေတြ မျပတ္ေသးတာ၊ ေနာက္ တခ်ဳိ႕ေတြ ဖမ္းဆီး ေထာင္ခ်ထားၿပီး အမိန္႔ခ်ၿပီးသား ျဖစ္ေနတာေပါ့၊ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖုိ႔။ ေနာက္ၿပီး လက္ရွိ စြဲေနတဲ့ အမႈေတြက ရပ္စဲေပးဖုိ႔ဆုိတဲ့ အဓိက ရည္ရြယ္ခ်က္ေပါ့။ ေနာက္တခုက အက်ဥ္းေထာင္စနစ္ ျပဳျပင္ေရး၊ ဒီမုိကေရစီစနစ္က်ေရးနဲ႔ တရားစီရင္ေရးစနစ္မွာ တကယ္အျပစ္ရွိတဲ့သူကိုပဲ အျပစ္ေပးေရးဆုိတဲ့ ရည္ရြယ္ခ်က္ေတြလည္း ပါပါတယ္။”

လက္ရွိ အက်ပ္အတည္း စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံရဲ႕ ပကတိ အေျခအေနေတြကို သိရွိနားလည္ႏုိင္ဖို႔ လိုအပ္တယ္လို႔ ျမန္မာျပည္သူေတြ အေနနဲ႔လည္း သတင္းအခ်က္အလက္ေတြ သိရွိခြင့္၊ နားေထာင္ခြင့္နဲ႔ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ေျပာဆိုခြင့္လို ဒီမိုကေရစီ အေျခခံစံႏႈန္းေတြနဲ႔အညီ ရရွိဖို႔ လိုတယ္လို႔လည္း တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္က ေျပာပါတယ္။

“က်ေနာ့္ကုိ အသံတိတ္ေအာင္ လုပ္တာပါ။ က်ေနာ့္ကုိ အသံတိတ္ေအာင္လုပ္တာ တုိင္းျပည္ကို အသံတိတ္ေအာင္ လုပ္သလုိ ျဖစ္တယ္။ ျပည္သူကိုလည္း ေၾကာက္ရြံ႕သြားေစေအာင္ လုပ္လုိက္တာေပါ့။ ဒီအခ်ိန္မွာ ျပည္သူေတြက ေၾကာက္ရြံ႕ေနရမယ့္အခ်ိန္ မဟုတ္ဘူး။ ရဲတင္းၿပီး ညီညြတ္ေနရမယ့္အခ်ိန္ ျဖစ္ပါတယ္။ ျပည္သူလူထုႀကီးကုိလည္း က်ေနာ္ေျပာခ်င္တာက က်ေနာ့္ကိုလုပ္လုိက္လို႔ က်ေနာ္ခံရပါေစ၊ က်ေနာ္ခံရဲပါတယ္။ ဒါေပမယ့္ ခင္ဗ်ားတုိ႔ ေၾကာက္မသြားပါနဲ႔၊ အသံမတိတ္ပါနဲ႔။ အမွန္တရားဆုိတဲ့ ခင္ဗ်ားတို႔အသံေတြ ထုတ္ၾကပါ။ သူတို႔ ဘယ္ေလာက္ပဲ က်ေနာ္တုိ႔ေခါင္ေတြကုိ ႏွိမ္ေပမယ့္လို႔ မွန္မွန္ကန္ကန္ ျဖစ္သင့္တာကို ႀကိဳးစားၾကပါ။ စိတ္ဓာတ္မက်ပါနဲ႔။ ၂၀၀၈ အေျခခံဥပေဒ ျပင္ဆင္ေရးကိုလည္း၊ ဒီဥပေဒ မျပင္ဘဲနဲ႔ေတာ့ ဒီႏုိင္ငံ ဘယ္ေတာ့မွ မတုိးတက္ဘူး။ အသံေတြ မတိတ္ၾကပါနဲ႔လို႔ အဲဒါေတာ့ က်ေနာ္ ျပည္သူလူထုကို Message ေပးခ်င္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားေပါင္း ၆၃၁ ဦးအထိ ရွိေနၿပီး အက်ဥ္းခ်ခံေနရသူေပါင္း ၇၄ ဦး၊ ေထာင္တြင္းခ်ဳပ္ေႏွာင္ထားၿပီး လက္ရွိ တရားရင္ဆိုင္ေနရသူ ၁၇၂ ဦးနဲ႔ ျပင္ပကေန တရားရင္ဆိုင္ေနရသူေပါင္းက ၃၈၅ ဦးအထိ ရွိေနတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ရဲ႕ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလရဲ႕ ေနာက္ဆံုးစာရင္းေကာက္ခံမႈ စာရင္းမွာ ေဖာ္ျပထားပါတယ္။

---------------------------------

(Unicode)

နိုင်ငံရေးသဘောထားကွဲသူတွေကို အရေးယူမှု မြန်မာအစိုးရ ရပ်တန့်သင့်

လူ့အခွင့်အရေး အခြေအနေအပေါ် နိုင်ငံတကာရဲ့စိုးရိမ်မှု၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ ငြိမ်းချမ်းရေးစိန်ခေါ်မှုတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပညာရှင်တွေကို မတရားပုဒ်မတွေနဲ့ ထပ်ပြီး တရားစွဲဆိုနေတာတွေ ရပ်တန့်ပေးဖို့ တရားလွှတ်တော်ရှေ့နေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရှေ့နေနဲ့ စာပေအနုပညာရှင်တွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တရားစွဲဆိုမှုတွေ ရုပ်သိမ်းပေးဖို့ ပြောဆိုသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေကလည်း ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဒီကနေ့ အင်းစိန်အကျဉ်းထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်မှုတွေအထိ ရင်ဆိုင်နေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ နိုင်ငံတကာတရားခုံရုံး ICJ မှာ ရင်ဆိုင်ဖြေရှင်းနေရချိန်မှာပဲ ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံတွင်းမှာပဲ စစ်တပ် အာဏာပိုင်တွေဘက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဥပဒေပုဒ်မမျိုးစုံနဲ့ တရားစွဲဆို ထောင်ချနေတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီကို ထောက်ခံပွဲက ဟောပြောချက်တွေဟာ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုတာ ခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာ ဦးစောဝေတို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒီတရားစွဲဆိုမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ မတရားပုဒ်မတွေနဲ့ တရားစွဲဆိုမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံရေး ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွေနဲ့ နိုင်ငံအတွက် အရေးကြီးချိန်မှာ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်အရေးယူနေတာမျိုးတွေ မလုပ်အပ်ဘူးဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆင်ခြင်တုံတရားနဲ့ စဉ်းစားစေချင်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော် သတင်းပါးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရော ဗိုလ်ချုပ်မှူးကြီးရော ပြောထားတဲ့စကား ရှိပါတယ်။ ပြည်တွင်းညီညွတ်ရေး တည်ဆောက်ရမယ်။ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ကာကွယ်ရမယ်။ ကျနော်တို့ အဲဒီလိုလုပ်မှ ဖြစ်တော့မယ့်အချိန် ရောက်ပြီ။ အဲတော့ စိတ်သဘောထား ကြီးကြပါလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြောပါတယ်။ ခွင့်လွှတ်ကြပါ တယောက်နဲ့တယောက်။ အဲဒီစကားတွေကို စကားအဖြစ်နဲ့တင် မဟုတ်ဘဲနဲ့ စကားတည်စေချင်ပါတယ်။

“ကျနော်တို့လို အသက် ၇၅ နှစ်ရှိတဲ့ ဥပဒေပညာရှင်တွေ၊ ကဗျာဆရာတွေ၊ ဒီလိုပုဂ္ဂိုလ်ကြီးတွေ တိုင်းပြည်ရဲ့အသိ ဦးနှောက်တွေကို ဒီလိုနည်းနဲ့ ကလေးကလား၊ ၅၀၅ (က) ဆိုပြီးတော့ ကျနော်လည်း မပြောတဲ့ စကားလုံးတွေအပေါ်မှာ အပြစ်ရှာပြီးတော့ ကျနော်တို့ရော ကိုစောဝေရော မလုပ်သင့်တာ မလုပ်သင့်ဘူး။ ဒီအချိန်မှာ ကျနော်တို့ ညီညွတ်ရမယ့်အချိန် ရောက်နေပြီ။ တိုင်းပြည်မျက်နှာထောက်ပြီး တိုင်းပြည်ဒုက္ခရောက်မယ့် တိုင်းသူပြည်သားတွေရဲ့မျက်နှာ ထောက်ပြီးတော့ ဒီရွေးကောက်ပွဲအမီ ကျနော်တို့ရဲ့ ပြောတာဆိုတာတွေလည်း လိုအပ်ပါလိမ့်မယ်။ အဲဒီလို လိုအပ်နေတဲ့အချိန်မှာ ကျနော်တို့ အသံတိတ်အောင် လုပ်ပြီးတော့ ကျနော်တို့ကို ဒီလိုထည့်ထားတာ ကျနော်တို့နိုင်ငံရဲ့ အကျိုးကျေးဇူးကို ထိခိုက်တယ်၊ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ဒါကိုတော့ ပြန်လည်သုံးသပ်ပေးစေချင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီကနေ့မှာပဲ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ စုဝေးပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့တကွ မတရား ဖမ်းဆီးခံပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ရေး အပါအဝင် အကျဉ်းသား အခွင့်အရေးတွေနဲ့အညီ အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး စတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အင်းစိန်ထောင်ရှေ့က ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ မင်းသွေးသစ်က နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ တရားစွဲဆိုမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။

“ကျနော်တို့ဦးဆောင်တာက နိုင်ငံရေးအကျဉ်းသား ပြစ်မှုအသီးသီးကြောင့် ကျခံပြီးတော့ ပြန်လည်လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အားလုံး စုပေါင်းပြီး လုပ်ဆောင်တာပါ။ အဓိကတော့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ စစ်တပ်တရားစွဲလို့ ရှိနေသေးတာ ဒါတွေကို အမှုတွေ မပြတ်သေးတာ၊ နောက် တချို့တွေ ဖမ်းဆီး ထောင်ချထားပြီး အမိန့်ချပြီးသား ဖြစ်နေတာပေါ့၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့။ နောက်ပြီး လက်ရှိ စွဲနေတဲ့ အမှုတွေက ရပ်စဲပေးဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်ပေါ့။ နောက်တခုက အကျဉ်းထောင်စနစ် ပြုပြင်ရေး၊ ဒီမိုကရေစီစနစ်ကျရေးနဲ့ တရားစီရင်ရေးစနစ်မှာ တကယ်အပြစ်ရှိတဲ့သူကိုပဲ အပြစ်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါပါတယ်။”

လက်ရှိ အကျပ်အတည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေတွေကို သိရှိနားလည်နိုင်ဖို့ လိုအပ်တယ်လို့ မြန်မာပြည်သူတွေ အနေနဲ့လည်း သတင်းအချက်အလက်တွေ သိရှိခွင့်၊ နားထောင်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခွင့်လို ဒီမိုကရေစီ အခြေခံစံနှုန်းတွေနဲ့အညီ ရရှိဖို့ လိုတယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

“ကျနော့်ကို အသံတိတ်အောင် လုပ်တာပါ။ ကျနော့်ကို အသံတိတ်အောင်လုပ်တာ တိုင်းပြည်ကို အသံတိတ်အောင် လုပ်သလို ဖြစ်တယ်။ ပြည်သူကိုလည်း ကြောက်ရွံ့သွားစေအောင် လုပ်လိုက်တာပေါ့။ ဒီအချိန်မှာ ပြည်သူတွေက ကြောက်ရွံ့နေရမယ့်အချိန် မဟုတ်ဘူး။ ရဲတင်းပြီး ညီညွတ်နေရမယ့်အချိန် ဖြစ်ပါတယ်။ ပြည်သူလူထုကြီးကိုလည်း ကျနော်ပြောချင်တာက ကျနော့်ကိုလုပ်လိုက်လို့ ကျနော်ခံရပါစေ၊ ကျနော်ခံရဲပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကြောက်မသွားပါနဲ့၊ အသံမတိတ်ပါနဲ့။ အမှန်တရားဆိုတဲ့ ခင်ဗျားတို့အသံတွေ ထုတ်ကြပါ။ သူတို့ ဘယ်လောက်ပဲ ကျနော်တို့ခေါင်တွေကို နှိမ်ပေမယ့်လို့ မှန်မှန်ကန်ကန် ဖြစ်သင့်တာကို ကြိုးစားကြပါ။ စိတ်ဓာတ်မကျပါနဲ့။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း၊ ဒီဥပဒေ မပြင်ဘဲနဲ့တော့ ဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူး။ အသံတွေ မတိတ်ကြပါနဲ့လို့ အဲဒါတော့ ကျနော် ပြည်သူလူထုကို Message ပေးချင်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၆၃၁ ဦးအထိ ရှိနေပြီး အကျဉ်းချခံနေရသူပေါင်း ၇၄ ဦး၊ ထောင်တွင်းချုပ်နှောင်ထားပြီး လက်ရှိ တရားရင်ဆိုင်နေရသူ ၁၇၂ ဦးနဲ့ ပြင်ပကနေ တရားရင်ဆိုင်နေရသူပေါင်းက ၃၈၅ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလရဲ့ နောက်ဆုံးစာရင်းကောက်ခံမှု စာရင်းမှာ ဖော်ပြထားပါတယ်။

မဆုမြန္/ VOA (Burmese)
https://burmese.voanews.com
ႏုိင္ငံေရးသေဘာထားကြဲသူေတြကို အေရးယူမႈ ျမန္မာအစိုးရ ရပ္တန္႔သင့္ ႏုိင္ငံေရးသေဘာထားကြဲသူေတြကို အေရးယူမႈ ျမန္မာအစိုးရ ရပ္တန္႔သင့္ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.